← Chapters

ပထမအဆုံးအကြိမ် အသေအကြေတိုက်ပွဲ

Vol. 18 Ch. 270

ပထမအဆုံးအကြိမ် အသေအကြေတိုက်ပွဲ

Vol. 18 Ch. 270

မူလအစအင်မော်တယ်ဘုရင်၏အကြံပြုချက်က အတော်လေးကောင်းမွန်ပေသည်။သူ၏နောက်ခံသူ၏အထောက်အထားဖြင့်ဆိုလျှင် သူသာ ယခင်ကျင့်ကြံခြင်းမျိုးပြန်ရပြီးအထွတ်အထိပ်ဖြစ်ခြင်း သိုမဟုတ်နောက်တစ်ဆင့်တက်သွားပါက ချီမင်သည် အထက်ကမ္ဘာသို့တက်လှမ်းသည့်အခါ နောက်ခံကြီးကြီးမားမားရသွားပေလိမ့်မည်။

သို့သော် ထိုအရာအားလုံးက မူလအစအင်မော်တယ်ဘုရင်၏စကားကိုသာ အခြေခံထားသည်။သူသာယခင်ခွန်အားမျိုးပြန်ရပြီး စကားကိုပြန်ရုတ်သိမ်းသွားပါက ချီမင်ကို အသာအယာလေး ကိုင်တွယ်သွားနိုင်လိမ့်မည်ဖြစ်သည်။

ချီမင်သာ မူလအစအင်မော်တယ်ဘုရင်ကိုရွေးချယ်ခဲ့ပါက သူက သူ့ဘဝကို သူများလက်ထဲထည့်ပေးလိုက်သလို ဖြစ်သွားမည်။သူက ယုံကြည်မှုအားလုံးကို ထိုသူ့အပေါ်၌သာ ပုံအောထားရပြီး နောက်ပြန်ဆုတ်လို့မရတော့ပေ။

သူက ထိုကဲ့သို့မလုပ်နိုင်ပေ။သူက ကျိန်းသေပေါက် မူလအစအင်မော်တယ်ဘုရင်ကဲ့သို့ ယုံကြည်လို့မရသည့်သူအပေါ်၌ ပုံအောထားမည်ဖြစ်သည်။

သူ၏အကျင့်စရိုက်ဖြင့်ဆိုလျှင် သူက သူ၏ကိုယ်ပိုင်ဘဝကို တခြားသောသူများကို ဝင်ရောက်စွက်ဖက်ခွင့်ပေးမည်မဟုတ်ပေ။ထိုအရာမျိုးက လုံးဝမဖြစ်နိုင်ပေ။

တစ်နည်းပြောရရင်

ချီမင်က မူလအစအင်မော်တယ်ဘုရင်၏အကြံပြုချက်ကို လုံးဝမလက်ခံနိုင်ပေ။

သူတို့နှစ်ဖက်ကြားမှ အခြေအနေမှာ အလွယ်တကူဖြေရှင်း၌မရပေ။”မလိုဘူး”ချီမင်က မထူးဆန်းသလိုပြောလိုက်သည်။”မူလအစအင်မော်တယ်ဘုရင် မင်းပြောတာကို ပြန်‌ပြောရရင် ငါကံတရားအတိဒုက္ခကို ငါ့ဘာငါကျော်လွှားဖို့ စီစဉ်ထားတယ်။”

“အင်မော်တယ်ဘုရင်ရဲ့အမွေခံတပည့်ဆိုတာကို”

“ဟီးဟီး”

“စိတ်ကိုမဝင်စားတာ”

ချီမင်၏အမူအရာမှာ အလွမ်အမင်း တည်ငြိမ်နေသည်။

သူသည် ကျင့်ကြံခြင်းနည်းစနစ်တို့ကို ဂရုတစိုက်လည်ပတ်လိုက်သည်။သူက အံ့ဖွယ်စွမ်းအားကို လျှို့ဝှက်အသက်သွင်းကာ တိုက်ခိုက်ရန်အသင့်ပြင်ထားလိုက်သည်။

ချီမင်က ရန်သူကိုစူးစိုက်ကြည့်လိုက်သည်။သူက တစ်ချိန်လုံး အာရုံအပြည့်စိုက်ထားရ၏။

“မင်းနောင်တရလိမ့်မယ်။”

မူလအစအင်မော်တယ်ဘုရင်၏အကြည့်မှာအေးစက်သွားသည်။နှမြောမှုအနည်းငယ်က သူ၏မျက်နှာပေါ်၌ ပေါ်လာသည်။သူက ခေါင်းခါလိုက်ပြီး တဖြည်းဖြည်းအေးစက်သွား‌တော့ သည်။”မင်းရဲ့ အခွင့်အရေးကုန်သွားပြီ။”

ခရက်!ခရက်!

