← Chapters

ယောက်ျား ရှင် ကျွန်မကို တစ်ခုခုဖုံးကွယ်ထားလား_၆

Vol. 16 Ch. 211

ယောက်ျား ရှင် ကျွန်မကို တစ်ခုခုဖုံးကွယ်ထားလား_၆

Vol. 16 Ch. 211

သူ စိတ်လွတ်သွားပြီပဲဖြစ်မယ်။

ချန်ကျဲ့နှင့် စူးယွင်ကျင်းတို့ဘက်၌

စူးယွင်ကျင်းသည် ချန်ကျဲ့နောက်မှ လိုက်လျှောက်နေခဲ့ရင်း ခင်ပွန်းသည်ဖြစ်သူ၏ စိုးရိမ်ပူပန်နေသည့် မျက်နှာအမူအရာကို သတိထားမိသောကြောင့် ပြောသည်။

“ယောက်ျား ရှင် တတိယသခင်မလေးဟွားက တစ်ခုခုမူမမှန်ဘူးလို့ ထင်နေတာဆိုရင် ကျွန်မ သူနဲ့ အဆက်အသွယ်လုပ်တာ ရပ်ပြီး နည်းနည်းချင်း ရှောင်ဖယ်လိုက်ပါ့မယ်”

ထိုအခါ ချန်ကျဲ့မှ တုံ့ပြန်သည်။

“တမင်သက်သက်ကြီး ရှောင်ဖယ်ဖို့ မလိုပါဘူး။ အရမ်းကြီးသိသာသွားရင် မကောင်းဘူးလေ”

စူးယွင်ကျင်းမှ ပြောသည်။

“ယောက်ျား သူက ရှင့်ရဲ့လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်မယ်လို့ ထင်လား။ ကျွန်မတို့ ခန်းမအရှင်သခင်ကို သတင်းပို့ထားသင့်လား”

ချန်ကျဲ့မှ ပြောသည်။

“ဒီလူက မိတ်‌‌ဆွေလား ရန်သူလား မကွဲပြားသေးဘူး။ အချိန်ခဏလောက် စောင့်ကြည့်ရအောင်”

ယနေ့ည စနစ်၏ သတင်းအချက်အလက် ရောက်လာမည့် အချိန်အထိ စောင့်ဆိုင်းပြီး ဤအမျိုးသမီးအကြောင်း အချက်အလက်တစ်ခုခု ပါလို့ပါငြား စောင့်ကြည့်မည်ဟု ချန်ကျဲ့ စိတ်ထဲမှ တွေးလိုက်သည်။

ဤအမျိုးသမီးသည် အမှန်တကယ်ပင် ထူးဆန်း၏။ သူမသည် အကြောင်းအရင်းမရှိပါဘဲ စူးယွင်ကျင်းနှင့် ရင်းနှီးမှုရယူသည်ဟု ချန်ကျဲ့ မယုံကြည်ပါချေ။ မည်သို့ပင်ဖြစ်စေ အရာအားလုံးမှာ နောက်ကွယ်တွင် အကြောင်းအရင်းတစ်စုံတစ်ရာ တည်ရှိနေကြသည်ချည်းသာ ဖြစ်၏။

မိမိအနေဖြင့် အလုံးစုံ နားလည်သိရှိနိုင်ခြင်း မရှိပါလျှင် လက်ရှိအခြေအနေကို အနှောင့်အယှက်မပြုသင့်ပေ။

သူမ ဘာလုပ်ချင်သည်ဖြစ်စေ အရင်ဆုံးစောင့်ကြည့်မည်ဟု ဆုံးဖြတ်လိုက်သည်။

ထိုသို့အတွေးဖြင့် သူတို့သုံးဦး မနက်စာစားကြသည်။ ချန်ကျဲ့သည် ထို့နောက်တွင် အမျိုးသမီးနှစ်ယောက်ကို အိမ်ပြန်ပို့ခဲ့သည်။ ထိုစဉ် ရထားလုံးတစ်စီး အိမ်အပြင်သို့ ရောက်လာသည်။

ရထားလုံးမောင်းနှင်သူသည် ချန်ကျဲ့ သိထားသူဖြစ်၏။ ထိုသူမှာ စစ်ရှီးဖြစ်သည်။

စစ်ရှီးသည် ရထားလုံးကို ရပ်လိုက်ပြီး‌ ပြောသည်။

“သခင် ၅”

