← Chapters

ချီမင်ပေါ်လာခြင်းနှင့် စစ်ပွဲကိုတားဆီးခြင်း

Vol. 18 Ch. 260

ချီမင်ပေါ်လာခြင်းနှင့် စစ်ပွဲကိုတားဆီးခြင်း

Vol. 18 Ch. 260

တစ်ချိန်တည်းတွင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းဘက်တွင်

“ဘာလဲ။” ချီမင် မျက်မှောင်ကြုတ်လိုက်သည်။ သူက အန္တရာယ်ကျရောက်လာတာကို အာရုံခံမိလိုက်သည်။ သူလက်ရှိရောက်နေသည့် ကျင့်ကြံခြင်းအဆင့်ကြောင့် ကောင်းကင်ကိုအာရုံခံနိုင်ပြီး ကံကြမ္မာကောင်းလား ကပ်ဆိုးလားဆိုတာ သဘာဝအတိုင်း သိနိုင်သည်။

“မူလအစအင်မော်တယ်ဘုရင်ဆိုတဲ့အတိုင်းပဲ။”

ချီမင်သည် ချက်ချင်းတုံ့ပြန်လိုက်၏။ သူက လက်ချောင်းများကိုအသုံးပြုကာ တွက်ချက်လိုက်တော့သည်။ သတင်းအချက်အလက်တို့ ထွက်ပေါ်လာ၏။ “ငါမဟာအံ့ဖွယ်စွမ်းအား ကြယ်ရွှေ့ပြောင်းသုံးပြီး ငါ့ရဲ့ကောင်းကင်လျှို့ဝှက်ချက်ကိုသုံးပြီး အာရုံခံလို့မရအောင် ပိတ်ဆို့ထားတာတောင် မူလအစအင်မော်တယ်ဘုရင်က ရှာတွေ့သွားသေးတယ်။”

“မေ့လိုက်တော့” ချီမင်က သက်ပြင်းချလိုက်သည် “ဒါဆိုတော့လည်း ငါ့ကိုမူလအစအင်မော်တယ်ဘုရင်ရဲ့အင်အားကို မြင်ခွင့်ပေးပေါ့။”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏စစ်မြေပြင်တွင်

“လူတိုင်းရပ်တော့” ယန်လီက ဟိန်းဟောက်လိုက်ပြီး လေဟာနယ်အလွှာကနေ ထွက်လာလိုက်၏။ ဓားတစ်လက်က ထွက်ပေါ်လာပြီး ရှောင်ဖန်းနှင့်အင်မော်တယ်ဘုရင်တို့၏ရှေ့တွင် တားဆီးလိုက်သည်။

စူးရှသည့်ဓားချီက ကောင်းကင်နှင့်မြေကြီးဓားတာအိုစွမ်းအားများပါဝင်လျက် နဂါးတစ်ကောင်ပမာ လျှံထွက်လာသည်။

“ဂိုဏ်း...ဂိုဏ်းချုပ်”

“ဂိုဏ်းချုပ်ပဲ။”

“ဒါ”

“အရမ်းကောင်းတယ်။”

“ဂိုဏ်းချုပ်ပြန်ရောက်လာပြီ။”

“ဟားဟားဟား..”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏ မဟာအကြီးအကဲတို့မှာ အပျော်လွန်သွားကြသည်။ တခြားသော တပည့်များနှင့် အကြီးအကဲများလည်း ပျော်သွားကြသည်။ သူတို့က ယန်လီကို အလွန်အမင်း စိတ်လှုပ်ရှားသော အမူအရာဖြင့် ကြည့်နေကြသည်။

