စစ်ပွဲပေါ်ပေါက်လာပြီ။ငါတို့ရှုံးသွားပြီလား
Vol. 18 Ch. 266
ဗဟိုဒေသ တောင်ဘက်ကောင်းကင်တံခါး၏အပြင်ဘက်တွင် ချီမင်သည် တည်ငြိမ်စွာ ကြည့်နေသည်။ ကောင်းကင်ယံ၌ဝဲပျံနေသည့်အလွန်အမင်းခမ်းနားကြီးကျယ်သည့်ဂိတ်တံခါးကို မြင်ရတာဒုတိယမြောက်အကြိမ်ဖြစ်၏။
အင်မော်တယ်တို့က လွန်ခဲ့သည့်ဆယ်နှစ်မှစပြီး အင်အားအပြည့်တိုက်ခိုက်လာသည်။မြိုအရှင် (၁၂၉,၆၀၀)၏ဦး ဆောင်မှုနှင့် အင်မော်တယ်စစ်တပ်သည်အတူကောင်းကင်တံခါးလေးဖက်ကိုဖွင့်လှစ်ကာ ဒေသလေးခုကို တိုက်ခိုက်လာတော့၏။
ဆယ်နှစ်ကျော်ကြာရှည်ကြာသည့်စစ်ပွဲရှည်ကြီးတစ်ခုက စတင်ခဲ့ပြီဖြစ်သည်။
ထိုတိုက်ပွဲတွင် အင်မော်တယ်များမှာအသာစီးရကာ မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်မှာတော့ အရေးနိမ်နေခဲ့သည်။
ယနေ့မှာတော့ ချီမင်၏ဦးဆောင်မှုအောက်တွင် မျိုးနွယ်ငါးခုစစ်တပ်မှာ အပြည့်အဝပူးပေါင်းကာ အရပ်လေးမျက်နှာ မဟာမိတ်စစ်တပ်ကိုဖွဲ့စည်းခဲ့သည်။တစ်ချိန်တည်းမှာပင် ဗဟိုဒေသကိုတိုက်ခိုက်ခဲ့သည်။
“တိုက်ခိုက်!”
ချီမင်သည် ညာဘက်လက်ကိုယမ်းကာ အမိန့်ပေးလိုက်သည်။
ယန်လီနှင့်ရှောင်ဖန်းတို့၏အကြည့်များက အေးစက်သွားကြသည်။
“တိုက်!”
“တိုက်ခိုက်!”
“တိုက်”
“ဗဟိုဒေသကို ဝင်ရောက်တိုက်ခိုက်ကြ”
“တောင်ပိုင်းကောင်းကင်တံခါးကို ဖျက်ဆီးကြ”
ချက်ချင်းပင် ထိတ်လန့်တကြားအော်ဟစ်သံများထွက်ပေါ်လာသည်။စုစုပေါင်းမဟာယနအဆင့်ကျွမ်းကျင်သူ(၄၀)က မျိုးနွယ်စုမဟာမိတ်စစ်တပ်ကို ဦးဆောင်ကာ တောင်ပိုင်းကောင်းကင်တံခါးကို တရမ်းကြမ်းထိုးဝင်တိုက်ခိုက်တော့သည်။
ထိုအချိန်တွင် အင်မော်တယ်များသည်လည်း မျိုးနွယ်တစ်ခုလုံး၏စွမ်းအားကို စုစည်းပြီးပြီဖြစ်သည်။တောင်ပိုင်းကောင်းကင်တံခါး၏ပတ်လည်တွင် တောင်ဘက်ပိုင်းကိုတာဝန်ကျသော ကြီးမားသည့်အင်မော်တယ်စစ်တပ်ပေါ်လာသည်။ထိုစစ်တပ်ကို အင်မော်တယ်ဘုရင်လေးဆယ်က ဦးဆောင်လာသည်။
စစ်ပွဲက ထွက်ပေါ်လာသည်။
တစ်လအတွင်းမှာပဲ မျိုးနွယ်ငါးခုသည် ပူးပေါင်းကာ စုစုပေါင်းသန်းတစ်ထောင်ရှိသည့် ကျင့်ကြံသူစစ်တပ်ကို ဖွဲ့စည်းနိုင်ခဲ့သည်။ထိုနောက် အကြမ်းဖျင်းလေးဖွဲ့ခွဲလိုက်သည်။တပ်ခွဲတစ်ခုစီမှာ စုစုပေါင်းကျင့်ကြံသူတပ်သားသန်း(၂၅၀)ပါ၏။ချီမင်သည်လည်း တပ်စုသန်း(၂၅၀)ပါဝင်သော မဟာမိတ်စစ်တပ်ကိုဦးဆောင်ရသည်။သူတို့၏အင်အားကုန်စုစည်းထားသည်ဟုပင်ပြောနိုင်သည်။
စစ်ပွဲက ပြင်းထန်လာခဲ့သည်။
