မူလအစအင်မော်တယ်ဘုရင်နှင့်ချီမင်၏ပထမဆုံးတိုက်ပွဲ
Vol. 18 Ch. 263
ချီမင်၏အကြည့်က တည်ငြိမ်လျက်ရှိသည်။သူ၏အမူအရာမှာ အနည်းငယ်လေးတောင် တုန်လှုပ်မသွားပေ။
မူလအစအင်မော်တယ်ဘုရင်ကခေါင်းခါလိုက်ပြီး ရှင်းပြလာသည်။”ဘာတွေပြောနေတာလဲ။ငါက မူလအစအင်မော်တယ်ဘုရင်မဟုတ်ဘူး။အင်မော်တယ်ဘိုးဘေးပဲ။ဘာလို့ မူလအစအင်မော်တယ်ဘုရင်လို့ထင်သွားလည်းငါနားမလည်ဘူး။”
“ပြီးတော့”
မူလအစအင်မော်တယ်ဘုရင်က ဆက်ပြောသည်။”ငါ အခုအရမ်းသိချင်နေတာက မင်းအချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့ တစ်ဆယ်ရာခိုင်နှုန်းကိုဘယ်လိုခိုးသွားတာလဲဆိုတာပဲ။”
“ ငါမင်းကိုယ်ပေါ်ကနေ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့အရှိန်အဝါကို ခံစားမိတယ်။”
“ငါမင်းကို အခုအခွင့်အရေးတစ်ခုပေးမယ်။”
“အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့အရင်းအမြစ် (၁၀)%ကို ပြန်ပေး။ပြီးတော့ ဘယ်လိုရသွားလဲဆိုတာပြောပြ။”
“ဒီလိုဆိုရင်..”
“ငါမင်းအသက်ကို ချမ်းသာပေးမယ်။ ငါလက်အောက်ကို ခိုလှုံခွင့်ပေးမယ်။အင်မော်တယ်ကမ္ဘာကိုသာ ဖန်တီးပြီးသွားရင် ငါမင်းကို အကျိုးအမြတ် ခံစားခွင့်ပေးမယ်။”
“ကဲ ဒါဆိုရွေးချယ်တော့”မူလအစအင်မော်တယ်ဘုရင်က ချီမင်ကိုကြည့်လိုက်၏။”မင်းမှာ အခွင့်အရေးတစ်ခုပဲရှိတယ်။”
“ငါက ဘာလို့ရွေးချယ်နေရမှာလဲ။”
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်ပြီး ခပ်ထေ့ထေ့ပြုံးလိုက်၏။မူလအစအင်မော်တယ်ဘုရင်နှင့်ရင်ဆိုင်နေရချိန်မှာ သူပြင်းထန်သည့်ဖိအားကိုခံစားလိုက်ရသည်။
သူ့ရှေ့ကမူလအစအင်မော်တယ်ဘုရင်မှာ ခန္ဓာကိုယ်အစစ်မဟုတ်ပေ။ကိုယ်ပွားတစ်ခုသာဖြစ်သည်။”မင်းက အထက်ကမ္ဘာက စစ်မှန်တဲ့အင်မော်တယ်ဘုရင်တစ်ပါးဆိုရင်တောင် အခုက မင်းရဲ့အသိစိတ်တစ်ခုပဲရှိတာ။မင်းက အင်မော်တယ်ဘိုးဘေးရဲ့ခန္ဓာကိုယ်ပေါ်မှာမှီပြီး အသက်ရှင်နေရတဲ့သူသက်သက်ပဲ။”
“ငါပြန်လာရဲတည်းဆိုတာကလည်း မင်းကိုသတ်ဖို့ယုံကြည်ချက်ရှိလို့လေ။”
“ဟားဟားဟား..”
