← Chapters

ဗဟိုဒေသနတ်ဘုရားတောင်ကို တိုက်ခိုက်ခြင်း

Vol. 18 Ch. 268

ဗဟိုဒေသနတ်ဘုရားတောင်ကို တိုက်ခိုက်ခြင်း

Vol. 18 Ch. 268

“သမာဓိမီးလျှံ”

“ကောင်းကင်လျှို့ဝှက်ချက်အစီအရင်”

“မိုးကြိုးငါးချက်ပစ်ခြင်း”

ကောင်းကင်လောကက ပြိုကွဲသွားတော့သည်။ သန့်စင်ခြင်းသုံးပါးကိုယ်ပွားထံမှ ပေါက်ကွဲမှုအလင်းတန်းတွေထွက်လာကာ ကောင်းကင်မျက်လုံးကို မတူညီသည့် အရပ်မျက်နှာသုံးခုမှ တိုက်ခိုက်ကာ ရန်စလိုက်သည်။

ကျောက်စိမ်းသန့်စင်က သမာဓိမီးလျှံအံ့ဖွယ်စွမ်းအားကိုသုံးကာ ကောင်းကင်နှင့်မြေကြီးကိုပင်ဖုံးလွှမ်းသွားသည့် အဆုံးမဲ့မီးပင်လယ်ကို မှုတ်ထုတ်လိုက်သည်။မီးပင်လယ်မှ အရာအားလုံးကို ဖုံးလွမ်းသွားတော့သည်။အထွတ်အထိပ်သန့်စင်က အသေးစားအံ့ဖွယ်စွမ်းအားသုံးခု သုံးကာ ကောင်းကင်လျှို့ဝှက်ချက်အစီအရင်ကိုတည်ဆောက်ပြီး အစီအရင်ကားချပ်ဖြင့် ကောင်းကင်မျက်လုံးကိုဖိနှိပ်တော့သည်။မဟာသန့်စင်မှာတော့ မဟာအံ့ဖွယ်စွမ်းအားမိုးကြိုးငါးချက်ပစ်ခြင်းကိုသုံးကာ ရိုက်ချလိုက်သည်။

“ကောင်းကင်မျက်လုံးအလင်း”

ခရမ်းစိမ်းရောင် ကောင်းကင်မျက်လုံးတစ်စုံက ပိုပြင်းထန်သည့်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။မျက်ဝန်းအနက်ရှိုင်းဆုံးထဲမှ ခရမ်းစိမ်းရောင်အလင်းတန်းနှစ်ဖြာ ခွဲထွက်လာသည်။ထိုအလင်းတန်းများတွင် ကောင်းကင်အတိဒုက္ခလျှပ်စီးထက်ပင်ပို၍ကြောက်ဖို့ကောင်းသော စွမ်းအင်ပါဝင်လာသည်။ထိုအရာက သမာဓိမီးလျှံနှင့်ကောင်းကင်လျှို့ဝှက်ချက်အစီအရင်တို့ကို ဖျက်ဆီးပစ်လိုက်သည်။သို့ပေမယ့် လျှပ်စီးငါးဖြာထိန်းချုပ်ခြင်းမှ မိုးကြိုးငါးချက်ပစ်ခြင်းကို မတားဆီးနိုင်ပေ။

“ခြေရာမဲ့ပျံသန်းခြင်း”

ချီမင်၏အဓိက ခန္ဓာကိုယ်က ထိုအခွင်အရေးကိုယူကာ နေရာခုန်ကူးသွားလိုက်သည်။သူက ကိုယ်ပွားသုံးခုကို အကာကွယ်ယူလျက် ကောင်းကင်မျက်လုံးရှေ့မှထွက်ခွာသွားသည်။ နေရာရွှေ့ပြောင်းသွားသည့်အလားပင်။

“နဂါးနဲ့ကျားဖိနှိပ်ခြင်း”

ချီမင်သည် အံ့ဖွယ်စွမ်းအားနည်းစနစ်ကို လည်ပတ်ကာ စွမ်းအားစုစည်းလိုက်သည်။ဖရိုဖရဲမြင့်မြတ်ခန္ဓာ၏စွမ်းအားကြောင့် အဆုံးမဲ့ဖရိုဖရဲမြူခိုးတို့မှာ ပျံ့နှံ့သွားတောသည်။”ဖရိုဖရဲမဟာတာအိုလက်သီး”

