← Chapters

ဩဇာအာဏာရှိသူများ စုဝေးခြင်း၊ ရွေ့ရွေ့ ပျောက်ဆုံးခြင်း_၅

Vol. 16 Ch. 216

ဩဇာအာဏာရှိသူများ စုဝေးခြင်း၊ ရွေ့ရွေ့ ပျောက်ဆုံးခြင်း_၅

Vol. 16 Ch. 216

“ခေါင်းဆောင်လျို ကျေးဇူးပြုပြီး”

နန်ပါးထျန်းမှ သေရည်ခွက်ကို ပင့်မြှောက်သည်။ လျိုလောင်ကွေ့သည် အားရပါးရ ရယ်မော၏။

“ဒါပေါ့”

ဖန်းရှစ်ကျုံးသည် မျက်မှောင်ကြုတ်နေမိသော်ငြား ဘာမျှမပြောပေ။ သို့သော် နန်ပါးထျန်းမှ ပြောသည်။

“ဆရာတူအစ်ကို ဒီကိစ္စသာ အောင်မြင်ခဲ့ရင် ကျားဖြူခန်းမက အကြောင်းမဲ့အလုပ်ရှုပ်မှာ မဟုတ်တော့ဘူး။ နန်ရေကန်ရဲ့ နှစ်စဉ် ဆားထုတ်လုပ်မှုရဲ့ သုံးဆယ်ရာခိုင်နှုန်းကို ကျားဖြူခန်းမကို ပေးပါမယ်”

ထိုအခါ ကျားဖြူခန်းမရှိ လူအားလုံး၏မျက်လုံးများ တောက်ပသွားကြသည်– ကောင်းလိုက်တဲ့ အပေးအယူ!

နန်ရေကန် ဆားထုတ်လုပ်မှုရဲ့ သုံးဆယ်ရာခိုင်နှုန်းလား– ဒါက ငွေပမာဏ အများကြီးပဲ။

ထိုသို့တွေးတောလျက် အားလုံးသည် ဖန်းရှစ်ကျုံးကို မျှော်လင့်တကြီး ကြည့်ကုန်ကြသည်။

ဖန်းရှစ်ကျုံးသည် ကမ်းလှမ်းချက်ကို လက်ခံသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်သည်။

သေရည်သောက်စားမှုသည် ဤအခြေအနေအထိ ရောက်လာအပြီး၌ ခေါင်းဆောင်နှစ်ဦးမှာ ‌အတွေးနက်နက်များ မရှိတော့ပေ။ သူတို့နှစ်ဦးသည် ထရပ်ပြီး ထွက်ခွာသွား၏။

စည်ကားသိုက်မြိုက်သည့် နေ့လည်ခင်းအ‌ဆုံး၌ စားသောက်ပွဲတော်လည်း ပြီးဆုံးသွားခဲ့သည်။

ထို့နောက် ဖန်းရှစ်ကျုံးသည် အားလုံးကို ညီလာခံခန်းမသို့ ခေါ်ယူသည်။

“မင်းတို့လည်း နန်ရေကန်ရဲ့အခြေအနေကို ကြားဖူးလောက်မှာပါ။ အဲဒီတော့ နောက်ပိုင်းဖြစ်လာနိုင်ခြေရှိတဲ့ သူဖုန်းစားဂိုဏ်းနဲ့ ပဋိပက္ခတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မယ်”

“ဒီနှစ်အနည်းငယ်အတွင်းမှာ သူဖုန်းစားဂိုဏ်းက တခြားဂိုဏ်းအဖွဲ့လေးတွေနဲ့ အများကြီး ရင်းနှီးလာတယ်။ အမြဲတမ်းလည်း မျန့်ရွှေစီရင်စုရဲ့ တတိယအကြီးဆုံးဂိုဏ်းကြီး ဖြစ်ချင်နေခဲ့တာ”

“ကံဆိုးစွာနဲ့ မျန့်ရွှေက ကုန်သည်အဖွဲ့နှစ်ဖွဲ့ပဲ ဝင်ဆံ့တယ်။ ‌တတိယမြောက်တစ်ဖွဲ့ ဝင်ရောက်ဖို့ရာ လက်မခံနိုင်ဘူး။ အဲဒါကြောင့် ဒီနန်ရေကန်တိုက်ပွဲက ‌ဆားနယ်မြေအတွက် တိုက်ခိုက်တဲ့ပွဲလို့ ထင်ရနိုင်ပေမဲ့ တကယ်တမ်းတော့ သူဖုန်းစားဂိုဏ်းနဲ့ ကုန်သည်အဖွဲ့ကြီးနှစ်ဖွဲ့ရဲ့ ဆန့်ကျင်တိုက်ခိုက်ပွဲပဲ။ ခေါင်းဆောင်က ဒီကိစ္စကို ငါတို့ကျားဖြူခန်းမကို အပ်နှံခဲ့တယ်”

