ရောက်ရှိလာခြင်း
Vol. 18 Ch. 262
သွေးအရှင်အင်မော်တယ်ဘုရင်၏ခေါင်းမပါသည့်အလောင်းက ကောင်းကင်ပေါ်မှပြုတ်ကျလာသည်။နီရဲနေသည့်သွေးများစီးကျလာသည်။သွေးစက်တစ်စက်ချင်းစီကတောင်များကို ပျက်စီးသွားစေနိုင်သည်။
“သွေးအရှင်အင်မော်တယ်ဘုရင် သေသွားပြီ။”
“ဒါကြီးက..”
“ချီမင် မင်း...”
“…”
ကြောက်ရွံ့မှုနှင့်ထိတ်လန့်မှု
အင်မော်တယ်ဘုရင်လင်းလုံ၊အင်မော်တယ်ဘုရင်ငရဲမြစ်နှင့်တခြားသောအင်မော်တယ်ဘုရင်များမှာ ကြောက်ရွံ့မှု၊မယုံကြည်မှုနှင့်ထိတ်လန့်မှုများပေါ်လာပြီး သူတို့၏အမူအရာများမှာ တောင့်တင်းသွားကြသည်။
“ဒါ...ဒါက..”
“သွေးအရှင်အင်မော်တယ်ဘုရင် သူ..သူ..”
“သူ့ခေါင်းက ခြေမွခံလိုက်ရတယ်။အရမ်းကြောက်ဖို့ကောင်းတာပဲ။”
“အသက်ရှုဖို့တောင်မေ့သွားတယ်။”
“ဘယ်လိုတောင်ဖြစ်သွားရတုန်း။”
စစ်မြေပြင်ပေါ်ဝယ်
အင်မော်တယ်စစ်တပ်ကလည်း ထိုမြင်ကွင်းကိုတွေ့လိုက်ရသည်။သူတို့သည် အလွန်အမင်းကြောက်ရွံ့သွားကြ၏။သူတို့က သွေးအရှင်အင်မော်တယ်ဘုရင်၏ဦးခေါင်းကို ချီမင်မှခြေမွလိုက်မည်ဟု မထင်ထားကြပေ။
ဘုန်း!!
သွေးအရှင်အင်မော်တယ်ဘုရင်၏ခေါင်းမပါသည့်အလောင်းမှာ မြေပြင်နှင့်တိုက်မိသွားသည်။ဥက္ကာခဲတစ်ခုက မြေပြင်ပေါ်သို့တိုက်မိပြီးကြီးမားသည့်အပေါက်ကြီးတစ်ခုဖြစ်သွားသကဲ့သို့ပင်။မြေပြင်ကအက်ကွဲသွားပြီး ပင်ကူအိမ်ပုံစံအက်ကွဲရာများ ပျံ့နှံ့လာ၏။
“အရမ်း..အရမ်းသန်မာတယ်..”
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏ဘိုးဘေးသုံးပါးလည်းအလွန်အမင်းထိတ်လန့်သွားကြသည်။သူတို့သည် ချီမင်မှသွေးအရှင်အင်မော်တယ်ဘုရင်၏ခေါင်းကို တိုက်ကွက်အနည်းငယ်အတွင်းမှာခြေမွလိုက်သည်ကို အနီးကပ်မြင်လိုက်ရ၏။ထိုအင်အားမျိုးက အလွန်အမင်းကြီးမားပြီး သူတို့၏မျှော်လင့်ချက်ကို ကျော်လွန်သွားတော့သည်။
“ဆရာဦးလေးချီဆိုတဲ့အတိုင်းပဲ။”ရှောင်ဖန်းသည် သက်ပြင်းချလိုက်၏။”သူက သွေးအရှင်အင်မော်တယ်ဘုရင်ကို လှုပ်ရှားမှုအနည်းငယ်အတွင်းမှာ သတ်လိုက်တယ်။”
“အင်မော်တယ်ဘုရင်ဓမ္မနည်းစနစ်က စစ်မှန်ဝိညာဉ်တာအိုချိတ်စည်းကိုသိပ်သည်းနိုင်တယ်။အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကနေတစ်ဆင့် စစ်မှန်ဝိညာဉ်တာအိုချိတ်စည်းကို ကမ္ဘာတစ်ခုမှာသိမ်းထားနိုင်တယ်။”
