← Chapters

မူလအစအင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်အစစ်နှင့်တွေ့ဆုံခြင်း

Vol. 18 Ch. 269

မူလအစအင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်အစစ်နှင့်တွေ့ဆုံခြင်း

Vol. 18 Ch. 269

ချီမင်သည် မူလအစအင်မော်တယ်ဘုရင်၏မူလအစစွမ်းအင်အမျှင်ကိုဆွဲယူကာ တွက်ချက်ကြည့်သည့်အခါတုန်းက မူလအစအင်မော်တယ်ဘုရင်၏ပုန်းအောင်နေသည့်နေရာအပြင် ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်၏အမြူတေတည်ရှိသည့်နေရာကိုလည်း သိလိုက်ရသည်။ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်၏အမြူတေက စုစုပေါင်းအစီအရင်အမြူတေလေးခုဖြင့်ဖွဲ့စည်းထားသည်။မြောက်အရပ်အစွန်ဖျားရှိ ဗဟိုဒေသရေခဲမြစ်၊အရှေ့အစွန်ဖျားရှိ ကုန်းပြင်မြင့်၊တောင်အစွန်ဖျားရှိပင်လယ်နှင့်...

ပင်မအမြူတေသည်ကား မူလအစအင်မော်တယ်ဘုရင်၏လက်ထဲ၌သာရှိသည်။

ပထမအင်မော်တယ်ဘုရင်သည် မြောက်အရပ်အစွန်ဖျားရှိ ဗဟိုဒေသရေခဲမြစ်ကိုစောင့်ကြပ်နေပြီး အထွတ်အထိပ်အင်မော်တယ်ဘုရင်သည် အရှေ့အစွန်ဖျားရှိ ကုန်းပြင်မြင့်ကို စောင့်ကြပ်နေသည်။ထာဝရငြိမ်သက်ခြင်းအင်မော်တယ်ဘုရင်ကတော့ တောင်အစွန်ဖျားရှိပင်လယ်ကို စောင့်ကြပ်လျက်ရှိသည်။

ထိုအင်မော်တယ်ဘုရင်သုံးပါးက အင်မော်တယ်မျိုးနွယ်တစ်ခုလုံး၌ အသန်မာဆုံး ကျွမ်းကျင်သူသုံးယောက်ဖြစ်သည်။ မူလအစအင်မော်တယ်ဘုရင်၏လမ်းညွှန်မှုအောက်တွင် သူတို့က ဥပဒေသကျင့်ကြံခြင်းအဆင့်ထဲသို့ ဝင်သည်ဆိုရုံအဆင့်မျိုးရှိပြီး အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးထက် အနည်းငယ်လေး သန်မာသည်။

ထို့ကြောင့်လည်း မူလအစအင်မော်တယ်ဘုရင်က သူတို့ကို ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်၏အစီအရင်အမြူတေများကို စောင့်ကြပ်ခိုင်းထားခြင်းဖြစ်၏။

ယခု ကောင်းကင်အရှင်ယင်းနှင့်တခြားသူများက မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်ကို ဦးဆောင်ကာ အင်မော်တယ်စစ်တပ်နှင့်တိုက်ခိုက်လျက်ရှိသည်။ချီမင်သည် သူ၏ဝိညာဉ်သားရဲခြောက်ကောင်နှင့် ကြာပန်းနက်တို့ကို ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်ကို ဖျက်ဆီးရန်စေလွှတ်ထား၏။

ချီမင်ကိုယ်တိုင်အနေဖြင့်တော့ သူက မူလအစအင်မော်တယ်ဘုရင်ကို ရင်ဆိုင်မှာဖြစ်သည်။

ချီမင်က ခေါင်းအနည်းငယ်မော့ပြီး ဗဟိုဒေသနတ်ဘုရားတောင်ကို ကြည့်လိုက်သည်။ုနတ်ဘုရားတောင်၏အမြင့်က မသိနိုင်ပေ။သမိုင်းမတိုင်မီဒဏ္ဍာရီဇာတ်လမ်းများထဲမှ ကမ္ဘာကြီး၏ကျောရိုးသဖွယ် ထမ်းပိုးထားသည့် ပုကျုံးတောင်အလားပင်။