တောင်ထွတ်ဆယ့်နှစ်ခုမှ ထိပ်ဆုံးအဆင့်မဟာအကြီးအကဲမှ အောက်ဆုံးအဆင့်အစေခံတပည့်တွေအထိ ဘယ်သူမှ ယန်လီသည် အင်မော်တယ်မျိုးနွယ်မှ အထွတ်အထိပ်ဖြစ်တည်မှုမှန်း မသိကြပေ။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏ခုခံရေးအစီအရင်ဖြင့်ဆိုလျှင် အင်မော်တယ်စစ်တပ်သာ ချိုးဖြတ်ဝင်ရောက်ချင်ပါက တန်ဖိုးတစ်ခုပေးရမှာဖြစ်သည်။ အမှန်တကယ်တော့ ယန်လီက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းခုခံရေးအစီအရင်ကို ဖျက်ဆီးလိုက်သောကြောင့် အင်မော်တယ်များမှာ နေ့တစ်ဝက်အတွင်း ချိုးဖြတ်နိုင်သွားတာဖြစ်သည်။

“မင်းက...”

ရှောင်ဖန်းက ရပ်တန့်လိုက်သည်။ ကြာပန်းရတနာကမ္ဘာက သူ့နားမှာဖွဲ့တည်လာသည်။ ထိုအရာက အံ့ဖွယ်စွမ်းအားတစ်ခုဖြစ်ပြီး အင်မော်တယ်ဘုရင်များကိုပင် ဖိနှိပ်နိုင်သည်။ “အင်မော်တယ်မျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှု”

ရှောင်ဖန်းက အသက်ပြင်းပြင်းရှူလိုက်သည်။ မယုံနိုင်ဖြစ်သွားသည့်ဟန်က သူ့မျက်နှာပေါ်၌ ပေါ်လာသည်။ “မင်းရဲ့ခန္ဓာကိုယ်ပေါ်က အရှိန်အဝါက သေချာပေါက်မမှားနိုင်ဘူး။ မင်းက တကယ်တော့ အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုပဲ။”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းခုခံရေးအစီအရင်က နေ့တစ်ဝက်အတွင်း မြန်မြန်ပျက်စီးသွားတာ မအံ့ဩတော့ဘူး။”

“ငါသိပြီ။ မင်းက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း ဂိုဏ်းချုပ်ယန်လီဆိုပေမယ့် အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုက ပြန်လည်မွေးဖွားလာတဲ့သူပဲ။ အဲဒီအပြင် မင်းရဲ့စစ်မှန်ဝိညာဉ်က ပြန်နိုးထလာပြီ။”

“လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”

ယန်လီက လက်ကိုနောက်ပစ်လိုက်ပြီး ကောင်းကင်ဓားရိုးပေါ်၌ရပ်နေသည်။ သူက ရှောင်ဖန်းကိုကြည့်ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ “ဟုတ်တယ်။ ငါကတကယ်ပဲ အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုပဲ။”

“ဘာ”

“မဖြစ်နိုင်ဘူး။ ဒါလုံးဝမဖြစ်နိုင်ဘူး။”

“မဖြစ်နိုင်ဘူး။”

“ဘယ်လိုလို့ဖြစ်နိုင်မှာလဲ။”

“ဂိုဏ်း...ဂိုဏ်းချုပ်ကတကယ်ကြီး အင်မော်တယ်..အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုပဲ။”

“မဟုတ်ဘူး။”

ထိတ်လန့်သွားကြတော့သည်။

သူတို့အားလုံး အလွန်အမင်းထိတ်လန့်သွားကာ ကြောင်အသွားတော့သည်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှ တပည့်များနှင့် အကြီးအကဲတို့မှာ အံ့အားသင့်သွားကြသည်။ သူတို့အားလုံး မယုံနိုင်ဖြစ်သွားကြသည်။ သူတို့မှာ ဂိုဏ်းချုပ်က လူသားမျိုးနွယ်၏ အကြီးမားဆုံးရန်သူဖြစ်သည့် အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုဖြစ်နေမယ်လို့ စိတ်ကူးပင် မယဉ်ဖူးချေ။‌

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏ အကြီးအကဲနှင့် တပည့်များမှာ ထိုကဲ့သို့သောအရာမျိုးကို မယုံကြည်နိုင်ကြပေ။