မူလအစအင်မော်တယ်ဘုရင်က ကျယ်လောင်စွာရယ်မောလိုက်ပြီး အထင်သေးစွာပြောလိုက်သည်။”ရယ်ဖို့ကောင်းတယ်။မင်းကများ ငါ့ကိုသတ်ချင်တယ်။အိပ်မက်များ မက်နေတာလား။”
“အိပ်မက်ပဲ ထိုင်မက်နေလိုက်။”
ချီမင်က ခေါင်းသာခါလိုက်သည်။”ငါမင်းကို ကျိန်းသေပေါက် သတ်မှာ။”
“မင်းက သေချင်နေတာပဲ။”မူလအစအင်မော်တယ်ဘုရင်သည် ရယ်မောနေခြင်းကိုရပ်တန့်လိုက်တော့သည်။သူ၏အမူအရာက အေးစက်သွား၏။”အစကတော့ မင်းရဲ့အရည်အချင်းကမဆိုးတော့ ငါရဲ့နောက်လိုအဖြစ်လက်ခံထားမလို့ပဲ။အဲ့ဒါကြောင့်လည်း မင်းကိုရွေးချယ်ခွင့်ပေးတာ။”
“အခု မင်းကဆိုးဆိုးရွားရွားသေချင်နေတော့လည်း မင်းရဲ့ဆန္ဒကိုဖြည့်ပေးရတာပေါ့။”
မူလအစအင်မော်တယ်ဘုရင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ သူ၏လက်ဖဝါးထဲမှ မျက်စိကျိန်းလောက်သည့် အလင်းရောင်တစ်ခုထွက်ပေါ်လာသည်။မရေမတွက်နိုင်သည့် အလင်းဓားသွားများအဖြစ်ပြောင်းလဲကာ ချီမင်ကို မုန်းတိုင်းတစ်ခုသဖွယ် ဖုံးအုပ်သွား၏။
“သန့်စင်ရွှေခန္ဓာ”
ချီမင်က နေရာကနေထရပ်လိုက်သည်။သူကလက်နှစ်ဖက်ကိုနောက်ပစ်လိုက်ပြီး မူလအစအင်မော်တယ်ဘုရင်နှင့်မျက်နှာချင်းဆိုင်လိုက်သည်။သူက အံ့ဖွယ်စွမ်းအားနည်းစနစ်ကိုလည်ပတ်လိုက်တော့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုက လိုက်ပါလာ၏။ရွှေရောင်အလင်းဖျော့ဖျော့က သူ၏ခန္ဓာကိုယ်ပေါ်၌ ထွက်ပေါ်လာသည်။
လူတိုင်း၏ ထိတ်လန့်သွားသည့်အကြည့်အောက်မှာ မူလအစအင်မော်တယ်ဘုရင်ဖန်တီးထားသည့် အလင်းဓားသွားများမှာ ချီမင်၏ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသည်။
ထိုအလင်းဓားသွားများမှာ ချီမင်ကို မထိခိုက်သွားပေ။သူက ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကိုအသုံးပြုကာ သန့်စင်ရွှေခန္ဓာကိုထုတ်ဖော်လိုက်သောကြောင့် နည်းစနစ်အားလုံးကို ခုခံနိုင်သွားသည်။
ခရက်!ခရက်!
ပတ်ဝန်းကျင်မှာ မူလအစအင်မော်တယ်ဘုရင် ဖန်တီးလိုက်သည့် အလင်းဓားသွားများမှာ နေရာလွတ်ကို တို့ဖူးတစ်တုံးကဲ့သို့ ပိုင်းဖြတ်နိုင်ပေသည်။သို့ပေမယ့် ထိုအလင်းတန်းက ချီမင်ပေါ်သို့ကျရောက်လာပေမယ့် ဘာမှဖြစ်မသွားပေ။
“သိုင်းနည်းစနစ်ခုခံနိုင်စွမ်း”
မူလအစအင်မော်တယ်ဘုရင်က အသက်ပြင်းပြင်းရှုလိုက်သည်။ ထိတ်လန့်မှုများက သူ၏မျက်လုံးထဲ၌ ပေါ်လာသည်။အလင်းဓားသွားများမှာ ပျောက်ကွယ်သွားတော့သည်။”မင်း...”
“ဟုတ်တယ်”
ချီမင်၏အကြည့်က တည်ငြိမ်ပေသည်။သူကနေရာမှာတင်ငြိမ်ငြိမ်ရပ်နေပြီး မလိုအပ်သည့်လှုပ်ရှားတစ်ခုမှမလုပ်သေးပေ။”ဒါက သိုင်းနည်းစနစ်ခုခံနိုင်စွမ်းပဲ။မူလအစအင်မော်တယ်ဘုရင် ငါမင်းကို ပွင့်ပွင့်လင်းလင်းပြောချင်တာက မင်းကငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး။”
“ဟူး...”