ယန်လီကပြောသည်။”ဆိုလိုချင်တာက သွေးအရှင်အင်မော်တယ်ဘုရင်ရဲ့ခေါင်းက ချီမင်ကြောင့်ကြေမွသွားပေမယ့်သူရဲ့စစ်မှန်ဝိညာဉ်က ရှိနေသေးတယ်။ ဖျက်ဆီးမခံရသေးဘူး။သူက ပြန်ရှင်သန်ဖို့အခွင့်အရေးတစ်ခုရှိသေးတယ်။”
“ဒါပေမယ့်လည်း”
ယန်လီသည် အသက်ပြင်းပြင်းရှုလိုက်ပြီး ချီမင်ကို လေးစားမှုများဖြင့်ကြည့်နေသည်။”အရင်တိုက်ပွဲတုန်းက ချီမင်ကသူ့ရဲ့အင်အားကုန်မသုံးထားဘူး။မဟုတ်ရင် ငါသေသွားနိုင်တယ်။”
အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အလျင်အမြန်နောက်ဆုတ်လိုက်ကြတော့သည်။သူတို့က နောက်ဆုတ်သွားပြီး လေသံနိမ့်နိမ့်ဖြင့်ပြောလာ၏။”ဒီတစ်ကြိမ်တော့ မင်းတို့နိုင်တယ်။ဒါပေမယ့် ငါတို့နောက်တစ်ကြိမ်တွေ့ရင်တော့ မင်းတို့ရဲ့သေမယ့်နေ့ပဲ။”
“တပ်သားအားလုံးနားထောင်”
သူတို့ကျယ်လောင်စွာအမိန့်ပေးလိုက်ကြသည်။”ဆုတ်ခွာမယ်”
ယန်လီကသာ ချီမင်၏စကားကိုယုံကြည်ပေသည်။အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူများ၏အမြင်တွင်တော့ သူက အင်မော်တယ်မျိုးနွယ်ကိုသစ္စာဖောက်လိုက်ခြင်းဖြစ်သည်။လူသားမျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုရှောင်ဖန်း၏နိုးထလာမှုနှင့်အတူ ချီမင်ကလည်း သွေးအရှင်အင်မော်တယ်ဘုရင်ကို ခဏလေးအတွင်းသတ်နိုင်ခဲ့သည်။
ထို့ကြောင့် အင်မော်တယ်ဘုရင်လင်းလုံတို့မှာ အသာစီးမရတော့ပေ။အခြေအနေက မကောင်းတော့ပေ။သူတို့က သဘာဝအတိုင်းနောက်ဆုတ်ဖို့ရွေးချယ်လိုက်ပြီး ဆက်မတိုက်ရဲတော့ပေ။
ချီမင်က လက်ကိုနောက်ပစ်လိုက်ပြီး သာမန်ပုံစံဖြင်ကြည့်လိုက်သည်။”မင်းတို့ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ငါ့အတွက်တော့အရေးမကြီးဘူး။”
“ငါ လျှို့ဝှက်နက်နဲကမ္ဘာကို ပြန်လာရတဲ့ အကြောင်းအရင်းက ကမ္ဘာ့အသိစိတ်ကို ကံကြွေးပြန်ဆပ်ဖို့ရယ်နဲ့ နောက်ဆုံးအဆင့်ကံတရားအတိဒုက္ခကိုကျော်လွှားဖို့ပဲ။”
“မင်းတို့က အစကတည်းကအထင်မှားနေပြီ။”
ချီမင်ကဆက်ပြောသည်။”ငါကမင်းတို့ယုံတာကိုလိုတယ်များထင်နေလား။ရယ်ဖို့ကောင်းတယ်။မင်းတို့ ယုံချင်နေ မယုံချင်နေ ဒီကိစ္စရဲ့ရလဒ်ကတော့ ပြောင်းလဲမှာမဟုတ်ဘူး။”
“မင်းတို့က တကယ်ကြီးပြန်ဆုတ်ဖို့အခွင့်အရေးရှိသေးတယ်လို့များထင်နေလား။”
“လျှို့ဝှက်နက်နဲတံခါးခြောက်ခု”
ချီမင်က သူ၏လက်ကိုဝေ့ယမ်းပြီး အံ့ဖွယ်စွမ်းအားကိုအသုံးပြုလိုက်သည်။
ချက်ချင်းပဲ မရေမတွက်နိုင်လောက်အောင်များပြားသည့်စာလုံးပုံစံများပေါ်လာပြီး အဆက်မပြတ်လင်းလက်တောက်ပလာသည်။ကောင်းကင်ယံ၌ ကြီးမားသည့် ပါ့ကွားယင်ယန်ဖွဲ့စည်းပုံတစ်ခု ပေါ်လာသည်။”အသက်ဝင်”