“ခေါင်းဆောင်က ငါတို့ကျားဖြူခန်းမကို သူဖုန်းစားဂိုဏ်းနဲ့ ပထမဆုံးရင်ဆိုင်တဲ့သူ ဖြစ်စေချင်တယ်။ အဲဒီတော့ ဒီတစ်ကြိမ်တော့ ပြင်းထန်တဲ့တိုက်ပွဲဖြစ်လာမှာကို မရှောင်လွှဲနိုင်လောက်တော့ဘူး”

“အဲဒါကြောင့် မင်းတို့အားလုံး ပြင်ဆင်ထားရလိမ့်မယ်”

ထိုအခါ အားလုံးသည် လက်သီးယှက်အရိုအသေပြုကြသည်။ ထို့နောက် ဖန်းရှစ်ကျုံးမှ ကြေညာသည်။

“နောက်ထပ် ငါကြေညာတယ်: ဖုန်းရွှမ်၊ ကျန်းချွမ်နဲ့ လုရုံ မင်းတို့သုံးယောက်က ‌ကုန်သည်အဖွဲ့ရဲ့ လက်ရွေးစင်အဖွဲ့သားတွေကို ဦးဆောင်မယ်။ နန်ရေကန်အနီးကို ဦးတည်ချီတက်ဖို့ ကြိုးစားမယ်။ သူဖုန်းစားဂိုဏ်းသားတွေနဲ့ ကြုံတွေ့ခဲ့ရင် နောက်ပြန်မဆုတ်နဲ့။ အရင်ဆုံး သူတို့ရဲ့အရည်အချင်းကို စစ်ဆေးကြည့်မယ်”

“နားလည်ပါပြီ မွေးစားအဖေ”

ထိုအခါ ဖုန်းရွှမ်တို့သုံးဦးသည် တစ်ပြိုင်နက်တည်း အရိုအသေပြုကြသည်။

ထို့နောက် ဖန်းရှစ်ကျုံးမှ ဆက်ပြောသည်။

“သားငယ်၄ ကတော့ သားငယ်၅နဲ့၆ကိုခေါ်ပြီး ငါတို့ပိုင်နက် လမ်းမကြီးလေးခုကို ကင်းလှည့်စောင့်ကြပ်ဖို့ ‌တာဝန်ယူမယ်။ သူဖုန်းစားဂိုဏ်းက ငါတို့နဲ့ အချင်းပွားခဲ့ရင် သေချာပေါက် ငါတို့ရဲ့ပိုင်နက်မှာ ပြဿနာရှာမှာပဲ။ အဲဒီလိုဖြစ်လာခဲ့ရင် မင်းတို့က ဖိအားကို တောင့်ခံပြီး ကုန်သည်တွေရဲ့ ဆုံးရှုံးမှုကို လျှော့ချပေးရမယ်။ မကျရှုံးစေနဲ့”

“နားလည်ပါပြီ!”

ထိုအခါ တန်းကွမ်းမင်၊ ချန်ကျဲ့နှင့် ကျိုးချူတို့်မှ တစ်ပြိုင်နက်တည်း အရိုအသေပြုကြသည်။

ဖန်းရှစ်ကျုံးမှ ပြောသည်။

“အနီးမှာ အင်အားကြီးရန်သူရှိ‌ေနတဲ့ ဒီလိုအချိန်မျိုးမှာ အားလုံးပဲ သတိကြီးစွာထားပြီး ဘာအမှားမှ မပြုလုပ်မိစေဖို့ သတိထားပါ။ လုံခြုံမှုကသာ ပထမဦးစားပေးပဲ”

“နားလည်ပါပြီ မွေးစားအဖေ!”

ထိုအခါ သူတို့အားလုံး တစ်ပြိုင်နက်တည်း အရိုအသေပြုကြသည်။

ဖန်းရှစ်ကျုံးမှ လက်ဝှေ့ရမ်း၏။

“ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီ။ မင်းတို့အားလုံး သွားလို့်ရပြီ။ သားကြီးနဲ့ သားငယ်၂တို့ပဲ ကျန်နေခဲ့ကြ”

“ဟုတ်ကဲ့ပါ”

ဖုန်းရွှမ်နှင့် ကျန်းချွမ်တို့မှ ပြန်ပြောသည်။

သူတို့နှစ်ဦးသည် ဖန်းရှစ်ကျုံး၏ လူယုံများဖြစ်သည်။ သို့ဖြစ်ရာ အရေးကြီးကိစ္စများကို သူတို့နှင့်အတူ ဦးစွာဆွေးနွေးခြင်းမှာ ပုံမှန်ဖြစ်၏။