သို့ပေသော်လည်း အမှန်တရားသာဖြစ်သည်။

ယန်လီသည် အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုမှ ပြန်လည်ဝင်စားခြင်းဖြစ်သည်။

“အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုကို ဂါရဝပြုပါတယ်။”

“အင်မော်တယ်တွေက အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုကို ဂါရဝပြုပါတယ်။”

အင်မော်တယ်ဘုရင်ခြောက်ပါးက ယန်လီကို ဂါရဝပြုလိုက်သည်။ စစ်မြေပြင်မှ အင်မော်တယ်စစ်တပ်ကလည်း ဦးညွှတ်လိုက်ကြသည်။ သူတို့အသံက လေးစားမှုများပြည့်နှက်နေလျက် ကျယ်လောင်စွာဖြင့် ဂါရဝပြုလိုက်ကြသည်။

ထိုအချိန်၌ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏တပည့်များက မည်သို့ပင်ဆန္ဒမရှိဖြစ်နေစေကာမူ သူတို့ယုံကြည်ရပေမည်။ သူတို့က ကြမ်းတမ်းသည့်အမှန်တရားကို လက်ခံရုံသာရှိတော့သည်။

သူတို့ လေးစားရသည့်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏ ဂိုဏ်းချုပ်က အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုဖြစ်သည်။ “ယန်လီ”

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်၏အကြည့်က‌ အေးစက်နေသည်။ သူ့လက်ဖဝါးထဲမှာ ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်က ပျံဝဲလာသည်။ ထို့အပြင် ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်က သူ့လက်ထဲပြန်ရောက်လာသည်။ “ငါတွက်တာ မှားသွားခဲ့ပြီ။ ကောင်းကင်လျှို့ဝှက်ချက်အံ့ဖွယ်စွမ်းအားနဲ့ တွက်ချက်ထားခဲ့ပေမယ့် မင်းကအင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုက ပြန်မွေးဖွားလာတာလို့ မထင်ထားခဲ့ဘူး။”

“အင်မော်တယ်မျိုးနွယ်တွေက တကယ်ကြောက်ဖို့ကောင်းတယ်”

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက် မည်းနက်နေသည့် ဆေဘာတစ်လက်ကို သူ့လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး သတ်ဖြတ်လိုစိတ်ဖြင့်ပြောလိုက်သည်။ “မင်းကတကယ့်ကို နက်နက်ရှိုင်းရှိုင်းပုန်းကွယ်နေခဲ့တာပဲ။ ဒါက ငါတို့အမှားပဲ။”

“အခုမှတော့ အဲဒါတွေပြောနေလည်း အသုံးမဝင်တော့ဘူး။”

ဘိုးဘေးဝါနက်ရောင်က ခပ်အုပ်အုပ်ပြောလိုက်သည်။ “ဘယ်သူပိုသန်မာလည်း ကြည့်ရအောင်။”

“လုံလောက်ပြီ” ယန်လီအကြည့်က အေးစက်‌နေသည်။ သူက ရှိနေသည့်အင်မော်တယ်များနှင့်လူသားများအားလုံးကို သိမ်းကျုံးကြည့်လိုက်သည်။ အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု၏အရှိန်အဝါက ပေါက်ကွဲထွက်လာသောကြောင့် ရှိနေကြသည့်အင်မော်တယ်များနှင့်လူသားများအားလုံးကို ကြီးမားသည့်ဖိအားကို ခံစားသွားရစေ၏။ သူက လူတိုင်းကိုကြည့်ကာ ပြောလိုက်သည်။ “တိုက်ပွဲကိုရပ်တော့”

“အင်မော်တယ်တွေနဲ့လူသားတွေက ရန်သူမဟုတ်ဘူး။”