မူလအစအင်မော်တယ်ဘုရင်၏အကြည့်က လေးနက်သွားသည်။
အစောပိုင်းက တိုက်ခိုက်မှုမှာ မူလအစအင်မော်တယ်ဘုရင်သည် အတော်များများသိလိုက်ရသည်။သူက မဟာတာအိုအသိအမြင်များသည် ချီမင်၏အနားမှာ ဝိုင်းရံနေသည်ကို ခံစားရ၏။
ထိုအရာက ကြောက်ဖို့အကောင်းဆုံးအရာဖြစ်သည်။ထိုအချိန်၌ မူလအစအင်မော်တယ်ဘုရင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ဓမ္မစွမ်းအားများစွာ ထွက်ပေါ်လာသည်။သူက ကောင်းကင်နှင့်မြေကြီးနိယာမစွမ်းအားကို စုစည်းလိုက်ကာ ပတ်ဝန်းကျင်ကိုခွဲထုတ်လိုက်ပြီး သီးခြားလောကတစ်ခုကို ဖန်တီးလိုက်သည်။
ထိုသို့ဆိုလျှင် သီးခြားလောကအပြင်ဘက်မှ သူများမှာ အထဲတွင် ဘာဖြစ်နေသလဲဆိုတာ မသိနိုင်တော့ပေ။
မူလအစအင်မော်တယ်ဘုရင်နှင့်ချီမင်၏စကားပြောခန်းကို အပြင်လောကမှသူများ မစစ်ဆေးနိုင်တော့ပေ။
“မင်းက တကယ်တော့ တာအိုကျင့်ကြံသူတစ်ယောက်ပဲ။”
မူလအစအင်မော်တယ်ဘုရင်၏ အကြည့်ကလေးနက်ပြီးထိတ်လန့်နေသည်။သူက သေချာပေါက်ပြောနိုင်သည်။”လျှို့ဝှက်နက်နဲကမ္ဘာမှာ တာအိုကျင့်ကြံသူတစ်ယောက် တကယ်ကြီးပေါ်လာတာလား။အထက်ကမ္ဘာမှာတောင် တာအိုကျင့်ကြံသူနည်းနည်းပဲရှိတယ်။တာအိုကျင့်ကြံသူတိုင်းက လမ်းခုလတ်မှာမသေသွားရွေ့ အထက်ကမ္ဘာရဲ့ အဆုံးမဲ့ဘုရင်တစ်ပါး ဖြစ်လာနိုင်တယ်။”
“မင်း...”
ထိတ်လန့်ခြင်း
မူလအစအင်မော်တယ်ဘုရင်က အလွန်အမင်းထိတ်လန့်မှုကို ခံစားလိုက်ရသည်။
“တာအိုကျင့်ကြံသူ...”ချီမင်က ခဏလောက်စဉ်းစားပြီး ဘာမှထပ်မပြောပေ။
မူလအစအင်မော်တယ်ဘုရင်က ယောင်ယောင်ဝါးဝါးခံစားလိုက်မိသည်။”မင်းက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို နားလည်ထားတာလား။”သူက မေးလိုက်သည်။
“ဟုတ်တယ်”ချီမင်က ခေါင်းညိတ်လိုက်သည်။
မူလအစအင်မော်တယ်ဘုရင်က တိတ်ဆိတ်သွားသည်။
ထိုတစ်ခဏမှာ မူလအစအင်မော်တယ်ဘုရင်၏အကြည့်မှာ ရှုပ်ထွေးသွားသည်။သူက ချီမင်ကို ကြည့်ကာဖြေးညှင်းစွာပြောလိုက်သည်။”အထက်ကမ္ဘာမှာ ကျင့်ကြံသူတွေကို သာမန်ကျင့်ကြံသူ၊နိယာမကျင့်ကြံသူနဲ့ တာအိုကျင့်ကြံသူဆိုပြီး ခွဲထားတယ်ဆိုတာသိလား။”
