ပေါက်ကွဲခြင်း
Vol. 18 Ch. 261
“ကောင်းတယ်။ကောင်းတယ်”
အကြီးအကဲဖုန်းကပြုံးလိုက်ပြီး အလွန်ပျော်ရွှင်သွားသည်။သူက ချီမင်ကို အကြိမ်အနည်းငယ်မျှစူးစိုက်ကြည့်လိုက်ပြီး စိတ်လှုပ်ရှားသွားသည်။
“တော်သေးတယ်။မင်းအသက်ရှင်နေသေးတယ်။”
“ချီမင် မင်းအသက်ရှင်နေသေးလို့တော်သေးတယ်။ငါမင်းကိုယ်ပေါ်မှာ ကံတရားအရှိန်အဝါကိုခံစားနေရတယ်။”
ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ပြောသည်။”မင်းအခု ကံကြွေးစွန်းထင်းနေပြီ။အဓိပ္ပာယ်က မင်းအဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခမှာ ပထမရှစ်ခုကို ကျော်ဖြတ်ပြီးပြီပဲ။တစ်ခုပဲကျန်တော့တယ်။အဲ့ဒီတော့ အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ရောက်နေပြီ။ငါပြောတာဟုတ်လား။”
“ဟုတ်ကဲ့”ချီမင်က ခေါင်းညိတ်လိုက်သည်။”ဒါ..”ဘိုဘေးကောင်းကင်လျှို့ဝှက်ချက်က တုန်လှုပ်သွားသည်။ချီမင်က ဒီလောက်မြန်မြန်အဆင့်ချိုးဖြတ်လာလိမ့်မယ်လိုမထင်ထားခဲ့ပေ။
ချီမင်သည် ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နှင့်ကောင်းကင်လျှို့ဝှက်ချက်စုတ်တံတို့မှာ ပေါ်လာ၏။ထိုအရာများမှာ ချီမင်၏ထိန်းချုပ်မှုအောက်တွင် ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ဆီသို့ပျံဝဲသွား၏။
“ဆရာ...”ချီမင်ကပြောသည်။”အခု ရတနာတွေက သူ့ရဲ့မူလပိုင်ရှင်ဆီပြန်သွားရမယ့်အချိန်ရောက်ပြီ။”
“ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နဲ့ကောင်းကင်လျှို့ဝှက်ချက်စုတ်တံ”ချီမင်ကဆက်ပြောလိုက်၏။”ဒီကောင်းကင်လျှို့ဝှက်ချက်ရတနာနှစ်ခုက ဆရာရဲ့လက်ထဲမှာပဲ အကောင်းဆုံးအစွမ်းပြနိုင်မှာ။ ကျွန်တော် သူတို့ကို ထိန်းသိမ်းထားစရာမလိုတော့ဘူး။”
“ဟုတ်ပြီ” ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကခေါင်းညိတ်လိုက်၏။ညာဘက်လက်ကိုဝေ့ယမ်းကာကောင်းကင်လျှို့ဝှက်ချက်စာအုပ်နှင့်ကောင်းကင်လျှို့ဝှက်ချက်စုတ်တံတို့ကို ပြန်ယူလိုက်သည်။ရတနာနှစ်ခုက ချက်ချင်းပဲ အလွန်အမင်းတောက်ပသည့်မျက်စိကျိန်းဖွယ် အလင်းရောင်မျိုးထုတ်လွှတ်လာပြီး စစ်မှန်သည့်အင်အားကိုပြသလာကြ၏။
မျက်စိတစ်မှိတ်အတွင်းမှာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်၏အရှိန်အဝါက ပိုပြီးပင်နားလည်ရခက်လာ၏။
သူက အလွန်အမင်းသန်မာသွားတော့၏။
ကောင်းချီကံကြမ္မာကြိုးမျှင်ကို ပိုင်ဆိုင်သွားသကဲ့သိုပင်။
