← Chapters

မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်မှ ဗဟိုဒေသသို့တိုက်ခိုက်ခြင်း

Vol. 18 Ch. 265

မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်မှ ဗဟိုဒေသသို့တိုက်ခိုက်ခြင်း

Vol. 18 Ch. 265

တင်း!

“ရှားပါးဝိညာဉ်သားရဲ:ထိုက်ချီလင်းနို့ဘုရင်ဟာ အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ပါတယ်။ကျင့်ကြံခြင်းအဆင့်ရဲ့အကန့်အသတ်သို့ရောက်ရှိသွားပါပြီ။အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကျော်လွှားရန်လွှတ်ပေးချင်ပါသလား။”

တင်း!

“ရှားပါးဝိညာဉ်သားရဲ:ပြင်းထန်ယင်ဘုရင်မဟာ အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ပါတယ်။ကျင့်ကြံခြင်းအဆင့်ရဲ့အကန့်အသတ်သို့ရောက်ရှိသွားပါပြီ။အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကျော်လွှားရန်လွှတ်ပေးချင်ပါသလား။”

တင်း!

“ရှားပါးဝိညာဉ်သားရဲ: သေမင်းဟာ...”

ထိုအချိန်၌ ချီမင်အသိပေးချက်လေးခုလက်ခံရလိုက်သည်။

ချီမင်၏ဝိညာဉ်သားရဲလေးကောင်ဖြစ်သည့်ဟော့ချန်ချင်း၊ယင်လေး၊သေမင်းနှင့်လင်းနို့လေးတို့ကလက်ရှိကျင့်ကြံခြင်းအဆင့်၏အကန့်အသတ်သို့ရောက်ရှိသွားပြီဖြစ်သည်။အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကိုကျော်လွှားနိုင်စွမ်းရှိပြီဖြစ်သည်။

“အချိန်မတန်သေးဘူး။”

ချီမင်သည်ခဏမျှစဉ်းစားလိုက်သည်။”ဟော့ချန်ချင်းတို့ရဲ့အရှိန်အရဆို အတိဒုက္ခတစ်ခုကိုကျော်လွှားဖို့ခုနစ်ရက်ကြမှာ။အတိဒုက္ခက ကိုးခုပါတယ်။”

“သူတို့သာ အတိဒုက္ခကျော်လွှားလိုက်ရင် နှစ်လကနေသုံးလလောက်ထိတော့ကြာမှာပဲ။အဲ့ဒါကြောင့် အခုတော့ခဏလက်လျှော့ထားရမယ်။”

ချီမင်သည် ခေါင်းခါလိုက်သည်။

ရုတ်တရက် ချီမင်သည် လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်၏ သတင်းပို့ချက်ကို ဝိုးတဝါးရရှိလိုက်သည်။လျှို့ဝှက်နက်နဲကမ္ဘာမှာ ဝိညာဉ်သားရဲများမှာ အတိဒုက္ခကျော်လွှားပါက အတိဒုက္ခ၏ခက်ခဲမှုကိုလျှော့ချပေးထားပြီ ချီမင်၏ဝိညာဉ်သားရဲများ အမြန်အဆန် အဆင့်ချိုးဖြတ်ရန် ကူညီပေးမည်ဟုပြောထားသည်။

အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခက မူလကတော့ နှစ်လကနေသုံးလကြာတတ်ပေမယ့် အခုကိုးရက်သာလိုတော့သည်။

ပျော်ရွှင်မှုက ချီမင်၏မျက်နှာပေါ်၌ပေါ်လာသည်။”ဒီလိုဆို ငါဟော့ချန်ချင်းတို့ကို အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကိုကျော်လွှားဖို့ခွင့်ပေးလိုက်တော့မယ်””

ချီမင်က ပြောလိုက်သည်။

သူ့ရှေ့မှာ အလင်းတန်းလေးခုပေါ်လာသည်။ဟော့ချန်ချင်းတို့မှာ ချီမင်၏ရှေ့တွင်ပေါ်လာသည်။