“သူတို့ထဲမှာ သာမန်ကျင့်ကြံသူဆိုတာ ဓမ္မစွမ်းအားကိုပဲကျင့်ကြံပြီး အဆင့်တိုးတက်အောင်ပဲလုပ်တာ။ကောင်းကင်နှင့်မြေကြီးကို နားလည်မဆင်ခြင်ဘူး။ဥပမာအနေနဲ့ဆို ချီကျင့်ကြံခြင်း၊ခန္ဓာကိုယ်ကျင့်ကြံခြင်း၊မှော်စွမ်းအင်၊တိုက်ပွဲချီစတာတွေကို ကျင့်ကြံတဲ့သူတွေကို ပြောတာ။သူတို့အားလုံးက သာမန်ကျင့်ကြံသူတွေပဲ။”
“အထက်ကမ္ဘာမှာ အဲ့ဒီလိုကျင့်ကြံသူတွေက အဆင့်အနိမ့်ဆုံးပဲ။အများစုက အောက်ကမ္ဘာကနေတက်လာကြတာ။ကျွမ်းကျင်သူတွေကတော့ အထက်ကမ္ဘာကိုတက်လှမ်းလာရင် သူတို့က ကောင်းကင်နှင့်မြေကြီးကို စပြီးနားလည်နိုင်တယ်။”
“နိယာမကျင့်ကြံသူတွေက သူတို့ရဲ့ဓမ္မစွမ်းအားကိုကျင့်ကြံတဲ့အပြင် ကောင်းကင်နဲ့မြေကြီးရဲ့နိယာမစည်းမျဥ်းတွေ ဥပဒေသတွေကို နားလည်ဆင်ခြင်ကြသေးတယ်။ပုံမှန်အတိုင်းဆိုရင် စည်းမျဉ်းတွေကိုနားလည်တဲ့သူကို စည်းမျဉ်းကျင့်ကြံသူလို့ခေါ်ပြီး ဥပဒေသကိုနားလည်သူတွေကို ဥပဒေသကျင့်ကြံသူလို့ခေါ်တယ်။”
“ကောင်းကင်နဲမြေကြီးစည်းမျဉ်းက ကောင်းကင်နဲ့မြေကြီးဥပဒေသထက် ပိုသန်မာတယ်။ဒါပေမယ့် နားလည်ဖို့လည်း ပိုခက်တယ်။”
“နောက်ဆုံးတစ်ခုက တာအိုကျင့်ကြံသူတွေပဲ။”
“တာအိုကျင့်ကြံသူတွေက ကောင်းကင်နှင့်မြေကြီးတာအိုကိုကျင့်ကြံကြတယ်။သူတို့က ကောင်းကင်တာအိုနဲ့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်နိုင်ကြတယ်။တာအိုကိုနားလည်ရင်းနဲ့ပဲဓမ္မစွမ်းအား တွေတိုးတက်လာပြီးအဆင့်ချိုးဖြတ်ကြတယ်။”
“ကောင်းကင်တာအိုကို နားလည်ကျင့်ကြံနိုင်တဲ့သူတွေကို ကောင်းကင်တာအိုကျင့်ကြံသူလို့ခေါ်ပြီး မဟာတာအိုကိုနားလည်ကျင့်ကြံသူကိုကြ မဟာတာအိုကျင့်ကြံသူလို့ခေါ်တယ်။”
“မင်းက တာအိုကျင့်ကြံသူ တစ်ယောက်ပဲ။”
မူလအစအင်မော်တယ်ဘုရင်က သက်ပြင်းချလိုက်သည်။
ချီမင်က ပခုံးတွန့်ကာပြော၏။”ရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်။”
မူလအစအင်မော်တယ်ဘုရင်က ဆက်ပြောသည်။”ဒီလိုဆိုရင်ရောဘယ်လိုလဲ။ မင်းကတာအိုကျင့်ကြံသူတစ်ယောက်ဆိုတော့ ငါမင်းကိုမျက်နှာသာပေးမယ်။မင်းသာ အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့ အရင်းအမြစ်ကိုပြန်ပေးရင် ဒီကိစ္စကိုကျော်သွားပေးမယ်။ပြီးခဲ့တာတွေကို ထားလိုက်တော့မယ်။မင်းကို ကံတရားအတိဒုက္ခကိုလည်း ကျော်လွှားဖို့ကူညီပေးမယ်။”
“အဲ့ဒီအချိန်ရောက်ရင်...”