“ရွှေရောင်အလင်းစီးခြင်း”

ချီမင်၏ခန္ဓာကိုယ်က ရွှေရောင်အလင်းအဖြစ်ပြောင်းလဲကာ တောင်ထိပ်ပေါ်သို့ပြေးတက်သွားသည်။အရှိန်က အလွန်တရာမြန်ဆန်ပေသည်။အချိန်ခဏလေးအတွင်းမှာ သူက နက္ခတာရာအလွှာကိုကျော်ပြီး လေဟာနယ်အလွှာထဲသို့ဝင်ရောက်သွားတော့၏။

သူက ဆက်လက်တက်သွားသည်။ကပ်ဘေးအလွှာနှင့် နီဗားနားအလွှာတို့ပင် ရောက်လာခဲ့သည်။ဗဟိုနတ်ဘုရားတောင်၏ထိပ်သည် နီဗားနားအလွှာ ပေါ်၌ဖြစ်သည်။

အင်မော်တယ်ဘုရင်ကောင်းကင်ဂူသည်လည်း ဗဟိုနတ်ဘုရားတောင်၏ထိပ်၌ ရှိသည်။

သိပ်မကြာခင်မှာ ချီမင်က ကပ်ဘေးအလွှာနှင့်နီဗားနားအလွှာကို ကျော်ပြီး ဗဟိုနတ်ဘုရားတောင်၏ထိပ်သို့ရောက်သွားတော့သည်။သူက တောင်ထိပ်တွင်လက်နောက်ပစ်လျက် ရပ်ကာကြည့်လိုက်သည်။

မြင်တွေ့လိုက်ရသည့်မြင်ကွင်းက ရင်းနှီးလျက်ရှိသည်။

ဗဟိုနတ်ဘုရားတောင်အစီအရင်သည် ပျက်စီးသွားပြီဖြစ်သည်။အင်မော်တယ်မျိုးနွယ်၏ အထွတ်အထိပ်ရတနာ လေဟာနယ်ကြေးမုံလည်း ပျောက်ကွယ်နေပြီဖြစ်သည်။ အင်မော််တယ်ဘုရင်ကောင်းကင်ဂူလည်း ပျောက်ကွယ်နေသည်။အကုန်မရှိတော့ချေ။

လျှို့ဝှက်နက်နဲကမ္ဘာတစ်ဝှမ်းတွင် စုစုပေါင်းစစ်မှန်သည့် အင်မော်တယ်ပစ္စည်းခြောက်ခုရှိသည်။

လူသားမျိုးနွယ်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှ လေဟာနယ်ကြေးမုံ၊နတ်ဆိုးမျိုးနွယ်မှ နတ်ဆိုးတောက်ပကြေးမုံ၊မိစ္ဆာမျိုးနွယ်မှ ကောင်းကင်မိစ္ဆာကြေးမုံ၊နတ်ဘုရားမျိုးနွယ်မှ စစ်မှန်နတ်ဘုရားကြေးမုံနှင့်သရဲမျိုးနွယ်၏ ငရဲကိုးထပ်ကြေးမုံတို့ဖြစ်ကြသည်။

ထိုမှကြည့်လျှင်သိသာသည်။စစ်မှန်သည့်အင်မော်တယ်ပစ္စည်းခြောက်ခုလုံးက အမျိုးအစားတစ်ခုတည်းဖြစ်သည်။

သူတို့အားလုံးက ကြေးမုံဖြစ်သည်။

ထိုခြောက်မျိုးလုံးက မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပိုင်ရတနာ မူလအစကြေးမုံမှ ဖြစ်တည်လာခြင်းဖြစ်သည်။