ဟော့ချန်ချင်းနှင့်တခြားသူများက ဦးညွှတ်လိုက်ကြသည်။

ချီမင်သည်ခေါင်းညိတ်လိုက်၏။”မင်းတို့အခုပဲ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကိုကျော်လွှားတော့။လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ရဲ့အကူအညီနဲ့ဆို အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကိုကျော်ဖြတ်ပြီး မဟာယနအဆင့်ကိုတက်လှမ်းလို့တော့ရပြီ။”

“ဟုတ်ကဲ့။”

“ဟုတ်”

ဟော့ချန်ချင်းနှင့်တခြားသူများက ပြန်ဖြေလိုက်ကြသည်။

ဟော့ချန်ချင်းနှင့်တခြားသူများက ကောင်းကင်ကိုခုန်တက်သွားပြီး နက္ခတာရာအလွှာအထဲသို့ဝင်ရောက်လိုက်သည်။သူတို့က ဂိုဏ်းကိုမသက်ရောက်အောင်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း၏အစွန်အဖျားသ်ို့သွားလိုက်သည်။

အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ:ပထမအဆင့်လျှပ်စီးအတိဒုက္ခ

အတိဒုက္ခတိမ်တိုက်ပေါင်း(၈၁)ထပ် ပေါ်လာကာ ခမ်းနားလှပေသည်။ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲမှ လူအားလုံးသတိထားမိသွားကြသည်။

“အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ”

“အတိဒုက္ခကျော်လွှားခြင်းအဆင့်သူတွေက အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကိုကျော်လွှားနေတာပဲ””

“ဒါက...”

“အချိန်မကျသေးဘူး။”

ပတ်ဝန်းကျင်မှ သက်ရှိအားလုံးက ကြည့်လိုက်ကြသည်။

လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်အကူအညီဖြင့်ဆိုလျှင် အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏စွမ်းအားက အများကြီးလျော့ကျသွားသည်။ဟော့ချန်ချင်းနှင့်တခြားသူများက ပထမအဆင့်လျှပ်စီးအတိဒုက္ခကို လွယ်လွယ်ကူကူကျော်ဖြတ်နိုင်လိုက်သည်။

နောက်တစ်နေ့မှာ ဒုတိယအဆင့်အတိဒုက္ခ:ဝိညာဉ်အတိဒုက္ခကို ကျော်လွှားလိုက်ကြသည်။

တတိယနေ့မှာတော့ တတိယအဆင့်အတိဒုက္ခ:စစ်မှန်ဝိညာဉ်အတိဒုက္ခကို ကျော်လွှားနိုင်ခဲ့သည်။

လေးရက်မြောက်နေ့တွင် စတုတ္ထအဆင့်:စိတ်နတ်ဆိုးအတိဒုက္ခကို ကျော်ဖြတ်နိုင်သွားသည်။

ငါးရက်မြောက်နေ့တွင် ပဉ္စမအဆင့်အတိဒုက္ခ: ကမ္မအတိဒုက္ခကို ကျော်ဖြတ်နိုင်လိုက်သည်။

ခြောက်ရက်မြောက်တွင်တော့ ဆဋ္ဌမအဆင့်:ကျိန်စာအတိဒုက္ခကို ကျော်လွှားနိုင်လိုက်သည်။

ခုနစ်ရက်မြောက်နေ့တွင်တော့ သတ္တအဆင့်သက်ရှည်အတိဒုက္ခကို ကျော်ဖြတ်နိုင်သွားသည်။

ရှစ်ရက်မြောက်နေ့တွင်တော့ အဋ္ဌမအဆင့်အတိဒုက္ခ:ကောင်းကင်နှင့်မြေကြီးအတိဒုက္ခကို ကျော်ဖြတ်သွားကြသည်။