အသံကျယ်ကြီးတစ်ချက်ထွက်ပေါ်လာသည်။

ချီမင်သည် လက်သီးဖြင့်တိုက်ခိုက်လိုက်သည်။လက်သီးချက်အောက်တွင် အဆုံးမဲ့ဖရိုဖရဲမြူခိုးတို့မှာ အရာရာကို နှစ်ခြမ်းဆွဲဖြဲ တော့မည်အလားပင်။

“တိုက်...!”ချီမင်က အော်ဟစ်လိုက်သည်။

ကောင်းကင်မျက်လုံးထံတွင် ကပ်ဘေးချီးများ မရောမတွက်နိုင်လောက်အောင် စုစည်းလာပြန်သည်။ကမ္ဘာကြီး၏စွမ်းအာကသိပ်သည်းလာကာ ကောင်းကင်၏တန်ခိုးအရှိန်အဝါကပျံနှံ့လာပြီး ခရမ်းရွှေရောင်လက်တစ်စုံအဖြစ် ပြောင်းလဲသွား၏။ခရမ်းရွှေရောင်လက်တစ်စုံက လက်သီးဆုပ်ကာ ထိုးချလိုက်သည်။ကောင်းကင်တာအိုစွမ်းအားက စုစည်းလာပြီး အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်လက်သီးချက် ထွက်ပေါ်လာကာ ပေါက်ကွဲသွားသည်။

ဘုန်း! ဘုန်း!

နှစ်ဖက်က ထိတိုက်ကုန်ကြသည်။

ခရက်!ခရက်!

ခရမ်းရွှေရောင်လက်ဖက်က တဖြည်းဖြည်း အရေးနိမ့်လာသည်။ထိုတိုက်ပွဲတွင် ချီမင်က အရေးသာသွားပြီး လက်ကို ဖျက်ဆီးလိုက်တော့သည်။

အသံကျယ်ကျယ်ထွက်ပေါ်လာပြီး ခရမ်းရွှေရောင်လက်တစ်စုံက လျှို့ဝှက်နက်နဲကမ္ဘာ၏စွမ်းအားနှင့်ပေါင်းစပ်သွားတော့သည်။ကောင်းကင်တာအိုစွမ်းအားက ချီမင်ထံတွင် ဖျက်ဆီးခံလိုက်ရတော့သည်။

ကမ္ဘာကြီးပင်တုန်ခါသွားစေသည့် ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။

ခရက်!ခရက်!

အနားကနေရာလွတ်မှာ ကြေးမုံတစ်ချပ်ပမာ အက်ကွဲလာသည်။

“ရူးလောက်တယ်။”

“စီနီယာချီမင်က ကောင်းကင်...ကောင်းကင်လက်တွေကို ဖျက်ဆီးလိုက်ပြီ။”

“အရမ်းစွမ်းအားကြီးတာပဲ။”

“စီနီယာအစ်ကိုချီမင်ရဲ့အင်အားက ကောင်းကင်တာအိုထက်ပိုကောင်းတာလား။”

“ဟားဟားဟား..”

“စီနီယာချီက ပြိုင်ဘက်ကင်းပဲ။စီနီယာအစ်ကိုချီမင်က ပြိုင်ဘက်ကင်းပဲ။”

ပတ်ဝန်းကျင်က မဟာယနအဆင့်ကျွမ်းကျင်သူများမှာ ဝမ်းမြောက်သွားကြသည်။သူတို့က ချီမင်ထုတ်ပြလာသည့်အင်အားကြောင့် အလွန်အမင်းစိတ်လှုပ်ရှားသွားကြသည်။

သူတို့အဖို့ မပြီးဆုံးသေးပေ။

အနိုင်ရရန် အခွင့်အရေးတစ်ခုကားရှိသေး၏။

ချီမင်အပေါ် မျှော်လင့်ချက်အားလုံးစုပုံထားလ်ိုက်ကြ‌တော့သည်။မဟာယနအဆင့်ကျွမ်းကျင်သူများက သန်မာကြပြီး လျှို့ဝှက်နက်နဲကမ္ဘာ၏အထွတ်အထိပ်အဆင့်ကိုရောက်ပြီးပြီဖြစ်၌ ဆက်လက်မတိုးတက်နိုင်တော့ပေ။