မူလအစအင်မော်တယ်ဘုရင်အနားမှ မမြင်နိုင်သည့် စည်းမျဉ်းချိန်းကြိုးတို့သည် ပျံ့နှံ့လာ၏။ထိုကြိုးများမှာ မမြင်နိုင် မထိတွေ့နိုင်ပေမယ့် အာရုံခံလို့ရသည်။

ချီမင်က တာအိုကျင့်ကြံသူ‌တစ်ယောက်ဖြစ်ပြီး မဟာတာအိုကိုကျင့်ကြံသည်။ထို့ကြောင့် ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းချိန်းကြိုးများကို အာရုံခံနိုင်သည်။

ကောင်းကင်အရှင်ယင်းတို့သာ ဖြစ်ပါက သူတို့က စည်းမျဉ်းချိန်းကြိုး၏တည်ရှိမှုကိုပင် အာရုံခံနိုင်မည်မဟုတ်ပေ။သူတို့က မူလအစအအင်မော်တယ်ဘုရင်၏ရှေ့တွင် အတော်လေးအားနည်းကြသည်။ချီမင်၏ကိုယ်ပေါ်တွင် သန့်စင်‌ရွှေခန္ဓာ၏စွမ်းအားဖြစ်သည့် ရွှေရောင်အလင်းဖျော့ဖျော့ပေါ်လာသည်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုက သဏ္ဍာန်မဲ့ပုံစံဖြစ်သောကြောင့် မမြင်နိုင်သည့်တာအိုစာလုံးတို့ပါပါဝင်လာသည်။

ထိုအရာက သိုင်းနည်းစနစ်ခုခံနိုင်စွမ်းဖြစ်သည်။ချိန်ကြိုးတို့မှာ ချီမင်၏ခန္ဓာကိုယ်ကို ရစ်ပတ်လာပေမယ့် အများစုမှာ သန့်စင်ရွှေခန္ဓာကြောင့် ပျောက်ကွယ်သွားတော့သည်။”သိုင်းနည်းစနစ်ခုခံနိုင်စွမ်း”

မူလအစအအင်မော်တယ်ဘုရင်က အသက်ပြင်းပြင်းရှုလိုက်ပြီး အနည်းငယ်လန့်သွားသည်။”တာအိုကျင့်ကြံသူတစ်ယောက်ဆိုတဲ့အတိုင်းပဲ။အထက်ကမ္ဘာကို မတက်လှမ်းရသေးတာတောင် မင်းမှာဒီလိုအံ့ဖွယ်စွမ်းအာမျိုးရှိနေပြီ။”

“ငါ့ရဲ့ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းကတောင် မင်းကို မသက်ရောက်ဘူး။”

“အရမ်းသန်မာတယ်။”

“တကယ့်ကို သန်မာတယ်။”

မူလအစအအင်မော်တယ်ဘုရင်သည် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်သည်။”ဒါပေမယ့် မင်းကငါ့ကိုဘယ်တော့မှ မဆန့်ကျင်သင့်ဘူး။တာအိုကျင့်ကြံသူတစ်ယောက်ဆိုရင်တောင် မင်းကဒီနေတော့ငါ့လက်ထဲမှာပဲ သေရမယ်။”

မူလအစအအင်မော်တယ်ဘုရင်သည် ထပ်မံတိုက်ခိုက်လိုက်သည်။သူက ညာဘက်လက်ကိုမြှောက်လိုက်တော့ လက်ဖဝါးထဲ၌ အဆုံးမဲ့လျှပ်စီးမိုးကြိုးတို့မှာ ပေါ်လာသည်။အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအားပါဝင်နေသည့်အလားပင်။”အသေးစားအံ့ဖွယ်စွမ်းအား”

မူလအစအအင်မော်တယ်ဘုရင်က အော်လိုက်သည်။”လျှပ်စီးအတိဒုက္ခဖျက်ဆီးခြင်း”

ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာသည်။

မူလအစအအင်မော်တယ်ဘုရင်၏လက်ဖဝါးထဲ၌ အလွန်အမင်းထူထဲသည့် မိုးကြိုးတို့မှာ ပေါက်ကွဲထွက်လာသည်။လျှပ်စီးမိုးကြိုးဟုဆိုရပေမယ့် ပုံမှန်အရာထက် အများကြီးပိုပြင်းထန်၏။လုံးဝကို မတူညီသည့် အဆင့်၌ ဖြစ်သည်။

မီးခိုးရောင်လျှပ်စီးတို့မှာ ကြီးမားသည့်လျှပ်စီးတိုင်ကြီးအဖြစ်ပြောင်းလဲကာ ချီမင်ကိုတိုက်ခိုက်လိုက်သည်။”လျှပ်စီးငါးဖြာထိန်းချုပ်ခြင်”"

ချီမင်က ညာဘက်လက်ကိုမြှောက်ပြီး လျှပ်စီးနည်းစနစ်ကို အသုံးပြုကာ ရန်သူကိုတိုက်ခိုက်လိုက်‌တော့၏။လျှပ်စီးငါးမျိုး၏စွမ်းအားက အထွတ်အထိပ်လျှပ်စီးအဖြစ်ပြောင်းလဲသွားတော့သည်။ထိုစွမ်းအားက အဆုံးမဲ့ခမ်းနားကြီးကျယ်ပေသည်။

ဘုန်း!

အံ့ဖွယ်စွမ်းအားနှစ်ခုက ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။လျှပ်စီးတို့မှာ လင်းလက်လာပြီး အရပ်မျက်နှာတိုင်းမှာ ပေါက်ကွဲကုန်တော့သည်။မူလအစကောင်းကင်ဂူမှာ ပြင်းထန်စွာတုန်ခါသွားတော့သည်။

ထိုတိုက်ပွဲတွင် အနိုင်ရသူမရှိပေ။

လျှပ်စီးငါးဖြာထိန်းချုပ်ခြင်းနည်းစနစ်က မဟာအံ့ဖွယ်စွမ်းအားတစ်ခုဆိုပေမယ့် လက်ရှိနေရာက မမူလအစအအင်မော်တယ်ဘုရင်၏ ပိုင်နက်ဖြစ်သည်။ထို့အပြင် မူလအစအအင်မော်တယ်ဘုရင်၏ကျင့်ကြံမှုအဆင့်ကလည်း ချီမင်ထက်မြင့်မားသည်။

“ဓား ထုတ်လိုက်တော့မယ်”

ချီမင်က လက်ကိုဝေ့ယမ်းတော့ လေထုထဲကနေ အစိမ်းရောင်အလင်းတစ်ချက်လက်သွားသည်။ကမ္ဘာဖျက်ဓားက နဂါးစိမ်းတစ်ကောင်သဖွယ် ပျံထွက်လာပြီး ချီမင်၏လက်ထဲသို့ ချက်ချင်းဝင်ရောက်သွားသည်။

“ကောင်းကင်ဖြတ်ပိုင်းခြင်း ဓာချက်”

ချီမင်သည် ဦးစွာတိုက်ခိုက်လိုက်တော့သည်။သူက ခုတ်ပိုင်းလိုက်တော့ ဓမ္မစွမ်းအားကထွက်ပေါ်လာပြီး ကမ္ဘာဖန်တီးသည့်ဖြစ်စဉ်မြင်ကွင်းက ရုပ်လုံးပြန်ပေါ်လာသည်။မြင့်မြတ်သည့်ဖြစ်တည်မှုတစ်ခုက ဖရိုဖရဲထဲမှ ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားကာ ကမ္ဘာတစ်ခုအဖြစ်ဖန်တီးလိုက်သည့် အလားပင်။မီးဓာတ်၊ရေဓာတ်၊မြေဓာတ်၊လေဓာတ်တို့မှာ အဆုံးမဲ့ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပဲ ချီမင်က ဓားချက်ထဲသို့ အံ့ဖွယ်စွမ်းအားတို့ကိုပေါင်းစပ်ကာ အင်အားတိုးမြှင့်လိုက်သည်။

“မူလအစကြေးမုံ”

မူလအစအအင်မော်တယ်ဘုရင်က ဖိအားအနည်းငယ်ခံစားလိုက်ရသည်။သူက အတော်လေးထိတ်လန့်သွားပြီး မယုံနိုင်စရာကောင်းသည်ဟုခံစားလိုက်ရ၏။မူလအစကြေးမုံသည် တိုက်ခိုက်မှုကို တားဆီးလိုက်၏။

ကလန်!!!