မူလအစအင်မော်တယ်ဘုရင်က အထက်ကမ္ဘာတိုက်ပွဲ၌ သေလုနီးပါးဖြစ်သွားခဲ့သည်။သူ၏အသိစိတ်တစ်ခုတည်းသာ ကျန်ရစ်ခဲ့ခြင်းဖြစ်၏။

မူလအစအင်မော်တယ်ဘုရင်၏ကိုယ်ပိုင်ရတနာ မူလအစကြေးမုံမှာလည်း ပြင်းပြင်းထန်ထန်ပျက်စီးကာ ပြုပြင်လို့မရလုနီးပါး ဖြစ်သွားခဲ့၏။မူလအစအင်မော်တယ်ဘုရင်၏အင်မော်တယ်ခန္ဓာက လျှို့ဝှက်နက်နဲကမ္ဘာအဖြစ်ပြောင်းလဲသွားပြီးနောက်မှာ ကိုယ်ပိုင်ရတနာ မူလအစကြေးမုံကလည်း ကွဲထွက်သွားခဲ့သည်။လျှို့ဝှက်နက်နဲကမ္ဘာ၏စည်းမျဉ်းနှင့်လိုက်လျောညီထွေဖြစ်ရန် အင်မော်တယ်ပစ္စည်းခြောက်မျိုးကွဲထွက်လာကာ အကုန်လုံးကကြေးမုံဖြစ်သွားတော့သည်။

ယခု မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်က ပြန်ရှင်သန်လာပြီး လျှို့ဝှက်နက်နဲကမ္ဘာကိုနားလည်သွားသောကြောင့် ကောင်းကင်တာအိုလုပ်ပိုင်ခွင့်ကိုရရှိသွားသည်။သူက စစ်မှန်သည့်အင်မော်တယ်ပစ္စည်း ခြောက်ခုကို ပြန်ယူထားတာဖြစ်၏။

မူလအစအင်မော်တယ်ဘုရင်က အင်မော်တယ်ပစ္စည်းခြောက်ခုကို သန့်စင်ပြီး မူလအစကြေးမုံအဖြစ်ပြန်လည်ပေါင်းစပ်ထားလိုက်သည်။ကိုယ်ပိုင်အင်မော်တယ်ရတနာ မူလအစကြေးမုံ၏ယခင်စွမ်းအားမျိုးပြန်ရဖို့ရန် သေချာပေါက် မဖြစ်နိုင်သေးပေ။

စစ်မှန်အင်မော်မော်တယ်ရတနာအဆင့်၌သာရှိသေးသည်။

သို့သော်လည်း အလွန်စွမ်းအားကြီးနေပြီဖြစ်၏။

အင်မော်တယ်ဘုရင်ကောင်းကင်ဂူအနေဖြင့်တော့

ထိုအရာက မူလအစအင်မော်တယ်ဘုရင်၏အသိစိတ်ပင်လယ်မှ ဖြစ်တည်လာခြင်းဖြစ်သည်။သူက မူလအစကောင်းကင်ဂူ၏အကူအညီဖြင့်ဝါးမြိုလို့ရသည်။

“မူလအစကောင်းကင်ဂူ”

ချီမင်သည် အံ့ဖွယ်စွမ်းအားကိုလည်ပတ်ကာ ကောင်းကင်မျက်လုံးဟုသိကြသည့် အကြားအမြင်အာရုံကို အသုံးပြုလိုက်သည်။သူက ပုံရိပ်များကိုထိုးဖောက်ကာ ကောင်းကင်ကိုးလွှာအထက်နှင့် ‌ငရဲကိုးထပ်အောက်ထိ ကြည့်ရှုနိုင်သည်။

ချီမင်၏မျက်လုံးထဲတွင် နက်နဲမှုအလင်းတန်းများတောက်ပလာသည်။သူက နီဗားအလွှာ၏အထက်မှ ကောင်းကင်အထက်နောက်ဆုံးအလွှာဖြစ်သည့် လေဟာနယ်အလွှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