မျိုးနွယ်စုတို့၏အထွတ်အထိပ်ဖြစ်တည်မှု ယန်လီနှင့်ရှောင်ဖန်းတို့ပင် ကောင်းကင်တာအိုထက်အနည်းငယ်သာအားနည်းသည့်မူလအစအင်မော်တယ်ဘုရင်ကို မခုခံနိုင်ပေ။

သဘာဝကျကျဆိုရလျှင် ယန်လီနှင့်ရှောင်ဖန်းပင် ရှုံးနိမ့်ပြီးသေသွားနိုင်၏။

ယန်လီနှင့်ရှောင်ဖန်းက ဥပဒေသကျင့်ကြံခြင်းနှင့်အနီးစပ်ဆုံးဖြစ်သည်။ကောင်းကင်အရှင်ယင်းသာလျှင် ဥ‌ပဒေသကျင့်ကြံခြင်းအဆင့်ကို စစ်မှန်စွာခြေချနိုင်ခြင်းဖြစ်သည်။အထွတ်အထိပ်ဖြစ်တည်မှုခြောက်ပါးအတွက် မူလအစအင်မော်တယ်ဘုရင်ကို အနိုင်ယူဖို့မဖြစ်နိုင်ပေ။

သို့ပေမယ့် ချီမင်ပေါ်ပေါက်လာသည်။

သူသည် လျှို့ဝှက်နက်နဲကမ္ဘာ၏ကိန်းရှင်ဖြစ်သည်။သူ သည်လျှို့ဝှက်နက်နဲကမ္ဘာမှမွေးဖွားလာသည်လည်းမဟုတ်ပေ။သူသည် ကမ္ဘာမြေပေါ်မှဝိညာဉ်ကူးပြောင်းလာခြင်းဖြစ်သည်။ချီမင်သာ မူလအစအင်မော်တယ်ဘုရင်ကို အနိုင်ယူနိုင်သရွေ့ ဒီကိစ္စကအဆုံးသတ်သွားကာ ကောင်းကင်နှင့်မြေကြီး၏ကပ်ဘေးဒုက္ခကလည်း ပြီးဆုံးသွားပေလိမ့်မည်။

ချီမင်သာရှုံးနိမ့်သွားပါက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးက မူလအစအင်မော်တယ်ဘုရင်၏အရင်းအမြစ်ဖြစ်သွားပေလိမ့်မည်။မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာကိုဝါးမြိုကာ တခြားသောကမ္ဘာများနှင့်ပေါင်းစပ်လျက် အချိန်ကာလရတနာ:ကမ္ဘာ့တံခါးကို အခြေခံအဖြစ်သုံးပြီးသူ၏ယခင်ခွန်အားကို ပြန်ရနိုင်သည်။ပိုပြီးတောင် အဆင့်တက်နိုင်သွားနိုင်၏။

ထိုအချိန်တွင် မူလအစအင်မော်တယ်ဘုရင်သည် အထက်ကမ္ဘာသို့ပြန်တတ်သွားနိုင်လိမ့်ပေမည်။

သူက ကျင့်ကြံခြင်းလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းသွားနိုင်ပေလိမ့်မည်။

ချီမင်၏အကြည့်က အေးစက်သွားပြီး တိုက်ခိုက်လိုစိတ်က ထွက်ပေါ်လာသည်။သူက ‌ခရမ်းစိမ်းရောင်ကောင်းကင်လက်များကို ဖြိုခွဲလိုက်သည့်အခါ လူတိုင်းကို ထိတ်လန့်သွားစေတော့သည်။သူက ကောင်းကင်မျက်လုံးကိုပါ ကြည့်လိုက်သည်။

ထိုအခိုက်တွင် ချီမင်၏လက်ဖဝါးထက်မှ မမြင်နိုင်သည့် ကပ်ဘေးချီထွက်ပေါ်လာသည်။ထိုအရာက မဟာကပ်ဘေးဒုက္ခနည်းစနစ်၏စွမ်းအားဖြစ်သည်။ထိုချီက ကပ်ဘေးဒုက္ခမျိုးစုံအဖြစ်ပြောင်းလဲနိုင်သည်။

“ဒါ လုံးဝမဖြစ်နိုင်ဘူး။”

မူလအစအင်မော်တယ်ဘုရင်က အင်မတန်ထိတ်လန့်သွားတော့သည်။ချီမင်၏အင်အားက သူ၏မျှော်လင့်ချက်ထက်ကျော်လွန်သွားတော့သည်။သူက ချီမင်ထိုမျှစွမ်းအားကြီးမည်ဟု ဘယ်သောအခါမှ မျှော်လင့်မထားခဲ့ပေ။

“သေလိုက်တော့!”