အဝေးကနေကြည့်လိုက်လျှင် တောင်ပိုင်းကောင်းကင်တံခါးကို ဗဟိုပြုပြီး စစ်မြေပြင်တစ်ခုပေါ်လာသည်။စစ်ပွဲမှာ အလွန်အမင်းကြီးမားလျက် မီတာထောင်ကျော်သို့မဟုတ်မိုင်တစ်သောင်းကျော် ရှိသည်။ရှောင်ဖန်းနှင့်ယန်လီအပြင် မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျွမ်းကျင်သူ(၄၀)သည် အင်မော်တယ်ဘုရင်(၄၀)နှင့်တိုက်ခိုက်နေသည်။သူတို့က အကြိမ်ကြိမ်တိုက်ခိုက်နေပြီး လေဟာနယ်အထဲသို့ဝင်ကာ တိုက်ခိုက်တော့သည်။
စစ်မြေပြင်နားမှ ကောင်းကင်နှင့်မြေကြီးတွင် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသည်။ကပ်ဘေးချီသည် လည်ပတ်လာသည်နှင့်အမျှစွမ်းအင်များပျက်စီးလာလျက် ဝိညာဉ်ချီများထိုးတက်လာကာ မရေမတွက်နိုင်သည့် မြင်ကွင်အမျိုးမျိုးဖြစ်ပေါ်လာသည်။ကောင်းကင်ကြီးပြိုကျကာ မြေကြီးမှာနှစ်ခြမ်းကွဲလျက် နေနှင့်လပင် အရောင်မှိန်သွားတော့၏။
တစ်ဦးပြီးတစ်ဦးသေဆုံးကာ မြေပြင်ပေါ်တွင် အလောင်းများတဖြည်းဖြည်းများလာသည်။
ဝမ်းနည်ဖွယ်ကောင်းလာသည်။
ပိုပြီးအရေးကြီးသည်က
မဟာမိတ်စစ်တပ်မှမျိုးနွယ်ငါးခုဖြစ်စေ အင်မော်တယ်တို့ဖြစ်စေ အလောင်းများ ပုံလာသည်။ထိုအလောင်းများ၏အနှစ်သာရ၊စွမ်းအင်နှင့်ဝိညာဉ်တို့မှာ မမြင်နိုင်သည့်အင်အားတစ်ခု၏စုပ်ယူခြင်းကိုခံလိုက်ရသည်။ဘယ်သူ့ဆီမှစုပ်ယူခံနေရသလဲဆိုတာ ဘယ်သူမှမသိနိုင်ပေ။ချီမင်သည် လျှို့ဝှက်နက်နဲကမ္ဘာမှထွက်ခွာပြီးနှစ်တစ်ထောင်ကြာပြီးနောက် ထိုအတောအတွင်း အင်မော်တယ်များမှာပိုပြီးသန်မာလာ၏။မူလအစအင်မော်တယ်ဘုရင်၏အကူအညီဖြင့် အင်မော်တယ်ဘုရင်(၅၈)ပါး တိုးတက်လာသည်။
အင်မော်တယ်ဘုရင်သည်(၁၀၈)ပါးသာမဟုတ်တော့ပေ။သို့ပေမယ့် ချီမင်၏လက်ထဲတွင်တော့ ၆ဦးမှာသေဆုံးသွားပြီဖြစ်သည်။
ထိုကြောင့် (၁၆၀)သာကျန်တော့သည်။
သည်တစ်ကြိမ်တွင်တော့ အင်မော်တယ်များသည် အင်အားကုန်ထုတ်သုံးလာသည်။အင်မော်တယ်ဘုရင်အားလုံး တိုက်ပွဲတွင်ပါဝင်လာကြသည်။သူတို့ကလည်း အင်အားကိုလေးပိုင်းခွဲကာ မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်ကို ကောင်းကင်တံခါးလေးခုမှ တိုက်ခိုက်သည်။
အရှေ့ပိုင်းကောင်းကင်တံခါး
ကောင်းကင်အရှင်ယင်းသည် မဟာမိတ်စစ်တပ်ကိုဦးဆောင်လျက်ရှိသည်။စုစုပေါင်းစစ်သားသန်း(၂၅၀)ထိရှိသည်။ကောင်းကင်အရှင်ယင်းအပါအဝင် မျိုးနွယ်ငါးခုမှမဟာယနအဆင့်ကျွမ်းကျင်သူ (၃၉)ယောက်ရှိသည်။အင်မော်တယ်တယ်စစ်တပ်ဖက်တွင်လည်း အရှေ့ပိုင်းကောင်းကင်တံခါးကို အင်မော်တယ်ဘုရင်(၃၉)ပါး စောင့်ကြပ်နေသည်။