“အင်မော်တယ်ဘုရင်တို့”ချီမင်က လက်များကိုနောက်ပစ်လိုက်သည်။သူက စစ်မြေပြင်တစ်ခွင်၌ရှိနေသည့် အင်မော်တယ်များနှင့်လူသားများကိုကြည့်လိုက်သည်။”ယန်လီပြောတာမှန်တယ်။”
“မင်းတို့ရဲ့အင်မော်တယ်ဘိုးဘေးကသေသွားတာကြာပြီ။”
“အင်မော်တယ်ဘိုးဘေးက အင်မော်တယ်ဘုရင်ကောင်းကင်ဂူကိုဝင်တုန်းက သူက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို သန့်စင်ဖို့ကြိုစားခဲ့တယ်။အဲ့ဒါက မူလအစအင်မော်တယ်ဘုရင်ရဲအိပ်စက်နေတဲ့အသိစိတ်ကို နိုးထသွားစေတယ်။”
“မင်းတို့လည်းသိတယ်။လျှိူ့ဝှက်နက်နဲကမ္ဘာဆိုတာ မူလအစအင်မော်တယ်ဘုရင်ရဲ့ ခန္ဓာကိုယ်ကနေ ဆင့်ကဲပြောင်းလဲလာတာ။မူလအစအင်မော်တယ်ဘုရင်ရဲ့အသိစိတ်က အရမ်းအားနည်းနေရင်တောင် အင်မော်တယ်ဘိုးဘေးက သူ့ပြိုင်ဘက်မဟုတ်ဘူး။သူ့ရဲ့အသိစိတ်က ဖျက်ဆီးခံလိုက်ရတယ်။”
“မူလအစအင်မော်တယ်ဘုရင်က မင်းတို့ရဲ့အင်မော်တယ်ဘိုးဘေးအဖြစ်ပြန်လည်နိုးထလာတယ်။”
“သူပြန်သတိရလာတော့ အစီအစဉ်တွေတစ်ခုပြီးတစ်ခုချမှတ်ခဲ့တယ်။သူ့မှာပန်းတိုင်တစ်ခုပဲရှိတယ်။အဲ့ဒါက သူ့ရဲ့မူလအင်အားကိုပြန်ရဖို့ပဲ။သူသာ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကိုဝါးမြိုလိုက်ရင် အထွတ်အထိပ်ကို ပြန်ရောက်သွားလိမ့်မယ်။အဲ့ဒီအပြင်ကိုမှ နောက်တစ်ဆင့်ပါတိုးသွားပြီး အထက်ကမ္ဘာကို သူကိုယ်တိုင်လက်စားပြန်ချေလို့ရတယ်။”
“အစကနေ အဆုံးထိ မင်းတို့အင်မော်တယ်မျိုးနွယ်က အသုံးချခံပစ္စည်းသက်သက်ပဲ။မင်းတို့အင်မော်တယ်ဘုရင်(၁၀၈)ပါးကတော့ သူ့ရဲ့အင်အားကိုပြန်ရဖို့အကောင်းဆုံးစတေးခံတွေပဲ။”
“လျှို့ဝှက်နက်နဲကမ္ဘာရဲ့မျိုးနွယ်တွေက ရန်သူတွေမဟုတ်ဘူး။မဟာမိတ်တွေပဲ။ငါတို့မှာ တကယ့်ရန်သူတစ်ယောက်ပဲရှိတယ်။အဲ့ဒီသူက မူလအစအင်မော်တယ်ဘုရင်ပဲ။”
“ဒါ...ဒါ...”
“မူလအစအင်မော်တယ်ဘုရင်က အသက်ရှင်နေသေးတာလား။”
“အရမ်းကို မယုံနိုင်စရာကောင်းနေတယ်။”
“ဘုရားရေ”
“ဒါသာ အမှန်တရားဆိုရင် ငါလုံးဝကို နားမလည်နိုင် တော့ဘူး။”
“ဒါပေမယ့် ချီမင်က ငါတို့ကိုလိမ်စရာအကြောင်းမရှိဘူး။”
“ဒါဆို မူလအစအင်မော်တယ်ဘုရင်က တကယ်ကြီးအသက်ရှင်နေသေးတာလား။”
ထိတ်လန့်ခြင်း
အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသည်။
ကောင်းကင်ဘုံဉာဏ်အဂိုဏ်းမှ ဘိုးဘေးနှင့်တခြားအကြီးအကဲများကလည်း ချီမင်၏စကားကိုကြားတော့ ထိတ်လန့်သွားသည်။