ချီမင်၏ဓားက မူလအစအင်မော်တယ်ဘုရင်၏စစ်မှန်အင်မော်တယ်ပစ္စည်းကို ခုတ်ပိုင်းလိုက်သည်။သဏ္ဍာန်မဲ့စွမ်းအားက ပျံ့နှံ့လာပြီး ချီမင်၏ကမ္ဘာဖျက်ဓားကို ပိတ်ဆို့လိုက်သည်။

ချီမင်၏ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်သို့မရောက်သေးပေ။သူ၏ကိုယ်ပ်ိုင် ရတနာသုံးခုကလည်း အတိဒုက္ခကျော်လွှားခြင်းထိပ်တန်းအဆင့်ထိသာသန့်စင်ထားသည်။လက်နက်သုံးခုက အဆင့်နိမ့်ကမ္ဘာ၏ ထိပ်တန်းအဆင့်ရတနာမဖြစ်သေးပေ။

ချီမင်ယခင်က ပိုင်ဆိုင်ထားသည့် ကောင်းကင်လျှို့ဝှက်ချက်စာအုပ်နှင့် ကောင်းကင်လျှို့ဝှက်ချက်စုတ်တံတို့မှာ မဟာယနထိပ်တန်းအဆင့်ရတနာများဖြစ်ကြသည်။

ထို့ကြောင့် သူအထက်ကမ္ဘာကိုတက်လှမ်းပြီး ဒီရတနာများကို အင်မော်တယ်အဆင့်သို့မြှင့်တင်ချင်ပါက ထပ်မံသန့်စင်ရဦးမည်ဖြစ်သည်။

မူလအစကြေးမုံက တုန်ခါသွားပြီး ချီမင်၏ဓားအလင်းကို ဖြိုခွင်းလိုက်သည်။ထိုစွမ်းအားက ချီမင်ကို သက်ရောက်လာသေးပြီး ခြေလှမ်းတစ်ဝက်နောက်ဆုတ်လိုက်ရသည်။

“စစ်မှန်အင်မော်တယ်ပစ္စည်း”

ချီမင်က မူလအစကြေးမုံကို ကြည့်လိုက်သည်။”ဒါက မင်းရဲ့ ကိုယ်ပိုင်အင်မော်တယ်ရတနာပေါ့။မျိုးနွယ်ခြောက်ခုရဲ့ စစ်မှန်အင်မော်တယ်ပစ္စည်းခြောက်ခုကို ပေါင်းစပ်လိုက်ပြီးတော့ သူ့ရဲ့အရင်ပုံစံပြန်ရသွားတာထင်တယ်။”

“ကံမကောင်းစရာက အဲ့ဒါက စစ်မှန်အင်မော်တယ်ပစ္စည်းတစ်ခုသာသာပဲရှိသေးတယ်။”

ဘာပဲဖြစ်ဖြစ် မူလအစကြေးမုံက အင်မော်တယ်ဘုရင်တစ်ပါး၏ပစ္စည်းဖြစ်သည်။သူ၏စွမ်းအားက အဆုံးအစမဲ့ကာ စစ်မှန်အင်မော်တယ်တစ်ပါးကို ဖိနှိပ်နိုင်သည်။

ကြေးမုံ၏အဆင့်က စစ်မှန်အင်မော်တယ်အဆင့်သို့ ကျသွားခဲ့လျှင်ပင် သူ၏စွမ်းအားက နားလည်ရခက်နေသေးသည်။

အတွေးတစ်ချက်ဖြင့် နောက်ထပ် ကိုယ်ပိုင်ဓမ္မရတနာနှစ်လက် ပျံထွက်လာသည်။တစ်ခုမှာ ဓားရိုးတစ်ခုနှင့်တူသည့်ဓားတောင်ဖြစ်ကာ မျက်စိတစ်မှိတ်အတွင်းမှာ ကြီးမားလာသည်။

ထို့နောက် ဓားတောင်သည် စစ်မှန်သည့် ဓားတောင်ကြီးတစ်ခုဖြစ်သွားသည်။

သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားက ပျံထွက်လာပြီးဖြေညှင်းစွာ လည်ပတ်နေသည်။ထိုအရာက ကြီးမားသည့်ဓားတောင်ပေါ်သို့ ဆင်းသက်လာသည်။

