← Chapters

ဩဇာအာဏာရှိသူများ စုဝေးခြင်း၊ ရွေ့ရွေ့ ပျောက်ဆုံးခြင်း

Vol. 16 Ch. 212

ဩဇာအာဏာရှိသူများ စုဝေးခြင်း၊ ရွေ့ရွေ့ ပျောက်ဆုံးခြင်း

Vol. 16 Ch. 212

“‌ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်နန် ရောက်ရှိပါတယ်!”

အပြင်ဘက်ရှိ ခရီးဦးကြိုဆိုသူ၏ ကြေညာသံကိုကြားသည်နှင့် ဖန်းရှစ်ကျုံးသည် ဝတ်ရုံကို သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်သည်။ ထို့နောက် ချန်ကျဲ့နှင့် ကျိုးချူဘက်သို့ ချက်ချင်းလှည့်ပြော၏။

“ငါနဲ့ နီးနီးကပ်ကပ်နေ၊ ကိုယ်ပြောသင့်တဲ့အချိန် မဟုတ်ဘဲ စကားမပြောနဲ့”

“ဟုတ်ကဲ့!”

ထိုအချိန်၌ ချန်ကျဲ့နှင့် ကျိုးချူတို့နှစ်ဦးစလုံးသည် တည်ကြည်လေးနက်သည့် မျက်နှာအမူအရာကို ထိန်းသိမ်းထားကြ၏။ အခြားသူများရှေ့တွင် အနည်းငယ် သက်သောင့်သက်သာဖြင့် စိတ်ပြေလျော့ထားနိုင်သော်ငြား မျန့်ရွှေစီရင်စု၏ ထင်ရှားအကျော်ကြားဆုံးသူ၏ ရှေ့မှောက်တွင်မူ သေချာပေါက် ထိုသို့ပြုမူရန် မဝံ့ရဲပါချေ။

သူတို့သည် နာခံစွာဖြင့် ဖန်းရှစ်ကျုံးနောက်မှလိုက်၍ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်ကို ကြိုဆိုရန် ဂိတ်တံခါးဝသို့ ထွက်လာခဲ့ကြသည်။

ဂိတ်တံခါးဝသို့ရောက်သောအခါ အလွန်ခမ်းနားထည်ဝါသည့် ရထားလုံးကို မြင်တွေ့လိုက်ရသည်။ ရထားလုံး၏ အမြင်အာရုံကို အဆွဲဆောင်ဆုံးသောအရာမှာ ‌ရထားလုံးကို ပြေးဆွဲသည့် အထက်တန်းအဆင့် မြင်းနှစ်ကောင်ဖြစ်သည်။

ရထားလုံးတစ်စီး၏ ခမ်းနားထည်ဝါမှုအဆင့်သည် ရထားလုံး၏ အရွယ်အစား သို့မဟုတ် အတွင်းပိုင်းအပြင်အဆင် ခမ်းနားထည်ဝါမှုအပေါ်၌ မူတည်ပေသည်။

ခန်းမအရှင်သခင်အဆင့်ရှိသူ၏ ရထားလုံး အတွင်းပိုင်းအပြင်အဆင်သည် ပြည်သူများအကြားတွင် ထိပ်တန်းအဆင့်ဖြစ်ပြီး ဖြစ်၏။ ထိုအခါ အဆင့်အတန်း ခွဲခြားပေးနိုင်သည့်အရာမှာ ‌ရထားလုံးကိုပြေးဆွဲသည့် မြင်းများဖြစ်သည်။ မျန့်ရွှေစီရင်စု၏ စည်းမျဉ်းမှာ ခန်းမအရှင်သခင်သည် ရထားလုံးပြေးဆွဲရန် အများဆုံးပမာဏအဖြစ် မြင်းတစ်ကောင် အသုံးပြုနိုင်သည်ဟူ၏။

ကုန်သည်အဖွဲ့ခေါင်းဆောင်အဆင့်အတန်းအတွက်မူ မြင်းနှစ်ကောင် အသုံးပြုပြေးဆွဲနိုင်သည်။

မျန့်ရွှေစီရင်စု၌ ရထားလုံးကို မြင်းနှစ်ကောင် အသုံးပြုပြေးဆွဲခွင့်ရှိသူ သုံးဦးသာလျှင် ရှိသည်။ ငါးဖမ်းကုန်သည်အဖွဲ့ခေါင်းဆောင်၊ ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်နှင့် စီရင်စု ရာဇဝတ်တရားသူကြီးတို့ ဖြစ်သည်။

