← Chapters

ကောင်းကင်ကိုလွန်ဆန်ခြင်း

Vol. 18 Ch. 267

ကောင်းကင်ကိုလွန်ဆန်ခြင်း

Vol. 18 Ch. 267

ချီမင်သည် ခေါင်းမော့ကာ ကောင်းကင်ကိုကြည့်လိုက်သည်။ ထိုကဲ့သို့အရှိန်အဝါမျိုးနှင့်စွမ်းအားကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းမဟုတ်ပေ။သူ မဟာယိုယွင်းကမ္ဘာ၌ရှိနေသည့်အချိန်တုန်းကလည်း မဟာယိုယွင်းကမ္ဘာ၏အသိစိတ်က အသက်ဝင်လာကာ အစွမ်းပြဖူးသည်။

ထိုအရာက ကောင်းကင်တာအို၏စွမ်းအားဖြစ်သည်။

အဆင့်နိမ့်ကမ္ဘာအသိစိတ်သည် ကောင်းကင်တာအို၏ သန္ဓေသားပုံစံဖြစ်သည်။

အထက်ကမ္ဘာမှာ တာအိုကျင့်ကြံသူများသည် သူတို့၏ကိုယ်ပိုင်အင်အားကိုအသုံးပြုကာ ကမ္ဘာအစစ်ကို ဖန်တီးနိုင်သည်။ကမ္ဘာ့သိစိတ်ကို မွေးမြူကာ ကောင်းကင်တာအို‌သန္ဓေသားကိုပျိုးထောင်ပြီး ကမ္ဘာအဖြစ်တဖြည်းဖြည်းမွေးမြူနိုင်သည်။

ထိုအချိန်တွင် တာအိုကျင့်ကြံသူများမှာ ကမ္ဘာ့သိစိတ်ကို ဝါးမြိုကာ ကိုယ်ပိုင်အင်အားကိုတိုးတက်အောင်လုပ်နိုင်သည်။ကောင်းကင်တာအိုကို ကိုယ်တိုင်နားလည်ဆင်ခြင်ကာ တိုးတက်အောင်လုပ်နိုင်သည်။

ယခု မူလအစအင်မော်တယ်ဘုရင်သည် လျှို့ဝှက်နက်နဲကမ္ဘာအသိစိတ်ကို ဖိနှိပ်ထားသည်။သူက လျှို့ဝှက်နက်နဲကမ္ဘာ၏အသိစိတ်ကိုဖမ်းဆုတ်ကာ ကောင်းကင်တာအိုကိုနားလည်သွားသောကြောင့် သူ့အပိုင်ဖြစ်သွားသည်။

ထိုအရာသည် လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးသည် မူလအစအင်မော်တယ်ဘုရင်၏အင်မော်တယ်ခန္ဓာမှဖြစ်တည်လာသောကြောင့်ဖြစ်သည်။ထို့ကြောင့် မူလအစအင်မော်တယ်ဘုရင်သည် လျှို့ဝှက်နက်နဲကမ္ဘာ၏လုပ်ပိုင်ခွင့်ကို သိမ်းပိုက်နိုင်တာဖြစ်သည်။

တခြားသူတစ်ယောက်သာဆိုပါက မလွယ်ကူပေ။မဖြစ်နိုင်လုနီးပါးဟုဆိုရမည်။

ထိုသို့ဖြင့် မူလအစအင်မော်တယ်ဘုရင်၏အင်အားက သဘာဝအတိုင်းတိုးတက်သွားတော့သည်။ မူလအစအင်မော်တယ်ဘုရင်၏လက်ရှိကျင့်ကြံခြင်းအခြေအနေကို ကောင်းကင်တာအိုနှင့်နှိုင်းယှဉ်ဖော်ပြလို့ရသည်။ချီမင်သည် အလွန်အမင်းတည်ငြိမ်နေသည်။ကောင်းကင်နှင့်ရင်ဆိုင်နေရလျှင်ပင် ကြောက်ရွံ့မသွားပေ။”ကြည့်ရတာ လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်က မင်းဆီမှာ လုံးဝဖိနှိပ်ခံလိုက်ရပြီထင်တယ်။”

“ဒါ့အပြင်....”

