ငါ့ကိုယုံယုံ မယုံယုံ
Vol. 18 Ch. 258
“ချီမင် မင်းဘာပြောချင်နေတာလဲ။”
ယန်လီ၏အကြည့်ကအေးစက်နေသည်။သူကချီမင်ရှေ့မှာရပ်လိုက်ပြီးကြယ်တာရာမြစ်တစ်စင်းသဖွယ်ဓားချီတစ်ချက်ကိုခုတ်ပိုင်းလိုက်ပြန်၏။
ပတ်ဝန်းကျင်နေရာလွတ်က ဓားချီကြောင့်ပြိုကွဲသွားရ၏။
သူက ဓားတာအိုစွမ်းအားကိုသုံးပြီး ချီမင်၏သမာဓိမီးလျှံမှဖြစ်တည်လာသည့်ဖီးနစ်ငှက်တွေကို ဖျက်ဆီးလိုက်သည်။သူက ချီမင်ကိုဓားဖြင့်ရွယ်ကာ အော်ဟစ်လိုက်သည်။”ပြီးတော့ ငါမင်းပြောနေတာအကုန် တစ်ခုမှနားမလည်ဘူး။”
ချီမင်က အေးစက်စွာပြောလိုက်သည်။”မင်းတို့အင်မော်တယ်မျိုးနွယ်က တကယ်ကြီးအထက်ကမ္ဘာနဲ့ယှဉ်နိုင်တဲ့ အင်မော်တယ်ကမ္ဘာတစ်ခုကိုဖန်တီးနိုင်မယ်လို့ယုံနေတာလား။”
“ဒါက လုံးဝမဖြစ်နိုင်တာတို့ လက်တွေ့မကျဘူးလို့ရော မစဉ်းစားမိဘူးလား။”
“လုံလောက်ပြီ”ယန်လီက မကျေမလည်ပြောလိုက်သည်။”ချီမင် မင်းကအင်မော်တယ်ဘိုးဘေး ဘယ်လောက်စွမ်းအားကြီးလဲဆိုတာမသိဘူး။ငါက အင်မော်တယ်မျိုးနွယ်ရဲ့အထွတ်အထိပ်ဖြစ်တည်မှုဆိုပေမယ့် သူ့ရှေ့မှာဆို ငါကသူရဲ့ဂျူနီယာအဆင့်ပဲ။”
“အထက်ကမ္ဘာနဲ့ယှဉ်နိုင်တဲ့ အင်မော်တယ်ကမ္ဘာတစ်ခုကိုဖန်တီးနိုင်ဖို့ ငါတို့အင်မော်တယ်မျိုးနွယ်က ကပ်ဘေးဒုက္ခအကြိမ်ကြိမ်ကြာစီစဉ်ခဲ့ပြီး မရေမတွက်နိုင်လောက်အောင်ပြင်ဆင်ခဲ့ပြီးပြီ။ငါတို့ လုံလုံလောက်လောက်ပြင်ဆင်ပြီးသွားပြီ။”
“အင်မော်တယ်ဘိုးဘေးရဲ့ဦးဆောင်မှုအောက်မှာ ငါတို့ကျိန်းသေအောင်မြင်မှာ။”
“ဟီးဟီး”
ချီမင်က အထင်အမြင်သေးစွာပြုံးလိုက်သည်။”ကံမကောင်းတာက မင်းတို့အင်မော်တယ်မျိုးနွယ်ရဲ့ဘိုးဘေးဆိုတာ သေသွားတာကြာပြီ။သူ့ခန္ဓာကိုယ်က အသိမ်းခံရပြီးပြီ။”
“မင်းဘာပြောတာလဲ။”ယန်လီ၏အကြည့်ကအေးစက်သွားသည်။”မင်း ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ။”
“အထွတ်အထိပ်ဓားနည်းစနစ်”