ကိုးရက်မြောက်နေ့တွင် နဝမအဆင့်အတိဒုက္ခ:ကံတရားအတိဒုက္ခကို အောင်မြင်သွားသည်။

ဟော့ချန်ချင်းနှင့်တခြားသူများက အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်သွားသည်။သူတို့၏ခန္ဓာကိုယ်များက ပြီးပြည့်စုံသွားပြီး အကန့်အသတ်ကိုရောက်ရှိသွားတော့သည်။ထိုသို့ဖြင့် မဟာယနအဆင့်သိုချိုးဖြတ်သွားတော့သည်။

“ဒါ.....ဒါက”

“ကိုးရက် သူတို့ကိုးရက်ပဲကြာတယ်။အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကိုအောင်မြင်သွားပြီ။”

“ဘုရားရေ....”

“မယုံနိုင်စရာကြီး”

“အရင်က ငါဆိုရင် အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ကျော်ဖြတ်ဖို့နှစ်တစ်ရာသုံးလိုက်ရတယ်။”

“ကွာခြားချက်က ကြီးလွန်းတယ်”

“သူတို့...သူတို့အားလုံးက စီနီယာချီမင်ရဲ့ဝိညာဉ်သားရဲ တွေပဲ။”

“အသက်ရှုတောင်မှားတယ်။”

ထိတ်လန့်ခြင်း!

အလွန်အမင်း ထိတ်လန့်သွားကြတော့သည်။

ယန်လီ၊ရှောင်ဖန်း၊ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှဘိုးဘေးသုံးဦးနှင့် တခြား‌သောမဟာယနအဆင့်ကျွမ်းကျင်သူများမှာ ကြောင်အသွားသည်။

ဟော့ချန်ချင်းနှင့် တခြားသူများ အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခကို ကျော်ဖြတ်သည့်အချိန်က ချီမင့်ထက်တောင်နည်းသည်။ယခင်က ချီမင်သည် အတိဒုက္ခ ပထမရှစ်ဆင့်ကိုကျော်ဖြတ်ခဲ့သည်မှာ လဝက်နီးပါး ကြာသည်။

လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်၏အကူအညီကြောင့် အဆင့်ကိုးကောင်းကင်ကိုးလွှာအတိဒုက္ခ၏ခက်ခဲမှုက အများကြီးလျော့နည်းသွားသည်။ထိုအချက်များကြောင့်သာ ဟော့ချန်ချင်းတို့က မယုံနိုင်စရာကောင်းသည့်အံ့ဖွယ်ကိစ္စကို ဆောင်ရွက်နိုင်သွားသည်ဖြစ်၏။

“ပြန်လာတော့”

‌အတွေးတစ်ချက်ဖြင့် ချီမင်က ဟော့ချန်ချင်းတို့ကို ဝိညာဉ်သားရဲကြီးထွားသည့်နေရာထဲထည့်ပြီး ကြီးထွားစေလိုက်သည်။အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်မှာ နောက်တစ်ရက်တွင်မဟာယနအဆင့်သို့ရောက်ရှိသွားသည်။

ထိုသို့ဖြင့်

ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်လုံးက မဟာယနအဆင့်သို့ရောက်ရှိသွားသည်။

ချီမင်ကိုယ်တိုင်သာ ကံတရားအတိဒုက္ခတောင် မကျော်လွှားရသေးပေ။သူသာ မဟာယနအဆင့်သို့ကျော်ဖြတ်ချင်ပါက လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်ကို အကြွေးပြန်ပေးရဦးမည်ဖြစ်သည်။

ချီမင်က မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပွားကိုဖြေရှင်းပြီးသွားတော့ သူ့ကိုယ်ပေါ်က ကံကြွေးတစ်ပိုင်းတစ်စ ကိုဖြေရှင်းပြီးသွားသည်။သူသာ လျှို့ဝှက်နက်နဲကမ္ဘာ၏အန္တာရာယ်ကို အပြီးဖြေရှင်းပြီးသွားပါက ကံတရားအတိဒုက္ခကိုဖြေရှင်းနိုင်မှာဖြစ်သည်။