သို့ဖြစ်ရာ ‌ကုန်သည်အဖွဲ့ခေါင်းဆောင်၏ ရထားလုံး ရောက်ရှိသည်နှင့်တစ်ပြိုင်နက် လူများစွာ၏ ဝန်းရံခံလိုက်ရသည်။ ရထားလုံးနောက်တွင်လည်း မြင့်သွန်းသည့်မြင်းများကို စီးနင်းလာသူနှစ်ဦး လိုက်ပါလာသည်။

ကျိုးချူမှ တီးတိုးပြောသည်။

“အဲဒီမြင်းသည်တော်နှစ်ယောက်က ဩဇာအာဏာကြီးမားသူတွေပဲ။ ဘယ်ဘက်က တစ်ယောက်က လင်းယုန်ခန်းမအရှင်သခင် ချင်းယင်၊ ပြီးတော့ ညာဘက်က တစ်ယောက်က ကုန်သည်အဖွဲ့ခေါင်းဆောင်ရဲ့ အကြံပေးပုဂ္ဂိုလ်နဲ့ အတွင်းခန်းမအရှင်သခင်ဖြစ်တဲ့ ထန်ဇီယွဲ့ပဲ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဒီနေ့က တကယ့်ပုဂ္ဂိုလ်ကြီးတွေ စုဝေးကြတာပဲ”

ကျိုးချူမှ ပြန်ပြောသည်။

“မင်း စောင့်ကြည့်နေလိုက်၊ နောက်ထပ်ပုဂ္ဂိုလ်ကြီးတွေ ရောက်လာဦးမယ်ဆိုတာ ငါလောင်းရဲတယ်”

ချန်ကျဲ့ မျက်လုံးအိမ်တို့ မှေးကျုံ့လိုက်သည်။ ချန်ကျဲ့ ထိုလင်းယုန်ကို မှတ်မိပါ၏။ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ လင်းယုန်၊ ကျား၊ ကျားသစ်သုံး‌ဖော်ဖြစ်သည်။ လင်းယုန်၏ကျင့်ကြံဆင့်သည်လည်း စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဖြစ်ပြီး သူ၏လင်းယုန်လက်သည်းများသည် ပြိုင်ဘက်ကင်းဖြစ်သည်။

ထိုသူသည် မိန်ဂိုဏ်း၏ အစောင့်အရှောက်ဖြစ်သူ သိမ်းငှက်ဘုရင်ထံမှ လက်သည်းသိုင်းကို ငယ်စဉ်က တစ်ကွက်နှစ်ကွက် သင်ကြားခံထားရဖူးသည်ဟု ကောလဟာလလည်းရှိသည်။

(သိမ်းငှက်ဘုရင်ဆိုတာက ကျန်းဝူကျိ၏ အဖိုးပါ။ မသိသူများ နဂါးနိုင်ဓားရုပ်ရှင်ကို ကြည့်ကြရန်။ သို့မဟုတ် ဝတ္ထုဖတ်ကြရန်)

သို့သော် ထန်ဇီယွဲ့သည်တော့ အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် မပါဝင်ပေ။

နန်ပါးထျန်းကို ထည့်တွက်ပါက ဤနေရာတွင် အစောင့်အရှောက်ကြီး၁၃ဦးထဲမှ နှစ်‌ဦးရောက်ရှိနေသည်ဟု ဆိုနိုင်ပေသည်။

ဤအချက်ကိုကြည့်ခြင်းအားဖြင့် ငါးဖမ်းကုန်သည်အဖွဲ့သည် အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် ပါဝင်သူသုံးဦးကို ပိုင်ဆိုင်ထားရာ သူတို့သည် အကြီးမားဆုံးသော ကုန်သည်အဖွဲ့ဖြစ်ကြောင်း ထင်ရှားမြင်သာလှပေသည်။