ကမ္ဘာကိုတုန်လှုပ်သွားစေနိုင်သည့်ဓားအော်သံတစ်ချက်က ယန်လီ၏ဟိန်းဟောက်သံနောက်မှာကပ်ပါလာသည်။သူက ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်လိုက်တော့ သူ့ဘေးနားမှာ ဓမ္မစွမ်းအားတွေက မှော်ဓား(၁၂၉,၆၀၀)လက်အသွင် ပြောင်းလဲပြီး ထွက်ပေါ်လာသည်။
“ပထမအကွက်”ယန်လီကအော်ဟစ်လိုက်သည်။”ဓားချီကြယ်တာရာမြစ်”
ဓားချက်ကို ခုတ်ပိုင်းချလိုက်သည်။
ယန်လီ၏ဓားအောက်မှာ ကြမ်းတမ်းသည့်ဓားချီမြစ်တစ်စင်းထွက်ပေါ်လာသည်။ကမ္ဘာကြီးကိုဖြတ်ပိုင်းကာ ချီမင်ကိုခုတ်ပိုင်းချတော့မည့်ပမာ အဆုံးမဲ့ခမ်းနားကြီးကျယ်လှပေသည်။
“လေကိုပြောင်းပြန်လှန်ခြင်း”
ချီမင်က ညာဘက်လက်ကိုမြှောက်ပြီးအံ့ဖွယ်စွမ်းအားနည်းစနစ်လေကိုပြောင်းပြန်လှန်ခြင်းကိုသုံးလိုက်၏။ချီမင်က ထိုအံ့ဖွယ်စွမ်းအား၏စွမ်းအားအစစ်အမှန်ကိုထုတ်လွှတ်လိုက်သည်။
ယင်းအံ့ဖွယ်စွမ်းအား၏အင်အားက ဖွံ့ဖြိုးတိုးတက်နေသည့်အရာတွေကိုပြောင်းပြန်လှန်ဖို့လုံလောက်၏။အချိန်ကိုပြောင်းပြန်လှန်ခြင်းမဟုတ်ပေ။သို့ပေမယ့် အချိန်၏စွမ်းအားနှင့်လောကကိုပြောင်းပြန်လှန်နိုင်၏။
ချီမင်၏လက်ဖဝါးထဲ၌ ပြိုင်ဘက်ကင်းအားတစ်ခုပျံ့နှံ့ထွက်လာသောကြောင့် မမြင်နိုင်သည့်အလင်းကာတစ်ခုပေါ်လာသည်။ယန်လီ၏ဓားချီမြစ်က တိုက်ခိုက်လာပေမယ့် အလင်းမျက်နှာပြင်ကြောင့်ပိတ်ဆို့ခံလိုက်ရ၏။
ဓားချီကြယ်တာရာမြစ်၏စွမ်းအားကပြိုကွဲသွားသောကြောင့် ဝိညာဉ်အလင်းတန်းတွေပေါ်လာပြီးကောင်းကင်တောင်ပြည့်နှက်သွားသည်။ထိုစွမ်းအားက ချီမင်ကိုမလှုပ်ခတ်နိုင်လိုက်ဘဲ လုံးဝလည်းပြိုကွဲသွားသည်။
“မင်း...”ယန်လီ၏မျက်လုံးမှာပြူးကျယ်သွားပြီးသူ၏မျက်နှာပေါ်မှာ ထိတ်လန့်သည့်အမူအရာပေါ်လာသည်။”ဒါ...ဒါ...ဘယ်လိုအံ့ဖွယ်စွမ်းအားမျိုးလဲ။ဒါက ငါရဲ့ဓားချီမြစ်ကိုတောင် လုံးဝဖျက်ဆီးပစ်နိုင်တယ်။”
ချီမင်ကဆက်ပြောသည်။”ယန်လီ မင်းရဲ့အဆင့်အတန်းနဲ့ဆို အမှန်တရားကိုသိဖို့ အရည်အချင်းပြည့်မီတယ်။တကယ်တော့ မင်းတို့ရဲ့အင်မော်တယ်ဘိုးဘေးကသေသွားတာကြာပြီ။”
