အဆက်မပြတ်တိုးတက်မှုများ မူလအစကောင်းကင်ဂူ
Vol. 18 Ch. 264
ချီမင်က တိုက်ပွဲပုဆိန်ကို အစွမ်းကုန်ခုတ်ချလိုက်သည်။ တိုက်ပွဲမြင့်မြတ်ခန္ဓာကိုယ်၏စွမ်းအားကထွက်ပေါ်လာပြီး ဖရိုဖရဲမြူခိုးများက ပျံ့နှံ့လာသည်။အလွန်အမင်းကြောက်မက်ဖွက်ကောင်းသည့်ဖရိုဖရဲ တိုက်ပွဲပုဆိန်မှာ ကောင်းကင်နှင့်မြေကြီးကိုခွဲခြမ်းကာ ကမ္ဘာတစ်ခုကိုပြန်လည်ဖန်တီးတော့မည့်အလားပင်။
“ဟားဟားဟား..”
မူလအစအင်မော်တယ်ဘုရင်၏အကြည့်က အလွန်အမင်းအေးစက်သွားတော့သည်။သူသည် ကျယ်လောင်စွာရယ်မောလိုက်ပြီး ချီမင်ကို တည့်တည့်ကြည့်လိုက်၏။”ငါက အထက်ကမ္ဘာကတိုက်ပွဲမှာတောင်သေခဲ့တာမဟုတ်ဘူး။မင်းက ငါ့ကိုသတ်ချင်တာလား။”
“တိုက်”
မူလအစအင်မော်တယ်ဘုရင်က အစွမ်းကုန်ထုတ်သုံးလာသည်။သူ့ရှေးဟောင်လှံရှည်က စစ်မှန်နဂါးတစ်ကောင်အလား မယုံနိုင်လောက်အောင်ပြင်းထန်သည့်စွမ်းအားကို ဖော်ထုတ်လာ၏။
မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပွားက မခုံနိုင်တော့ချေ။
အသံကျယ်ကျယ်တစ်ခုထွက်ပေါ်လာသည်။
မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပွားက ပေါက်ကွဲထွက်သွားသည်။ကောင်းကင်တစ်ခွင်လုံးအလင်းတန်းများပြည့်နှက်ကာ ကိုယ်ပွားကကြေမွသွားသည်။ကျောက်တုံးအစအနများထွက်ပေါ်လာ၏။ထိုသို့ဖြစ်ရသည်မှာ ကိုယ်ပွားသည် မူလက ကျောက်ရုပ်တုဖြစ်သောကြောင့်ဖြစ်သည်။
လှံတံကလည်း လေထုထဲမှာပျောက်ကွယ်တော့၏။
ကိုယ်ပွားထဲမှအသိစိတ်ကတော့ ထွက်ခွာသွားသည်။
ချီမင်၏အကြည့်က အေးစက်သွားပြီး ဗဟိုဒေသဘက်သို့ မျက်နှာမူလိုက်၏။သူက လက်ချောင်းများကိုအသုံးပြုကာတွက်ချက်လိုက်ပြီး မူလအစအင်မော်တယ်ဘုရင်၏စစ်မှန်ခန္ဓာ၏တည်နေရာကို စုံစမ်းလိုက်သည်။အံ့ဖွယ်စွမ်းအားတစ်ခုက သူ့ကိုတားဆီးထားသည်။ချီမင် တိတိကျကျမတွက်ချက်လိုက်နိုင်ပေ။သို့သော်လည်း မူလအစအင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်အစစ်က ဗဟိုဒေသ၌ရှိမှန်းသိလိုက်ရ၏။
“ရလဒ်ကတော့ ထွက်လာပြီ။”
ချီမင်က ခပ်တိုးတိုးပြောလိုက်သည်။
“အင်မော်တယ်...အင်မော်တယ်ဘိုးဘေး...”
“မဟုတ်ဘူး။”
“မဖြစ်နိုင်ဘူး။”
“အင်မော်တယ်ဘိုးဘေးက ဘယ်လိုလုပ်ပြီးရှုံးနိုင်မှာလဲ။”
“ဒါက အမှန်တရားမဟုတ်ဘူး။”
အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူများက ကြောက်ရွံ့သွားကြသည်။အင်မော်တယ်စစ်တပ်ကလည်း ကြောက်လန့်သွားသည်။ယန်လီကပင် ထိတ်လန့်သည့်အမူအရာကိုဖော်ပြလာ၏။
“ချီမင်နိုင်သွားတယ်။နိုင်သွားတယ်ဟ။”
“ဟားဟားဟား..”