ချန်ကျဲ့နှင့်အခြားသူများ ထွက်ခွာသွားပြီးနောက်၌ လုရုံသည် စွမ်းဆောင်ရည်ကောင်းမွန်သည့် လက်ရွေးစင်အဖွဲ့သားများကို အမြန် သွားရောက်ရွေးချယ်သည်။

ထို့နောက် တန်းကွမ်းမင်မှ ပြောသည်။

“သွားစို့၊ ငါမင်းတို့အတွက် သင့်တော်မယ့် လက်အောက်ငယ်သားအချို့ ရှာပေးမယ်”

ထိုစကားတွင် ချန်ကျဲ့နှင့်ကျိုးချူတို့သည် ကနဦး၌ ထိတ်လန့်သွား၏။ ထို့နောက်တွင် ကျားဖြူခန်းမ၏ တစ်နေရာသို့ ခေါ်ဆောင်သွားခံရသည်။

တန်းကွမ်းမင်မှ လူတစ်ယောက်စေလွှတ်လိုက်ပြီး ထိုလူ ပြန်ရောက်လာသောအခါ ၁၇နှစ်၊ ၁၈နှစ်ခန့်မျှ‌သော ဆယ်ကျော်သက်အရွယ် လူငယ်၅၀ကျော်ခန့်ကို ခေါ်လာခဲ့သည်။ ထိုလူငယ်များသည် ကျားဖြူခန်းမ၏ သီးသန့်သိုမှီးထားသူများဖြစ်ကြပြီး အနာဂတ်ကုန်သည်အဖွဲ့သားများအတွက် အထူးလေ့ကျင့်ထားသူများ ဖြစ်သည်။

ကျားဖြူခန်းမ၏စည်မျဉ်းများအရ မွေးစားသားအသစ်တစ်ဦးလျှင် ဤလူငယ်များထဲမှ ၁၀ဦးကို ရွေးချယ်ပြီး အနီးကပ် လက်အောက်ငယ်သားများအဖြစ် လေ့ကျင့်ပေးနိုင်သည်။

အနာဂတ်တွင် အဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ ပိုမိုများပြားသည့် လက်အောက်ငယ်သားများကို ဦးဆောင်နိုင်သည်။ ထို့ပြင် ဤလူငယ်လေးများအားလုံးသည် ‌အရေပြားသန့်စင်ခြင်းအဆင့်သိုင်းပညာရှင်များ ဖြစ်ကြသည်။

ထို့နောက် တန်းကွမ်းမင်မှ ပြောသည်။

“အဖွဲ့သားတို့ ဒီနှစ်ယောက်က သခင်၅နဲ့ သခင်၆ပဲ။ တက်တက်ကြွကြွနဲ့ မင်းတို့ကိုယ်မင်းတို့ အကောင်းဆုံးပြသကြပါ။ သခင်၅နဲ့ သခင်၆တို့ရဲ့ ရွေးချယ်ခံရရင် မင်းတို့လည်း ထိပ်ဆုံးရောက်ဖို့ သေချာနိုင်လိမ့်မယ်”

ထိုအခါ လူငယ်အားလုံးသည် တည့်မတ်ကျနစွာ ရပ်၍ အရိုအသေပြုကြသည်။

ထိုအခါ တန်းကွမ်းမင်မှ ပြောသည်။

“သွားလေ ညီငယ်၅နဲ့ ညီငယ်၆။ မင်းတို့ ရွေးချယ်ကြပါ”

ချန်ကျဲ့ တန်းကွမ်းမင်ကို ပြုံးပြလိုက်သည်။

“အစ်ကို၄ ဒီလူတွေက အစ်ကိုကြီးနဲ့ အစ်ကို၂ရဲ့လူတွေတော့ မဟုတ်ပါဘူးနော်”

တန်းကွမ်းမင်သည် မျက်လုံးများ တောက်ပသွားပြီးနောက် ရယ်မောလေသည်။

“စိတ်မပူပါနဲ့။ ဒီအထဲမှာ အစ်ကိုကြီးနဲ့ အစ်ကို၂ရဲ့လူတွေ ဘယ်သူမှ မပါပါဘူး။ အကုန်လုံးက မွေးစားအဖေရဲ့ လူတွေပါပဲ”

“သွားပါ ညီငယ်တို့၊ ယုံကြည်ချက်ရှိရှိ ရွေးလိုက်။ ဒီလူတွေက ဘယ်သူမဆိုထက် ကန့်သတ်ချက်ကို ကျော်လွန်နိုင်ပြီး စိုးရိမ်မှုမရှိဘဲ ပြုစုပျိုးထောင်လို့ရတယ်”