“မင်းဘာပြောတာလဲ။”ယန်လီကထိတ်လန့်နေသည့်မျက်နှာဖြင့်မေးလိုက်သည်။”ဒါက လုံးဝမဖြစ်နိုင်ဘူး။မင်းဘာကိုပြောချင်နေတာလဲ။”
“မင်း အဲ့လောက်လည်းအံ့ဩသွားစရာမလိုပါဘူး။”ချီမင်က ပခုံးတွန့်လိုက်၏။”ငါလည်း အမှန်ကိုသိသွားတုန်းက မင်းထက်တောင်အံ့ဩသွားသေးတယ်။အင်မော်တယ်ဘိုးဘေးက အင်မော်တယ်ဘုရင်ကောင်းကင်ဂူကိုရှာတွေ့သွားတဲ့အချိန်တုန်းက သူကအထဲကိုဝင်တော့ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကိုတွေ့ခဲ့တယ်။”
“ပုံမှန်အတိုင်းပဲ အင်မော်တယ်ဘိုဘေးကအချိန်ကာလရတနာကမ္ဘာ့တံခါးကိုသန့်စင်ချင်ပေမယ့် သူကအထဲမှာအိပ်ပျော်နေတဲ့ မူလအစအင်မော်တယ်ဘုရင်ရဲ့အသိစိတ်ကိုပါ နှိုးလိုက်မိတယ်။”
“မူလအစအင်မော်တယ်ဘုရင်က လေဟာနယ်စကြဝဠာပင်လယ်ထဲက အထက်ကမ္ဘာကနေပြုတ်ကျလာတာ။သူ့အင်မော်တယ်ခန္ဓာက လျှို့ဝှက်နက်နဲကမ္ဘာအဖြစ်ဆင့်ကဲပြောင်းလဲသွားခဲ့တယ်။”
“သူက ခမ်းနားတဲ့ဖြစ်တည်မှုတစ်ခုပဲ။”
“မူလအစအင်မော်တယ်ဘုရင် အရမ်းအားနည်းနေရင်တောင် သူရဲ့ကျန်နေခဲ့တဲ့အသိစိတ်က အင်မော်တယ်မျိုးနွယ်ရဲ့ဘိုးဘေးလိုသူမျိုးက ခုခံနိုင်တဲ့အရာမဟုတ်ဘူး။မူလအစအင်မော်တယ်ဘုရင်က အင်မော်တယ်ဘိုးဘေးရဲ့ခန္ဓာကိုယ်ကိုသိမ်းပိုက်လိုက်ပြီး သူ့ရဲ့အသိစိတ်ကိုဖျက်ဆီးလိုက်တယ်။”
“အဲ့ဒါကြောင့်...”
“မူလအစအင်မော်တယ်ဘုရင်က မင်းတို့ရဲ့အင်မော်တယ်ဘိုးဘေးအဖြစ် ပြန်လည်ရှင်သန်လာခဲ့တယ်။သူက လျှို့ဝှက်နက်နဲကမ္ဘာတစ်လျှောက်ကိုသွားခဲ့ပြီးထိတ်လန့်ဖို့ကောင်းတဲ့အစီအစဉ်တွေ တစ်ခုပြီးတစ်ခု စီစဉ်ခဲ့တယ်။ရာဇဝတ်မှုတွေတောင် ကျူးလွန်ခဲ့သေးတယ်။”
“အင်မော်တယ်ကမ္ဘာတစ်ခုကို ဖန်တီးဖို့လား။”
“ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုက်လဲ။”
“ဒါက မူလအစအင်မော်တယ်ဘုရင် ဖြန့်ထားတဲ့အကြီးမားဆုံးအလိမ်အညာပဲ။သူ့လိုလူအတွက်တောင် အင်မော်တယ်ကမ္ဘာတစ်ခုကိုဖန်တီးဖို့်မဖြစ်နိုင်ဘူး။သူမှာ အဲ့လိုစွမ်းရည်မျိုးမရှိဘူး။”
“မူလအစ....မူလအစအင်မော်တယ်ဘုရင်...”