မူလအစကောင်းကင်ဂူသည် လေဟာနယ်အလွှာထဲ၌ပုန်းကွယ်နေခြင်းဖြစ်သည်။

“မင်းကို တွေ့ပြီ။”

ချီမင်သည် ကောင်းကင်ကိုခုန်တက်သွားတော့၏။သူက ရွှေရောင်းအလင်းတန်းအဖြစ်ပြောင်းလဲကာ နီဗားနားအလွှာကို ချိုးဖြတ်၍ လေဟာနယ်အလွှာသို့ ဝင်ရောက်သွားတော့သည်။သူ့အနားတွင် လေဟာနယ်ကပ်ဘေးချီနှင့် နီဗားနားလေပြင်းတို့ ပြည့်နှက်လာလေ၏။

သန့်စင်ရွှေခန္ဓာသည် လည်ပတ်လာတော့၏။ချီမင်၏ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်အလင်းများလင်းလက်လာပြီး လေဟာနယ်ကပ်ဘေးချီနှင့် နီဗားနားလေတို့ကို ပိတ်ဆို့ပေးလိုက်သောကြောင့် သူ့ကို မထိခိုက်နိုင်တော့ပေ။

ချီမင်က လက်နောက်ပစ်ပြီး သူ့ရှေ့မှနေရာကို ကြည့်လိုက်သည်။သူက သာမန်ပုံစံဖြင့်သာ ပြောလိုက်သည်။”ငါအခု ဒီ တောင်ရောက်နေပြီ။မူလအစကောင်းကင်ဂူကို မဖွင့်သေးဘူးလား။”

ခရက်!ခရက်!

သူ့ရှေ့တွင် ဟင်းလင်ပြင်လှုပ်ခါမှုတစ်ခုဖြစ်ပေါ်လာကာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။လေဟာနယ်ကပ်ဘေးချီနှင့် နီဗားနားလေတို့က ပျံ့နှံ့ထွက်လာပြီး မည်းနက်နေသည့် ဝဲဂယက်တတစ်ခုပေါ်လာသည်။

ခရမ်းစိမ်းရောင်အလင်းတန်းများမှာ ထိုဝဲဂယက်မှထွက်ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ခရမ်းစိမ်းရောင်တံခါးတစ်ချပ် ဖြစ်ပေါ်လာသည်။

ထိုတံခါးမှာ သုံးမီတာမျှမြင့်ကာ တစ်မီတာနီးနီးကျယ်သည်။ထိုအရာက သိသာနေသည့်ထောက်ချောက်တစ်ခုဖြစ်သည်။ချီမင်ကတော့ လုံးဝကြောက်ရွံ့မသွားပေ။ထို့အပြင် သူတို့ကြားမှ တိုက်ပွဲသည်လည်း ရှောင်လွှဲ၍ မရပေ။

“မူလအစအင်မော်တယ်ဘုရင် ငါမင်းမှာ ဘာနည်းစနစ်တွေရှိလဲ ကြည့်ဦးမယ်။”

သူက ခရမ်းစိမ်းရောင်တံခါးထဲသို့လျှောက်ဝင်သွားလိုက်သည်။

ချီမင်၏ပုံရိပ်က ပျောက်ကွယ်သွားတော့သည်။တံခါးမှလည်း ပိတ်ကာသွားပြီး ဟင်းလင်းပြင်တုန်ခါမှုမှာလည်း ငြိမ်သက်သွားသည်။လေဟာနယ်ကပ်ဘေးချီနှင့် နီဗားနားလေတို့မှာ ခြေရာလက်ရာတို့ကို ဖုံးအုပ်သွားသည်။