“မင်းက လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ရဲ့စွမ်းအားကိုယူသုံးနိုင်သွားပြီပဲ””

“မင်းငါ့ကို သတ်ချင်သေးလား!”

ဒေါသတကြီးအော်သံတစ်ခုထွက်ပေါ်လာသည်။

ကောင်းကင်တာအို၏စွမ်းအားက စုဝေးလာသည်။

ခရက်!ခရက်!

ကောင်းကင်နှင့်မြေကြီးကပ်ဘေးချီက တိုးဝေ့ထွက်ပေါ်လာပြီး စုစည်းလာသည်။ကောင်းကင်မှာ ဖြစ်စဉ်အမျိုးမျိုးဖြစ်ပေါ်လာသည်။

အလယ်ဗဟိုမှာ ကောင်းကင်မျက်လုံးများက ဖြည်းညှင်းစွာပွင့်လာသည်။

ထိုအရာက မျက်လုံးတစ်လုံးတည်းမဟုတ်ပေ။

တစ်စုံလုံးဖြစ်သည်။

မြင့်မြတ်မှု၊နှလုံးသားမဲ့မှု၊အေးစက်မှုနှင့်အထွတ်အထိပ်....

ခရမ်း‌ရွှေရောင်ကောင်းကင်မျက်လုံးများပေါ်လာသည်။

“ဒါ...ဒါက”

“ဘာဖြစ်သွားတာလဲ။”

“ဘာလို့လဲ။ အဲ့ဒီထွက်လာတဲ့အရှိန်အဝါအမျှင်လေးကတောင် ငါ့ကိုအသက်ရှုလို့မရတော့အောင်လုပ်နိုင်တယ်။”

“အရမ်းကြောက်ဖို့ကောင်းသွားပြီ။”

“ကောင်းကင်မျက်လုံးတွေလား”

ထိတ်လန့်မှုနှင့်ကြောက်ရွံ့မှု

ရှောင်ဖန်းဖြစ်ဖြစ် ယန်လီဖြစ်ဖြစ် အင်မော်တယ်ဘုရင်တို့ဖြစ်ဖြစ် ရှိနေသည့် သက်ရှိအားလုံးမှာ ထိုကြောက်ဖို့ကောင်းသည့်စွမ်းအားကြောင့် သူတို့၏နှလုံးသားထဲတွင် အကြောက်တရားများပြည့်နှက်သွားတော့သည်။

“ပြီးသွားပြီ။”

စုချင်းယင်၏ခြေထောက်များက ပျော့ခွေသွားကာ မျက်နှာမှာလည်း ဖြူဖျော့သွားသည်။သူမက ကောင်ကင်၏အရှိန်အဝါကို ခံစားမိ၍ ကြောက်လန့်တကြားဖြစ်သွားသည်။တောင်ပိုင်းနတ်ဘုရားတောင်၏ အရင်းအမြစ်မှပြန်လည်မွေးဖွားလာသောကြောင့် သူမသည် လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ဖြင့်ဆက်သွယ်နိုင်သည်။

ယခုလေးတင် သူမသည် လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ကို အာရုံခံလို့မရတော့ပေ။ထို့အပြင် သူမ၏အာရုံခံမှုကလည်း ပြောင်းလဲသွားသည်။ထိုအသိစိတ်က သူမနှင့် လျှို့ဝှက်နက်နဲကမ္ဘာမှသက်ရှိအားလုံးကို ပျက်သုဉ်းစေလိုသောစိတ်များပြည့်နှက်နေသည်။

“မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ရဲ့စွမ်းအားကို ရသွားပြီ။”

စုချင်ယင်းကပြောလာ၏။”ကျွန်မတို့ မနိုင်နိုင်တော့ဘူး။”

“မဟုတ်ဘူး။”

ယန်လီက အသက်ပြင်းပြင်းရှုလိုက်သည်။သူကလည်း ကောင်းကင်တာအို၏ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိသည်။သူက အလေးအနက်ပြောလာသည်။”ငါ ချီမင်ကိုယုံတယ်။သူက ငါတို့မလုပ်နိုင်တာကို ကျိန်းသေပေါက် လုပ်နိုင်လိမ့်မယ်။”

“ဟုတ်တယ်”