ချီမင်က ညာဘက်လက်ကိုရိုက်ချလိုက်သည်။မဟာကပ်ဘေးဒုက္ခနည်းစနစ်က ကပ်ဘေးဒုက္ခတွင်းနက်ကြီးအဖြစ် ပြောင်းလဲကာ ခရမ်းစိမ်းရောင်ကောင်းကင်မျက်လုံးတို့ကို ဖျက်ဆီးလိုက်တော့သည်။

“အိပ်မက် မက်နေလိုက်”

ထိုသို့အရေးကြီးသည့်အခိုက်အတန့်တွင် မူလအစအင်မော်တယ်ဘုရင်က အော်ဟစ်လိုက်သည်။သူက ကောင်းကင်တာအို၏လုပ်ပိုင်ခွင့်ကို အသက်သွင်းကာဆင့်ခေါ်လိုက်သည်။ ကောင်းကင်မျက်လုံးနားတွင် အသက်ဝင်နေသည့် မျက်နှာတစ်ခုပေါ်ပေါက်လာသည်။

မျက်လုံး၊ပါးစပ်၊နှာခေါင်း၊နား၊မျက်ခုံး..

လူသားတစ်ဦး၏မျက်နှာအလားပင်။

ထိုအရာကို ‌ကောင်းကင်၏မျက်နှာဟု ခေါ်သည်။

ခရမ်းစိမ်းရောင်မျက်နှာက လေထုထဲမှာပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကို ငုံကြည့်လိုက်သည်။

စွမ်းအားအမျိုးမျိုးစုဝေးလာသည်။

“တိုက်ခိုက်”

ကောင်းကင်မျက်နှာက အော်ဟစ်လိုက်ဟန်တူကာ ခရမ်းစိမ်းရောင်မြူခိုးတို့ပျံ့နှံ့လာသည်။ထိုမြူခိုးတို့တွင် ဖျက်ဆီးခြင်းစွမ်းအားများပါဝင်ကာ ချီမင်ကို သတ်ချင်နေသည့်အလားပင်။

ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိကျင့်ကြံထားသည်။ထိုအရာ၏စွမ်းအားက အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသောကြောင့် စိတ်ကူးမယဉ်နိုင်သည့်အဆင့်သို့ပင် ရောက်ရှိနေသည်။

သူက ညာဘက်လက်ကိုဝေ့ယမ်းတော့ မဟာကပ်ဘေးဒုက္ခနည်းစနစ်က ထွက်ပေါ်လာပြန်သည်။ကပ်ဘေးချီက ထိုးတက်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။တောက်ပသည့် ခရမ်းစိမ်းရောင်မြူခိုးတို့မှာ ကပ်ဘေးချီကြောင့်ဖျက်ဆီးခံလိုက်ရတော့သည်။သက်ရှိတိုင်း၏အကြည့်အောက်တွင် မဟာကပ်ဘေးဒုက္ခနည်းစနစ်က ကောင်းကင်မျက်နှာတစ်ခုလုံးကိုဖုံးအုပ်သွားသည်။မဟာအံ့ဖွယ်စွမ်းအား၊မဟာတာအို၏စွမ်းအားဖြင့် မျက်နှာတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်သည်။

ထူးဆန်းသည့် တုန်ခါမှုတစ်ခုပျံ့နှံ့လာသည်။

ကောင်းကင်မျက်နှာက ‌ပျောက်ကွယ်သွားတော့သည်။

ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ကိုသုံးကာ ကောင်းကင်မျက်နှာကိုဖျက်ဆီးလိုက်တော့သည်။ထိုသို့သောစွမ်းအားမျိုးက မူလအစအင်မော်တယ်ဘုရင်ကို အလွန်အမင်းထိတ်လန့်သွားစေသည်။

“ဒါက...”