မြင်ကွင်းက ပြောင်းလဲသွားသည်။

ကောင်းကင်တံခါးလေးဖက်မှ စစ်မြေပြင်တွင် ကောင်းကင်အရှင်ယင်းနှင့် ကျန်သူများမှာ မျိုးနွယ်ငါးခုမဟာမိတ်စစ်တပ်ကို ဦးဆောင်လျက် အင်မော်တယ်စစ်တပ်ကို တရစပ်တိုက်ခိုက်လျက်ရှိ၏။ တိုက်ပွဲက သိပ်မကြာလိုက်ဘဲ အထွတ်အထိပ်ကိုရောက်ရှိလာ၏။

ထောင်ပေါင်းများစွာသော သက်ရှိတို့မှာသေဆုံးသွားကြတော့သည်။

မျိုးနွယ်ငါးခုမှ မဟာမိတ်စစ်တပ်မှဖြစ်စေ အင်မော်တယ်စစ်တပ်မှဖြစ်စေ များစွာသေဆုံးနေပြီဖြစ်သည်။ စစ်မြေပြင်ပေါ်တွင် အလောင်းများစုပုံလာပြီး မမြင်နိုင်သည့်အင်အားတစ်ခုမှာ ဝါးမြိုပစ်ကာ မူလအစစွမ်းအင် အဖြစ်သန့်စင်ပစ်လိုက်သည်။

ယင်းမူလအစစွမ်းအင်တို့မှာ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်‌ကမ္ဘာဖန်တီးခြင်းအစီအရင်မှတစ်ဆင့် မူလကောင်းကင်ဂူဆီသို့ ရွှေ့ပြောင်းလာသည်။

နောက်ဆုံးမှာတော့ မူလအစအင်မော်တယ်ဘုရင်သည် ပြန်လည်စုပ်ယူပစ်၏။ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်‌ကမ္ဘာဖန်တီးခြင်းအစီအရင်က အသက်ဝင်လာပြီး အရှေ့၊အနောက်၊တောင်၊မြောက်‌ပိုင်းဒေသတို့မှ စတင်ပြိုကျလာသည်။စွမ်းအင်တစ်မျိုးက ပျံ့လွင့်လာပြီး အရာအားလုံးကို ဝါးမြိုပစ်လိုက်သည်။ သက်ရှ်ိအားလုံးမှာ သေကြေပျက်စီးလာကြသည်။

မသိလိုက်စွာဖြင့် လျှို့ဝှက်နက်နဲကမ္ဘာ၏အရာအားလုံးမှာ ဝါးမြိုစုပ်ယူခံလာရသည်။

ခရက်!ခရက်!

မြေပြင်နှင့်နေရာလွတ်ဟင်းလင်းပြင်က စတင်ပြိုကျလာသည်။မမြင်နိုင်သည့် အထွတ်အထိပ်အင်အားတစ်ခုက လျှို့ဝှက်နက်နဲကမ္ဘာကိုဖြိုခွဲကာ ဝါးမြိုပစ်နေ၏။

အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသည်။

စိတ်မကောင်းစရာက အထွတ်အထိပ်ဖြစ်တည်မှုခြောက်ဦးဖြစ်စေ အင်မော်တယ်ဘုရင်များဖြစ်စေ သတိမထာမိကြပေ။တိုက်ပွဲကကြီးမားလာပြီး သတ်ဖြတ်လိုစိတ်ကလည်း အထွတ်အထိပ်သို့ရောက်ရှိလာသည်။သတ်ဖြတ်လိုစိတ်၏လွှမ်းမိုးမှုအောက်တွင် ထိုသူတို့၏အသိတရားနှင့်ဆင်ခြင်တုံတရားများ တဖြည်းဖြည်းလျော့ပါးလာသည်။

မူလအစကောင်းကင်ဂူ...

“ငါရဲ့ခွန်အားတွေ...”