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးအလွန်ပျော်ရွှင်သွားတော့သည်။
“သေလိုက်တော့”
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ဖရိုဖရဲတိုက်ပွဲပုဆိန်က ပျံထွက်လာသည်။ထို့နောက် ကိုယ်ပိုင်ဓမ္မရတနာလေးခုအဖြစ်ပြောင်းလဲသွားတော့သည်။ရတနာလေးခုက လေထုကိုဖြတ်သန်းပြီး အင်မော်တယ်ဘုရင်လင်းလုံနှင့်တခြားသူများကို တိုက်ခိုက်လိုက်သည်။သွေးများဖြာကျလာသည်။အင်မော်တယ်ဘုရင်လင်းလုံတို့မှာ အသတ်ခံလိုက်ရတော့သည်။သူတို့ခေါင်းများက ပြုတ်ထွက်ကုန်ပြီး အနှစ်သာရဝိညာဉ်နှင့် ဝိညာဉ်တို့မှာ ဖျက်ဆီးခံလိုက်ရသည်။
ချီမင်သည် အချိန်ကာလရတနာ:ကမ္ဘာ့တံခါး၏ကိုယ်ထည်အစစ်ကို မဖျက်ဆီးနိုင်ပေ။သို့ပေမယ့် စစ်မှန်ဝိညာဉ်မပျက်စီးလျှင်ပင် သူတို့အဖို့ပြန်လည်ရှင်သန်ဖို့မလွယ်ကူပေ။
အချိန်ကုန်ဆုံးသွားသည်။
နေ့တစ်ဝက်ကြာတော့ စစ်ပွဲကပြီးဆုံးသွားတော့၏။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းသည် သဘာဝအတိုင်းအနိုင်ရသွားသည်။အင်မော်တယ်စစ်တပ်က ရှုံးနိမ့်သွားပြီး ယန်လီက အခွင့်အရေးယူကာ အင်မော်တယ်စစ်တပ်ကို လက်နက်ချအညံ့ခံခိုင်းလိုက်၏။
မျက်စိတစ်မှိတ်အတွင်းမှာ ခုနစ်ရက်ကြာသွား၏။
အင်မော်တယ်များမှ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို တိုက်ခိုက်သည့်သတင်းက ပျံ့နှံ့သွားတော့သည်။
ထို့အပြင် ယန်လီက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏ဂိုဏ်းချုပ်နေရာမှ စွန့်ခွာသွားသည်။ဂိုဏ်းတစ်ခုလုံးက ချီမင်ကို ဂိုဏ်းချုပ်အဖြစ်ရွေးချယ်စေချင်ပေမယ့် ချီမင်ကငြင်းလိုက်သည်။သူက ဂိုဏ်းချုပ်တစ်ဦးဖြစ်မလာချင်ပေ။
ရှောင်ဖန်းသည် လူသားမျိုးနွယ်၏အထွတ်အထိပ်ဖြစ်တည်မှုဖြစ်သည်။ထို့ကြောင့် သူကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်လာပြီး ဂိုဏ်းတစ်ခုလုံးကိုပြင်ဆင်ခဲ့သည်။
အင်မော်တယ်စစ်တပ်၏တိုက်ခိုက်မှုကြောင့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းသည် ဆုံးရှုံးမှုကြီးသွားခဲ့သည်။တပည့်အတော်များများ၊အကြီးအကဲအများအပြားနှင့် မဟာအကြီးအကဲငါးဦးသေဆုံးသွားခဲ့သည်။
ကံကောင်းသွားသည်က ချီမင်သည်အချိန်မှီရောက်လာခဲ့ပြီးကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးကို ကယ်တင်နိုင်ခဲ့သည်။
ကောင်းကင်ဘုံဉာဏ်အလင်း အင်မော််တယ်တောင်
ဂိုဏ်းချုပ်ခန်းမ
ယနေ့နေ့လည်မှာတော့