ရှောင်ဖန်းက ခေါင်းညိတ်လိုက်သည်။”ငါလည်း ဆရာဦးလေးချီကို ယုံတယ်။ငါတို့သူ့ပဲ ယုံစရာရှိတော့တယ်။မဟုတ်ရင် ငါတို့သေမှာ။”

“မူလအစအင်မော်တယ်ဘုရင်က ကောင်းကင်တာအိုဖြစ်သွားရင်တောင် ငါတို့ကကောင်းကင်ကို ဆန့်ကျင်ရမှာပဲ။”

“ကျင့်ကြံသူတွေက အခွင့်အလမ်းတွေအတွက် တိုက်ခိုက်ရတယ်။ဒါကလည်း ကောင်းကင်အလိုကိုလွန်ဆန်တာပဲ။ငါတို့က ဘာကိုကြောက်နေရဦးမှာလဲ။”

“တိုက်!”

“တိုက်!တိုက်!တိုက်!”

မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျင့်ကြံသူများမှာ အကြိမ်ကြိမ်အော်ဟစ်လိုက်ကြသည်။

သူတို့၏တိုက်ခိုက်လိုစိတ်မှာ မြင့်တက်လာသည်။

ကံမကောင်းစွာဖြင့် သူတို့သည် ထိုအရာအားလုံးမှာ မူလအစအင်မော်တယ်ဘုရင်စီစဉ်ထားသောအရာမှန်းမသိကြပေ။သူက လျှို့ဝှက်နက်နဲကမ္ဘာမှ သက်ရှိများ အားလုံးတိုက်ခိုက်ပြီး သေဆုံးသွားစေချင်တာဖြစ်သည်။

တကယ်တော့ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ် ကမ္ဘာဖန်တီးခြင်းအစီအရင်က တိုက်ပွဲမစခင်ကတည်းက အသက်ဝင်နေတာဖြစ်သည်။သေဆုံးသွားသည့် လျှို့ဝှက်နက်နဲကမ္ဘာမှ သက်ရှိများကို စုပ်ယူသွားသည့်အင်အားမှာ အစီအရင်‌မှဖြစ်သည်။

“ကောင်းကင်မျက်လုံး”

ချီမင်က ကောင်းကင်ယံမှ ကောင်းကင်မျက်လုံးတစ်စုံကို ရင်ဆိုင်လိုက်သည်။သူမျက်နှာမှာ ကြောက်ရွံ့မှုကား အလျှင်းမရှိပေ။ထိုအစား သူ၏တိုက်ခိုက်လိုစိတ်မှာ မြင့်တက်လာ၏။”မူလအစအင်မော်တယ်ဘုရင် မင်းရဲ့ကောင်းကင်မျက်လုံးက မဟာယိုယွင်းကမ္ဘာရဲ့ကောင်းကင်မျက်လုံးထက်ပိုပြီး စွမ်းအားကြီးလာဆိုတာ ငါသိချင်သွားပြီ။”

မူလအစကောင်းကင်ဂူ။

“မဟာယိုယွင်းကမ္ဘာလား”

မူလအစအင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်အစစ်မှာ ကောင်းကင်ဂူထဲ၌ ပုန်းအောင်နေတာဖြစ်သည်။သူသည် လျှို့ဝှက်နက်နဲကမ္ဘာ၏ကောင်းကင်တာအိုလုပ်ပိုင်ခွင့်ကိုရရှိသွားပြီး လျှို့ဝှက်နက်နဲကမ္ဘာ၏ ပဲ့ကိုင်ရှင်ဖြစ်သွားတော့၏။လျှို့ဝှက်နက်နဲကမ္ဘာထဲတွင် သူက တစ်ကမ္ဘာလုံး၏စွမ်းအားကို ချေးယူသုံးစွဲနိုင်သည်။သူသည် ကောင်းကင်မျက်လုံးထံမှ မိုင်တစ်သိန်းအကွာရှိချီမင်ကို အပြစ်ပေးသတ်ဖြတ်ရန် ဆင်းသက်လာ၏။

“ဟီးဟီး”