ကျင့်ကြံခြင်းအဆင့်မမြင်သေးသည့်တပည့်များနှင့်အကြီးအကဲတချို့ကတော့ နားမလည်ပေ။အနည်းဆုံး(၉၀)%ကတော့ မူလအစအင်မော်တယ်ဘုရင်ကိုသိကြသည်။
လျှို့ဝှက်နက်နဲကမ္ဘာ မွေးဖွားလာမှုမှာမူလအစအင်မော်တယ်ဘုရင်ဖြင့်ဆက်စပ်နေသည်။
လျှို့ဝှက်နက်နဲကမ္ဘာမှဒဏ္ဍာရီအများစုမှာမူလအစအင်မော်တယ်ဘုရင်နှင့်ဆက်စပ်နေသည်။
“ဒါ လုံးဝမဖြစ်နိုင်ဘူး။”အင်မော်တယ်ဘုရင်လင်းလုံကခေါင်းခါလိုက်သည်။သူက လုံးဝမယုံပေ။ယုံကြည်ဖို့လည်းဆန္ဒမရှိပေ။”ချီမင် မင်းဘယ်လိုတောင်အဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ။”
“မူလအစအင်မော်တယ်ဘုရင်က သေသွားတာကြာပြီ။သူကဘယ်လိုလို့အသက်ရှင်နိုင်ဦးမှာလဲ။”
“ရယ်ဖို့ကောင်းတယ်။”
သွေးအရှင်အင်မော်တယ်ဘုရင်လည်းမယုံကြည်ပေ။သူ၏အကြည့်ကအေးစက်နေပြီချီမင်ကိုသတ်ဖြတ်လိုစိတ်ဖြင့်စိုက်ကြည့်လိုက်သည်။”ချီမင် မင်းအရင်က ရန်ပေါင်ချီပုံစံအသွင်ပြောင်းပြီး အင်မော်တယ်ဘုရင်တွေကို လှည့်စားခဲ့တယ်။မင်းက အင်မော်တယ်ဘုရင်ကောင်းကင်ဂူတောင်ဝင်ပြီး ငါတို့ပိုင်တဲ့အထွတ်အထိပ်ရတနာအရင်းအမြစ်နည်းနည်းကိုခိုးသွားသေးတယ်။”
“အင်မော်တယ်ဘိုးဘေးကသိသွားပြီးမင်းကိုတိုက်ခိုက်ခဲ့တယ်။လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်သာ ဝင်မကယ်ရင် မင်းအင်မော်တယ်ဘိုးဘေးလက်ထဲမှာသေနေတာကြာပြီ။ဒါတောင် မင်းကမကြောက်မရွံ့ပြန်လာရဲတယ်။မင်းကသေလမ်းရှာနေတာပဲ။”
“အဲ့ဒီ့အပြင်ကို”
“မင်းက အင်မော်တယ်ဘိုးဘေးကို စော်ကားနေတာလား။ရယ်ဖို့ကောင်းတယ်။ငါတို့က မင်းကိုယုံမယ်ထင်လား။လုံးဝမယုံဘူး။”
“သွေးအရှင်အင်မော်တယ်ဘုရင်ပြောတာမှန်တယ်။”
“ချီမင် ငါမင်းကိုအကြံပေးမယ်။မြန်မြန်အရှုံးပေးလိုက်တော့။မင်းခိုးသွားတဲ့အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့ရင်းမြစ်စွမ်းအင်ကိုပြန်ပေးလိုက်။မင်းသာအရှုံးပေးသရွေ့ အသက်ရှင်နိုင်မယ်။မဟုတ်ရင်တော့ သေလိုက်တော့။”
“အင်မော်တယ်တွေကို ဆန့်ကျင်တဲ့ဘယ်သူမဆိုသေရမယ်။”
“အင်မော်တယ်စစ်တပ်နားထောင်ကြ”
“တိုက်ခိုက်”
အင်မော်တယ်ဘုရင်လင်းလုံ၊သွေးအရှင်အင်မော်တယ်ဘုရင်၊အင်မော်တယ်ဘုရင်ငရဲမြစ်နှင့်တခြားသောအင်မော်တယ်ဘုရင်တို့မှာတညီတညွှတ်တည်းအော်ဟစ်လိုက်ကြသည်။သူတို့သည် တိုက်ခိုက်ရန်အမိန့်ပေးလိုက်တော့သည်။အင်မော်တယ်စစ်တပ်က ပြင်းထန်သည့်တိုက်ပွဲဝင်လိုစိတ်ဖြင့် ထပ်ခါထပ်ခါ ဟိန်းဟောက်လိုက်ကြသည်။