ထိုအရာကတော့ မလွယ်ကူပေ။

တစ်ခြားတစ်ဖက်မှာတော့ မူလအစကောင်းကင်ဂူတွင်

မူလအစကောင်းကင်ဂူထဲတွင် ထူထဲသည့်တာအိုစာလုံးများ ပျံ့နှံ့လျက်ရှိသည်။မူလအစအင်မော်တယ်ဘုရင်၏ရှေ့တွင် လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်၏ သရုပ်သဏ္ဍာန် မှုန်ဝါးဝါးပုံရိပ်တစ်ခုပေါ်လာသည်။

“ဖခင်...”

လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်မှဖွဲ့စည်းထားသည့်မှုန်ဝါးဝါးပုံရိပ်မှ အသံလှိုင်းတစ်ခုထွက်ပေါ်လာသည်။”ဘာလို့လဲ။ ဘာလို့အဲ့ဒီလိုလုပ်ရတာလဲ။”

“လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက ငါ့ရဲ့အင်မော်တယ်ခန္ဓာကနေ ဆင့်ကဲပြောင်းလဲလာတာ။လျှို့ဝှက်နက်နဲကမ္ဘာရဲ့အရာအားလုံးက ငါပိုင်တာ။ငါက ငါပိုင်တာကို ပြန်ယူနေရုံပဲ။”

မူလအစအင်မော်တယ်ဘုရင်၏အကြည့်ကအေးစက်နေပြီး နည်းနည်းလေးတောင် မယိမ်းယိုင်သွားပေ။မည့်သည့်သနားညှာတာမှုကိုမှလည်း မပြပေ။”ဒါပေမယ့် လျှို့ဝှက်နက်နဲကမ္ဘာမှာ တာအိုကျင့်ကြံသူတစ်ယောက်မွေးဖွားလာမယ်လို့ ဘယ်တုန်းကမှမမျှော်လင့်ထားဘူး။သူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကိုတောင် နားလည်သွားခဲ့တယ်။”

ခရက်!ခရက်!

မူလအစအင်မော်တယ်ဘုရင်က အေးစက်စွာနှာခေါင်းရှုံလိုက်သည်။သူ့ခန္ဓာကိုယ်မှစည်းမျဉ်းစွမ်းအားများကပျံ့နှံ့ထွက်ပေါ်လာပြီး ချိန်းကြိုးအသွင်ပြောင်းကာ မှုန်ဝါးဝါးပုံရိပ်ကို ရစ်ပတ်လိုက်သည်။”ငါသာ တာအိုကျင့်ကြံသူတစ်ယောက်ဆိုရင် မင်းကိုဝါးမြိုဖို့ ဒီလောက်အားစိုက်နေစရာမလိုဘူး။”

မူလအစအင်မော်တယ်ဘုရင်က သက်ပြင်းချလိုက်သည်။”ဒါပေမယ့် သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကိုရတဲ့အချိန်က အရမ်းနောက်ကျသွားပြီ။ငါက နိယာမကျင့်ကြံသူလမ်းကြောင်းကို လျှောက်ပြီးသွားပြီ။ငါ့အတွက် တာအိုကျင့်ကြံသူလမ်းကြောင်းကို ပြောင်းဖို့မဖြစ်နိုင်တော့ဘူး။”

“အဲ့ဒီအပြင်..”