မူလအစအင်မော်တယ်ဘုရင်သည် အသက်ပြင်းပြင်းရှုလိုက်သည်။သူက မြင်လိုက်ရသည့်အရာကိုမယုံကြည်နိုင်ပေ။သို့ပေမယ့် ထိုအရာက အမှန်တရားဖြစ်သည်။”မဟာအံ့ဖွယ်စွမ်းအား အဲ့ဒါကမဟာအံ့ဖွယ်စွမ်းအားပဲ။”

“ဘယ်လိုဖြစ်နိုင်မှာလဲ။”

“ချီမင်က မဟာအံ့ဖွယ်စွမ်းအားကို ဘယ်လိုတတ်နေသွားတာလဲ။အထက်ကမ္ဘာမှာပဲ မဟာအံ့ဖွယ်စွမ်းအားဆိုတာရှိတာမလား။အောက်ကမ္ဘာမှာ ဘယ်လိုဖြစ်ပြီးပေါ်လာရတာလဲ။”

“အောက်ကမ္ဘာမှာ အားအကောင်းဆုံးက အသေးစားအံ့ဖွယ်စွမ်းအားပဲမလား။”

မူလအစအင်မော်တယ်ဘုရင်သည် အင်မတန်ထိတ်လန့်သွားသည်။အထက်ကမ္ဘာမှာပင် လူအနည်းငယ်သာ မဟာအံ့ဖွယ်စွမ်းအားကို ကျွမ်းကျင်နိုင်သည်။ထို့အပြင် သူပြထားသည့်စွမ်းအားက အလွန်အမင်းမြင့်မားသည့်အဆင့်သို့ရောက်နေပြီဖြစ်သည်။

တုန်လှုပ်ဖွယ်ကောင်းနေတော့သည်။

မူလအစအင်မော်တယ်ဘုရင်လည်း မဟာအံ့ဖွယ်စွမ်းအားတစ်ခုကိုနားလည်ထားသည်။ထိုအရာက မူလအစအင်မော်တယ်ဘုရင်၏ဝှက်ဖဲလည်းဖြစ်သည်။ ထိုအရာကို မဟာမူလအစနည်းစနစ်ဟုခေါ်သည်။

ထို့ကြောင့်မူလအစအင်မော်တယ်ဘုရင်က သူ၏မဟာအံ့ဖွယ်စွမ်းအားကြောင့် အထက်ကမ္ဘာ၌ အင်မော်တယ်ဘုရင်ကျင့်ကြံခြင်းအဆင့်ဖြင့် ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းကိုသုံးကာ ကမ္ဘာ့မူလအစကိုဖန်တီးနိုင်ခြင်းဖြစ်သည်။အထက်ကမ္ဘာတွင် မူလအစအင်မော်တယ်ဘုရင်သည် သူ၏မဟာအံ့ဖွယ်စွမ်းအားကြောင့် နာမည်တစ်လုံးဖြင့်နေနိုင်ခြင်းဖြစ်သည်။

ထို့‌ကြောင့်လည်း မူလအစအင်မော်တယ်ဘုရင်ဟုခေါ်ခြင်းဖြစ်သည်။

ချီမင်က မဟာကပ်ဘေးဒုက္ခနည်းစနစ်ကိုသုံးကာ မူလအစအင်မော်တယ်ဘုရင်၏ စွမ်းအားကိုဖျက်ဆီးလိုက်သည်။ကောင်းကင်ကြီးကကြည်လင်လာပြီး တန်ခိုးအရှိန်အဝါလည်း ပျောက်ကွယ်သွားတော့သည်။”သူ..သူ..နိုင်သွားတယ်။”

“ဟားဟားဟား”

“ကောင်းတယ်ဟေ့”

“စီနီယာချီမင်နိုင်တယ်”

“ကောင်းကင်တာအိုဖြစ်တော့ရော ဘာဖြစ်လဲ။”

“သူက စီနီယာချီရဲ့ပြိုင်ဘက်တောင်မဟုတ်ဘူး။”

“စီနီယာချီမင်က ပြိုင်ဘက်ကင်းပဲ။”

မျိုးနွယ်ငါးခုမှ မဟာယနအဆင့်ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြသည်။သူတို့၏တိုက်ခိုက်လိုစိတ်က မြင့်တက်လာပြီး အင်မော်တယ်ဘုရင်များကို ပြင်းပြင်းထန်ထန်တိုက်ခိုက်တော့သည်။

“ဒါက”

“ဘယ်လိုဖြစ်နိုင်မှာလဲ။”

“အင်မော်တယ်ဘိုးဘေးက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ကောင်းကင်တာအိုဖြစ်သွားတာတောင် ချီမင်ကို မနိုင်သေးဘူးလား။”

“မဖြစ်နိုင်ဘူး။လုံးဝမဖြစ်နိုင်ဘူး။”

“မဟုတ်ဘူး။”

