← Chapters

လူသားမျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှု: ရှောင်ဖန်း

Vol. 18 Ch. 259

လူသားမျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှု: ရှောင်ဖန်း

Vol. 18 Ch. 259

ချီမင်က သဘာဝအတိုင်းအထွတ်အထိပ်ဖြစ်တည်မှုတစ်ယောက်ရဲ့အရှိန်အဝါ ကိုသတိထားလိုက်မိသည်။ထိုအရှိန်အဝါက တကယ့်ကိုစွမ်းအားကြီးပြီးအလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်အဆင့်သို့ရောက်နေပြီဖြစ်သည်။

သူသည် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏အလယ်ဗဟိုမှ ခရမ်းရွှေရောင်အလင်းတိုင်တစ်ခု ကောင်းကင်ပေါ်သို့မြင့်တက်လာတာကိုတွေ့လိုက်ရ၏။ထိုအလင်းတန်းက ကောင်းကင်ယံသို့ထိုးတက်သွားပြီး လေထုအလွှာတို့ကို တစ်ခုပြီးတစ်ခုချိုးဖြတ်သွားသည်။နက္ခတာရာအလွှာ၊လေဟာနယ်အလွှာ၊ကပ်ဘေးအလွှာ၊နီဗားနားအလွှာ

လျှို့ဝှက်နက်နဲကမ္ဘာကို အပေါက်ကြီးတစ်ပေါက်ထိုးဖောက်လိုက်သည့်အတိုင်းပင်။

ကြောက်မက်ဖွယ်ကောင်းသည်။

အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည်။

“ဒီအရှိန်အဝါက...”

ယန်လီ၏မျက်နှာပေါ်တွင် အလွန်အမင်းအံ့ဩသွားသည့်အမူအရာပေါ်လာသည်။သူက အံ့အားသင့်စွာပြောလိုက်၏။”လူသားမျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှု ဒါသူ့ရဲ့အရှိန်အဝါပဲ။လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုကလည်း တကယ်ကြီးကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ပြန်လည်မွေးဖွားလာတာလား။”

“သူတကယ် ပြန်နိုးထလာပြီ။”

“ဘယ်သူများဖြစ်မလဲ”

ယန်လီက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစစ်မြေပြင်ဘက်ကိုအလျင်အမြန်ကြည့်လိုက်သည်။

“သူက ရှောင်ဖန်းပဲ။”

ချီမင်၏အကြည့်ကလည်းကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းစစ်မြေပြင်ဘက်သို့ကျရောက်သွားသည်။ခရမ်းရွှေရောင်အလင်းတိုင်ကြီးထဲ၌ အတော်လေးရင်းနှီးနေသည့်ပုံရိပ်တစ်ခုပေါ်လာသည်။

ထိုသူကရှောင်ဖန်းဖြစ်သည်။

အလင်းမြူခိုးတွေက ရှောင်ဖန်းကိုဝန်းရံလိုက်ကာ မျက်စိကျိန်းလောက်ဖွယ်တောက်ပလာပြီး ရှောင်ဖန်းကိုပေါင်းစပ်သွားတော့သည်။ အသက်ဝင်နေသည့်အလား ခရမ်းရွှေရောင်ကြာပန်းဆယ့်နှစ်ပွင့်တို့မှာ တစ်ပွင့်ပြီးတစ်ပွင့်ပေါ်လာကာ သူ့ကိုဝန်းရံလိုက်သည်။

ပွင့်လွှာ(၁၂)ချပ်ရှိသည့် ခရမ်းရွှေရောင်ကြာပန်းတို့မှာ ပိုပိုပြီးများလာသည်။

စုစုပေါင်း(၁၂၉,၆၀၀)ပွင့်ပေါ်လာသည်။

တစ်ပွင့်လေးတောင်လျော့မနေသလို ပိုလည်းမပိုပေ။အရေအတွက်က တိကျပေသည်။ချက်ချင်းပဲ ဆယ့်နှစ်လွှာခရမ်းရွှေရောင်ကြာပန်း(၁၂၉,၆၀၀)ပွင့်က အတူတကွပေါင်းစပ်သွားပြီး ရှောင်ဖန်း၏ကိုယ်ထဲသို့ပေါင်းစပ်သွား၏။ပွင့်လွှာ(၁၂)ချပ်ကြာပန်းအမှတ်အသားက သူ၏မျက်ခုံးကြား၌ပေါ်လာသည်။