“ငါ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကိုနားလည်ဆင်ခြင်ခဲ့သေးတယ်။ဒါပေမယ့် သူ့အထဲက နက်နဲမှုတွေကို နားမလည်နိုင်ဘူး။နည်းနည်းလေးတောင် နားမလည်လိုက်ဘူး။”

တာအိုကျင့်ကြံခြင်းဆိုသည်က ပါရမီတစ်ခုပဲဖြစ်သည်။ တာအိုကိုကျင့်ကြံဖို့ပါရမီမရှိပါက တာအိုကျမ်းကို ဘယ်လောက်ကြာကြာနားလည်ဆင်ခြင်ပါစေ တာအိုကျင့်ကြံသူလမ်းကြောင်းကိုလျှောက်လှမ်းဖို့အလွန်ခက်ခဲသည်။

ထို့အပြင် သန့်စင်ခြင်းသုံးပါးတာအိုကျမ်း‌တွင် ကောင်းကင်နှင့်မြေကြီး၏မဟာတာအိုပါဝင်ခြင်းဖြစ်သည်။ကောင်းကင်တာအိုမဟုတ်ပေ။မူလအစအင်မော်တယ်ဘုရင်ကလည်း စည်းမျဉ်းကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းထားသောကြောင့် သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကိုနားလည်ရန်မဖြစ်နိုင်တော့ပေ။

ထိုသည်ကနေကြည့်ရင် သိသာသည်။

ချီမင်သည် မဟာရွှေအမြူတေတာအိုကျမ်းနှင့် သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီနှင့်နားလည်နိုင်ခဲ့သည်မှာ အလွန်ကံကောင်းသည်။

တစ်နည်းဆိုသော်

ချီမင်တွင် တာအိုကိုကျင့်ကြံဖို့ပါရမီပါလာသည်။

“ဖခင်”

လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်ကပြောလိုက်သည်။”ခင်ဗျားရဲ့လုပ်ရပ်အတွက် ပြန်ပေးဆပ်ရမယ်။ခင်ဗျားဒါအတွက်နောင်တရစေရမယ်။”

လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်က ထပ်မံတိတ်ဆိတ်သွားတော့သည်။

“နောင်တ”

မူလအစအင်မော်တယ်ဘုရင်၏ မထူးမခြားနားဖြစ်နေသည်။”မဖြစ်နိုင်ဘူး။”

လက်ရှိအခြေအနေသည် လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်က မူလအစအင်မော်တယ်ဘုရင်ဆီမှာဖိနှပ်ခံနေရပြီး အသာစီးမရပေ။ထိုအရာက အချိန်ကြာကြီးမခံနိုင်လောက်တော့ပေ။လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်သာ လုံးဝရှုံးနိမ့်သွားခဲ့လျှင် မူလအစအင်မော်တယ်ဘုရင်သည် သူ၏အစီအစဉ်ကိုဆောင်ရွက်တော့မည်ဖြစ်သည်။

တစ်နည်းနည်းဖြင့် မမြင်နိုင်သည့်ကမ္ဘာ့ရင်းမြစ်တစ်ခုက အချိန်ကာလရတနာ:ကမ္ဘာတံခါး၏ကိုယ်ထည်အစစ်မှတစ်ဆင့် မူလအစအင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်ထဲသို့ဝင်လာပြီး လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်ကို ဖိနှိပ်ရန် ကူညီပေးနေသည်။

တကယ်တော့

မူလအစအင်မော်တယ်ဘုရင်ပြောခဲ့သည့်အတိုင်း သူသူသာတာအိုကျင့်ကြံသူတစ်ဦးဖြစ်ခဲ့လျှင် ကောင်းကင်တာအိုသန္ဓေသားပုံစံသာရှိ‌သော လျှို့ဝှက်နက်နဲကမ္ဘာ၏သိစိတ်ကို အပြည့်အဝဝါးမြိုနိုင်ပေသည်။

ကံမကောင်းသည်က မူလအစအင်မော်တယ်ဘုရင်သည်တာအိုကျင့်ကြံသူတစ်ဦးမဟုတ်ပေ။သူက စည်းမျဉ်းကျင့်ကြံခြင်းလမ်းကြောင်းကိုသာလျှောက်လှမ်းသည်။ထို့ကြောင့် ထိုသို့လုပ်ရန်မဖြစ်နိုင်ပေ။