အင်မော်တယ်ဘုရင်များက ကြောက်လန့်သွားကြပြီးအမှန်ကိုမယုံနိုင်ကြပေ။

သန့်စင်ခြင်းသုံးပါးကိုယ်ပွားများလည်းပျောက်ကွယ်သွားပြီး သန်စင်သည့်ချီစွမ်းအင်စီးကြောင်းအဖြစ်ပြောင်းလဲကာ ချီမင်၏ခန္ဓာကိုယ်ထဲသို့ပြန်ဝင်သွားသည်။ ရွှေရောင်အလင်းက ပျောက်ကွယ်သွားပြီး သန့်စင်ရွှေခန္ဓာကလည်း စုစည်းသွားသည်။

“ငါမင်းဘယ်မှာပုန်းလည်းသိနေပြီ။”

တိုက်ပွဲထဲမှာ ချီမင်က ကောင်းကင်လက်၊မျက်လုံးနှင့်မျက်နှာတို့ကို ဖျက်ဆီးလိုက်သည်။သူက မူလအစအင်မော်တယ်ဘုရင်၏ မူလအစစွမ်းအင်အမျှင်ကိုရလိုက်သည်။ထိုနည်းဖြင့် ချီမင်က မူလအစစွမ်းအင်မျှင်ကို မှီခိုကာ မူလအစအင်မော်တယ်ဘုရင်ပုန်းအောင်းနေသည့် နေရာအစစ်ကို တွက်ချက်နိုင်သွားသည်။သူက ဗဟို‌နတ်ဘုရားတောင်၏ထိပ်ကိုကြည့်လိုက်သည်။

“မင်းက ကောင်းကောင်းကြီးပုန်းနေတာပဲ။”

ချီမင်က အသက်ပြင်းပြင်းရှုလိုက်သည်။သူက ခြေတစ်လှမ်း လှမ်းလိုက်‌တော့ သူ့ပုံရိပ်က ပျောက်ကွယ်သွားသည်။သူက ခြေရာမဲ့ပျံသန်းခြင်းကိုသုံးကာ နေရာလွတ်ထဲသို့ဝင်ရောက်လိုက်သည်။ ပျောက်ကွယ်သွားသည်မှာ သူက နေရာရွှေ့ပြောင်းသွားသည့်အလားပင်။

နောက်တစ်ခဏမှာ သူက ဗဟိုနတ်ဘုရားတောင်ခြေ၌ ပြန်ပေါ်လာသည်။

ထို့အပြင် ချီမင်၏ဝိညာဉ်သားရဲခြောက်ကောင်နှင့်ကြာပန်းနက်ကလည်း ဗဟိုနတ်ဘုရားတောင်သို့ လိုက်လာသည်။သူတို့က တောင်ခြေမှာရပ်လိုက်ပြီးသူတို့ရှေ့မှ ခမ်းနားသည့်နတ်ဘုရားတောင်ကြီးကိုကြည့်လိုက်သည်။ထိုတောင်ကြီးက အလွန်အမင်းထိတ်လန့်ဖွယ်ကောင်းသည်။

“မင်းတို့သွားတော့”ချီမင်က ညွှန်ကြားလိုက်သည်။”သွားပြီးတော့ ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်ရဲ့အမြူတေကိုဖျက်ဆီးလာခဲ့။”

“ဟုတ်ကဲ့”ဟော့ချန်ချင်းနှင့်တခြားသူများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ချီမင်၏အမိန့်ကို လက်ခံလိုက်သည်။သူတို့က အလင်းတန်းခြောက်ခုအဖြစ်ပြောင်းလဲကာ မတူညီသည့်အရပ်မျက်နှာသုံးခုဘက်သို့အလျင်အမြန်ထွက်ခွာသွားကြသည်။

ရှောင်ဖန်း၊ယန်လီနှင့်လျှို့ဝှက်နက်နဲကမ္ဘာ၏သက်ရှိများက မူလအစအင်မော်တယ်ဘုရင်က ကောင်းကင်ကိုးလွှာနှင့်မြေကြီးဆယ်ထပ်ကမ္ဘာဖန်တီးခြင်းအစီအရင်ကို အသက်သွင်းထားတာကြာပြီဖြစ်မှန်းမသိကြပေ။သို့ပေသော်လည်း ချီမင်က တွက်ချက်ထားမိလို့သိထားရသည်။သူက အမြူတေနေရာကိုလည်း အတည်ပြုနိုင်ထား၏။

All Chapters