ချန်ကျဲ့ ထွက်လာပြီး သူ့ကိုကြည့်လာသောအခါ စစ်ရှီးမှ ပြောသည်

။

“သခင်၅ ကျွန်တော် သခင်၅ကို ကျားဖြူခန်းမဆီ သွားဖို့ လာကြိုတာပါ”

“အို ကျေးဇူးပါပဲ”

ချန်ကျဲ့ ရထားလုံးပေါ်သို့ တက်လိုက်ပြီး စူးယွင်ကျင်းကို ဒီနေ့ညစာအတွက် သူ့ကို မစောင့်တော့ရန် မှာကြားခဲ့သည်။ ထို့နောက် ကျားဖြူခန်းမသို့ ဦးတည်ထွက်လာခဲ့သည်။

ထိုအချိန်တွင် ကျားဖြူခန်းမသည် လှုပ်လှုပ်ရှားရှားဖြင့် စည်ကားနေသည်။ ကျားဖြူခန်းမဝင်ပေါက်၌ အနီရောင်မီးအိမ်များ ချိတ်ဆွဲထားပြီး အရောင်အသွေးစုံလင်‌သော တံခွန်ငယ်များဖြင့် ဆင်ယင်ထားသည်။ ထို့ပြင် ခန်းမကြီးတစ်ခုလုံးမှာ လူသွားလူလားများဖြင့် စည်ကားသိုက်မြိုက်နေသည်။ ခြံဝင်းထဲတွင် စားပွဲများပြင်ဆင်ထားသည်မှာ စားသောက်ပွဲတော်ကြီးဖြစ်ကြောင်း သိသာထင်ရှားလှသည်။

ချန်ကျဲ့ ကျားဖြူခန်းမသို့ ရောက်သောအခါ ဖုန်းရွှမ်မှ သူ့အား ဖန်းရှစ်ကျုံးနှင့် တွေ့ဆုံရန် ခေါ်သွားပေးသည်။

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အမ်း ကျိုစစ်၊ ငါမင်းရဲ့ကိစ္စကို ဟာကွက်မရှိစေဘဲ သေချာဖြေရှင်းပြီးပြီ။ အဲဒါကြောင့် အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်ဖို့ မလိုတော့ဘူး”

“မွေးစားအဖေကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့သည် ဖန်းရှစ်ကျုံးကို အရိုအသေပြု၍ ကျေးဇူးတင်စကားဆိုလိုက်သည်။ ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“အသေးအမွှားလေးပါပဲ။ မင်းဒီနေ့ ငါ့ဘေးမှာပဲနေ”

“ဟုတ်ကဲ့ပါ မွေးစားအဖေ”

ချန်ကျဲ့ သဘောတူညီကာ ‌ဖန်းရှစ်ကျုံးနောက်သို့ လိုက်သည်။

ထိုစဉ် ဖုန်းရွှမ်မှ ပြော၏။

“ညီငယ်၆ ဘာလို့ ရောက်မလာသေးတာလဲ”

ထိုသို့ပြောလိုက်စဉ် ရုတ်တရက်ပင် အလျင်လိုနေသည့် ခြေသံများကို ကြားလိုက်ရသည်။ ထိုလူမှာ သိသိသာသာကို ခြေထောက် ထော့နဲ့ထော့နဲ့ဖြင့် အပြေးလာနေသည့် ကျိုးချူဖြစ်ပေသည်။

သူ၏အသွင်အပြင်တစ်ခုလုံးသည် နှင်းကိုက်နာဖိစီးသော ခရမ်းသီးတစ်လုံးကဲ့သို့ဖြစ်နေသည်။ မျက်လုံးနှစ်လုံးတွင် သိသာထင်ရှားလှသည့် အပြာရောင်စက်ဝိုင်းကြီးနှစ်ခု ရှိနေ၏– ကြည့်ရသည်မှာ မျက်လုံးနှစ်ဖက်လုံးကို အထိုးခံထားရပုံရ၏။

ကျိုးချူ၏အခြေအနေကို မြင်သော် ဖန်းရှစ်ကျုံးမှ ‌မျက်မှောင်ကြုတ်လျက် မေးမြန်းသည်။

“မင်းဘာလို့ ဒီလောက်တောင် ပုံပျက်ပန်းပျက်အခြေအနေ ဖြစ်နေရတာလဲ”