ယန်လီသည် ချီမင်၏စကားကြောင့်ကြောင်သွားတော့၏။သူက နေရာမှာတင်ကြက်သေသေသွားပြီးမယုံနိုင်သည့်အမူအရာမျိုးပေါ်လာသည်။သူက ထိုကဲ့သို့စကားမျိုးကို မယုံကြည်နိုင်ပေ။
မယုံနိုင်စရာကောင်းသည်။
မူလအစအင်မော်တယ်ဘုရင်က တကယ်ကြီးအသက်ရှင်နေသေးတာလား။
ဖြစ်နိုင်ပါ့မလား။
“မင်းရဲ့အင်မော်တယ်မျိုးနွယ်တစ်ခုလုံးက လှည့်စားခံနေရတာ။”
ချီမင်က ပုံမှန်အတိုင်းသာပြောလိုက်သည်။”ရှေးဟောင်းခေတ်ကနေအခုထိ မင်းတို့ရဲ့အင်မော်တယ်မျိုးနွယ်က မူလအစအင်မော်တယ်ဘုရင်ဆီမှာ လှည့်စားခံနေရတာ။တကယ်တော့ မင်းတို့က မူလအစအင်မော်တယ်ဘုရင်အတွက်ပဲလုပ်နေရတာ။”
“ပြီးတော့”
“မူလအစအင်မော်တယ်ဘုရင်လုပ်သမျှကလည်း အင်မော်တယ်ကမ္ဘာကိုဖန်တီးဖို့ လုံးဝမဟုတ်ဘူး။သူက သူရဲ့အင်အားကိုပြန်ရအောင်ပဲလုပ်နေတာ။”
“ပိုပြီးအရေးကြီးတာက သူကလျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ဝါးမြိုဖို့စီစဉ်နေတာပဲ။သူက သူရဲ့အရင်ကစွမ်းအားအပြင် နောက်တစ်ဆင့်ကိုပါတက်လှမ်းချင်နေတာ။အဲ့ဒါကြောင့်ပဲ သူကအင်မော်တယ်ဘုရင်ဓမ္မနည်းစနစ်ကိုဖန်တီးခဲ့တာ။သူက မင်းတို့အင်မော်တယ်တွေကို တခြားကမ္ဘာတွေသွားခိုင်းပြီး အရင်းအမြစ်တွေကို ခိုးယူခိုင်းတယ်။ပြီးတော့သူကဝါးမြိုနေခဲ့တာ။သူက သူ့အကျိုးအတွက်ပဲလုပ်နေတာ။”
“အစကနေအဆုံးအထိ မင်းတို့ကအသုံးချခံနေကတာပဲ။ တစ်ချိန်တည်းမှာပဲ မင်းကသူ့ရဲ့စတေးခံပဲ။”
“ငါမယုံဘူး။”
ယန်လီ၏အကြည့်က ထိတ်လန့်မှုတွေဖြင့်ပြည့်နှက်သွားပြီးခေါင်းခါလိုက်သည်။ချီမင်ပြောလာသည့်သတင်းက သူ့ကိုအလွန်အမင်းထိတ်လန့်သွားစေ၏။ဒါကြီးက ယန်လီ၏ထင်မြင်ချက်တစ်ခုလုံးကိုဗြောင်းဆန်သွားစေပြီးလက်ခံဖို့အလွန်ခက်ခဲ၏။
ချီမင်က ခပ်ဖျော့ဖျော့ရယ်မောလိုက်သည်။”မင်းယုံယုံ မယုံယုံကိစ္စမရှိဘူး။ငါပြောတာတွေက အမှန်တွေပဲ။အင်မော်တယ်မျိုးနွယ်ရဲ့အင်မော်တယ်ဘိုးဘေးကသေသွားတာကြာပြီ။မင်းရဲ့သစ္စာရှိမှုကလည်း မင်းကိုအသုံးချနေတဲ့မူလအစအင်မော်တယ်ဘုရင်ဆီမှာပဲ။”
“အဲ့ဒါကြောင့်”
“ငါ့ရဲ့မျက်လုံးထဲမှာတော့ မင်းတို့အင်မော်တယ်မျိုးနွယ်ဖြစ်ဖြစ် လူသားမျိုးနွယ်ဖြစ်ဖြစ် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက ဘာမှကိုမသိထားတဲ့သနားစရာပိုးကောင်လေးတွေပဲ။”
“မင်းကလည်း အရမ်းသနားဖို့ကောင်းတယ်။”
ချီမင်ကခေါင်းခါပြီးဆက်ပြောသည်။”ငါလျှို့ဝှက်နက်နဲကမ္ဘာကိုပြန်လာရတဲ့အကြောင်းအရင်းကလည်း အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခရဲ့နောက်ဆုံးအဆင့်:ကံတရားအတိဒုက္ခကြောင့်ပဲ။ငါအရင်က မူလအစအင်မော်တယ်ဘုရင်ဆီမှာ ပစ်မှတ်ထားခံရတုန်း လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်က ငါ့ကိုကမ္ဘာကူးလို့ရအောင် ကူညီပေးခဲ့တယ်။ငါကလွတ်သွားပေမယ့် ကံကြွေးလည်းတင်သွားတယ်။ငါအဲ့ဒါကိုပြန်ပေးဖို့လိုတယ်။”
“ပြီးတော့”
“မူလအစအင်မော်တယ်ဘုရင်က ငါကိုတိုက်ခိုက်လာတာကို ငါဘာမှမဖြစ်သလိုမနေနိုင်ဘူး။”
“မူလအစ..မူလအစအင်မော်တယ်ဘုရင်..”