သူက အံ့ဖွယ်စွမ်းအားကိုသုံးပြီး ကောင်းကင်၊မြေကြီး၊နေ၊လ၊ကြယ်တို့၏စွမ်းအားကိုစုစည်းလိုက်သည်။မရေမတွက်နိုင်သည့်အလင်းတန်းများမှာ အရပ်မျက်နှာတိုင်းမှထွက်ပေါ်လာပြီး ကြီးမားသည့် လျှို့ဝှက်နက်နဲတံခါးဖွဲ့စည်းပုံထဲသို့တိုးဝင်သွားသည်။
ချက်ချင်းပဲ အစီအရင်က ပြည့်စုံသွားသည်။
“ဒါ..ဒါက...”
“အစီအရင်”
“ကောင်းကင်နှင့်မြေကြီးအစီအရင်”
“ဘာ”
“ချီမင်က တကယ်ကြီးကောင်းကင်နှင့်မြေကြီးအစီအရင်ကို ချက်ချင်းတည်ဆောက်နိုင်တယ်။သူက ပျက်စီးနေတဲ့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းခုခံရေးအစီအရင်နဲ့တောင် ပေါင်းစပ်လိုက်သေးတယ်။”
“သေလိုက်ပါတော့။”
“ငါတို့ ဆုတ်ခွာမယ့်လမ်းကြောင်းကို ချီမင်ကပိတ်ဆို့လိုက်ပြီ။”
အင်မော်တယ်ဘုရင်လင်းလုံ၏အကြည့်က မဲမှောင်သွားပြီးသူတို့၏အမူအရာများက အလွန်အမင်းလေးနက်လာ၏။သူတို့ခေါင်းမော့ပြီး ကောင်းကင်နှင့်မြေကြီးအစီအရင်ကားချပ်ကို ကြည့်လိုက်ကြသည်။သူတို့က ပြင်းထန်သည့်အကြောက်တရားကိုခံစားလိုက်ရ၏။
ချီမင်သုံးလိုက်သည့်နည်းလမ်းက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းပေသည်။
ဘာပဲဖြစ်ဖြစ် ယန်လီက အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုဖြစ်သည့်အတွက် သူကသဘာဝအတိုင်း အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူတို့မှာ ချီမင်၏လက်ထဲအသတ်ခံရမှာကို မကြည့်နိုင်ပေ။ထို့ကြောင့် သူကမနေနိုင်ဘဲ ဝင်ပြောလိုက်သည်။”မူလအစအင်မော်တယ်ဘုရင်လှည့်စားတာကိုမခံကြနဲ့တော့။သူက အင်မော်တယ်ဘိုးဘေးလုံးဝမဟုတ်ဘူး။အင်မော်တယ်ကမ္ဘာကိုဖန်တီးမယ်ဆိုတဲ့အစီအစဉ်ကလည်း အတုကြီး။အဲ့တာကရှိတောင်မရှိဘူး။ငါတို့က အစကတည်းက မူလအစအင်မော်တယ်ဘုရင်ရဲ့အသုံးချတာကိုခံနေရတာ။”
“ခေါင်းမာမနေနဲ့တော့။”
“အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”အင်မော်တယ်ဘုရင်လင်းလုံက သက်ပြင်းချလိုက်သည်။သူ့အကြည့်က ရှင်းလင်းနေပြီး လုံးဝမလှုပ်ခတ်သွားပေ။”မင်းက ငါတို့ကိုစိတ်ပျက်စေခဲ့ပြီ။”
“ငါတို့ မူလက မင်းရဲ့စစ်မှန်ဝိညာဉ်သာနိုးထလာရင် မင်းကငါတို့ကို အင်မော်တယ်ဘိုဘေးရဲ့ခြေရာကိုနင်းဖို့ ဦးဆောင်ပေးပြီး အင်မော်တယ်မျိုးနွယ်တစ်ခုလုံးကို အောင်မြင်မှုရအောင်လုပ်ပေးမယ်ဆိုပြီးထင်ခဲ့တာ။”
“ဒါပေမယ့်..”