မူလအစအင်မော်တယ်ဘုရင်သည် ကောင်းကင်ဂူ၏အလယ်၌ တင်ပျဉ်ခွေချိတ်ကာ ထိုင်နေသည်။သူ့နောက်တွင် အချိန်နှင့်နေရာလွတ်၏အရှိန်အဝါများဖြင့်ပြည့်နှက်နေသည့် အလွန်အမင်းမြင့်မားကြီးမားသည့် တံခါးတစ်ချပ်ရှိနေသည်။

ထိုတံခါးက အချိန်ကာလရတနာ:ကမ္ဘာ့တံခါးဖြစ်သည်။ထို့အပြင် သူ့ရှေ့တွင်လည်း ခရမ်းစိမ်းရောင်ကြေးမုံတစ်ချပ်ရှိသည်။ထိုကြေးမုံက နှစ်မီတာနီးပါးရှိသည်။ထိုအရာက ဤကမ္ဘာ၏မြင်ကွင်းများကို ထင်ဟပ်လျက် မြင်ကွင်းအမျိုးမျိုးပြောင်းလဲနေသည်။အလွန်အမင်းထူးခြားဆန်းကြယ်လျက်ရှိ၏။

တစ်နည်းနည်းဖြင် အဆုံးမဲ့လေဟာနယ်ထဲမှ အသန့်စင်ဆုံးမူလအစစွမ်းအင်အမျှင်တို့မှာ မူလအစအင်မော်တယ်ဘုရင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေသည်။

မူလအစစွမ်းအင်အမျှင်က ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်‌ကမ္ဘာဖန်တီးခြင်းအစီအရင်၏စွမ်းအားမှဖြစ်တည်လာခြင်းဖြစ်သည်။

မူလအစအင်မော်တယ်ဘုရင်သည် ထိုစွမ်းအားများကို သူ၏ယခင်ခွန်အားပြန်ရရန် ဖြည်းညှင်းစွာစုပ်ယူနေသည်။

သူက စုပ်ယူကာ ပေါင်းစပ်နေတော့သည်။

မူလအစအင်မော်တယ်ဘုရင်၏မျက်လုံးက ဖွင့်လှစ်လာသည်။သူ၏အကြည့်က လင်းလက်သွား၏။မျက်စိအနက်ရှိုင်းဆုံးထဲ၌ အဆုံးမဲ့နက်နဲမှုများပြည့်နှက်‌နေသည့် မရေမတွက်နိုင်သည့် ထူးခြားဖြစ်စဉ်အမျိုးမျိုးပေါ်လာသည်။

ခရက်!ခရက်!

မူလအစအင်မော်တယ်ဘုရင်၏အနားတွင် ချီမင်သည် အကြားအမြင်အာရုံကိုသုံးကာကြည့်လိုက်တော့ စည်းမျဉ်းချိန်းကြိုးများကို တွေ့လိုက်ရသည်။ထို့အပြင် သူက ထိုချိန်းကြိုးများဖြင့် ဖိနှိပ်ခံထားရသည့် မှုန်ဝါးဝါးပုံရိပ်တစ်ခုလည်းတွေ့နေရသည်။

ထိုပုံရိပ်က လျှို့ဝှက်နက်နဲကမ္ဘာ၏အသိစိတ်ဖြစ်သည်။

မူလအစအင်မော်တယ်ဘုရင်သည် လျှို့ဝှက်နက်နဲကမ္ဘာ၏အသိစိတ်ကို မဖျက်ဆီးရသေးပေ။သို့မဟုတ် သူမလုပ်နိုင်ခြင်းလည်းဖြစ်နိုင်သည်။သူ့တွင် တခြားသော အစီအစဉ်များလည်းရှိနိုင်သည်။

သူက လျှို့ဝှက်နက်နဲကမ္ဘာ၏အသိစိတ်ကို အညံ့ခံခိုင်းရန်ပြင်ဆင်ထားသည်။ထိုအရာက မူလအစအင်မော်တယ်ဘုရင်၏အင်မော်တယ်ခန္ဓာမှ ဖြစ်တည်လာသည့် ကောင်းကင်တာအိုအသိစိတ်ဖြစ်သည်။ သူတို့က အတူတူပဲဖြစ်သည်။