အင်မော်တယ်ဘုရင် လင်းလုံက ကြောင်အသွားသည်။ သူက ယန်လီကိုကြောင်အစွာဖြင့် ကြည့်လိုက်သည်။ သူက ဒီလိုစကားမျိုးပြောမည်ဟု မထင်ထားပေ။ “အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု မင်းကိုယ်မင်း ဘာပြောနေလဲသိလား။”

“ရယ်ဖို့ကောင်းတယ်။ အဓိပ္ပာယ်ကိုမရှိဘူး။”

သွေးအရှင်‌အင်မော်တယ်ဘုရင်က အော်ဟစ်လိုက်သည်။

“အင်မော်တယ်မျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှု မင်းရဲ့အရင်ဘဝအကြောင်း မတွေးတော့ဘူးလား။ မင်းက ဒီဘဝမှာကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆိုပေမယ့် မင်းကအင်မော်တယ်မျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှုလေ။ လူသားမျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှုမဟုတ်ဘူးနော်။” အင်မော်တယ်ဘုရင်ငရဲမြစ်က အော်ဟစ်လိုက်သည်။

“အင်မော်တယ်မျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှု မင်းဘာဖြစ်နေတာလဲ။”

“မင်းစကားကို ပြန်ပြင်လိုက်ပါ။”

“ဒီနေ့ ငါတို့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကိုဖျက်ဆီးပြီး နတ်ဘုရားတောင်အရင်းအမြစ်နောက်ဆုံးဆယ်ရာခိုင်နှုန်းကိုယူမယ်။”

တခြားသောအင်မော်တယ်ဘုရင်များမှာ ဆူပူလိုက်ကြသည်။

“ဟီးဟီး” ဘိုးဘေးကောင်းကင်ကိုးလွှာက နှာခေါင်းရှုံ့လိုက်သည်။ “ယန်လီ ငါတို့ကမင်းရဲ့အတုအယောင်ကြင်နာမှုတွေ မလိုအပ်ဘူး။”

“ဟုတ်တယ်။” ဘိုးဘေးဝါနက်ရောင်ကလည်းပြောသည်။ “ငါအစတည်းက ပြောပြီးပြီ။ ကိစ္စတွေကဒီလိုဖြစ်လာမှာတော့ အပိုလုပ်နေစရာမလိုဘူး။ တိုက်ရအောင်။”

“ယန်လီ” ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က မျက်မှောင်ကြုတ်လိုက်သည်။

“မင်းဘာကိုဆိုလိုတာလဲ။”

“စိတ်ဝင်စားဖို့ကောင်းတယ်။” ရှောင်ဖန်းက ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ၏အကြည့်က ယန်လီပေါ်သို့ ကျရောက်သွား၏။ “ငါမင်းလိုအင်မော်တယ်မျိုးနွယ်က ဒီလိုစကားပြောမယ်မထင်ထားဘူး။”

“အင်မော်တယ်စစ်တပ်နားထောင်ကြ” ယန်လီက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။ “တိုက်ပွဲကို ချက်ချင်းရပ်လိုက်။”

“ဒါ”

“ကျွန်တော်တို့”

“ဒါပေမယ့်”

အင်မော်တယ်စစ်တပ်က အနည်းငယ်ကြောင်သွားကြသည်။ တစ်ခဏလောက် သူတို့တိုက်ခိုက်တာ ရပ်သွားကြ၏။

နှစ်ပေါင်းများစွာကြာသွားခဲ့ပြီ။ အင်မော်တယ်မျိုးနွယ်မှာ ယန်လီကအထွတ်အထိပ်ဖြစ်တည်မှုဆိုပေမယ့် လုပ်ပိုင်ခွင့်သိပ်မရှိတော့ပေ။ လက်ရှိအခြေအနေကိုတကယ်ထိန်းချုပ်နေသည်က အင်မော်တယ်ဘုရင်(၁၀၈)ပါးဖြစ်သည်။ မူလအစအင်မော်တယ်ဘုရင်ကတော့ အားလုံး၏နောက်ကွယ်မှဖြစ်သည်။ အင်မော်တယ်စစ်တပ်က ယန်လီ၏စကားကိုနားမထောင်ပေ။

အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူများက မျက်လုံးပြူးသွားကြသည်။ “မင်းကတကယ်ကြီးတိုက်ပွဲကိုရပ်ချင်နေတာပဲ။”

“ဒါ...” ရှောင်ဖန်းလည်းကြောင်သွားသည်။ “သူတကယ်ကြီး”

“သူဘာလုပ်ချင်နေတာလဲ။”

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်နှင့်တခြားသူများကတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

“အင်မော်တယ်ဘုရင်လင်းလုံ” ယန်လီ၏အကြည့်ကအေးစက်သွားပြီး အင်မော်တယ်ဘုရင်ခြောက်ပါးအပေါ်သို့ကျရောက်သွားသည်။ “ငါ့အမိန့်က အသုံးမဝင်ဘူးလား။ ငါမင်းတို့ကိုရပ်ဖို့ပြောနေတယ်။”

“သဘောမတူတဲ့အတွက် ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ။” အင်မော်တယ်ဘုရင်လင်းလုံက အသံနိမ့်နိမ့်ဖြင့်ပြောသည်။

“ကျွန်တော်တို့ အခုထိအကြောင်းပြချက်ကိုမသိရသေးဘူး။” သွေးအရှင်အင်မော်တယ်ဘုရင်ကပြောသည်။

“အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု” တခြားအင်မော်တယ်ဘုရင်များကလည်းပြောသည်။ “ကျွန်တော်တို့ကိုကျေးဇူးပြုပြီးအကြောင်းပြချက်ပြောပါ။”

ယန်လီက လေသံနိမ့်နိမ့်ဖြင့်ပြောလာသည်။ “ငါပြောနိုင်တာက မင်းတို့ယုံကြည်တဲ့အင်မော်တယ်ဘိုးဘေးဆိုတာသေသွားတာကြာပြီ။ သူ့ရဲ့တကယ့်အထောက်အထားက မူလအစအင်မော်တယ်ဘုရင်ပဲ။ သူက ငါတို့အင်မော်တယ်မျိုးနွယ်တစ်ခုလုံးကိုအသုံးချနေတာ။ သူ့ရဲ့အင်မော်တယ်ကမ္ဘာဖန်တီးမယ့်အစီအစဥ်ဆိုတာကလည်း အတုကြီးပဲ။”

“ငါတို့အားလုံးလှည့်စားခံထားရတာ”

“ဒါမဖြစ်နိုင်ဘူး။”

“အထွတ်အထိပ် ဘယ်လိုတောင်အဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ။”

“မင်းပြောနေတာတွေက မဖြစ်နိုင်ဘူး။”

“ဘယ်သူ့ကလှည့်စားတယ်။”

အင်မော်တယ်ဘုရင်လင်းလုံးနှင့်တခြားသူများက ယန်လီကိုမယုံပေ။

အင်မော်တယ်ဘုရင်(၁၀၈)ပါးကလည်း အင်မော်တယ်ဘိုးဘေးကိုယုံကြည်လာတာကြာပြီဖြစ်သည်။ မူလအစအင်မော်တယ်ဘုရင်၏သစ္စာအရှိဆုံးလက်အောက်ခံများဟုလည်းပြောလို့ရသည်။

ယန်လီသာ အကြောင်းပြချက်ကို သေချာပြောလည်းသူတို့က ယုံမှာမဟုတ်ပေ။

“မင်း”

ယန်လီ၏အမူအရာက မည်းမှောင်သွားသည်။

“ဟားဟားဟား..”