မဟုတ်ပေ။ ၎င်းမှာ မမှန်ကန်ပေ။ နန်ပါးထျန်း၊ တံငါသည်ဖန်းရှစ်ကျုံး၊ လင်းယုန်၊ ကျားနှင့် ကျားသစ်သုံးဖော်အပါအဝင် စုစုပေါင်း ၅ယောက်ဖြစ်သည်။ သို့သော် ညီနောင်သုံးဖော်သည် အချို့သော အထူးကျင့်စဉ်များဖြင့် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သောကြောင့် ပို၍အားနည်းကာ အနည်းငယ် နိမ့်ပါးသည်။

တစ်ဦးချင်းယှဉ်ပြိုင်တိုက်ခိုက်မှု၌ အမှန်စင်စစ်သော အင်အားအချို့ကို ပိုင်ဆိုင်ထားသည့် ချင်းယင်မှအပ ကျားနှင့်ကျားသစ်တို့သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်တွင် အောက်ခြေအဆင့်နီးပါး ဖြစ်ကြပေသည်။

သို့သော် ထိုညီနောင်သုံးဖော်တွင် အလွန်တရာ အင်အားကြီးမားသည့် ပူးတွဲသိုင်းကွက်အချို့ ရှိသည်။ သူတို့သုံးဦး ပေါင်းစည်းလိုက်ပါက အစောင့်အရှောက်ကြီး၁၃ဦးထဲမှ မည်သူမဆိုထက် အင်အားနည်းပါးခြင်း မရှိနိုင်ပေ။

ဖန်းရှစ်ကျုံးနှင့်နောက်လိုက်များသည် ဂိတ်တံခါးဝတွင်ရပ်၍ စောင့်ဆိုင်း‌နေကြသည်။ ထိုစဉ် ရထားလုံး၏ လိုက်ကာစသည် ပင့်မြှောက်ခံလိုက်ရပြီး ဂုဏ်သရေရှိသော မျက်နှာအသွင်အပြင်ဖြင့် အမျိုးသားတစ်ဦး ဆင်းလာခဲ့သည်။

ထိုအခါ‌ နေရာရှိလူအားလုံးသည် ထိုလူကို နှုတ်ဆက်လိုက်ကြသည်။

“ခေါင်းဆောင်နန်!”

နန်ပါးထျန်းသည် အပြုံးမျက်နှာဖြင့် တစ်ဦးချင်းစီ၏ ထုံးနည်းအလျောက် နှုတ်ဆက်ခြင်းကို ပြန်လည်တုံ့ပြန်သည်။

နန်ပါးထျန်းသည် ရထားလုံးပေါ်မှ ဆင်းလာခဲ့ပြီးနောက် ကျားဖြူခန်းမထဲသို့ ဦးတည်လျှောက်လာခဲ့သည်။ ထို့နောက် ဖန်းရှစ်ကျုံးနှင့် ဆုံတွေ့သည်။

သူတို့နှစ်ဦး အကြည့်ချင်း‌ဆုံလိုက်သည်တွင် သူတို့နှစ်ဦးကြား၌ မနှစ်မြို့ဖွယ်ထူးခြားသည့် အငွေ့အသက်ကြီး ထွက်ပေါ်လာသည်။ သို့သော် ဖန်းရှစ်ကျုံးမှ ဦးစွာ နှုတ်ဆက်လိုက်သည်။

“ခေါင်းဆောင်”

“ဆရာတူအစ်ကို ကျေးဇူးပြုပြီး ထပါ။ ကျုပ်တို့က ညီအစ်ကိုတွေပဲလေ။ ဘာလို့များ ကျင့်ဝတ်ထုံးတမ်းတွေအတိုင်း ပြုမူနေမှာလဲ”

ဖန်းရှစ်ကျုံးမှ ဦးစွာ အရိုအသေပြုလိုက်သည်ကို မြင်သောအခါ နန်ပါးထျန်း၏ မျက်နှာအမူအရာသည် ရုတ်ချည်း အပြုံးမျက်နှာသို့ ပြောင်းလဲသွား၏။