ချီမင်သည် လူသားတစ်ဦးဖြစ်ပြီးအင်မော်တယ်မျိုးနွယ်၏ရန်သူလည်းဖြစ်သည်။သူသည် ယခင်တုန်းကအင်မော်တယ်မျိုးနွယ်တစ်ခုလုံးကို ဖရိုဖရဲအင်မော်တယ်အဖြစ်ဖြင့်လှည့်စားဖူးသည်။ထို့ကြောင့် အင်မော်တယ်မျိုးနွယ်သည် သူ့ကိုသေချာပေါက်မယုံကြည်ကြပေ။
“ဟီးဟီး”ချီမင်သည် ထိုအရာကိုမျှော်လင့်ထားပြီးသားဖြစ်၏။သူက အကြိမ်အနည်းငယ် နှာခေါင်းရှုံ့လိုက်သည်။”တုံးလိုက်ကြတာ”
သွေးအရှင်အင်မော်တယ်ဘုရင်က ချီမင်ကိုစိုက်ကြည့်နေသည်။သူ့အကြည့်ကအေးစက်နေပြီးသူ၏ကိုယ်ပတ်လည်တွင် သွေးပင်လယ်တစ်စင်းတလိမ့်လိမ့်ထွက်လာသည်။သူ့ကိုကြည့်ရသည်မှာ ငရဲကမ္ဘာပင်လယ်မှ အဆုံးမဲ့သွေးနတ်ဘုရားတစ်ပါးဟန်အသွင်ပြောင်းသွားသည့်အလားပင်။”ငါမင်းကိုတိုက်မယ်”
သွေးအရှင်အင်မော်တယ်ဘုရင်သည် ပထမဦးဆုံးတိုက်ခိုက်လိုက်၏။သူကကောင်းကင်ယံပေါ်သို့ထိုးတက်သွားပြီး လက်မြှောက်ကာ ရိုက်ချလိုက်သည်။သွေးပင်လယ်ကနေ ကြောက်မက်ဖွယ်သွေးလက်ဝါးကြီးအသွင်းပြောင်းသွားပြီး ကောင်းကင်ပင်ဖုံးအုပ်သွားသည်။
“ဦးနှောက်မရှိဘူး။”ချီမင်က ခေါင်းခါလိုက်သည်။”အရင်က ငါဝိညာဉ်ဖွဲ့တည်ခြင်းအထွတ်အထိပ်အဆင့်မှာရှိတုန်းက မင်းရဲ့သိုင်းနည်းစနစ်တွေကို ခုခံနိုင်ခဲ့တယ်။အခုငါ အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့်ကိုရောက်နေပြီ။အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခရဲ့ပထမရှစ်ဆင့်ကိုလည်းကျော်ဖြတ်ပြီးပြီ။”
“သေလိုက်တော့။”
ချီမင်က လက်ချောင်းကိုညွှန်ပြလိုက်တော့ အလင်းတန်းတစ်ခုက ထွက်လာသည်။မမြင်နိုင်သည့်ကပ်ဘေးချီမျှင်ပါသည့် မဟာကပ်ဘေးဒုက္ခနည်းစနစ်က အရာအားလုံးကိုဖျက်ဆီးလိုက်သည်။လက်ချောင်းတစ်ချက်တည်းဖြင့် သူက သွေးအရှင်အင်မော်တယ်ဘုရင်၏နည်းစနစ်ကို အနိုင်ယူပစ်လိုက်သည်။
“မင်း!!!”သွေးအရှင်အင်မော်တယ်ဘုရင်က ထိတ်လန့်သွား၏။
“မင်းက တကယ်အားနည်းတာပဲ။”
ချီမင်က ခြေတစ်လှမ်းရှေ့တိုးလိုက်ပြီး ကောင်းကင်ပေါ်သို့ခုန်တက်လိုက်သည်။ချက်ချင်းဆိုသလို သူက သွေးအရှင်အင်မော်တယ်ဘုရင်ရှေ့ကို ရောက်ရှိသွားသည်။သူ၏ဘေးမှ သွေးပင်လယ်တောင် ချီမင်ကိုမတားဆီးနိုင်ပေ။
“မင်းမှာ အခွင့်အရေးမရှိတော့ဘူး။”
ချီမင်က ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားကိုပါထုတ်ဖော်လိုက်သည်။သမာဓိမီးလျှံအံ့ဖွယ်စွမ်းအားမှ
အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့် အံ့ဖွယ်မီးလျှံလက်သီးအဖြစ်ပြောင်းလဲသွား၏။
“သေ!”