ထိုအခါ ကျိုးချူမှ ရယ်မောလျက် ပြောသည်။

“ဘာမှ စိုးရိမ်စရာမရှိပါဘူး မွေးစားအဖေ။ ကျွန်တော် ကိုယ့်ဘာသာ မတော်တဆ ချော်လဲထားတာပါ”

ချန်ကျဲ့မှာ ကျိုးချူ၏ပုံစံကိုမြင်သော် မထိန်းချုပ်နိုင်စွာ လှောင်ရယ်မိလေသည်။ ထိုအခါ ဖန်းရှစ်ကျုံးမှ မေးသည်။

“သားငယ်၅က ဘာဖြစ်ခဲ့တယ်ဆိုတာ သိထားတယ်လား”

ချန်ကျဲ့ ခေါင်းခါရမ်းလိုက်သည်။

“ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ညီငယ်၆ရဲ့ပုံက နည်းနည်း ရယ်စရာကောင်းနေလို့ပါ”

ဖန်းရှစ်ကျုံးမှ ပြောသည်။

“ငါတို့ သူ့ကို မလှောင်ရယ်သင့်ဘူးလေ”

ချန်ကျဲ့ ချက်ချင်း အရိုအသေပြုလိုက်ပြီး ပြောသည်။

“အင်း”

ထိုအခါ ကျိုးချူသည် ချန်ကျဲ့ကို တစ်ချက်ကြည့်၏။ ချန်ကျဲ့သည် ကျိုးချူကို တီးတိုးပြောလိုက်သည်။

“လောင်ကျိုး မင်းအ‌ဆင်ပြေရဲ့လား”

ကျိုးချူသည် မျက်ဆံကို တစ်ပတ်လှည့်လိုက်ပြီး ပြော၏။

“ငါက ဘာဖြစ်နိုင်မှာမို့လို့လဲ”

ချန်ကျဲ့မှ ချေပသည်။

“မင်းမျက်လုံးတွေတောင် ဒီလိုဖြစ်နေပြီကို ဘာဖြစ်နိုင်မှာလဲလို့ မေးထွက်သေးတယ်နော်။ မနေ့က ရန်ပွဲက အတော်လေးမှ ပြင်းထန်ခဲ့ရဲ့လား”

“ဟမ် ဘယ်သူ့က ငါ့ကိုရိုက်ရဲမှာလဲ”

ကျိုးချူမှ အခိုင်အမာပြော၏။

“မိသားစုမှာ ငါ့ရဲ့နေရာက ခိုင်မာပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်ပြီး ပြစ်တင်ကြိမ်းမောင်းတာမျိုး မရှိပါဘူး”

ချန်ကျဲ့မှ ပြန်ချေပသည်။

“မင်း နောက်တစ်ကြိမ် ကြွားဝါပြောဆိုတဲ့အခါကျ ကျေးဇူးပြုပြီး အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပါဦးလား။ မင်းမျက်လုံးတွေမှာ လုံးဝ ညိုမဲရောင်ကိုင်းနေတာကို ကြွားဝါပြောဆိုနေသေးတယ်”

“ငါ… ဒီအကြောင်းကို လျှောက်မပြောနဲ့ဦးနော် ဟုတ်ပြီလား”

ကျိုးချူ မျက်နှာညှိုးသွား၏။

ချန်ကျဲ့ ရယ်မောလျက် ပြောသည်။

“ငါ နားလည်ပါတယ်။ ဒါပေမဲ့လေ ဘာမှကို ထပ်ပြောစရာ လိုမနေတော့ဘူး၊ မင်းရဲ့အသွင်အပြင်ကိုက အကုန်ပြောပြပြီးသား ဖြစ်နေပြီ”

ထိုအခါ ကျိုးချူသည် ပူဆွေးမြည်တမ်းတော့သည်။

“အဲဒီမိန်းမက တကယ်ကြီး ထိုးတာကွာ”

ချန်ကျဲ့မှ မှတ်ချက်ပြုသည်။

“အရမ်းကြီးတော့လည်း မဆိုးပါဘူး။ အမဲရောင်မျက်လုံးတစ်စုံ ဖြစ်သွားရုံလေးပါပဲ”

“အဲဒါထက် ပိုတယ်ကွ!”