“ဟား ဟား ဟား… ဆရာတူအစ်ကို ခင်‌ဗျား မွေးစားသား‌နှစ်ယောက် မွေးစားမယ်လို့ ကြားတယ်။ အဲဒီတော့ သူတို့ရဲ့ ဆရာတူဦးလေးဖြစ်တဲ့ ကျုပ်က အရောက်လာပြီး ထောက်ပံ့ပေးရတာပေါ့။ အို ဒီနှစ်ယောက်က ဆရာတူအစ်ကို မျက်စိကျသွားတဲ့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံရတဲ့ သားရတနာတွေ ဖြစ်မယ်ထင်တယ်”

ထိုသို့ပြောလျက် နန်ပါးထျန်း၏ အကြည့်များသည့် ချန်ကျဲ့နှင့် ကျိုးချူအပေါ်သို့ ‌ကျရောက်လာသည်။

ချန်ကျဲ့နှင့် ကျိုးချူသည်လည်း ချက်ချင်း နှုတ်ဆက်လိုက်သည်။

“ခေါင်းဆောင်ကို ဂါဝရပြုပါတယ်”

နန်ပါးထျန်းမှ ဖော်ရွေပျူငှာဟန် ပြုံး၏။

“ယဉ်ကျေးနေဖို့ မလိုပါဘူး။ မင်းတို့က ဆရာတူအစ်ကိုဖန်းရဲ့ မွေးစားသားတွေပဲ၊ ဆိုတော့ ငါ့ရဲ့ဆရာတူ တူလေးတွေပေါ့။ အားလုံးက တစ်မိသားစု‌တည်းပဲလေ၊ စည်းဘောင်တွေအတိုင်း အရမ်းကြီး လိုက်နာနေဖို့မလိုပါဘူး”

ထိုအခါ ချန်ကျဲ့နှင့် ကျိုးချူတို့သည် လက်သီးယှက်လျက် ဆက်လက် အရိုအသေပြုနေခဲ့ကြသည်။

နန်ပါးထျန်း၏ ထိုစကားများကို မည်သူမျှ အတည်မမှတ်ယူရဲပေ။ ယဉ်ကျေးပျူငှာခြင်းသည် အရာရာကောင်းမွန်ပါ၏။ သို့သော် တကယ်ကြီး မိမိကိုယ်ကိုယ် ခေါင်းဆောင်နန်၏ ဆရာတူ တူဟု သတ်မှတ်လျှင်တော့ ငတုံး‌တစ်ကောင်သာ ဖြစ်ချေရော့မည်။

ထိုစဉ် နန်ပါးထျန်းသည် ချန်ကျဲ့ကိုကြည့်၍ ပြော၏။

“မင်းက ချန်ကျိုစစ်ဖြစ်မယ်”

“ခေါင်းဆောင်”

ချန်ကျဲ့သည် ‌လေးစားမှုအပြည့်ဖြင့် ပြန်လည်၍ အရိုအသေပြု နှုတ်ဆက်သည်။ နန်ပါးထျန်းမှ ပြုံး၏။

“အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါ တစ်ချိန်တုန်းက နာမည်ကျော်ကြားတဲ့ သမားတော် လူကြီးမင်းချန်နဲ့ ဆုံတွေ့ခဲ့ဖူးတယ်။ ငါ့ဆရာရဲ့ဒဏ်ရာတွေကို သမားတော်ချန်က ကုသပေးခဲ့တာ”

“ခေါင်းဆောင်ရဲ့ မှတ်မိခြင်းခံရတာက အဖိုးအတွက် ဂုဏ်ယူဖွယ်ရာပါပဲ”

“ဟားဟား မဟုတ်တာပါ။ ငါကြားခဲ့တာ မင်းက သမားတော်ပိုင်ဝမ့်ကျင်းရဲ့ တပည့်ဆို”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ကျွန်တော့်ရဲ့ အရည်အချင်းက နိမ့်ပါးတာကြောင့် ဆရာ့ကို အရှက်ရစေမိပါပြီ”

ထိုအခါ နန်ပါးထျန်းသည် ဖန်းရှစ်ကျုံးသို့ ကြည့်လိုက်ပြီး ပြောသည်။

“ဆရာတူအစ်ကို ခင်ဗျားရဲ့မွေးစားသားက အရမ်းနှိမ့်ချတတ်တာပဲ။ ဟိုးအရင်တုန်းက ဆရာတူအစ်ကိုရဲ့ ပုံစံကိုတောင် သတိရမိစေတယ်”