“မင်းလည်း မဟာယနအဆင့်ကိုရောက်ပြီးအချိန်ကာလရတနာ:ကမ္ဘာ့တံခါးကနေတစ်ဆင့် တခြားကမ္ဘာတွေကိုသွားလို့ရတယ်။ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံသွားရင်လည်း အထက်ကမ္ဘာကိုတက်လှမ်းလို့ရတယ်။”
“ဒီလိုဆို”
“ငါတို့နှစ်ယောက်လုံး မရှုံးဘူး။”
“ဘယ်လိုလဲ။”မူလအစအင်မော်တယ်ဘုရင်ကဆက်မေးလိုက်သည်။
“စိတ်မဝင်စားဘူး။”ချီမင်က တိုက်ရိုက်ငြင်းလိုက်သည်။
“မင်း...”မူလအစအင်မော်တယ်ဘုရင်၏အမူအရာကမည်းသည်းသွားသည်။”ချီမင် မင်းက ကောင်းကင်နှင့်မြေကြီးတာအိုကိုနားလည်တဲ့ တာအိုကျင့်ကြံသူတစ်ယောက်ဆိုပေမယ့် ငါကလည်း နိယာမကျင့်ကြံသူတစ်ယောက်နော်။ငါတို့ကြားမှာတစ်ဆင့်ပဲကွာတာ။”
“ငါက အထက်ကမ္ဘာရဲ့မူလအစအင်မော်တယ်ဘုရင်တစ်ပါးပဲ။အံ့ဖွယ်စွမ်းအားအမျိုးမျိုးနဲ့သိုင်းနည်းစနစ်အမျိုးမျိုးကို နားလည်ထားတယ်။မင်းတကယ်ကြီး ငါ့ကိုနိုင်မယ်များထင်နေလား။”
“ငါတို့တိုက်ခိုက်ကြည့်ပြီးရင် ဘယ်သူနိုင်မလဲသိရမှာပါ။”ချီမင်မှ ခပ်အေးအေးပြောလိုက်သည်။
“မင်းက သေဖို့တောင်းဆိုနေတာပဲ။”မူလအစအင်မော်တယ်ဘုရင်က ဒေါသတကြီးပြောလိုက်သည်။
မူလအစအင်မော်တယ်ဘုရင်က ချီမင်သည်တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်မှန်းသိပြီး နောက်တစ်လှမ်းပြန်ဆုတ်ရန်ဆုံးဖြတ်လိုက်သည်။မူလအစအင်မော်တယ်ဘုရင်၏အတွေးထဲမှာတော့ ချီမင်က သူ့နေရာသူသိပြီး အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့ နောက်ဆုံးအရင်းအမြစ်ကိုပြန်ပေးလာလိမ့်လို့ထင်ထားခဲ့တာဖြစ်သည်။
ချီမင်ကတော့ သဘောမတူပေ။
တကယ်တော့ ချီမင်ကကောင်းကောင်းကြီးနားလည်သည်။
သူသာ မူလအစအင်မော်တယ်ဘုရင်၏ တောင်းဆိုချက်ကို သဘောတူပြီး အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့ နောက်ဆုံးအရင်းအမြစ်ကိုသာ တကယ်ပြန်ပေးခဲ့ရင် မူလအစအင်မော်တယ်ဘုရင်က အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို အပြည့်အဝထိန်းချုပ်နိုင်သွားလိမ့်မည်။
ထိုသို့သာဆိုလျှင် မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာကို ဝါးမြိုနိုင်သွားပြီးတခြားကမ္ဘာများ၏အရင်းအမြစ်များကိုပါ ဝါးမြိုထားသည်ကိုပါ ထည့်တွက်လျှင် သူ၏ကျင့်ကြံခြင်းအဆင့်က အထွတ်အထိပ်ကိုပြန်ရောက်သွားနိုင်သည့်အပြင် နောက်တစ်ဆင့်ပါတက်သွားနိုင်၏။
တွေးကြည်ရင် သိသာပေသည်။
မူလအစအင်မော်တယ်ဘုရင်က ချီမင်ကိုသတ်ချင်ပါက လွယ်သွားပေလိမ့်မည်။
ချီမင်က မူလအစအင်မော်တယ်ဘုရင်၏တောင်းဆိုချက်ကို သဘောမတူနိုင်ပေ။
သူက မူလအစအင်မော်တယ်ဘုရင်၏ဆန့်ကျင်ဘက်ကို ရပ်လိုက်သည့်အချိန်ကတည်းက နှစ်ဖက်ကြားက ပြသနာမှာ တစ်ဖက်မှမသေလျှင် ဖြေရှင်းနိုင်မည်မဟုတ်တော့ပေ။
“သေလိုက်တော့”
မူလအစအင်မော်တယ်ဘုရင်က ဒေါသတကြီးတိုက်ခိုက်လိုက်သည်။လက်တစ်ချက်အဝေ့မှာ မရေမတွက်နိုင်သည့် အလင်းဓားသွားများထိုးထွက်လာပြီး ချီမင်ကို တိုက်ခိုက်လိုက်သည်။
ချီမင်သည် သန့်စင်ရွှေခန္ဓာကို လည်ပတ်လိုက်သည်။ရွှေရောင်အလင်းများလင်းလက်လာပြီး အဆုံးမဲ့နိယာမအလင်းဓားသွားတို့ကို တားဆီးလိုက်သည်။နှစ်ဖက်က သားရေကျလျက်ရှိသည်။”တိုက်ခိုက်”
ချီမင်သည် ဟိန်းဟောက်လိုက်ပြီးလက်ဦးမှုယူကာ တိုက်ခိုက်လာ၏။ လက်တစ်ချက်အဝေ့မှာ ကိုယ်ပိုင်ဓမ္မရတနာသုံးခုနှင့် လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်တို့ထွက်ပေါ်လာသည်။ထိုလက်နက်များက ကြီးမားသည့်ဖရိုဖရဲတိုက်ပွဲပုဆိန်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားတော့၏။
ချီမင်သည် ဖရိုဖရဲတိုက်ပွဲပုဆိန်ကို ကိုင်ဆွဲလျက် မူလအစအင်မော်တယ်ဘုရင်ကို တိုက်ခိုက်လိုက်သည်။
ကလန်!