သိပ်မကြာခင်မှာပဲ စွမ်းအားကြီးသည့်အထွတ်အထိပ်ဖြစ်တည်မှုအရှိန်အဝါက ပေါ်လာသည်။

ခရမ်းရွှေရောင်အလင်းတိုင်ကြီးလည်းပျောက်ကွယ်သွားပြီး ကောင်းကင်အပြည့်ဖြစ်နေသည့်ဆယ့်နှစ်လွှာခရမ်းရွှေကြာပွင့်တို့မှာလည်း ပျောက်ကွယ်သွားသည်။ရှောင်ဖန်းသည် ဖြည်းညှင်းစွာ မျက်လုံးပွင့်လာသည်။

သူ၏မျက်လုံးထဲတွင် အချိန်ကာလအပြောင်းအလဲ၏များစွာသောအဖြစ်အပျက်များကို တွေ့နိုင်သည်။လက်တစ်ချက်အဝေ့မှာ ဆယ့်နှစ်လွှာခရမ်းရွှေရောင်ကြာပန်းတစ်ပွင့်က လေထုထဲကနေပေါ်လာတော့၏။

ချက်ချင်းဆိုသလိုပင် သူက လက်ချောင်းပေါ်က လက်စွပ်ကိုချွတ်လိုက်ပြီး ဆယ့်နှစ်လွှာခရမ်းရွှေရောင်ကြာပန်းပေါ်၌တင်လိုက်၏။လက်စွပ်မှာကြာပန်းထဲသို့ပေါင်းစပ်သွားပြီး ကြာပွင့်မှာတဖြည်းဖြည်းပိတ်သွားကြသည်။

များမကြာမီတွင် ဆယ့်နှစ်လွှာခရမ်းရွှေရောင်ကြာပန်းကနေ အသက်ဝင်နေသည့်ကြာပန်းခန္ဓာတစ်ခုဖြစ်တည်လာသည်။ထိုခန္ဓာက လက်စွပ်ထဲမှဆေးဆရာအကြီးအကဲကို ပြန်လည်မွေးဖွားပေးလိုက်၏။ဆံပင်ဖြူအကြီးအကဲတစ်ဦးထွက်ပေါ်လာသည်။

ထိုသူက ဆေးဆရာအကြီးအကဲအိုကြီးဖြစ်သည်။

လက်စွပ်ထဲက အဘိုးအိုကရှောင်ဖန်း၏ဆရာဖြစ်၏။

နာရီဝက်လောက်ကြာတော့ ဆေးဆရာအကြီးအကဲက မျက်လုံးပွင့်လာပြီး အပြည့်အဝပြန်လည်ရှင်သန်လာသည်။

သူက ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်သွားတော့၏။

“ရှောင်ဖန်း မင်း..”ဆေးဆရာအကြီးအကဲက ရှောင်ဖန်းကိုရှုပ်ထွေးသည့်အမူအရာဖြင့်ကြည့်လိုက်သည်။

“ဆရာ”ရှောင်ဖန်းက ပြုံးလိုက်၏။

“ငါမမျှော်လင့်ထားဘူး။”ဆေးဆရာအကြီးအကဲက တုန့်ဆိုင်းသွားသည်။

“ဆရာ”ရှောင်ဖန်းကပြောလာသည်။”အရင်သွားလိုက်ပါ။ကျွန်တော့်ကိုချန်ထားခဲ့ပါ။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကဖျက်ဆီးမခံရသလို အင်မော်တယ်တွေရဲ့အစီအစဉ်ကလည်း အောင်မြင်မှာမဟုတ်ဘူး။”

ဆေးဆရာအကြီးအကဲက လေးနက်စွာခေါင်းညိတ်လိုက်၏။

“သူဖြစ်နေတာကိုး!”