ယန်လီက တဖြည်းဖြည်းတည်ငြိမ်သွားသည်။သူက ကမ္ဘာဖျက်ဓားကို လက်ထဲကတဖြည်းဖြည်းချလိုက်သည်။”ချီမင် မင်းပြောတာတွေအကုန်အမှန်ပဲလား။”
“သေချာတာပေါ့”ချီမင်ကခေါင်းညိတ်လိုက်သည်။
ယန်လီက အသက်ပြင်းပြင်းရှုလိုက်သည်။”ငါမင်းကိုယုံတယ်။”ချီမင်က အနည်းငယ်အံ့အားသင့်သွားသည်။သူကယန်လီကို အကြိမ်နည်းငယ်ကြည့်လိုက်မိသည်။”မင်းငါ့ကို မြန်မြန်ယုံသွားတာလား။ခုနကပဲ မယုံဘူးဆို။”
“မင်းငါ့ကိုလိမ်စရာမှမလိုတာ ဟုတ်တယ်မလား။”
ယန်လီက ခါးသက်စွာပြုံးလိုက်သည်။”ခုနတိုက်ပွဲမှာ ငါမင်းရဲ့အင်အားကို ကိုယ်တိုင်ကြုံလိုက်ရတယ်။အစကနေအဆုံးထိ မင်းကအလေးအနက်ကိုမလုပ်တာ။ငါကမင်းရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူး။တကယ်တော့ မင်းသာဆန္ဒရှိရင် ငါ့ကိုအချိန်မရွေးသတ်လို့ရတယ်။”
“ဒီလိုမျိုးသာဆိုရင် မင်းငါ့ကိုလိမ်နေစရာကိုမလိုဘူး။”
“ဟားဟားဟား...”ချီမင်က အကြိမ်အနည်းငယ်မျှရယ်မောလိုက်သည်။”မင်းက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ဂိုဏ်းချုပ်နဲ့ အင်မော်တယ်မျိုးနွယ်ရဲ့အထွတ်အထိပ်ဖြစ်တည်မှုဖြစ်ထိုက်ပါတယ်။မင်းက အရမ်းမတုံးဘူးပဲ။ဒါဆိုအခုအမှန်ကိုသိပြီဆိုတော့ အခုမင်းဘာဆက်လုပ်မယ်တွေးထားလဲ။”
“သေချာပေါက်ပေါ့ ငါတို့မျိုးနွယ်ခြောက်ခုရဲ့အင်အားကိုစုစည်းပြီးမူလအစအင်မော်တယ်ဘုရင်ကိုခုခံရမယ်။”
ယန်လီကအသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။”မူလအစအင်မော်တယ်ဘုရင်စီစဉ်ထားသလောက်ဆို အခုကနောက်ဆုံးအဆင့်ရောက်နေပြီ။ငါတို့ စွန့်စားမှရတော့မယ်။”
“အဲ့ဒါအပြင်”
“နောက်ထပ်အရေးကြီးတဲ့အရာတစ်ခုရှိသေးတယ်။”
“ဒေသလေးခုရဲ့နောက်ဆုံးသော နတ်ဘုရားတောင်အရင်းအမြစ်ဆယ်ရာခိုင်နှုန်းတွေက မူလအစအင်မော်တယ်ဘုရင်လက်ထဲ လုံးဝရောက်သွားလို့မဖြစ်ဘူး။မဟုတ်ရင် ငါတို့တော့ကိစ္စပြတ်ပြီ။”