ချီမင်ကို ရင်ဆိုင်ပြီးသွားမှ မူလအစအင်မော်တယ်ဘုရင်သည် အချိန်ကာလရတနာ:ကမ္ဘာတံခါး၏ နောက်ဆုံးဆယ်ရာခိုင်နှုန်းကို ယူရန်စီစဉ်ထားသည်။သို့မှသာလျှင် သူကကမ္ဘာ့တံခါးကို အပြည့်အဝထိန်းချုပ်နိုင်မည်ဖြစ်သည်။ထို့နောက် ကမ္ဘာ့တံခါးထဲသို့ လျှို့ဝှက်နက်နဲကမ္ဘာ့အသိစိတ်ကို ပေါင်းစပ်လိုက်ပါက ကောင်းကင်တာအိုရတနာအဖြစ် အဆင့်တက်သွားရန်အခွင့်အရေးတစ်ခုရှိသည်။

အထက်ကမ္ဘာတွင်တောင် အထွတ်အထိပ်ရတနာများမှာရှားပါးသည်။ပိုင်ဆိုင်ရန်က မဖြစ်နိုင်သလောက်ပင်။သို့ပေမယ့် ကောင်းကင်တာအိုရတနာက ပိုပြီးပင်ကောင်းမွန်သည်။ထိုအရာများကမှ စစ်မှန်သည့်ရှားပါးရတနာဖြစ်၏။ကောင်းကင်တာအိုရတနာပေါ်လာတိုင်း စစ်ပွဲအမျိုမျိုးဖြစ်ပေါ်ပြီး အင်မော်တယ်ဘုရင်များစွာ သေဆုံးကြရသည်။

ချီမင်က ခြေတစ်လှမ်းတည်းဖြင့် မူလအစအင်မော်တယ်ဘုရင်ရှေ့သို့ ရောက်သွားသည်။နှစ်ဖက်က မီတာတစ်ရာတောင် မခြားတော့ပေ။”မင်းကောင်းကောင်းပုန်းနေတာပဲ။”

“ငါသာ ကောင်းကင်မျက်နှာကို ရင်ဆိုင်ရင်း မူလအစစွမ်းအင်းအမျှင်ကို မရလိုက်ရင် မင်းပုန်းနေတဲ့‌နေရာကို တွက်နိုင်မှာမဟုတ်ဘူး။

“ချီမင် ငါမင်းကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးချင်သေးတယ်။”

မူလအစအင်မော်တယ်ဘုရင်က ခေါင်းအသာမြှင့်ကာ ပြောလိုက်သည်။ အနိုင်ရမှုက သူ့လက်ထဲမှာရှိ နေသည့်ဟန်ဖြင့် အကြည့်က တုန်လှုပ်မှုမရှိငြိမ်သက်လျက်ရှိ၏။ “ငါ့ကို အချိန်ကာလရတနာ:ကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင် ဆယ်ရာခိုင်နှုန်းကို လွှဲပေး။ငါ့ရဲ့ အရင်အင်အားမျိုးပြန်ရရင် မင်းကို ငါ့ရဲ့ကိုယ်ပိုင်တပည့်အဖြစ် လက်ခံပေးမယ်။”

“အချိန်ကျလာရင် ငါမင်းကိုအထက်ကမ္ဘာကိုခေါ်သွားပေးမယ်။မင်းက အင်မော်တယ်ဘုရင်တစ်ပါးရဲ့ကိုယ်ပိုင်တပည့်ဖြစ်လာလိမ့်မယ်။ဒါမျိုးက အဆင့်နိမ့်ကမ္ဘာရဲ့တက်လှမ်းသူ‌အတော်များများအတွက် ဆုတောင်းရုံပဲရနိုင်မယ့်အခွင့်အရေးပဲ။ဒါမင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ။အမှားထပ်မလုပ်ဖို့အကြံပေးမယ်””

“ငါမင်းကို ကံတရားအတိဒုက္ခကို ဖြေရှင်းဖို့လည်းကူညီပေးနိုင်တယ်။”

All Chapters