မူလအစအင်မော်တယ်ဘုရင်သည် အေးစက်စွာပြောလိုက်သည်။”ချီမင် မင်းက တခြားကမ္ဘာတွေရဲ့ကောင်းကင်တာအိုတွေနဲ့လည်း ရင်ဆိုင်ဖူးတာလား။ဒါပေမယ့် ငါ့နဲ့တော့ယှဉ်နိုင်မှာမဟုတ်ဘူး။”

“မင်းသေဖို့သာ ပြင်ထားတော့”

“မင်းအတွက် လွတ်လမ်းမရှိတော့ဘူး။မင်းမှာနိုင်ဖို့အခွင့်အရေးလည်းမရှိတော့ဘူး။ငါက ကောင်းကင်တာအိုအဖြစ်ပြောင်းလဲပြီး ကောင်းကင်တာအိုလုပ်ပိုင်ခွင့်ကိုလည်း ရပြီးပြီ။အခုငါက ကောင်းကင်တာအိုကို ကျင့်ကြံတဲ့တာအိုကျင့်ကြံသူတစ်ယောက်နဲ့ယှဉ်နိုင်သွားပြီ။”

“ငါက အခုမင်းနဲ့အဆင့်တူသွားပြီ။ငါ့ရဲ့ကျင့်ကြံခြင်းကလည်း မင်းထက်မြင့်တယ်။ငါက အထက်ကမ္ဘာရဲ့အင်မော်တယ်ဘုရင်တစ်ပါလည်းဟုတ်တယ်။မင်းက ငါ့ကိုဘယ်လိုများ တွန်းလှန်မလဲ။”

“မင်း သေလို့ရပြီ။”

မူလအစအင်မော်တယ်ဘုရင်သည် ကောင်းကင်မျက်လုံး၏စွမ်းအားကိုထုတ်လွှတ်လိုက်တော့သည်။ကောင်းကင်အတိဒုက္ခလျှပ်စီးစွမ်းအားတို့မှာ သူ၏မျက်လုံးထဲတွင် ထင်ဟပ်လာသည်။

ကောင်းကင်အတိဒုက္ခလျှပ်စီးအောက်တွင် မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်ပင် ပြာကျသွားနိုင်သည်။

“ဖရိုဖရဲမြင့်မြတ်ခန္ဓာ”ချီမင်က ခပ်တိုးတိုးပြောလိုက်သည်။သူက ရှောင်ရှားရန်အတွေးတစ်စက်မှမရှိပေ။ထိုအစား တိုက်ရိုက်ရင်ဆိုင်လိုက်သည်။သူ့တစ်ကိုယ်လုံးက တုန်ခါသွားပြီး ဖရိုဖရဲမြူခိုးတို့မှာ ပျံ့လွင့်လာသည်။သူ့ပတ်လည်တွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမှာလည်ပတ်လာပြီး ဖရိုဖရဲစွမ်းအင်အဖြစ်ပြောင်းလဲ သွားသည်။ချီမင်သည် မဟာယနအဆင့်သို့မရောက်သေးပေ။သို့ပေမယ့် အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီနှင့် လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်၏အကူအညီဖြင့် အဆသန်းတစ်သောင်းမြှင့်တင်မှုအောက်တွင် ဖရိုဖရဲမြင့်မြတ်ခန္ဓာကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားသည်။

သူက ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏ စွမ်းအားကိုထုတ်လွှတ်လိုက်တော့သည်။

“ဖရိုဖရဲလက်သီး”

ချီမင်၏လက်သီးမှာ ပေါက်ကွဲထွက်လာသည်။လက်သီးရာပတ်လည်တွင် ဖရိုဖရဲမြူခိုးလွှာဝန်းရံနေသည်။ ကောင်းကင်နှင့်မြေကြီး၏မဟာတာအိုအရှိန်အဝါကလည်း လိုက်ပါလာသည်။ထိုအရာ ဖြတ်သွားသည့်နေရာတိုင်းတွင် အရာအားလုံးမှာ ပျက်ဆီးသွားတော့သည်။

ဘုန်း! ဘုန်း!

ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။

ချီမင်က ကောင်းကင်အတိဒုက္ခလျှပ်စီးကို တိုက်ရိုက်ဖြိုခွဲလိုက်သည်။လက်သီးချက်က ပေါက်ကွဲသွားပြီး နေရာလွတ်ကပြိုကွဲလာသောကြောင့် အက်ကွဲရာများမှာပေါ်ပေါက်တော့သည်။

“ဟားဟားဟား...”