ချီမင်သည် ကြောက်မက်ဖွယ်ကောင်းသည့်စွမ်းအားပါဝင်သည့်လက်သီးကိုထိုးချလိုက်သည်။သွေးအရှင်အင်မော်တယ်ဘုရင်က မျက်လုံးပြူးကျယ်သွားပြီး သေစေလောက်သည့်အန္တာရာယ်ကိုခံစားလိုက်ရသည်။
“သွေးအရှင်ခြောက်ပါးတာအိုဓမ္မရုပ်တု”
အရေးကြီးသည့်ထိုအခိုက်အတန့်တွင် သွေးအရှင်အင်မော်တယ်ဘုရင်သည် သူ၏အသန်မာဆုံးအံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကိုထုတ်ဖော်လိုက်သည်။သူ၏ခန္ဓာကိုယ်က လေနှင့်အတူတဖြည်းဖြည်းကြီးမားလာသောကြောင့် ကောင်းကင်နှင့်မြေကြီးကိုပင်ထောက်ပံ့နိုင်သည့်စွမ်းအားကြီးဓမ္မရုပ်တုတစ်ခုဖွဲ့စည်းသွားသည်။
“တိုက်!”
သွေးအရှင်အင်မော်တယ်ဘုရင်က ခမ်းနားသည့်ဓမ္မရုပ်တုတစ်ခုအသွင်ပြောင်းသွားပြီး အကြိမ်ကြိမ်ဟိန်းဟောက်လိုက်သည်။မယုံနိုင်လောက်အောင်ကြီးမားပြီးကြောက်မက်ဖွယ်ကောင်းသည့်သွေးရောင်လက်သီးက ကြိတ်ချေလာပြီးနေရာလွတ်ကပင် ပြိုကျလာသည်။ကြောက်စရာကောင်းသည့်စွမ်းအင်တုန်ခါမှုတစ်ခုပျံ့နှံ့လာပြီး သနားစဖွယ်အော်သံတစ်ခုလည်း ထွက်ပေါ်လာသည်။
ချီမင်သည် အလွန်စွမ်းအားကြီးသည်။သူက သွေးအရှင်အင်မော်တယ်ဘုရင်ခုခံနိုင်သည့်သူမျိုးမဟုတ်ပေ။သူ၏အသေးစားအံ့ဖွယ်စွမ်းအားပင် ချီမင်၏သမာဓိမီးလျှံကို မခုခံနိုင်ပေ။
သမာဓိမီးလျှံအံ့ဖွယ်စွမ်းအားက သွေးအရှင်ခြောက်ပါးတာအိုဓမ္မရုပ်တုနှင့်အဆင့်တူဖြစ်သည်။နှစ်ခုလုံးက အသေးစားအံ့ဖွယ်စွမ်းအားသာဖြစ်သည်။ထို့အပြင် သွေးအရှင်အင်မော်တယ်ဘုရင်ကလည်း သွေးအရှင်ခြောက်ပါးတာအိုဓမ္မရုပ်တုကို နက်နဲခြင်းအဆင့်၏အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံထား၏။
ချီမင်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ထားသည်။သူ၏နယ်ပယ်က သွေးအရှင်အင်မော်တယ်ဘုရင်ထက်နိမ့်ပေမယ့် ချီမင်ကတာအိုကျင့်ကြံသူတစ်ဦးဖြစ်ကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကိုနားလည်ထားသူဖြစ်၏။လှုပ်ရှားမှုတိုင်း တိုက်ကွက်တိုင်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုပါဝင်လျက်ရှိသည်။
သွေးအရှင်အင်မော်တယ်ဘုရင်က ချီမင်၏ပြိုင်ဘက်မဟုတ်ပေ။
နှစ်ဖက်ကြားမှကွာခြားချက်ကကြီးမားပေသည်။
အသံကျယ်ကျယ်တစ်ချက်ထွက်ပေါ်လာသည်။
ချီမင်၏လက်သီးက သွေးအရှင်အင်မော်တယ်ဘုရင်၏ဓမ္မရုပ်တုစစ်မှန်ခန္ဓာကိုဖျက်ဆီးလိုက်သည်။ကောင်းကင်နှင့်မြေကြီးကိုပင်ထောက်ပံ့ပေးနိုင်သည့်စွမ်းအားကြီးဓမ္မရုပ်တုက ပျက်စီးသွားသည်။သမာဓိမီးလျှံက ပြင်းထန်စွာလောင်ကျွမ်းနေသည်။
သွေးအရှင်အင်မော်တယ်ဘုရင်က သနားစဖွယ်အော်ဟစ်လိုက်သည်။ သူက သွေးအန်လိုက်ရပြီး သွေးအရှင်ခြောက်ပါးတာအိုဓမ္မရုပ်တုကလည်း လုံးဝပျက်စီးသွားကာ ခန္ဓာကိုယ်အစစ်ကပြန်ပေါ်လာသည်။သူ၏မျက်နှာကဖျော့တော့သွားပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတော့၏။
“မင်း..မင်း”
သွေးအရှင်အင်မော်တယ်ဘုရင်က ကြောက်လန့်သွားသည်။
“အရွယ်အစားချိန်ညှိခြင်း”
ချီမင်က ညာဘက်လက်ကိုဆန့်ထုတ်လိုက်၏။သူ့လက်ဖဝါးကကြီးမားလာပြီးဓမ္မစွမ်းအားကပျံ့နှံ့လာသည်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုစွမ်းအားက ထွက်ပေါ်လာပြီး စည်းခတ်ခြင်းစွမ်းအားဖြစ်ပေါ်လာကာ သွေးအရှင်အင်မော်တယ်ဘုရင်ကိုပစ်မှတ်ထားလိုက်သည်။
“မဟုတ်ဘူး!”