နတ်ဆိုးမျိုးနွယ်၏အထွတ်အထိပ်ဖြစ်တည်မှုကောင်းကင်အရှင်ယင်း၊နတ်ဘုရားမျိုးနွယ်၏အထွတ်အထိပ်ဖြစ်တည်မှု ရှဲ့လင် လူသားမျိုးနွယ်၏အထွတ်အထိပ်ဖြစ်တည်မှုရှောင်ဖန်း သရဲမျိုးနွယ်၏အထွတ်အထိပ်ဖြစ်တည်မှု လင်းချူးယောင် မိစ္ဆာမျိုးနွယ်၏အထွတ်အထိပ်ဖြစ်တည်မှု ဝေ့ဝူရှန်
အင်မော်တယ်မျိုးနွယ်၏အထွတ်အထိပ်ဖြစ်တည်မှုယန်လီ။
အထွတ်အထိပ်ဖြစ်တည်မှု ခြောက်ဦးစုဝေးနေကြသည်။
ထို့အပြင် မျိုးနွယ်အသီးသီးမှ မဟာယနအဆင့်ကျွမ်းကျင်သူများလည်း စုဝေးနေကြသည်။
နတ်ဆိုးမျိုးနွယ်မှာ မဟာယနအဆင့်ကျင့်ကြံသူ(၃၀)၊ နတ်ဘုရားမျိုးနွယ်မှမဟာယနအဆင့်ကျင့်ကြံသူ(၃၁)၊လူသားမျိုးနွယ်မှ မဟာယနအဆင့်ကျင့်ကြံသူ(၃၃)၊မိစ္ဆာမျိုးနွယ်မှ မဟာယနအဆင့်ကျင့်ကြံသူ(၂၈)နှင့် သရဲမျိုးနွယ်မှ မဟာယနအဆင့်ကျင့်ကြံသူ(၂၉)ယောက်ရှိသည်။
များစွာသော အတိဒုက္ခကျော်လွှားခြင်းအဆင့်ကျင့်ကြံသူများလည်းရှိသည်။
ချီမင်သည် ဂိုဏ်းချုပ်ခန်းမထဲမှ အမြင့်ဆုံးနေရာထွင် ထိုင်လျက်ရှိသည်။
သူ့အကြည့်က ရှိနေသည့်သူများအားလုံးအပေါ်ကျရောက်လာသည်။
အမူအရာကား များစွာမပြောင်းပေ။
နတ်ဘုရားမျိုးနွယ်၊နတ်ဆိုးမျိုးနွယ်၊သရဲမျိုးနွယ်၊လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်က ပူးပေါင်းထားတာကြာပြီဖြစ်သည်။ချီမင်ပြန်ရောက်မလာလျှင်ပင် ကောင်းကင်အရှင်ယင်း၏ဦးဆောင်မှုအောက်တွင် သူတို့က ဗဟိုဒေသကိုတိုက်ခိုက်ဦးမှာဖြစ်သည်။
ယခု ချီမင်ကပြန်ရောက်လာပြီး ယန်လီက သူတို့ဘက်ပါလာသည်။သူက အမှန်တရားကိုပြောပြလိုက်တော့ အထွတ်အထိပ်ခြောက်ဦးလုံးတုန်လှုပ်သွားကြသည်။ယင်းက ကောင်းကင်အရှင်ယင်းနှင့်တခြားသူများ၏ ဗဟိုဒေသကို တိုက်ခိုက်မည့်အစီအစဉ်ကို သက်ရောက်သွားစေသည်။
ကောင်းကင်အရှင်ယင်းနှင့်တခြားသူများမှာ မူလကတော့ မယုံကြပေ။သို့ပေမယ့် အင်မော်တယ်မျိုးနွယ်အထွတ်အထိပ်ဖြစ်တည်မှုယန်လီအနေဖြင့် အင်မော်တယ်မျိုးနွယ်နှင့်အင်မော်တယ်ဘိုးဘေးကို သစ္စာဖောက်ရန် အကြောင်းအရင်းမရှိပေ။ထိုသို့ဖြင့် ချီမင်သည် အမှန်တရားတစ်ခုပြီးတစ်ခုထုတ်ပြောလာသည်။
ကောင်းကင်အရှင်ယင်နှင့်တခြားသူများမှာ မယုံကြည်ချင်ရင်တောင် ယုံရပေတော့မည်။
သို့သော်လည်း သူတို့အလွန်အမင်းထိတ်လန့်သွားကြသေးသည်။
“မင်းတို့ အမှန်ကိုသိပြီးပြီ။”ယန်လီက ခပ်အုပ်အုပ်ပြောလိုက်သည်။”ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး။တောင်ပိုင်းဒေသရဲ့ နတ်ဘုရားတောင်အရင်းအမြစ်ပဲကျန်တော့တယ်။အင်မော်တယ်တွေက ကျန်တဲ့နတ်ဘုရားတောင်အရင်းအမြစ် အကုန်ရသွားကြပြီ။”
“အဲ့လိုသာဖြစ်လာရင်”