“တကယ်တော့ လွန်ခဲ့တဲ့နှစ်ငါးရာကမူလအစအင်မော်တယ်ဘုရင်က အရှေ့ပိုင်းဒေသရဲ့နောက်ဆုံးသော နတ်ဘုရားတောင်အရင်းအမြစ်ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ အရှေ့ပိုင်းတောင်တန်းချိတ်စည်းကိုရသွားပြီး။လွန်ခဲ့တဲ့နှစ်သုံးရာက အင်မော်တယ်တွေက အနောက်ပိုင်းဒေသက အလင်းတိုက်ရတနာခုနစ်ပါးဂိုဏ်းကိုဖျက်ဆီးပြီး အနောက်ပိုင်းဒေသရဲ့နောက်ဆုံးသော နတ်ဘုရားတောင်အရင်းအမြစ်ဆယ်ရာခိုင်နှုန်းဖြစ်တဲ့အလင်းတိုက်ခုနစ်ပါးစေတီကို ယူသွားပြီ။လွန်ခဲ့တဲ့နှစ်တစ်ရာမှာ အင်မော်တယ်တွေက မြောက်ပိုင်းဒေသရဲ့အနက်ရှိုင်းဆုံးဒေသ:ခြေရာတစ်သောင်းတောင်ဒေသက နောက်ဆုံးသော နတ်ဘုရားတောင်အရင်းအမြစ်ဆယ်ရာခိုင်နှုန်းဖြစ်တဲ့ ကောင်းကင်ကိုးလွှာနှင်းနဂါးမြွေကို ယူသွားပြီ။”
“တစ်နည်းပြောရရင်..”
“နောက်ဆုံးသော နတ်ဘုရားတောင်အရင်းအမြစ်ဆယ်ရာခိုင်နှုန်းဖြစ်တဲ့တောင်ပိုင်းဒေသရဲ့ ဖန်တီးခြင်းနတ်ဘုရားသစ်ပင်က ပြန်လည်ဝင်စားသွားလို့ အင်မော်တယ်တွေက ရှာမတွေ့သေးတာ။မဟုတ်ရင် နောက်ဆုံးဆယ်ရာခိုင်နှုန်းကိုရနေလောက်ပြီ။”
“လွန်ခဲ့တဲ့ဆယ်နှစ်က ငါ့ရဲ့စစ်မှန်ဝိညာဉ်ကနိုးထလာတယ်။ငါလည်းအစက စုချင်းယင်ရဲ့အထောက်အထားအစစ်ကိုမတွေ့သေးဘူး။တကယ်တော့ သူမရဲ့အထောက်အထားအစစ်ကို သိသွားတာမကြာသေးဘူး။”
“ဒါကြောင့် အင်မော်တယ်တွေက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်တာပဲ။”
“မမျှော်လင့်ထားတာတွေသာ ဖြစ်မလာရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက သေချာပေါက်ပျက်စီးမှာပဲ။ငါကလည်းစုချင်းယင်ကို ဗဟိုဒေသကိုခေါ်သွားပြီး တခြားနတ်ဘုရားတောင်အရင်းအမြစ်တွေနဲ့အတူ အင်မော်တယ်ဘိုးဘေးဆီမှာစတေးခိုင်းမှာပဲ။”
ရုတ်တရက် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစစ်မြေပြင်ဘက်မှ ဆူညံသံကြီးတစ်ခုထွက်ပေါ်လာသည်။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဘိုးဘေးသုံးပါးနှင့် အင်မော်တယ်ဘုရင်သုံးပါးကတိုက်ခိုက်နေကြသည်။နှစ်ဖက်က အဆက်မပြတ်တိုက်ခိုက်နေပြီး အံ့ဖွယ်စွမ်းအားနည်းလမ်းအမျိုးမျိုးကို ပြသနေကြသည်။
မူလက ဘိုးဘေးသုံးပါးက အသာစီးရနေပေမယ့် နောက်ထပ်အင်မော်တယ်ဘုရင်သုံးပါးပေါ်လာသောကြောင့် စုစုပေါင်းအင်မော်တယ်ဘုရင်ခြောက်ပါးဖြစ်သွားသည်။
ဘိုးဘေးသုံးပါးက ဆက်တိုက်နောက်ဆုတ်နေရပြီးတဖြည်းဖြည်းအရေးနိမ့်လာသည်။ထို့အပြင် ဆက်တိုက်တိုက်ခိုက်ပြီးသည့်နောက်မှာ ဒဏ်ရာရလာကြသည်။