အနောက်ပိုင်းကောင်းကင်တံခါး
တစ်ဖက်ကောင်းကင်တံခါးတွင်တော့ လင်းချင်းယောင်သည် မဟာမိတ်စစ်တပ်ကို ဦးဆောင်နေသည်။စစ်အင်အားမှာသန်း(၂၅၀)ရှိကာ လင်းချင်းယောင်အပါအဝင် မဟာယနအဆင့်ကျွမ်းကျင်သူ(၃၉)ယောက်ရှိသည်။
အနောက်ပိုင်းကောင်းကင်တံခါးတွင်လည်း အင်မော်တယ်ဘုရင်(၃၉)ပါးစေလွှတ်ထားသည်။
မြောက်ပိုင်းကောင်းကင်တံခါး
နတ်ဘုရားမျိုးနွယ်နှင့်မိစ္ဆာမျိုးနွယ် အထွတ်အထိတ်ဖြစ်တည်မှု ရှဲ့လင်နှင့်ဝေ့ဝူရှန်တို့မှ ဦးဆောင်သည်။စုစုပေါင်း စစ်အင်အားမှာ သန်း(၂၅၀)ရှိကာ သူတို့အပါအဝင် မဟာယနအဆင့်ကျွမ်းကျင်သူ(၃၉)ဦးရှိသည်။
မြောက်ပိုင်းကောင်းကင်တံခါးတွင်လည်း အင်မော်တယ်ဘုရင်(၃၉)ပါးရှိသည်။
စစ်မြေပြင်တွင် တိုက်ပွဲကစတင်နေခဲ့ပြီဖြစ်သည်။
ကောင်းကင်တံခါးလေးဖက်မှစစ်မြေပြင်အခြေအရဆိုလျှင် အင်မော်တယ်များသည်လည်း မဟာမိတ်စစ်တပ်၏ လှုပ်ရှားမှုကို ကြိုတင်သိထားပုံရသည်။ထို့ကြောင့်လည်း သူတို့က ကောင်းကင်တံခါးလေးခုကိုကာကွယ်ဖို့ အင်မော်တယ်စစ်တပ်နှင့်အင်မော်တယ်ဘုရင်အရေအတွက်ကို တိကျစွာပြန်လွှတ်နိုင်ခြင်းဖြစ်သည်။
အသန်မာဆုံးအင်မော်တယ်ဘုရင်သုံးပါးသည်တော့ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင် ကိုစောင့်ကြပ်နေကြသည်။
လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးသည် တိုက်ပွဲအလယ်သို့ကျရောက်နေသည်။
တိုက်ပွဲအလီလီက ဆက်လက်ဖြစ်ပွားနေသည်။
ထိုတိုက်ပွဲများက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည်။ကျင့်ကြံသူများအတွက် ဘေးအန္တာရယ်ဟုဆိုရလျှင် သေမျိုးလူသားများအတွက်သည်တော့ ကပ်ဆိုးကြီးဖြစ်၏။
ပြင်းထန်ကြမ်းကြုတ်သည့်မြင်ကွင်းမျိုးပေါ်လာသည်။
ချီမင်က သူ့အကြည့်ကိုပြန်ခွာလိုက်သည်။သူကမတိုက်ခိုက်သေးပေ။တိုက်ခိုက်ဖို့လည်း အချိန်မကျသေးပေ။သူက အလောင်းများ၏အနှစ်သာရစွမ်းအင်တို့ကို စုပ်ယူနေသည့်အားတစ်ခုကို တွေ့သွားသည်။”ဒါဆိုရင် ဒါကမင်းလိုချင်တာလား။လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို စစ်ဖြစ်ပြီး ဖရိုဖရဲဖြစ်စေချင်တာလား။”
“စစ်ပွဲထဲမှာ သက်ရှိသန်းပေါင်းများစွာသေရလိမ့်မယ်။အဲ့ဒီ သေသွားတဲ့သက်ရှိတွေရဲ့အနှစ်သာရစွမ်းအင်အပါအဝင် အရာအားလုံးကိုစုပ်ယူပြီး အထွတ်အထိပ်စွမ်းအားပြန်ရအောင် အခြေခံအနေနဲ့သုံးချင်နေတာပဲ။”
ခရက်!ခရက်!