“သူတို့က ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်ကို အသက်သွင်းလိုက်ကြလိမ့်မယ်။ဒါဆို လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံး ပြိုလဲလာလိမ့်မယ်။အရှေ့ပိုင်းဒေသ၊အနောက်ပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသက အရင်ပြိုလဲပျက်စီးပြီး အခြေခံစွမ်းအားအဖြစ်ပြောင်းလဲသွားလိမ့်မယ်။”
“မင်းတို့လည်း အင်မော်တယ်ကမ္ဘာဖန်တီးမယ့်အစီအစဉ်က အတုဆိုတာသိပြီးပြီမလား။ဒါက မူလအစအင်မော်တယ်ဘုရင်ရဲ့ အကြီးမားဆုံး အလိမ်အညာပဲ။သူက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကိုလိုချင်နေတာ။”
“ငါ မူလအစအင်မော်တယ်ဘုရင်မှာ တခြားဘာဝှက်ဖဲတွေရှိသေးလဲဆိုတာမသိဘူး။”
“ဒါပေမယ့်”
“ငါမင်းတို့ကိုပြောနိုင်တာက ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်အပြည့်အဝအသက်ဝင်လာဖို့ တစ်လပဲကျန်တော့တယ်။”
“ငါတို့ပြင်ဆင်ချိန်တစ်လပဲရမယ်။”
“ငါလည်း ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်အပြင် မူလအစအင်မော်တယ်ဘုရင်မှာ တခြားဘာနည်းစနစ်တွေနဲ့ အံ့ဖွယ်စွမ်းအားတွေ စီစဉ်ထားသေးလဲဆိုတာမသိတော့ဘူး။”
“ဒါပေမယ့် ဘာပဲဖြစ်လာဖြစ်လာ ငါတို့ကတိုက်ရမှာပဲ။ငါတို့ပူးပေါင်းပြီး မူလအစအင်မော်တယ်ဘုရင်ကိုတားဆီးရမယ်။အဲ့ဒါကြောင့် ငါတို့ရဲ့ပထမဆုံးအစီအစဉ်က ဗဟိုဒေသကိုဝင်ပြီး ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်ကို ဖျက်ဆီးဖို့ပဲ။”
ကောင်းကင်အရှင်ယင်းနှင့်ကျန်သူများက အတွေးနက်သွားကြသည်။”နားလည်ပြီ။”
“အဲ့ဒါကြောင့် ငါတို့ကအခု တစ်လှေတည်းစီးနေတဲ့သူတွေပဲ။”
“ဟုတ်တယ်။”
“ငါတို့ လုပ်နိုင်သမျှလုပ်ရမယ်။”
ရှဲ့လင်၊လင်းချူးယောင်နှင့်တခြားသူများက ပြောလိုက်သည်။
ကောင်းကင်အရှင်ယင်းနှင့်တခြားသူများ၏နယ်ပယ်က အဆင့်နိမ့်ကမ္ဘာ၏ အကန့်အသတ်ကိုရောက်နေပြီဖြစ်သည်။သူတို့၏တစ်ခုတည်းသော ပန်းတိုင်က အထက်ကမ္ဘာကိုတက်လှမ်းပြီး ထာဝရအသက်ကိုရရန်သာဖြစ်သည်။
ယခုတော့ မူလအစအင်မော်တယ်ဘုရင်က သူတို့၏လွတ်လမ်းကို ဖြတ်တောက်ထားပြီး လျှို့ဝှက်နက်နဲကမ္ဘာနှင့်အထက်ကမ္ဘာ၏ဆက်သွယ်မှုကိုလည်း ဖြတ်တောက်ထားသောကြောင့် ကမ္ဘာတစ်ခုလုံးမှ တက်လှမ်းသူများကို တားဆီးထားသည်။
ကျင့်ကြံသူတစ်ယောက်၏လမ်းစဉ်ကို ဖျက်ဆီးခြင်းက ထိုသူ၏မိဘကိုသတ်ခြင်းနှင့်တူညီသည်။ကောင်းကင်အရှင်ယင်းတို့ကမူလအစအင်မော်တယ်ဘုရင်နှင့် မပြေလည်နိုင်သည့် အမုန်းတရားရှိသွားပြီဖြစ်သည်။
ထို့အပြင်
မူလအစအင်မော်တယ်ဘုရင်၏ပန်းတိုင်က လျှို့ဝှက်နက်နဲကမ္ဘာကို ဝါးမြိုကာ သူ၏မူလခွန်အားကိုပြန်ယူရန်ဖြစ်သည်။သူသည် လျှို့ဝှက်နက်နဲကမ္ဘာကိုဖျက်ဆီးချင်နေတာဖြစ်သည်။ကောင်းကင်အရှင်ယင်းတို့က သဘာဝအတိုင်းလက်မခံနိုင်ပေ။