“ငါတို့က မင်းသစ္စာသွားဖောက်မယ်လို့လုံးဝမမျှော်လင့်ထားခဲ့ဘူး။ငါတို့အင်မော်တယ်မျိုးနွယ်တစ်ခုလုံးက မင်းကိုရန်သူလို့သတ်မှတ်လိုက်ပြီ။”
“တော်တော်လေး ရယ်ဖို့ကောင်းတယ်။”
“ငါတို့သေမှာမဟုတ်ဘူး။ချီမင်က ငါတို့ကိုသတ်လိုက်ရင်တောင် ငါတို့ရဲ့စစ်မှန်ဝိညာဉ်ဖျက်ဆီးမခံရသရွေ့တော့ ငါတို့ကသေချာပေါက်ကိုပြန်ရှင်လာမှာ။”
“အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှု”
ရှောင်ဖန်းကပြောသည်။”တကယ်တော့ မင်းသူတို့အပေါ်အချိန်ဖြုန်းနေစရာမလိုဘူး။ဆရာဦးလေးချီပြောပုံအရဆို သူတို့ကမူလအစအင်မော်တယ်ဘုရင်ရဲ့သစ္စာအရှိဆုံးနောက်လိုက်တွေပဲ။သူတို့က မင်းကိုယုံဖို့မဖြစ်နိုင်ဘူး။”
“တိုက်”
အင်မော်တယ်ဘုရင်လင်းလုံတို့က ဟိန်းဟောက်လိုက်သည်။သူတို့အကြည့်တွေမှာ ကြောက်ရွံ့မှုအနည်းအကျဉ်းတောင် မမြင်ရပေ။သူတို့က အကန်အသတ်မဲ့ဓမ္မစွမ်းအားများကိုထုတ်သုံးပြီး ချီမင်နှင့်တခြားသူများကိုတိုက်ခိုက်လိုက်ကြသည်။
“တုံးအလိုက်တာ”
ချီမင်၏အကြည့်ကအေးစက်သွားသည်။ ညာဘက်လက်ကို ဝေ့ယမ်းလိုက်တော့ သူ့လက်ဖဝါးထဲမှာ မိုးကြိုးငါးမျိုးပေါ်လာပြီး ပစ်လွှတ်လိုက်သည်။
ခရက်!ခရက်!
ချက်ချင်းပဲ ကောင်းကင်မှာ လျှပ်စီးများလင်းလက်လာသည်။မယုံနိုင်လောက်အောင်ကြီးမားသည့်လျှပ်စီးနဂါးတစ်ကောင် ပေါ်လာသည့်အလား အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူများကို ပစ်လွှတ်လိုက်သည်။
ဘုန်း!ဘုန်း!ဘုန်း!
ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာသည်။
အင်မော်တယ်ဘုရင်လင်းလုံတို့က နာကျင်စွာအော်ဟစ်လိုက်ကြသည်။သူတို့၏အံ့ဖွယ်စွမ်းအားများနှင့်သိုင်းနည်းစနစ်များက မိုးကြိုးငါးချက်ပစ်ခြင်းကို လုံးဝမခုခံနိုင်ပေ။အကုန်ဖျက်ဆီးခံလိုက်ရသည်။
သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး လွင့်ထွက်သွားကြသည်။
ချီမင်က တစ်ကွက်တည်းသာသုံးလိုက်ရပြီး အသာအယာအနိုင်ရသွားသည်။သူတို့က ချီမင်ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာ နက်နက်ရှိုင်းရှိုင်းကြုံလိုက်ရသည်။
“မင်း...မင်း..”အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူများကသူတို့ရင်ဘက်ကိုဆုပ်ကိုင်လိုက်ရပြီး မျက်နှာများမှာဖျော့တော့သွားကြသည်။သူတို့၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ထိတ်လန့်မှုက သူတို့၏မျက်နှာပေါ်၌နေရာယူလာကြသည်။”ဘယ်လောက်တောင် သန်မာလိုက်လဲ။”
“မင်းရဲ့ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်တောင်မရောက်သေးဘူး။ဘယ်လိုတောင် သန်မာနေရတာလဲ။”
သူတို့က အမှန်တရားကို လက်မခံနိုင်ပေ။
“မင်းတို့ သေလို့ရပြီ။”ချီမင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။”တိုက်ခိုက်”
အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးဒေါသတကြီးဟိန်းဟောက်လိုက်သည်။သူတို့က နောက်ပြန်မဆုတ်နိုင်တော့ပေ။သေဖို့လည်းထိုင်မစောင့်နိုင်ပေ။သူတို့က သူတို့မှာရှိသည့်အသန်မာဆုံးအံ့ဖွယ်စွမ်းအားနှင့်သိုင်းနည်းစနစ်ကိုသုံးကာတိုက်ခိုက်လိုက်ကြသည်။
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းပြီး အံ့ဖွယ်စွမ်းအားလေကိုပြောင်းပြန်လှန်ခြင်းကိုသုံးကာ ထိုနည်းစနစ်များကို ဖြေရှင်းလိုက်သည်။နည်းစနစ်များက ချီမင်၏ဆယ်မီတာအနားတောင်ရောက်မသွားပေ။
ချီမင်သည် ငါးယောက်တစ်ယောက်တိုက်နေရလျှင်ပင် အသာစီးရနေသေးသည်။
ခရက်!ခရက်!
ချီမင်၏လက်ဖဝါးက နောက်တစ်ကြိမ်ကျဆင်းလာပြီး မိုးကြိုးငါးချက်ပစ်ခြင်းကိုသုံးလိုက်ပြန်သည်။အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသောသူများမှာလွင့်ထွက်သွားကြပြန်သည်။သူတို့က အင်အားကုန်ခမ်းသွားပြီးမြေပေါ်၌ပြုတ်ကျကုန်သည်။
“မင်းတို့ရှုံးပြီ။”ချီမင်သည် အင်မော်တယ်ဘုရင်လင်းလုံတို့ကိုကြည့်ကာပြောလိုက်၏။
“အဟွတ်ဟွတ်...”
အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူများမှာ သွေးပါသည်အထိချောင်းဆိုးလိုက်ကြရသည်။သူတို့မျက်နှာများမှာ မထင်မှတ်ထားရလောက်သည့်အထိဖျော့တော့သွား၏။သူတို့က ထရပ်ချင်သေးပေမယ့် စွမ်းအားမဲ့နေပြီဖြစ်၏။ထိုအချိန်၌ လျှို့ဝှက်နက်နဲတံခါးဖွဲ့စည်းပုံ၌ တစ်ခုခုဖြစ်လာသည်။အက်ကွဲရာများမှာ အလယ်ဗဟိုကနေ တစ်ခုပြီးတစ်ခုပျံ့လာကာ အစီအရင်တစ်ခုလုံးကို ပျံ့သွားတော့၏။
“သူရောက်လာပြီ။”
ချီမင်ကခေါင်းမော့ပြီးလျှို့ဝှက်နက်နဲတံခါးဖွဲ့စည်းပုံ၏အက်ရာကိုကြည့်လိုက်သည်။သူ့အကြည့်ကအေးစက်နေပြီးအမူအရာမှာတော့ လေးနက်သွား၏။ချီမင်သည် နားလည်ရန်ခက်ခဲသည့်အရှိန်အဝါကို ခံစားမိလိုက်ဟန်တူသည်။
အလွန်အမင်းကို ပြင်းထန်ပေသည်။
“အစီအရင်က ပြိုကျလာနေတယ်။”
“ဘာတွေဖြစ်နေတာလဲ။”
“ဒါက...”