ချီမင်သည်လက်မြှောက်ကာ မယုံနိုင်လောက်အောင်ခမ်းနားသည့်တောင်ပိုင်းကောင်းကင်တံခါးကို ရိုက်ချလိုက်သည်။များပြားသည့်ဓမ္မစွမ်းအားမှာ ပေါက်ကွဲထွက်လာပြီး အဆုံးမဲ့စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။သူ၏လက်ဖဝါးမှာ ကြီးမားလာပြီးကောင်းကင်ကိုပင်ဖုံးလွှမ်းသွားသည်။ တောင်ပိုင်း ကောင်းကင်တံခါးကို အတင်းအကြပ် ခြေမွလိုက်သည်။ကောင်းကင်လက်ဖဝါး ကျရောက်လာသည့်အလားပင်။
ကောင်းကင်ပြိုကျသွားသည့်ပမာ ပေါက်ကွဲသံကျယ်ကြီးထွက်ပေါ်လာသည်။ချီမင်၏လက်ဖဝါးကြောင့် တောင်ပိုင်းကောင်းကင်တံခါးမှာ ပျက်စီးသွားတော့သည်။
အရာအားလုံးမှာ ဖျက်ဆီးခံလိုက်ရတော့သည်။သူက တောင်ပိုင်းကောင်းကင်တံခါးကိုဖျက်ဆီးလိုက်သည့်အပြင် ဗဟိုဒေသတစ်ခုလုံးကိုဖုံးအုပ်ထားသည့်ကောင်းကင်နှင့်မြေကြီးအထူးအစီအရင်ကိုပါ ဖျက်ဆီးလိုက်တော့သည်။အစီအရင်မှာတဖြည်းဖြည်း အက်ကွဲလာသည်။
ခရက်!ခရက်!
တောင်ဘက်တံခါး၌ အက်ကွဲရာများ ပျံ့နှံ့လာသည်။
“ဟ သွားပြီ။”
“တောင်ပိုင်းကောင်းကင်တံခါး ပျက်စီးနေပြီ။”
“သေလိုက်ပါတော့”
“ချီမင်ပဲ။အဲ့ဒါချီမင်ပဲ။”
“ချီမင်တိုက်ခိုက်လိုက်တာ။”
“တောင်ပိုင်းကောင်းကင်တံခါးကပျက်စီးနေပြီ။အင်မော်တယ်စစ်တပ်ကလည်း ပြန့်ကျဲ့သွားပြီ။တခြားကောင်းကင်တံခါးသုံးခုကလည်း ကြာရှည်မခံနိုင်လောက်တော့ဘူး။”
တောင်ပိုင်းကောင်းကင်တံခါးပတ်လည်တွင် အင်မော်တယ်ဘုရင်များမှာ ထိတ်လန့်သွားကြသည်။သူတို့က ချီမင်၏လုပ်ရပ်ကို ကြောက်လန့်တကြားကြည့်နေကြသည်။
“ဟားဟားဟား...”