ယန်လီက အသက်ပြင်းပြင်းရှုလိုက်၏။”လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုက တကယ်တော့ရှောင်ဖန်းဖြစ်နေတာပဲ။ငါဒါကို တကယ့်ကိုမမျှော်လင့်ထားခဲ့ဘူး။”

“လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”

ချီမင်လည်း စောင့်ကြည့်နေသည်။

ထိုအချိန်၌ ရှောင်ဖန်း၏စစ်မှန်ဝိညာဉ်က အပြည့်အဝနိုးထလာပြီး လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု၏အင်အားအပြည့်ကိုပြန်ရသွားသည်။သူကအတိဒုက္ခကိုကျော်ဖြတ်စရာမလိုတော့ဘဲ လျှို့ဝှက်နက်နဲကမ္ဘာ၏အထွတ်အထိပ်အဆင့်မဟာယနအဆင့်သို့တန်းရောက်သွား၏။”ဒါ..ဒါက”

“လူသား..လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”

“သူက ဒီလိုအချိန်မှတကယ်ကြီးနိုးထလာတာပဲ။”

“ဒါက”

“ဘယ်လိုလို့ဖြစ်နိုင်မှာလဲ။”

ထိတ်လန့်ဖို့ကောင်းသည်။

အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသည်။

အင်မော်တယ်ဘုရင်လင်းလုံ၊သွေးအရှင်အင်မော်တယ်ဘုရင်နှင့်တခြားသောအင်မော်တယ်ဘုရင်လေးပါးက ရှောင်ဖန်း၏အခြေအနေကိုလေ့လာနေကြပြီး အလွန်အမင်းတုန်လှုပ်သွားကြတော့သည်။

သိသာရှင်းလင်းနေသည်မှာ သူတို့သည်လည်း လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုက ယခုလိုအချိန်၌ ပြန်လည်နိုးထလာမည်ဟုမမျှော်လင့်ထားကြပေ။စွမ်းအားကြီးအရှိန်အဝါကို အာရုံခံမိသွားကြပြီးသူတို့အမူအရာတွေက လေးနက်သွားကြတော့၏။

“စီနီယာအစ်ကိုရှောင်ဖန်း..”

“အဲဒါ စီနီယာအစ်ကိုရှောင်ပဲ။”

“ရှောင်ဖန်းပဲ။”

“သူ..သူကတကယ်တော့ လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုဖြစ်နေတာပဲ။”

“မယုံနိုင်စရာကြီး။”

“ဟားဟားဟား..”

“ကောင်းတယ်။အရမ်းကောင်းတယ်။စီနီယာအစ်ကိုရှောင်ဖန်းက လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုဖြစ်နေတာပဲ။သူ့ရဲ့စစ်မှန်ဝိညာဉ်က ဒီလိုအရေးကြီးတဲ့အချိန်မှပြန်နိုးထလာပြီးအရင်က ခွန်အားတွေအကုန်ပြန်ရသွားပြီ။ငါတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက လုံခြုံပြီ။ငါတို့ အန္တာရာယ်ကင်းပြီ။”

“ကောင်းတယ်။”

စိတ်လှုပ်ရှားမှုတွေတုန်လှုပ်မှုတွေ ပေါ်လာကြသည်။

သူတို့အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏စစ်မြေပြင်တွင် ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှအမွေခံတပည့်တွေမဟာအကြီးအကဲတွေ၊တောင်ထွတ်ဆယ့်နှစ်ခုမှတောင်ထွတ်သခင်တွေ အကြီးအကဲတွေနှင့်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏တပည့်တွေအားလုံးက အလွန်အမင်းစိတ်လှုပ်ရှားသည့်အမူအရာကို ပြလာကြသည်။

စစ်ပွဲက ယခုထိတိုင်ကြာရှည်နေပြီဖြစ်၏။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းသည် အဆုံးအရှုံးကြီးမားပြီး လုံးဝကိုအရေးနိမ့်နေ၏။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှဘိုးဘေးသုံးယောက်မှာ အင်မော်တယ်ဘုရင်ခြောက်ပါး၏ဖိနှိပ်ခြင်းကို ခံနေရသည်။သူတို့ဆက်ပြီး မခုခံနိုင်တော့ပေ။