“စီနီယာ..စီနီယာ”
ကောင်းကင်အရှင်ယင်းကမတ်တပ်ရပ်လိုက်ပြီး ချီမင်ကိုဦးညွှတ်လိုက်သည်။သူ၏အမူအရာကအနည်းငယ် ရှုပ်ထွေးနေသည်။သို့ပေမယ့်အလွန်အမင်းလည်းလေးစားနေသည်။”မူလအစအင်မော်တယ်ဘုရင်က တကယ်အသက်ရှင်နေတာဆိုတော့ ကျွန်တော်တို့ သူ့ကိုဘယ်လိုဖြေရှင်းကြမလဲ။ကျွန်တော်တို့မူလအစအင်မော်တယ်ဘုရင်ကို အနိုင်ယူနိုင်ပါ့မလား။”
“ဟုတ်တယ်။”
“ကျွန်တော်တို့အားလုံးက မူလအစအင်မော်တယ်ဘုရင်ရဲ့အင်မော်တယ်ခန္ဓာကနေ လျှို့ဝှက်နက်နဲကမ္ဘာအဖြစ်ဆင့်ကဲ့ပြောင်းလဲလာတာကို သိထားကြတယ်။မူလအစအင်မော်တယ်ဘုရင်ဆိုတာ လျှို့ဝှက်နက်နဲကမ္ဘာက သက်ရှိအားလုံးရဲ့ဖန်ဆင်းရှင်ပဲ။သူက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကိုဖန်တီးခဲ့တဲ့နတ်ဘုရားမလား။”
“ကျွန်တော်တို့နိုင်ပါ့မလား”
ပတ်ဝန်းကျင်မှာ ယန်လီနှင့်တခြားသူများသည် ချီမင်ကိုကြည့်နေကြ၏။
သူတို့က မူလအစအင်မော်တယ်ဘုရင်နှင့်ရင်ဆိုင်လိုက်ရသည့်အချိန်တုန်းက မနေနိုင်ဘဲကြောက်ရွံ့မှုကိုခံစားလိုက်ရသည်။သူတို့၏နှလုံးသားများက တုန့်ဆိုင်းမှု၊မရေရာမှုနှင့်မလွယ်ကူမှုများ ပြည့်နှက်နေသည်။
မူလအစအင်မော်တယ်ဘုရင်ဆိုတာ အထက်ကမ္ဘာ၏အင်မော်တယ်ဘုရင်ဖြစ်သည်။
ချီမင်က ရှိနေသည့်သူများကို ကြည့်လိုက်သည်။သူ၏အကြည့်ကတည်ငြိမ်လျက် အသံကလည်းယုံကြည်မှုများဖြင့်ပြည့်လျှံနေသည်။”မူလအစအင်မော်တယ်ဘုရင်ကို ငါနဲ့ထားလိုက်”
“ယန်လီရဲ့ညွှန်ကြားချက်ကိုပဲလိုက်နာပြီးကိုယ်ကိစ္စကိုယ်လုပ်ကြ”
“ဒါ...”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့ပါ စီနီယာ”
“စီနီယာက အဲ့ဒီလိုပြောမှတော့ ယုံကြည်မှုရှိလို့ဖြစ်မယ်။”
ကောင်းကင်အရှင်ယင်းနှင့်တခြားသူများက အနည်းငယ်စိတ်သက်သာရာရသွားကြသည်။
အချိန်များ ကုန်ဆုံးသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာ လဝက်ကြာသွားသည်။
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ ဖရိုဖရဲမြင့်မြတ်ခန္ဓာကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ပါတယ်။ပြီးပြည့်စုံခြင်းအဆင့်သို့တိုးတက်သွားပါတယ်။”
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်ကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ပါတယ်။ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိသွားပါပြီ””
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ပါတယ်။ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ရှိသွားပါပြီ””
တင်း!