ဓားချီများမှာ စီးဆင်းလာကာ အစိမ်းရောင်အလင်းတို့ လင်းလက်လာသည်။

သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားက ဓားတောင်ထိပ်၌ အမြစ်တွယ်သွားသည်။ပွင့်ဖတ်ငုံတို့မှာ ဆယ်နှစ်လွှာကြာပန်းစိမ်းတစ်ပွင့်ပုံစံ စတင်ပွင့်လန်းလာသည်။

ချက်ချင်းပင် မျက်စိကျိန်းလောက်သည့် အလင်းတန်းတို့တောက်ပလာသည်။

အဆုံးမဲ့ဓားချီတို့မှာ မရေမတွက်နိုင်လောက်သည့် ဓားချည်မျှင်တို့အသွင် ပျံ့နှံ့လာသည်။အဆုံးအစမဲ့စွာ တောက်ပလာတော့၏။

ကမ္ဘာဖျက်ဓားမှ နားဝင်ချိုမြရှင်းလင်းသော ဓားမြည်သံတစ်ချက် ထွက်လာသည်။သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသားမှာ နဂါးစိမ်းတစ်ကောင်သဖွယ်အသက်ဝင်လာပြီး အရှေ့သို့ခုန်အုပ်တော့မည့် ဟန်ဖြစ်လာသည်။

ထို့နောက် ကမ္ဘာဖျက်ဓားက သောင်းပြောင်းကြာပန်းစိမ်း၏ အလယ်၌နေရာယူလိုက်သည်။

ကိုယ်ပိုင်ရတနာသုံးလက်က ပေါင်းစပ်သွားသည်။

ဓားတောင်က ကြာပန်းစိမ်းကို ပွင့်လန်းလာစေကာ ကြာပန်းထဲ၌ ဓားကနေရာယူလိုက်သည်။

“သောင်းပြောင်း ဓားတာအို”

ကလန်!ကလန်!ကလန်!

ချီမင်၏အကြည့်က ပေါ့ပေါ့ပါးပါးဖြစ်နေသည်။ညာဘက်လက်ကိုဝေ့ယမ်းပြီး ကိုယ်ပိုင်ရတနာသုံးမျိုးကို တစ်ခုထဲအဖြစ်ပေါင်းစည်းလိုက်သည်။သောင်ပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်း၏နက်နဲမှုကြောင့် သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်သွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ချီမင်က သောင်းပြောင်းကြာပန်းစိမ်းဓားကမ္ဘာကို သောင်းပြောင်းဓားတာအိုအံ့ဖွယ်စွမ်းအား အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

အတော်လေး သန်မာသွားခဲ့သည်။

မရေမတွက်နိုင်သည့် ဓားချီတို့မှာပေါက်ကွဲထွက်လာသည်။ ဓားချီတိုင်းက ဖရိုဖရဲအရောင်ရှိပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးများ ပါဝင်လျက်ရှိသည်။စွမ်းအားက အလွန်အမင်းတိုးတက်သွားတော့သည်။

“သွား”ချီမင်က ဓားဖြင့်တိုက်ခိုက်လိုက်သည်။

ချက်ချင်းပဲ ဓားချီတို့မှာ ခမ်းနားသည့် ဓားချီမြစ်အသွင် ဖွဲ့စည်းသွားတော့သည်။ကြယ်တာရာမြစ်တစ်စင်းလိုလို ငွေရောင်မြစ်တစ်စင်းလိုလိုဖြင့် အလွန်အမင်းခမ်းနားထည်ဝါနေသည်။ထိုအရာ မူလအစအင်မော်တယ်ဘုရင်ကို ဦးတည်ကာ ခုတ်ပိုင်းချလိုက်သည်။

“ကလေးအကွက်လောက်နဲ့”

မူလအစအင်မော်တယ်ဘုရင်သည် မတုန်လှုပ်သွားပေ။သူကလည်း ကြီးမားသည့်ဓမ္မစွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်တာအို၏စွမ်းအားနှင့်အတူ မူလအစကြေးမုံက ကောင်းကင်သို့ ခုန်တက်သွားသည်။

“မူလအစအင်မော်တယ်အလင်းတန်း”မူလအစအင်မော်တယ်ဘုရင်က ဟစ်ကြွေးလိုက်သည်။

ခရမ်းစိမ်းရောင် အလင်းတိုင်ကြီးတစ်ခုမှာ ဖော်ပြန်ရန်ခက်ခဲသည့် စွမ်းအားတစ်မျိုးနှင့်အတူ ထွက်ပေါ်လာသည်။ ကောင်းကင်တာအို၏စွမ်းအားကလည်း လိုက်ပါလာပြီး ထိုးခွဲလိုက်သည်။

ဘုန်း!

ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

မူလအစအင်မော်တယ်ဘုရင်က ကြေးမုံ၏စွမ်းအားကိုထုတ်ကာ ချီမင်၏ဓားချီနှင့်ရင်ဆိုင်လိုက်သည်။ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွားသည်။

မူလအစကောင်းကင်ဂူတစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားသည်။

နှစ်ဖက်က တိုက်ကွက်များစွာ ဖလှယ်ခဲ့ပြီးပြီးဖြစ်သည်။

တကယ်တော့ နှစ်ဖက်လုံးက အင်အားအစစ်မသုံးရသေးပေ။တစ်ဖက်နှင့်တစ်ဖက် စမ်းသပ်နေရုံမျှသာဖြစ်သည်။ ချီမင်ရော မူလအစအင်မော်တယ်ဘုရင်ရော အသန်မာဆုံးမဟာအံ့ဖွယ်စွမ်းအားကို မသုံးရသေးပေ။

အသံကျယ်ကြီးထွက်ပေါ်လာသည်။

ဓားချီမြစ်နှင့် မူလအစအင်မော်တယ်အလင်းရောင်တို့က တစ်ချိန်တည်းမှာ ပြိုကွဲသွားသည်။

“သွား”

မူလအစအင်မော်တယ်ဘုရင်က ညာဘက်လက်ကိုဝေ့ယမ်းကာ သူ့ရှေ့ကမူလအစကြေးမုံကို ပစ်လွှတ်လိုက်သည်။ကြေးမုံက အလွန်အမင်းမြန်ဆန်သွားပြီး ချီမင်၏ခေါင်းကို ကြောက်မက်ဖွယ်ဖြတ်ပိုင်းအားဖြင့်တိုက်ခိုက်လိုက်သည်။

ချီမင်၏မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။

“မဟာဖရိုဖရဲတိုက်ပွဲပုဆိန်”

သူက ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားက ပေါက်ကွဲထွက်လာသည်။ဖရိုဖရဲမြူခိုးတို့မှာ ပျံ့လွင့်လာပြီး လက်သည်းခေါင်းမြှားခုနစ်ချောင်းစာအုပ်မှာ ပျံတက်သွားသည်။

ချီမင်၏ ကိုယ်ပိုင်ရတနာသုံးခုကလည်း မူလပုံစံကိုပြန်ပြောင်းကာ ရတနာလေးခုပေါင်းစပ်ပြီးတိုက်ပွဲပုဆိန်အဖြစ် ပြောင်းလဲလျက် ချီမင်၏လက်ထံသို့ပြန်ရောက်လာသည်။

“တိုက်”ချီမင်က ကျယ်လောင်စွာအော်ဟစ်လိုက်သည်။သူက တိုက်ပွဲပုဆိန်ကို လက်နှစ်ဖက်လုံးဖြင့်ကိုင်ဆွဲလိုက်တော့ သူ၏ဓမ္မစွမ်းအားများမြင့်တက်လာသည်။ချီမင်၏နောက်တွင်ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏ကြောက်မက်ဖွယ်ကောင်းသည့်ထူးခြားဖြစ်စဉ်ကပေါ်လာသည်။ခမ်းနားသည့်ပုံရိပ်တစ်ခုက ကောင်းကင်နှင့်မြေကြီးကို ခွဲခြမ်းပစ်လိုက်သည်။

နောက်တစ်ခဏမှာ ချီမင်က တိုက်ပွဲပုဆိန်ကို အားကုန်ခုတ်ရမ်းလိုက်သည်။အလွန်အမင်းလည်ပတ်နေသည့်မူလအစကြေးမုံကို ထိမှန်သွား တော့၏။နှစ်ဖက်က တိုက်မိသွားပြီး အသံကျယ်ကြီးထွက်ပေါ်လာတော့သည်။ချီမင်က အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့် အင်အားကို ခံစားမိလိုက်သည်။

All Chapters