ချန်ကျဲ့မှ ဆက်လက်မေးမြန်းသောအခါ ကျိုးချူမှ ထုတ်ဖော်ပြောလာသည်။

“အတွင်းဒဏ်ရာတွေရောပဲ!”

ချန်ကျဲ့ အံ့အားသင့်သွား၏။

“ဘယ်လိုအတွင်းဒဏ်ရာလဲ”

ကျိုးချူသည် ချန်ကျဲ့ကိုကြည့်လိုက်ပြီး ပြောသည်။

“ခုနစ်ကြိမ်၊ ခုနစ်ကြိမ်တိတိ!”

“ခုနစ်ကြိမ်ဆိုတာ ဘာကြီးလဲ”

ကျိုးချူမှ အရိပ်အမြွက်ပြောသည်။

“တခြားဘာဖြစ်နိုင်ဦးမှာလဲ… အာ့!”

(နားမလည်သူတွေအတွက် ကျွန်တော် Zeus မှ စေတနာပါပါရှင်းပြပါမည်။ ခုနစ်ကြိမ်ဆိုတာက သူ့မိန်းမက သူ့ကို အိပ်ယာပေါ်မှာ လိင်ဆက်ဆံတာကို ပြောတာပါ)

ချန်ကျဲ့ လက်မြှောက်လိုက်ပြီး ပုံစံကို သရုပ်ဖော်ပြသည်…

ကျိုးချူသည် နာကျင်စွာဖြင့် ခေါင်းညိတ်ပြ၏။ ချန်ကျဲ့မှာ မျက်လုံးများ ပြူးကျယ်သွားရသည်။

“ခုနစ်ကြိမ်တောင် မင်းရဲ့ခန္ဓာကိုယ်က အတော်လေး သန်မာကြံ့ခိုင်တာပဲ”

ကျိုးချူမှ မကျေမနပ် ပြောသည်။

“ညီနောင် ငါတကယ်ကြီး ဒုက္ခခံစားခဲ့ရတာကွ!”

“ဒီလိုမှန်းသာ သိခဲ့ရင် အဲဒီအစား ငါ ရိုက်တာပဲ ခံလိုက်မှာ၊ အဲဒါထက်တော့… အာ့…”

ကျိုးချူမှာ ငိုချလုနီးပါး ဖြစ်နေတော့သည်။ ချန်ကျဲ့လည်း ကျိုးချူကို ပခုံးပုတ်ပေးရင်း ပြောလိုက်သည်။

“တစ်နည်းတစ်ဖုံတော့ သာယာကြည်နူးဖွယ်ကောင်းခဲ့လောက်မှာပါ”

ကျိုးချူမှ ပြန်ချေပသည်။

“ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တွေကတော့ မဆိုးလှပါဘူး။ ဒါပေမဲ့ ၅ကြိမ်မြောက်၊ ၆ကြိမ်မြောက်၊ ၇ကြိမ်မြောက်ကျတော့ ညှဉ်းပန်းနှိပ်စက်သလို ခံစားရတယ်ကွ။ အရိုက်ခံရတာထက် ပိုဆိုးတယ်”

“ထပ်တူဝမ်းနည်းရပါတယ် ထပ်တူဝမ်းနည်းရပါတယ်”

ကျိုးချူ၏ အတော်လေး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် အတွေ့အကြုံကြောင့် ချန်ကျဲ့မှာ အနည်းငယ် ခံစားသွားရ၍ ပခုံးပုတ်ပြီး အားပေးလိုက်သည်။

ဒါက တကယ့်ကို အတော်လေး ကြမ်းကြုတ်ပါတယ်လေ။

*ရှင် အမျိုးသမီးတွေကို ရှာဖွေရတာ နှစ်သက်တယ် မဟုတ်ဘူးလား။

ကဲ ဒီမှာ ကျွန်မလည်း အမျိုးသမီးတစ်ယောက်ပဲ!*

…

ချန်ကျဲ့မှာ ထိုအတွေးတွင် တစ်ကိုယ်လုံးတုန်ယင်သွားရသည်။ မည်သို့ပင်ဖြစ်စေ အဆုံးတွင်တော့ ကျိုးချူ၏ဇနီးသည် ဒုတိယသခင်မ စွင်း မဟုတ်ပါလော။