ယခု လူသားမျိုးနွယ်၏ အထွတ်အထိပ်ဖြစ်တည်မှုက ပြန်နိုးထလာပြီးအင်အားအကုန်ပြန်ရသွားတော့သည်။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးက မျှော်လင့်ရောင်ခြည်သန်းသွား၏။

သူတို့ကသဘာဝအတိုင်း အလွန်အမင်းပျော်ရွှင်သွားတော့၏။

“သေစမ်း”

“ဘယ်လိုတောင်ဖြစ်သွားတာတုန်း။”

“လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုက ဘာလို့ရုတ်တရက်ကြီးနိုးထလာတာလဲ။”

“တကယ့်ကို ပြဿနာများပြီ။”

“စိတ်မပူပါနဲ့။သူက လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုဖြစ်တော့ရောဘာဖြစ်လဲ။အင်မော်တယ်ဘုရင်တွေက သူ့ကိုကျိန်းသေနိုင်မှာ။ငါတို့အင်မော်တယ်မျိုးနွယ်ကပဲ ကျိန်းသေပေါက်နိုင်မှာ။”

“တိုက်!”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကိုဖျက်ဆီးကြ”

ဘုန်း!ဘုန်း!ဘုန်း!

အင်မော်တယ်တွေက ဒေါသတကြီးအော်ဟစ်နေကြသည်။သူတို့ကရှောင်ဖန်းဖော်ထုတ်လိုက်သည့်လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုအရှိန်အဝါကြောင့်ထိတ်လန့်မသွားကြပေ။သူတို့၏အော်ဟစ်သံတို့သည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေ၏။ထို့အပြင် တိုက်ပွဲကပိုပြီးတော့ပင် ပြင်းထန်လာသည်။

“အင်မော်တယ်တွေ”

ရှောင်ဖန်း၏အကြည့်ကအေးစက်သွားသည်။သူ့အကြည့်က အင်မော်တယ်ဘုရင်ခြောက်ပါးအပေါ်ကျရောက်သွားသည်။သူက လျင်လျင်မြန်မြန်တိုက်ခိုက်လိုက်သည်။လက်တစ်ချက်အဝေ့မှာ အဆုံးမဲ့ခရမ်းရွှေရောင်မီးတောက်တွေ ထွက်ပေါ်လာသည်။မီးတောက်တွေက ကောင်းကင်ပင်ဖုံးအုပ်သွားသည်။

ပိုပြီးကြောက်ဖို့ကောင်းသည်က

ကမ္ဘာကြီးကိုလှုပ်ခါသွားစေသည့်ခရမ်းရွှေရောင်မီးတောက်တွေက မီးလျှံဖီးနစ်နှင့်စစ်မှန်နဂါးဓမ္မခန္ဓာအဖြစ်ပြောင်းလဲသွားသည်။ဓမ္မခန္ဓာကအသက်ဝင်လာသည့်အလား ကောင်းကင်ပေါ်ခုန်တက်သွားပြီး ဟိန်းဟောက်လိုက်၏။

အလွန်အမင်းစွမ်းအားကြီးပေသည်။

“အသင်္ချေခရမ်းရွှေမီးတောက်ပုံ”ရှောင်ဖန်းက အပြင်းအထန်တိုက်ခိုက်လိုက်ပြီး အလွန်အမင်းစွမ်းအားကြီးသည့်အံ့ဖွယ်စွမ်းအားနည်းစနစ်အသင်္ချေခရမ်းရွှေမီးတောက်ပုံကိုသုံးလိုက်သည်။ခရမ်းရွှေရောင်အံ့ဖွယ်မီးတောက်တွေတောက်လောင်လာပြီး အရာအားလုံးကိုလောင်ကျွမ်းပစ်လိုက်တော့၏။

“လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု။ငါတို့ပေါင်းတိုက်ကြမယ်။”

“လာတိုက်ကြစမ်းပါ။”

“လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုရဲ့အင်အားကိုပြလိုက်စမ်းပါ။”