“အင်မော်တယ်တွေ မင်းတို့တော့ ကိစ္စပြတ်ပြီ။”
“စီနီယာချီရဲ့ တိုက်ခိုက်မှုကို ခုခံကြစမ်းပါ။မင်းတို့ရဲ့ တောင်ပိုင်းကောင်းကင်တံခါးကတော့ ပျော့ဖတ်နေတာပဲ။”
“မင်းတို့တော့ သွားပြီ။”
မဟာယနအဆင့်ကျွမ်းကျင်သူများမှာ အလွန်အမင်းအံ့သြသွားလျက် ကျယ်လောင်စွာရယ်မောလိုက်ကြသည်။အချိန်တို့မှာ ကုန်ဆုံးလာသည်။
သိပ်မကြာလိုက်ခင်မှာပဲ ဗဟိုဒေသ၏အစီအရင်မှာ ပြိုကွဲသွားတော့သည်။ကောင်းကင်နှင့်မြေကြီးအထူးအစီအရင်မှာလည်းပြိုကွဲသွားသောကြောင့် အရှေ့၊အနောက်၊မြောက်ဘက်တို့မှကောင်းကင်တံခါးမှာလည်း ပျက်စီးသွားတော့သည်။
ထို့သို့ဖြင့် အင်မော်တယ်တို့၏ချိတ်စည်းမှာ ပြိုကွဲသွားတော့သည်။
မယုံနိုင်စရာကောင်းသည့် အရာဖြစ်ပွားလာသည်။
ဗဟိုဒေသ၏အစီအရင်မှာ ပျက်စီးသွားသော်လည်း ကောင်းကင်နှင့်မြေကြီး၏အဆုံးမဲ့ဝိညာဉ်ချီစွမ်းအင်တို့မှာ ဒေသလေးခုသို့စီးဆင်းမလာပေ။
ထိုကိစ္စက...
ဗဟိုဒေသမှ ကောင်းကင်နှင့်မြေကြီးဝိညာဉ်ချီမှာ မမြင်နိုင်သည့်အင်အားတစ်ခုက တားဆီးထားသည့်အလားပင်။ထို့ကြောင့် ဗဟိုဒေသ၏ကောင်းကင်နှင့်မြေကြီးဝိညာဉ်ချီမှာ ဒေသလေးခုကို အလွန်အမင်းမုန်းတီးနေပုံရသည်။ကြည့်ရသည်မှာ အသိစိတ်ဝင်လာပြီး ဒေသလေးခုကို ရှောင်ကြည်နေသည့်အလားပင်။
“ဘယ်လိုတောင်”
“ဒါက...”
“ကောင်းကင်နှင့်မြေကြီးအစီအရင်က မပျက်စီးသေးဘူးလား။ဘာလို့ဝိညာဉ်ချီတွေက ဗဟိုဒေသမှာပဲရှိနေသေးတာလဲ။ဘာလို့ဒေသလေးခုကို မစီးဝင်သေးတာလဲ။”
“ဘာလို့လဲ။”
ရှောင်ဖန်းနှင့်တခြားသူများမှာ မေးခွန်းများနှင့်ပြည့်နှက်သွားသည်။
ယန်လီသည် သက်ပြင်းချလိုက်သည်။သူက စုချင်းယင်ကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်။”မင်းက တောင်ပိုင်းဒေသရဲ့ နတ်ဘုရားတောင်အရင်းအမြစ် နောက်ဆုံဆယ်ရာခိုင်နှုန်းကနေ ဖွဲ့တည်လာတာပဲ။ဘာလို့လဲဆိုတာ သိလား။”
“ကျွန်မ..ကျွန်မ”
စုချင်းယင်၏အကြည့်ကဖျော့တော့သွားတော့သည်။သူမ၏လှပသည့်မျက်နှာလေးမှာ သွေးစုပ်ဖြူလျော်သွားတော့၏။”ဆရာ...ဆရာ..ဘာလို့...ဘာလို့လဲဆိုတော့ လျှို့ဝှက်နက်နဲကမ္ဘာက မူလအစအင်မော်တယ်ဘုရင်ဆီမှာ အပြတ်အသတ်ဖိနှိပ်ခံလိုက်ရလို့ပါ။”
“အခုကစပြီး မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာရဲ့အရှင်ဖြစ်သွားပြီ။သူက လျှို့ဝှက်နက်နဲကမ္ဘာရဲ့အသိစိတ်ဖြစ်သလို ကောင်းကင်တာအိုလည်းဖြစ်သွားပြီ။အဲ့ဒါကြောင့် ကောင်းကင်နဲ့မြေကြီးကြားက ဝိညာဉ်ချီက မူလအစအင်မော်တယ်ဘုရင်ရဲ့စကားကိုပဲနားထောင်နေပြီ။”
“ဆရာ....ဆရာ”
စုချင်းယင်၏မျက်လုံးများမှာ မလိုလားမှုများပြည့်နှက်လာသည်။သူမ၏တစ်ကိုယ်လုံးကပျော့ခွေ့သွားသည်။”ကျွန်မ...ကျွန်မတို့ရှုံးပြီ။ကျွန်မတို့ရှုံးသွားပြီ။အခွင့်အရေးမရှိတော့ဘူး။”
“မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာရဲ့ကောင်းကင်တာအိုဖြစ်လာတာလား။ကျွန်မတို့ ကောင်းကင်ကိုဘယ်လိုမျိုးဆိုလွန်ဆန်နိုင်မှာလဲ။မူလအစအင်မော်တယ်ဘုရင်က ကျွန်မရဲ့ခန္ဓာကိုယ်ထဲက တောင်ပိုင်းဒေသနတ်ဘုရားတောင်အရင်းအမြစ်ဆယ်ရာခိုင်နှုန်းကို အသာအယာလေးယူသွားပြီ။”
“မင်း ဘာပြောလိုက်တာလဲ။”
ယန်လီက ထိတ်လန့်တကြားမေးလိုက်တော့သည်။အလွန်အမင်းထိတ်လန့်မှုများနှင့်မယုံကြည်မှုများပြည့်လွှမ်းလျက် သူ၏မျက်နှာမှာလည်း ဖျော့တော့သွားတော့သည်။”ဘယ်လိုဖြစ်နိုင်မှာလဲ။ဒါလုံးဝ မဖြစ်နိုင်ဘူး။”
“စီနီယာချီ...”