မူလအစအင်မော်တယ်ဘုရင်ကလည်းဟိန်းဟောက်လိုက်သည်။ညာဘက်လက်ကိုဆန့်ထုတ်ပြီး လေဟာနယ်ထဲမှ ခရမ်းရွှေရောင်လှံရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။အလင်းမြူခိုးများလည်ပတ်လာပြီး သဘာဝစည်းမျဉ်းများပျံ့နှံ့လာသောကြောင့် ချီမင်၏တိုက်ကွက်ကို တားဆီးနိုင်လိုက်သည်။
ကောင်းကင်ယံမှစစ်မြေပြင်တွင် ချီမင်နှင့်မူလအစအင်မော်တယ်ဘုရင်တို့က တိုက်ခိုက်နေသည်။နှစ်ဖက်မှအင်အားတို့မှာပေါက်ကွဲထွက်လာသည်။ချီမင်က အံ့ဖွယ်စွမ်းအားနည်းစနစ်တစ်ခုပြီးတစ်ခုသုံးလျက် မူလအစအင်မော်တယ်ဘုရင်ကိုတိုက်ခိုက်နေသည်။
မူလအစအင်မော်တယ်ဘုရင်ကလည်း ခေသူမဟုတ်ပေ။သူက အထက်ကမ္ဘာ၏အင်မော်တယ်ဘုရင်တစ်ပါးအဖြစ်အချိန်ကြာကြာရှင်သန်လာခဲ့တာနှင့်အညီ သဘာဝအတိုင်း အံ့ဖွယ်စွမ်းအားမျိုးစုံကို နားလည်ထားသည်။
မူလအစအင်မော်တယ်ဘုရင်သည်လည်း မဟာအံ့ဖွယ်စွမ်းအားကို နားလည်ထား၏။
ခရက်!ခရက်!
ထိုအချိန်တွင် မူလအစအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်မှာ အက်ရာများတဖြည်းဖြည်းပေါ်လာသည်။အလွန်အမင်းပြင်းထန်သည့်တိုက်ပွဲက သူ၏ကိုယ်ပွားကို ပျက်စီးလာစေ၏။
ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။
မူလအစအင်မော်တယ်ဘုရင်က ဟိန်းဟောက်ပြီး အင်အားကုန်ထုတ်ဖော်လိုက်သည်။သို့ပေမယ့် ချီမင်၏ပိတ်ဆို့်မှုကို မကျော်ဖြတ်နိုင်ပေ။ကြွေထည်ပေါ်၌ အက်ရာပေါ်လာသကဲ့သိုပင် သူ့တစ်ကိုယ်လုံးမှာ အက်ကွဲရာများပေါ်လာတော့သည်။
“သေစမ်း”မူလအစအင်မော်တယ်ဘုရင်၏အမူအရာက မည်းမှောင်သွားသည်။”ဒီကိုယ်ပွားရဲ့စွမ်းအားက အရမ်းနိမ့်တယ်။ဒီလောက်တိုက်ပွဲကိုတောင် မခံနိုင်ဘူး။
ချီမင်က တည်ကြည်စွာဖြင့်ပြောလိုက်သည်။”ငါမင်းကိုကြာကြာမစောင့်စေရပါဘူး။အချိန်တန်ရင် ငါကိုယ်တိုင်လာပြီးမင်းရဲ့အသက်ကိုနုတ်ပေးမယ်။”