အင်မော်တယ်ဘုရင်သုံးပါးပျံသန်းလာသည်။အင်မော်တယ်မျိုးနွယ်တွေမှာ အံ့ဖွယ်စွမ်းအားတစ်ခုပြီးတစ်ခုသုံးလိုက်သည့်အတွက် ဓမ္မစွမ်းအား‌များလိမ့်တက်လာကြသည်။သူတို့၏အင်အားဖြင့် ရှောင်ဖန်း၏အသင်္ချေခရမ်းရွှေမီးတောက်ပုံကိုတားဆီးလိုက်၏။

“လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”

အလွန်အမင်းထိတ်လန့်သွားသည့်အမူအရာတစ်ခုသည် ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်၏မျက်နှာ၌ပေါ်ထွက်လာသည်။”ငါတကယ်ကြီး လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုက ဒီအချိန်ကြီး နိုးထလာမယ်မထင်ထားဘူး။သူက ငါတို့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တပည့်ဖြစ်နေတယ်။”

“ဟားဟားဟား..”

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်သည် ကျယ်လောင်စွာရယ်မောလိုက်တော့သည်။သူကဆေဘာဓားရိုးကိုလက်နှစ်ဖက်လုံးဖြင့်ကိုင်လိုက်ပြီးသွေးအရှင်အင်မော်တယ်ထံ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်ဆေဘာအလင်းကိုပစ်လွှတ်လိုက်သည်””လာပြီးတိုက်စမ်းပါ”

“လူသားတွေပဲနိုင်ရမယ်။”

ဘိုးဘေးဝါနက်ရောင်က ဝါနက်မိခင်ဒယ်စောက်ဖြင့်ငရဲမြစ်ဓားလေးလက်ကိုကိုင်သည့်အင်မော်တယ်ဘုရင်ငရဲမြစ်ကိုတိုက်ခိုက်လိုက်ကာငရဲမြစ်အစီအရင်၏ တိုက်ခိုက်မှုကိုတားဆီးလိုက်သည်။

“မင်းအခုဘာဆက်လုပ်မလဲ။”ချီမင်က ယန်လီကိုကြည့်လိုက်၏။”စစ်ပွဲကို တားဆီးရမယ်။”ယန်လီကဆက်ပြောသည်။”မင်းပြောတာသာတကယ်ဆိုရင် နတ်ဘုရား၊မိစ္ဆာ၊အင်မော်တယ်၊နတ်ဆိုး၊သရဲနဲ့လူသားမျိုးနွယ်ခြောက်ခုလုံးက ရန်သူတွေမဟုတ်ဘူး။ငါတို့မှာ တကယ့်ရန်သူကတစ်ယောက်ပဲရှိတယ်။အဲ့ဒါက မူလအစအင်မော်တယ်ဘုရင်ပဲ။”

ယန်လီကအသက်ပြင်းပြင်းရှုပြီးသူ၏အကြည့်ကအေးစက်သွားသည်။”ငါဒီစစ်ပွဲကိုတားဖို့လိုတယ်။ဆက်တိုက်ခွင့်ပေးလို့မရဘူး။”

“ဒါဆိုလည်းသွားတော့။”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏စစ်မြေပြင်၌ ရှောင်ဖန်း၏စစ်မှန်ဝိညာဉ်က အပြည့်အဝရှင်သန်လာသည်။သူ၏အင်အားက အလွန်အမင်းစွမ်းအားကြီးသည့်အဆင့်ကိုရောက်ရှိသွားပြီးအင်မော်တယ်ဘုရင်သုံးပါးကိုပင် ဖိနှိပ်နိုင်သည်။

သူက တကယ့်ကိုလူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုဖြစ်သည်။သူ၏တိုက်ပွဲဝင်စွမ်းအားက တကယ့်ကိုကြီးမားပေသည်။

အစကတည်းက ချီမင်က မဟာအံ့ဖွယ်စွမ်းအားကြယ်ရွှေ့ပြောင်းခြင်းကိုသုံးပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးကို အထွတ်အထိပ်ဓမ္မစွမ်းအားဖြင့်ဖုံးအုပ်ထားသည်။ထိုသို့ဖြင့် ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံး ၏လျှို့ဝှက်ချက်ကိုဖုံးအုပ်ထားသည်။