သွေးအရှင်အင်မော်တယ်ဘုရင်က လုံးဝကိုကြောက်လန့်သွားတော့သည်။သူကရှောင်လိုက်ချင်ပေမယ့် မမြင်နိုင်သည့်အားတစ်ခုက သူ့ကို တားဆီးထားတာကို ရုတ်တရက်တွေ့လိုက်ရသည်။သူမရှောင်နိုင်တော့ပေ။ချီမင်၏လက်ဖဝါးက သူ့ဆီကိုကျဆင်းလာတာကိုသာ ကြည်နေနိုင်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်၏လက်ဖဝါးက သွေးအရှင်အင်မော်တယ်ဘုရင်၏ဦးခေါင်းကိုဖမ်းဆုပ်လိုက်သည်။ဓမ္မစွမ်းအားကထွက်ပေါ်လာပြီးစည်းခတ်လိုက်သည်။ထိုစွမ်းအားက သွေးအရှင်အင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်ကိုအေးခဲထားလိုက်သည်။
ဖြန်း!
သွေးများ ဖြာထွက်လာသည်။
ချီမင်၏ညာလက်မှ အင်အားတစ်ခုသက်ရောက်လာပြီးသွေးအရှင်အင်မော်တယ်ဘုရင်၏ခေါင်းကိုကြိတ်ချေလိုက်သည်။သွေးမြူခိုးများအဖြစ်ပေါက်ကွဲသွားပြီးကောင်းကင်ပင် ပြည့်နှက်သွားသည်။မမြင်နိုင်သည့်ကပ်ဘေးချီက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် သူ၏စစ်မှန်ဝိညာဉ်နှင့်အနှစ်သာရဝိညာဉ်ကိုပါဖျက်ဆီးရန်ကြိုးစားလိုက်သည်။
သူက အဆုံးမဲ့ခမ်းနားသည့်တံခါးတစ်ချပ်ကို အာရုံခံမိသွားသည်။ထိုအရာက ကမ္ဘာ့တံခါး၏ ကိုယ်ထည်အစစ်ဖြစ်သည်။ထိုတံခါးက သွေးအရှင်အင်မော်တယ်ဘုရင်၏စစ်မှန်ဝိညာဉ်ကို အပြည့်အဝဖျက်ဆီးလို့မရအောင် တားဆီးလိုက်သည်။
မူလအစအင်မော်တယ်ဘုရင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို အခြေခံအဖြစ်သုံးပြီး အင်မော်တယ်ဘုရင်ဓမ္မခန္ဓာနည်းစနစ်ကိုဖန်တီးထားတာဖြစ်သည်။ထိုအရာက အင်မော်တယ်ဘုရင်တို့၏စစ်မှန်ဝိညာဉ်ကို ကမ္ဘာတစ်ခုထံအပ်နှင်းထားလို့ရစေ၏။
ထိုသို့ဆိုလျှင် အင်မော်တယ်ဘုရင် သေဆုံးသွားလျှင်ပင် ထိုသူ၏စစ်မှန်ဝိညာဉ်က အပ်နှင်းထားသည့်ကမ္ဘာမပျက်စီးသရွေ့ ပြန်လည်ရှင်သန်နိုင်သည်။
အခုကြည့်ရတာ အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ကိုယ်ထည်အစစ်ကိုမချိုးဖြတ်နိုင်သရွေ့ သွေးအရှင်အင်မော်တယ်ဘုရင်၏ စစ်မှန်ဝိညာဉ်ကိုအပြည့်အဝဖျက်ဆီးနိုင်မည်မဟုတ်ပေ။