ယန်လီနှင့်ရှောင်ဖန်းက ချီမင်ကိုလှမ်းကြည့်လိုက်တော့သည်။
အခြေအနေကပြောင်းလဲသွားတော့သည်။
ဗဟိုနတ်ဘုရားတောင်။
မူလအစကောင်းကင်ဂူ၏ထိပ်တွင်
“ဟားဟားဟား...”
မူလအစအင်မော်တယ်ဘုရင်သည် မျက်လုံးဖွင့်လိုက်ပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။သူ၏ရှေ့တွင် လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်မှဖွဲ့စည်းထားသည့် မှုန်ဝါးဝါးပုံရိပ်မှာ မူလအစအင်မော်တယ်ဘုရင်၏ချိန်းကြိုးများကြားတွင် စည်းခတ်ခံလိုက်ရသည်။
မူလအစအင်မော်တယ်ဘုရင်သည် လျှို့ဝှက်နက်နဲကမ္ဘာ့သိစိတ်ကို အပြည့်အဝဖိနှိပ်နိုင်သွားပြီဖြစ်သည်။
“ငါ အောင်မြင်သွားပြီ။”
မူလအစအင်မော်တယ်ဘုရင်က အလွန်အမင်းစိတ်လှုပ်ရှားသွားတော့သည်။သူက အပြင်ကမ္ဘာ၏အခြေအနေကို ချက်ချင်းသိလိုက်ရသည်။သူက နှာခေါင်းရှုံလိုက်သည်။”မျိုးနွယ်ငါးခုက ပူးပေါင်းပြီး ဗဟိုဒေသကိုတိုက်ခိုက်နေတာပဲ။”
“ရယ်ဖို့ကောင်းတဲ့လုပ်ရပ်ပဲ။”
“ဒါပေမယ့် ကိစ္စမရှိဘူး။ငါမင်းတို့ အချင်းချင်းသတ်ခွင့်ပေးမယ်။အင်မော်တယ်ဖြစ်ဖြစ် မျိုးနွယ်ငါးခုဖြစ်ဖြစ် ဘယ်သူသေသေ သူတို့ရဲ့စွမ်းအားက ငါ့အပြည့်အဝပြန်ကောင်းလာဖို့အတွက်ပဲ။”
မူလအစအင်မော်တယ်ဘုရင်က တွေးမိသွားသည်။”မင်းကတော့ သေရမယ်။မင်းက အခုတစ်ခုတည်းသော မသိကိန်းဖြစ်သွားပြီ။”
ဘုန်း!
ထိုအချိန်တွင် ကောင်းကင်ယံမှစစ်မြေပြင်၌ ကောင်းကင်အသွင်ပြောင်းခြင်းပေါ်ပေါက်လာသည်။အဆုံးမဲ့ကောင်းကင်နှင့်မြေကြီး၏ကပ်ဘေးချီများ စုဝေးလာသည်။ကောင်းကင်ယံမှာ မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာ၏အသိစိတ်အဖြစ်ပြောင်းလဲသွားသောကြောင့် ကောင်းကင်တာအို၏စွမ်းအားကို ပြသလိုက်တော့သည်။