“စီနီယာ ချီမင်က အရမ်းသန်မာတာပဲ။သူက ကောင်းကင်အတိဒုက္ခကို တကယ်ကြီးလက်သီးတစ်ချက်တည်းနဲ့ဖြိုခွဲလိုက်နိုင်တာလား။ဘယ်လိုစွမ်းအားမျိုးတုန်းဟ။”

“ကောင်းတယ်။ကောင်းတယ်။”

မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျင့်ကြံသူများမှာမှ အော်သံများဆက်တိုက်ထွက်ပေါ်လာသည်။

မူလအစအင်မော်တယ်ဘုရင်၏မျက်နှာပေါ်တွင် ထိတ်လန့်မှုများပေါ်လာတော့သည်။”ဒါ..ဘယ်လိုဖြစ်နိုင်မှာတုန်း။ချီမင်က ကောင်းကင်အတိဒုက္ခကို အလွယ်လေးတာဆီးလိုက်တာလား။”

“သူ့ရဲ့ ရုပ်ခန္ဓာက...”

“အဲ့ဒါက တိုက်ပွဲမြင့်မြတ်ခန္ဓာမဟုတ်ဘူးပဲ။ဒီရုပ်ခန္ဓာက တိုက်ပွဲမြင့်မြတ်ခန္ဓာထက် သာတယ်။ဖရိုဖရဲမြူခိုးတွေက သူ့ရဲ့ရုပ်ခန္ဓာမှာ ဝန်းရံနေတယ်။ဒါက ဒဏ္ဍာရီထဲက အဆင့်နိမ့်ကမ္ဘာရဲ့ အသန်မာဆုံးရုပ်ခန္ဓာပဲ။သူသာ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံပြီးရင် အထက်ကမ္ဘာကိုတောင်တက်လှမ်းစရာမလိုတော့ဘူး။ကောင်းကင်အင်မော်တယ်တစ်ပါးကို ရင်ဆိုင်ဖို့ လုံလောက်နေပြီ။”

ထိုအချိန်တွင် မူလအစအင်မော်တယ်ဘုရင်က ချီမင်၏ရုပ်ခန္ဓာကို မြင်လိုက်ရသည်။သူက ယခုထက်ပိုပြီး မလန့်နိုင်တော့ပေ။သူက ဒဏ္ဍာရီထဲမှာပဲရှိသည့် ဖရိုဖရဲမြင့်မြတ်ခန္ဓာကို တွေ့ရမည်ဟု မမျှော်လင့်ထားပေ။

ထိုမြင့်မြတ်ခန္ဓာက အထက်ကမ္ဘာတွင်တောင်ရှားပါးပေသည်။ အထက်ကမ္ဘာတွင် ဖရိုဖရဲတာအိုဂိုဏ်းဟုခေါ်သည့် ဂိုဏ်းတစ်ဂိုဏ်းရှိသည်။သူတို့က ဖရိုဖရဲမြင့်မြတ်ခန္ဓာပိုင်ရှင်များကိုသာ တပည့်အဖြစ်လက်ခံသည်။

“ငါ တွက်ထားတာတွေ မှားသွားပြီ။”

မူလအစအင်မော်တယ်ဘုရင်၏အကြည့်က အေးစက်သွားပြီး အလေးအနက်ထားလာတော့သည်။”ချီမင်ရဲ့အင်အားက သိုင်းပညာကျင့်ကြံသူပုံစံပဲ။သူရဲ့ဖရိုဖရဲမြင့်မြတ်ခန္ဓာနဲ့ဆို ငါ့ကိုစိန်ခေါ်ဖို့ အရည်အချင်းမှီသွားပြီ။”

“ဒါပေမယ့်”

“မင်းက အဆင့်မှီတယ်ဆိုရုံပဲရှိသေးတယ်။”

မူလအစအင်မော်တယ်ဘုရင် အထင်လွဲနေတာလေးတစ်ခုရှိသည်။

တကယ်တော့

ချီမင်က တာအိုကျင့်ကြံသူဆိုပေမယ့် ကောင်းကင်တာအိုကျင့်ကြံသူမဟုတ်ပေ။သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို နားလည်ဆင်ခြင်သူဖြစ်သည်။သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ထားသူဖြစ်သည်။