စည်းမျဉ်းကျင့်ကြံခြင်းနှင့်ကောင်းကင်တာအိုကျင့်ကြံခြင်းသည် တစ်ဆင့်သာကွာခြားသော်လည်း ထိုကွားခြားချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ဖြစ်သည်။သူတို့က တူညီသည့်အဆင့်၌မဟုတ်ပေ။

ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်

ချီမင်သည်ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှလျှောက်ထွက်လာသည်။သူက တစ်နည်းနည်းဖြင့်လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်၏အခြေအနေကို အာရုံခံနိုင်နေသည်။”အချိန်သိပ်မကျန်တော့ဘူး။”

ရှောင်ဖန်းနှင့်ယန်လီက လေထုကိုဖြတ်သန်းလာသည်။

သူတို့က ချီမင်ရှေ့တွင် ရပ်တန့်လိုက်ကြသည်။

“ပြင်ဆင်တာ အခြေအနေဘယ်လိုလဲ။”

“ပြီးနေပါပြီ။”

ယန်လီနှင့်ရှောင်ဖန်းကတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောသည်။”ကောင်းကင်အရှင်ယင်းနဲ့တခြားသူတွေက မူလအစအင်မော်တယ်ဘုရင်အကြောင်းကို တစ်ကမ္ဘာလုံးမှာကြေညာပြီးပြီ။သူတို့က လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးရဲ့စွမ်းအားကိုစုစည်းပြီးသွားပြီ။”

“အခု မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်က စုဝေးနေကြပြီ။စီနီယာရဲ့အမိန့်ကိုရရင် ဗဟိုဒေသကို တိုက်လို့ရပါပြီ။”

ချီမင်ကခေါင်းညိတ်လိုက်သည်။”ဒီလိုဆို ကောင်းကင်အရှင်ယင်းနဲ့တခြားသူတွေကို အသိပေးလိုက်တော့။နောက်သုံးရက်နေရင် မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်က ဗဟိုဒေသကို ဂိတ်တံခါးကြီးလေးခုကနေ‌တိုက်ခိုက်မယ်။”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့”

ယန်လီနှင့်ရှောင်ဖန်းက တစ်ပြိုင်နက်ပြန်ဖြေလိုက်သည်။

အချိန်ကုန်ဆုံးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားသည်။

ယနေ့မှာတော့

လျှို့ဝှက်နက်နဲကမ္ဘာဒေသလေးခုမှမျိုးနွယ်ငါးစုမဟာမိတ်စစ်တပ်သည် စုဝေးနေကြသည်။အထွတ်အထိပ်ဖြစ်တည်မှုငါးဦး၏ဦးဆောင်မှုအောက်တွင် မဟာမိတ်တပ်က ဗဟိုဒေသ၏ကောင်းကင်တံခါးလေးဖက်ကို တိုက်ခိုက်မှာဖြစ်သည်။

လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက တင်းမာသည့်အခြေအနေသို့ဝင်ရောက်နေသည်။

အဆုံးမဲ့သတ်ဖြတ်လိုစိတ်များက ကမ္ဘာတစ်ခုလုံးတွင် လိမ့်တက်နေသည်။

ထိုအချိန်တွင် ချီမင်ကလက်နှစ်ဖက်ကိုနောက်ပစ်ထားကာ ရပ်နေသည်။သူ့ဘေးမှာ ဝိညာဉ်သားရဲခြောက်ကောင်က ဝန်းရံနေသည်။ထို့အပြင် ကြာပန်းနက်၊ယန်လီနှင့် ရှောင်ဖန်းတို့ကလည်း ဘေးမှာရပ်နေသည်။

ချီမင်၏နောက်မှာ မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်တစ်စုလည်းရှိသည်။

သူတို့က ဗဟိုဒေသ၏တောင်ပိုင်း‌ကောင်းကင်တံခါးကိုတိုက်ခိုက်မှာဖြစ်သည်။

All Chapters