ပတ်ဝန်းကျင်မှာတော့ ယန်လီနှင့်ရှောင်ဖန်းကလျှို့ဝှက်နက်နဲတံခါးအစီအရင်ကားချပ်ကို ကြည့်နေကြသည်။သူတို့လည်း ဖော်ပြရခက်သည့်အရှိန်အဝါကို ဝိုးတဝါးခံစားလိုက်ရသည်။
ကျယ်လောက်သည့်အသံတစ်ခုထွက်လာသည်။
လျှို့ဝှက်နက်နဲတံခါးဖွဲ့စည်းပုံက ပြိုကွဲသွားတော့သည်။ပါ့ကွားယင်ယန်ဖွဲ့စည်းပုံက ပြိုကွဲသွားကာ မရေမတွက်နိုင်သည့်အလင်းတန်းများထွက်လာသည်။ကြည့်ရသည်မှာ ကောင်းကင်ယံ၌ ကြယ်များပြည့်နှက်သွားသည့်အတိုင်းပင်။
အလင်းအားလုံးပျောက်ကွယ်သွားတော့ ကောင်းကင်၌ပုံရိပ်တစ်ခုပေါ်လာသည်။
သူက လက်များကိုနောက်ပစ်ထားလျက် လေထုထဲ၌ရပ်နေသည်။အပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ရှည်လျားသည့်ဆံပင်က အနောက်ဘက်ကိုဖြာကျနေသည်။မျက်နှာမှာ ထက်မြက်သည့်မျက်ခုံးနှစ်ဖက်၊ကြယ်များအလားလင်းလက်နေသည့် နက်ရှိုင်းသည့်မျက်လုံးတစ်စုံနှင့်အားနည်းချက်မရှိ ချောမောသည့်မျက်နှာအစိတ်အပိုင်းများဖြင့်သူပင်။
မျက်ခုံးအလယ်ဗဟို၌ ဒေါင်လိုက်ပုံစံအမှတ်အသားတစ်ခုရှိနေသည်။
မဖွင့်ရသေးသည့်တတိယမျက်လုံးအလားပင်။
“အင်မော်တယ်..အင်မော်တယ်ဘိုးဘေး”ယန်လီ၏အကြည့်က ထိတ်လန်မှုများပြည့်နှက်သွားသည်။ တစ်ဖက်သူ၏ပုံကိုရှင်းရှင်းလင်းလင်းမြင်ပြီးသည့်နောက်မှာ သူ့မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်မှုက ပေါ်လာသည်။”ဘယ်လိုဖြစ်နိုင်မှာလဲ။သူကိုယ်တိုင်ရောက်ချလာတယ်””
“အင်မော်တယ်ဘိုးဘေး”ရှောင်ဖန်းလည်းထိတ်လန့်သွားသည်။
“အင်မော်တယ်ဘိုးဘေး”
“ကောင်းတယ်။”
“အင်မော်တယ်ဘိုးဘေးကို အရိုအသေပြုပါတယ်။”
အင်မော်တယ်ဘုရင်လင်းလုံက ပြောမပြတတ်အောင်ပျော်သွားတော့သည်။ အသက်အန္တာရာယ်မှလွတ်မြောက်သွားသည့်အတွက် ပျော်ရွှင်မှုကထွက်ပေါ်လာသည်။အင်မော်တယ်စစ်တပ်တစ်ခုလုံးကလည်း ဒူးထောက်အရိုအသေပြုလိုက်ကြသည်။
မြင်ကွင်းက အတော်လေးခမ်းနားပြီးမှင်သက်ဖွယ်ကောင်းသည်။
အင်မော်တယ်ဘိုးဘေး၏အကြည့်ကတည်ငြိမ်လျက် သက်ရှိအားလုံးကို လျစ်လျုရှုထားသည်။သူက သူ့ကိုခြိမ်းခြောက်အန္တာရယ်ပေးနိုင်သည့် ချီမင်အပေါ်သာ အာရုံစိုက်ထားသည်။
တခြားသူများကတော့ အနည်းငယ်ပိုကြီးသည့်ပုရွက်ဆိတ်များသာဖြစ်၏။