“ဂုဏ်ပြုပါတယ်လက်ခံသူ...”
အသိပေးချက်များ တစ်ခုပြီးတစ်ခုပေါ်လာသည်။
ချီမင်သည် ဖရိုဖရဲမြင့်မြတ်ခန္ဓာ၊မဟာအံ့ဖွယ်စွမ်းအားနှစ်ခု၊အသေးစားအံ့ဖွယ်စွမ်းအားအမျိုးမျိုးနှင့် တခြားသောစွမ်းရည်များကို လက်ရှိကျင့်ကြံခြင်းအဆင့်၏အကန့်အသတ်ထိကျင့်ကြံလိုက်သည်။
သိပ်မကြာလိုက်ပေမယ့် ချီမင်သည်ဉာဏ်အလင်းပွင့်သည့်အခြေအနေမှနိုးထလာသည်။ကျင့်ကြံခြင်းတွင်အားစိုက်မှုကတစ်ဝက်ဆိုလျှင်ပင် ရလဒ်ကနှစ်ဆဖြစ်တတ်သည်။ မမြင်နိုင်သည့်ကမ္ဘာတွင် ချီမင်သည်လျှို့ဝှက်နက်နဲကမ္ဘာ၏အသိစိတ်ကို ခံစားနိုင်သေးသည်။
ထိုအရာက လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်၏အကူအညီဖြစ်သည်။သူက ချီမင်၏နားလည်နိုင်စွမ်းနှင့်အရည်အချင်းကို အတင်းအကြပ်မြှင်တင်ပေးလိုက်သောကြောင့် သူ့ကိုဉာဏ်အလင်းပွင့်သည့်အခြေအနေကိုဝင်သွားစေသည်။ထို့ကြောင့်ချီမင်က မြန်မြန်ကျင့်ကြံနိုင်ခြင်းဖြစ်သည်။
တစ်နည်းပြောရရင်
လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်က ချီမင်ကိုအကူအညီပေးနေခြင်းဖြစ်သည်။
တခြားတစ်ဖက် ဗဟိုဒေသ...
ဗဟိုနတ်ဘုရားတောင်ထိပ်မှ
လေဟာနယ်အလွှာတွင်...
မူလအစကောင်းကင်ဂူဟု ခေါ်သည့်သီးခြားကမ္ဘာတစ်ခုရှိနေသည်။
ထိုအရာက မူလအစအင်မော်တယ်ဘုရင်တည်ဆောက်ထားသည့် ကောင်းကင်ဂူကမ္ဘာဖြစ်သည်။ထိုအရာက သူပုန်းအောင်နေသည့်နေရာအစစ်လည်းဖြစ်သည်။သူက ထိုကောင်းကင်ဂူတွင် လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်ကိုတိုက်ခိုက်ရင်း ဖိနှိပ်နေတာဖြစ်သည်။
“ကမ္ဘာ့အသိစိတ်”
မူလအစအင်မော်တယ်ဘုရင်သည်တင်ပျဉ်ခွေချိတ်ထိုင်လျက် ခရမ်းရွှေရောင်မြူလှိုင်းတို့မှာ သူ့ကိုဝန်းရံနေသည်။သူရှေ့တွင်တော့ ခပ်မှိန်မှိန်ပုံရိပ်တစ်ခုရှိနေသည်။”တကယ်တော့ ဒါကကောင်းကင်တာအိုရဲ့သန္ဓေသားပုံစံတစ်ခုပဲ။အထက်ကမ္ဘာမှာ ကမ္ဘာတစ်ခုကိုဖန်တီးပြီး ကမ္ဘာအသိစိတ်ကိုမွေးမြူရင်း သူတို့ရဲ့တာအိုကိုပြီးပြည့်စုံစေတဲ့ကျင့်ကြံသူတွေရှိတယ်””