ပိုပြီးအရေးကြီးသည်က ချီမင်၏တစ်ခုတည်းသောပန်းတိုင်က မူလအစအင်မော်တယ်ဘုရင်၏အာရုံကိုပိတ်ဆို့ထားဖို့ဖြစ်သည်။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏စစ်ပွဲအခြေအနေကိုသိခွင့်မပေးနိုင်ပေ။

မူလအစအင်မော်တယ်ဘုရင်၏အင်အားက အလွန်အမင်းကြီးမားပေသည်။သူက လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်ကိုတောင် ဖိနှိပ်ထားနိုင်သည်။ချီမင်သာ ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားကိုသုံးပြီး‌စစ်ပွဲအခြေအနေကိုဖုံးကွယ်မထားပါက သူကအသာလေးတွက်ချက်နိုင်သည်။

ချီမင်သည် မဟာယိုယွင်းကမ္ဘာမှလျှို့ဝှက်နက်နဲကမ္ဘာကိုပြန်လာသည့်အချိန်တည်းက ကြယ်ရွှေ့ပြောင်းခြင်းအံ့ဖွယ်စွမ်းအားကိုသုံးပြီးသူ၏လျှို့ဝှက်ချက်တို့ကို ဖုံးကွယ်ထားခဲ့တာဖြစ်၏။ထို့ကြောင့်မူလအစအင်မော်တယ်ဘုရင်ပင် အချိန်ကာလရတနာကနေတစ်ဆင့်ပြန်လာတာကိုပဲသိထားပြီးသူ၏တည်နေရာအတိအကျကို မသိသေးပေ။

တခြားတစ်ဖက်တွင်တော့ မြင်ကွင်းကပြောင်းလဲသွားသည်။

အင်မော်တယ်မျိုးနွယ်မြင့်မြတ်မြေ:အသင်္ချေအင်မော်တယ်တောင်

ဗဟိုနတ်ဘုရားတောင်ပေါ်

အင်မော်တယ်မျိုးနွယ်ဘိုးဘေးခန်းမ

မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ကပြန်ရောက်လာပြီးရုပ်တုထဲကိုပြန်ဝင်သွား၏။မူလက အသက်မဲ့နေသည့်ရုပ်တုက တဖြည်းဖြည်းသက်ရှိအဖြစ်ဆင့်ကဲပြောင်းလဲသွား၏။

သူကထပ်မံသက်ဆင်းလာသည်။မူလအစအင်မော်တယ်ဘုရင်က မျက်လုံးပြန်ပွင့်လာသည်။သူ့မျက်နှာက ငြိမ်သက်နေပြီးဘာအမူအရာမှမရှိပေ။သူက လက်ချောင်းများဖြင့်တွက်ချက်ကြည့်လိုက်တော့ အရာတော်တော်များများကိုသိသွားသည်။”မင်းပြန်လာပြီပဲ။အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခနောက်ဆုံးအဆင့်ကံတရားအတိဒုက္ခပဲ။အရင်ကမင်းကို လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ကတစ်ကြိမ်ကယ်ဖူးတယ်။မင်းက ကမ္ဘာ့အသိစိတ်ပေါ်မှာကံကြွေးအကြီးကြီးတင်နေတယ်။မင်းသာအဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခနောက်ဆုံးအဆင့်ကံတရားအတိဒုက္ခကိုကျော်လွှားချင်ရင် လျှို့ဝှက်နက်နဲကမ္ဘာကို ကံကြွေးပြန်ဆပ်ရမယ်။”

“ဒါပေမယ့် မင်းက‌ဒီလောက်အဆင့်ထိကို အချိန်တိုလေးအတွင်းမှာရောက်လာမယ်လို့ ငါမမျှော်လင့်ထားဘူး။ငါ့ရဲ့မျှော်လင့်ချက်တွေထက်ကျော်သွားပြီ။”

“မင်းကတကယ်ကြီး ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပြီးငါ့ကိုရှာလို့မရအောင်လုပ်နိုင်မယ်ထင် နေတာလား။”

မူလအစအင်မော်တယ်ဘုရင်က အစိမ်းရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီးနေရာကတင်ပျောက်ကွယ်သွား၏။သူကအင်မော်တယ်မျိုးနွယ်ဘိုးဘေးခန်းမကနေထွက်လာလိုက်သည်။

All Chapters