သူသည် မဟာတာအိုကိုကျင့်ကြံထားသူဖြစ်သည်။

ထိုအရာက ကောင်းကင်တာအိုထက်ပိုပြီးတောင် မြင့်သည်။

တောင်ပိုင်းကောင်းကင်တံခါးဘက်မှ စစ်မြေပြင်တွင်

ချီမင်၏အကြည့်ကအေးစက်သွားသည်။ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားက အပြည့်အဝထွက်ပေါ်လာတော့သည်။အဆုံးမဲ့ဖရိုဖရဲမြူခိုးတို့မှာ ပျံ့လွင့်လာပြီး မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အင်အားမှာပေါက်ကွဲထွက်လာသည်။”တိုက်”

ချီမင်က ဟိန်းဟောက်ပြီး လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။လက်သီးချက်မှာ ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားနှင့်ပေါင်းစပ်ကာ ထွက်ပေါ်လာသည်။

“ကောင်းကင်လောက”

နောက်တစ်ခဏမှာ ကောင်းကင်တာအိုမျက်လုံးဆီမှ ပိုပြီးပင်ကြောက်ဖို့ကောင်းသည့်စွမ်းအားထွက်ပေါ်လာသည်။ အဆုံးမဲ့ကောင်းကင်လျှပ်စီးတို့်မှာ ပျံ့နှံ့လာပြီး ချီမင်ကို ဗဟိုပြုကာ လောကတစ်ခုအဖြစ် ဖွဲ့စည်းပြီးပိတ်လှောင်လိုက်သည်။

ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

ကောင်းကင်လောကထဲတွင် ကောင်းကင်လျှပ်စီးတို့မှာ လက်နက်အသွယ်သွယ်ပြောင်းလဲသွားသည်။အမျိုးမျိုး‌သော ကြောက်မက်ဖွယ်ကောင်းသည့်(၁၈)သွယ်သောလက်နက်တို့မှာ ချီမင်ကို တိုက်ခိုက်လာသည်။

“သန့်စင်ရွှေခန္ဓာ”

ချီမင်၏ခန္ဓာကိုယ်တွင် ရွှေရောင်အလင်းများလင်းလက်သွားသည်။သူက အံ့ဖွယ်စွမ်းအားကို အသုံးပြုကာ ပြိုင်ဘက်ကင်းခုခံနိုင်စွမ်းကိုထုတ်လိုက်သည်။သို့ပေမယ့် ပြိုင်ဘက်ကင်းအခြေအနေ၌လည်း အကန့်အသတ်ရှိသည်။

“သန့်စင်ခြင်းသုံးပါးကိုယ်ပွားများ”

ချီမင်က ကျင့်ကြံခြင်းနည်းစနစ်ကိုလည်ပတ်ပြီး ဓမ္မစွမ်းအားကို စုစည်းလိုက်သည်။သန့်စင်သည့် ချီစွမ်းအင်လမ်းကြောင်းတို့မှာ သုံးခုအဖြစ်ပြောင်းလဲကာ ကိုယ်ပွားသုံးခုအဖြစ်ပြောင်းလဲသွား‌တော့သည်။

ကျောက်စိမ်းသန့်စင်၊အထွတ်အထိပ်သန့်စင်နှင့် မဟာသန့်စင်တို့ပေါ်ပေါက်လာသည်။

ကိုယ်ပွားတိုင်းက မူလကိုယ်၏အင်အားမျိုးရှိသည်။

ကိုယ်ပွားသုံးခုလုံးက ဖရိုဖရဲမြင့်မြတ်ခန္ဓာကိုယ်ကို ထုတ်လွှတ်လာသည်။ဖရိုဖရဲမြူခိုးက ကောင်းကင်လောက၌ ပျံ့နှံ့လာပြီး ကောင်းကင်အတိဒုက္ခကို ဖျက်ဆီးလိုက်တော့သည်။

အသံကျယ်ကြီးထွက်လာသည်။

ကောင်းကင်လောကတစ်ခုလုံးက ချီမင်ကြောင့် အတင်းအကြပ် ဖျက်ဆီးခံလိုက်ရသည်။

All Chapters