ချန်ကျဲ့သည် သူမကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးပေ။ သို့သော် အမည်နာမဖြင့်ပင် လူသတ်အငွေ့အသက်များကို ခံစားရနိုင်၏။ ကျိုးချူမှာ အသက်ရှင်နေလျက်ဖြင့် စားသောက်ပွဲတော်သို့ ‌တက်ရောက်နိုင်ခြင်းပင်လျှင် အံ့ဩဖွယ်တစ်ရပ် ဖြစ်နေချေပြီ။

ချန်ကျဲ့ အတွေးထဲနစ်မြောနေစဉ် အပြင်ဘက်မှ ကြေညာချက်တစ်ခု ကြေညာ၏။

“ဧည့်သည်ရောက်ရှိပါတယ်!”

ထိုစကားအဆုံး၌ လက်ဆောင်ပဏ္ဏာများ သယ်ဆောင်လာသည့်လူများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာသည်။ ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့သည် တံခါးဝမှ နေ၍ ဧည့်သည်များကို နှုတ်ဆက်သည်။

ဖန်းရှစ်ကျုံး ထွက်ပေါ်လာပါက ထိုသူတို့သည် အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပေလိမ့်မည်။

ဧည့်သည်များသည် အမျိုးမျိုးသော လက်ဆောင်ပဏ္ဏာများကို သယ်ဆောင်လာခဲ့ကြပြီး ဖန်းရှစ်ကျုံးကို နှုတ်ဆက်သည်။ ထို့နောက် ချန်ကျဲ့နှင့် ကျိုးချူတို့ကို အရည်အချင်းရှိသော လူငယ်များဟု ချီးမွမ်းပြောဆိုသည်။ ထို့နောက် ဖန်းရှစ်ကျုံးအား ကောင်းကင်ဘုံ၏ ကောင်းချီပေးခံရသည့် သားရရှိခြင်းအတွက် မြှောက်ပင့်ဂုဏ်ပြုကြသည်။

သို့သော်ငြား ထိုသို့စကားဆိုကြသည့် ဧည်သည့်တိုင်းသည် ကျိုးချူကို အံ့ဩသည့်အကြည့်များဖြင့် ကြည့်သွားခဲ့ကြ၏။

“ဒါက မွေးရာပါလား ဒါမှမဟုတ်…?”

ဧည့်သည်များသည် ကျိုးချူ၏မျက်လုံးအစုံကို လက်ညှိုးညွှန်လျက် မေးမြန်းကြသည်။ ကျိုးချူသည် အရေးမထားဟန်သော မျက်နှာအမူအရာကို ထိန်းသိမ်းထားလျက် ပြော၏။

“မွေးရာပါ မွေးရာပါ,ပါ”

၎င်းကိုအရင်းပြု၍ ကျိုးချူသည် နောက်ပိုင်းတွင် သိုင်းလောကတစ်ခွင်၌ အမည်ပြောင်တစ်ခု ရရှိခဲ့လေသည်။ မျက်လုံးမဲဝက်ဝံ– ကျိုးချူ ဟူ၏။

(ကိုယ့်မိန်းမတွေ၊ ရည်းစားတွေကို ဒေါသထွက်အောင်မလုပ်မိစေနဲ့။ သင်ခန်းစာဟု မှတ်ပါလေ)

ဤသည်မှာ ကျိုးချူ၏ ရိုးသားမှုနှင့် ဖြောင့်မှန်သည့် အပြုအမူကို ဖော်ပြရန်အတွက် ဖြစ်၏။

ဘယ်လိုဝက်ဝံမျိုးမှာ အမဲရောင်မျက်လုံးတွေ ရှိလိမ့်မလဲ။ သေချာပေါက် ပန်ဒါဝက်ဝံပဲပေါ့!

ဧည့်သည်အုပ်စုနှစ်ဆယ်လောက်ကို ပို့ဆောင်ပြီးနောက်တွင် အပြင်ဘက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

“ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နန် ရောက်ရှိပါတယ်!”

ထိုအခါ လူသူအပေါင်းမှာ လှုပ်လှုပ်ရှားရှားဖြစ်သွား၏။

ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နန်လား။

အစောင့်အရှောက်ကြီး၁၃ဦးရဲ့ ခေါင်းဆောင်နန်ပါးထျန်းက တကယ်ကြီး ဒီနေရာကို ရောက်လာတာလား။

All Chapters