ထိုအချိန်တွင် ချီမင်ကလက်ဦးမှုယူပြီးထွက်လာသည်။ သူက ကျယ်လောင်စွာရယ်မောလိုက်သည်။ ကြာပန်းနက်နှင့်စုချင်းယင်က သူ့နောက်မှလိုက်လာပြီး လေဟာနယ်အလွှာထဲကထွက်လာကြသည်။

သူက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏စစ်မြေပြင်၌ ရပ်နေလိုက်သည်။

ချီမင်ကပြုံးပြီးပြောသည်။ “မင်းက အင်မော်တယ်မျိုးနွယ်ရဲ့အထွတ်အထိပ်ဖြစ်တည်မှုဆိုပေမယ့် ကြည့်ရတာမင်းစကားတွေက အရာမရောက်ဘူးထင်တယ်။ မင်းက အင်မော်တယ်ဘုရင်အဆင့်ထက်နိမ့်တာပဲ။”

“မင်းရဲ့စွမ်းရည်နဲ့ဆို ဒီတိုက်ပွဲကိုတားလို့ရမှာမဟုတ်ဘူး။”

“...” ယန်လီ၏အမူအရာက မည်းမှောင်သွားသည်။

“ချီမင်” အင်မော်တယ်ဘုရင်လင်းလုံး၏မျက်လုံးက ပြူးကျယ်သွားပြီး ချီမင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူက တစ်ခါမှပေါ်မလာဖူးပေမယ့် အင်မော်တယ်တွေ အလိုရှိသည့်အကြီးမားဆုံးအပြစ်သားဖြစ်သည်။

အင်မော်တယ်တွေကချီမင်ကိုစုံစမ်းဖူးသည်။ အင်မော်တယ်အများစုကတော့ ချီမင်၏ပုံစံနှင့် သတင်းတချို့ကိုသိထားပြီးပြီ။ “မင်းတကယ် ပြန်လာရဲတာပဲ။” သွေးအရှင်အင်မော်တယ်ဘုရင်ကအော်ဟစ်လိုက်သည်။

“အတင့်ရဲလှချည်လား” အင်မော်တယ်ဘုရင်ငရဲမြစ်က ကြိမ်းမောင်းလိုက်သည်။

“ငါသိပြီ” တခြားအင်မော်တယ်ဘုရင်သုံးပါးက တုံ့ပြန်လိုက်ကြသည် “မအံ့ဩတော့ပါဘူး။ အင်မော်တယ်မျိုးနွယ် အထွတ်အထိပ်ဖြစ်တည်မှုက ကြောင်တောင်တောင်စကားတွေပြောပြီးတိုက်ပွဲကိုရပ်ဖို့ပြောလာတာ။ ကြည့်ရတာ သူကချီမင်လှည့်စားတာခံလိုက်ရပြီထင်တယ်။”

“ဆရာဦးလေးချီ... ခင်ဗျားအသက်ရှင်သေးတာပဲ။”

ရှောင်ဖန်း၏မျက်နှာပေါ်၌ ပျော်ရွှင်မှုကပေါ်လာသည်။

“အရမ်းကောင်းတယ်။”

“ချီမင်” ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်လည်း အံ့ဩသွားသည်။

“ချီမင် အသက်ရှင်သေးတယ်။”

“အရမ်းကောင်းတယ်။”

“ချီမင်အသက်ရှင်တယ်။”

“ကောင်းတယ်။ ကောင်းတယ်။”

အကြီးအကဲဖုန်း၊ မော့ဟန်ကျန်း၊ ယွမ်ဖုန်း၊ လုချင်းယန်နှင့် တခြားသူတို့က ခေါင်းမော့ကြည့်လိုက်ကြသည်။ သူတို့အကြည့်များက ချီမင်အပေါ်ကျရောက်လာပြီး အံ့ဩစိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

“ငါသိသားပဲ သူကလွယ်လွယ်မသေပါဘူးဆို။”

ရှန်ကွမ်းဝမ်ကောကပြောသည်။ “တပည့်ချီမင်က ဆရာဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်နဲ့အကြီးအကဲဖုန်းကို ဂါရဝပြုပါတယ်။”

“ဂျူနီယာမောင်လေးချီ..”

All Chapters