ဖန်းရှစ်ကျုံးမှ ပြန်ပြောသည်။

“အမှန်ပါပဲ။ လူတစ်ယောက်က အကြီးတွေကို ရိုသေလေးစားရကောင်းမှန်း သိရမယ်။ သူက ဆရာတူညီလေး မင်းငယ်ငယ်တုန်းကလို ကျက်သရေတင့်တယ်မှုမျိုးတော့ နည်းနည်းလိုအပ်နေပါသေးတယ်”

နှစ်ဦးသားသည် အပြန်အလှန် ပြုံးပြလိုက်ကြသည်။ ထို့နောက် နန်ပါးထျန်းသည် တစိချိန်လုံး ခေါင်းငုံ့နေကာ ရှက်ကိုးရှက်ကန်းဖြစ်နေဟန်သော ကျိုးချူသို့ အကြည့်ရောက်သွား၏။

နန်ပါးထျန်းမှ ပြောသည်။

“အာ ဒါက လူကြီးမင်းစွင်းရဲ့သားမက်‌ ကျိုးချူမဟုတ်လား။ မင်းဘာလို့ ခေါင်းငုံ့နေတာလဲ။ ခေါင်းမော့စမ်းပါဦး”

ထိုအခါ ကျိုးချူသည် တုံ့ဆိုင်းစွာဖြင့် ခေါင်းမော့လာခဲ့ပြီး နန်ပါးထျန်းနှင့် အကြည့်ချင်းဆုံလိုက်သည်။

“မင်းမျက်လုံးတွေက ဘာဖြစ်တာလဲ”

နန်ပါးထျန်းသည် ကျိုးချူ၏ ရယ်စရာကောင်းသည့်ပုံစံကို မြင်သောအခါ မထိန်းချုပ်နိုင်စွာဖြင့် နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးတက်သွားရပြီး ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ဖြစ်တည်သွားရသည်။

ကျိုးချူမှ ပြောသည်။

“မွေးရာပါ,ပါ။ အရှင့်ရဲ့ ရယ်မောမှုတစ်ချက်က ကျွန်တော့်အတွက် ကောင်းချီးပါပဲ ခေါင်းဆောင်ခင်ဗျ”

နန်ပါးထျန်းမှ ရယ်မော၏။

“ကောင်းတယ်။ အရည်အချင်းထူးချွန်တဲ့သူတွေက ထူးခြားတဲ့ပုံပန်းသွင်ပြင်မျိုးကို ပိုင်ဆိုင်လေ့ရှိကြတယ်။ ငါ စီချွမ်းဒေသမှာ ဝက်ဝံတစ်ကောင်ရှိတယ်လို့ ကြားဖူးတယ်။ အရောင်အသွေးက အဖြူအနက်နဲ့ မင်လိုနက်တဲ့ ဝက်ဝံတစ်ကောင်ရှိတယ်တဲ့။ သူက ရှေးဟောင်းနတ်ဘုရားချီယုံရဲ့ စီးတော်ယာဉ်ဖြစ်ခဲ့ဖူးတယ်လို့ ယုံကြည်ကြတယ်။ သျှူဒေသခံတွေက အဲဒါကို မျက်လုံးမဲဝက်ဝံလို့ ခေါ်ကြတယ်”

“မင်းရဲ့ပုံပန်းသွင်ပြင်က အဲဒီဝက်ဝံနဲ့ နည်းနည်းတူတယ်။ ပြောရရင် ၇၀ရာခိုင်နှုန်းလောက်ပေါ့။ ငါတို့ မင်းကို မျက်လုံးမဲဝက်ဝံလို့ အမည်တစ်မျိုးပေးလိုက်ရင် အဆင်ပြေမလား”

ထိုစကားတွင် လူအုပ်ကြီးသည် ရုတ်ချည်း လက်ခုပ်တီးချီးမြှောက်ကြသည်။ သိုင်းလောက၌ မိမိ၏သရုပ်မှန်ကို ရောင်ပြန်ဟပ်သည့် အမည်ပြောင်တစ်ခု မှည့်ခေါ်တတ်ခြင်းမှာ ပြုလုပ်နေကြအရာ ဖြစ်ပေသည်။

All Chapters