ထိုအခါ ချန်ကျဲ့ ပြောလိုက်သည်။

“ရှင်းရှင်းလင်းလင်း ပြောပြပေးလို့ အစ်ကို၄ကို ကျေးဇူးတင်ပါတယ်”

ထိုစဉ် ကျိုးချူသည် လူငယ်များ၏ ပခုံးများ၊ ကျောပြင်များကို ရိုက်ပုတ်ကြည့်ခြင်းဖြင့် အင်အားကို စစ်ဆေးရင်း ရွေးချယ်နေလေပြီ။

ချန်ကျဲ့လည်း ရွေးချယ်ရန် ရှေ့တိုးသွားလိုက်သည်။ ဖန်းရှစ်ကျုံးမှ ပျိုးထောင်ထားသည့် ပျိုးပင်များသည် အတော်လေး ကောင်းမွန်ကြောင်း သိသာထင်ရှားလှပေသည်။

သူတို့နှစ်ဦးစလုံး ၁၀ဦးစီ ရွေးချယ်ပြီးနောက်တွင် ထိုလူငယ်၁၀ဦးသည် သူတို့၏ လက်အောက်ငယ်သားများ ဖြစ်သွားလေပြီ။

ပိုမိုများပြားသည့် လက်အောက်ငယ်သားများကို ပိုင်ဆိုင်လိုပါက ၎င်းသည် မိမိ၏ ကိုယ်ပိုင်အရည်အချင်းပေါ်၌သာ မူတည်ပေလိမ့်မည်။

သို့သော် ဤလူငယ်၁၀ဦးသည် သူတို့၏ စတင်ရာ အရင်းဖြစ်သည်။

လူရွေးချယ်ပြီးသော် တန်းကွမ်းမင်မှ ပြောသည်။

“ကောင်းပြီ။ မနက်ဖြန် ကင်းလှည့်ရင် မင်းတို့ သူတို့ကို ခေါ်သွားနိုင်တယ်။ အဲဒီအခါကျ ပြဿနာရှာတဲ့သူတွေကို သတိထားပါ”

ချန်ကျဲ့နှင့် ကျိုးချူမှ ပြန်ပြောသည်။

“ဟုတ်ကဲ့ပါ”

ထို့နောက် တန်းကွမ်းမင်မှ ပြောသည်။

“တန်းဖြုတ်မယ်”

ထိုအချိန်၌ ချန်ကျဲ့သည် မိမိရွေးချယ်ထားသူ ၁၀ဦးကို‌ ပြော၏။

“ညီနောင်တို့ အခုက စပြီးတော့ ငါတို့က စားပွဲဝိုင်းတစ်ခုတည်းမှာ ယောက်ချိုဇွန်းကို အတူမျှဝေသုံးစွဲတဲ့ ညီအစ်ကိုတွေ ဖြစ်သွားပြီ။ မင်းတို့ ငါချန်ကျိုစစ်အပေါ် သစ္စာရှိနေသ၍ ငါ့မှာ စားစရာတစ်ကိုက်စာရှိရင် ညီနောင်တို့အတွက် တစ်ကိုက်ရဲ့တစ်ဝက်စာ ရှိပါလိမ့်မယ်။ အားလုံးပဲ လိုက်ခဲ့ကြပါ၊ ငါဒီနေ့ ညီနောင်တို့ကို တစ်နပ်စာ ကျွေးမွေးဧည့်ခံပါ့မယ်”

အစားအစာကဲ့သို့ ထောက်ပံ့သုံးစွဲမှု မရှိပါက ငှက်များပင်လျှင် အရူးလုပ်ခံလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ချန်ကျဲ့သည် သူ၏ ပထမဆုံးသော လက်အောက်ငယ်သားများကို အကျိုးကျေးဇူးတချို့ ဖြန့်ဖြူးပေးရန် ‌ဆုံးဖြတ်ခဲ့သည်။

ကျိုးချူသည် ရွှင်လန်းစွာ ပြုံးလျက် ရောက်လာသည်။

“လောင်ချန်”

“ဘာလဲ”

“ဟားဟား ငါ့လူတွေကို အတူခေါ်လာပြီး ငါတို့ မင်းနောက်ကို တစ်နပ်လောက် လိုက်စားရင်လည်း မင်းအနေနဲ့ စိတ်မရှိပါဘူး ဟုတ်တယ်မလား”

ထိုအခါ ချန်ကျဲ့ ကျိုးချူကို လှည့်ကြည့်လိုက်သည်။

“မင်းလူတွေကို မင်းဘာမင်း မကျွေးနိုင်ဘူးလား”

ထိုအခါ ကျိုးချူသည် သနားစဖွယ် မျက်နှာငယ်လေး လုပ်ပြသည်။

“ငါမွဲနေတယ်လေ ဟေ့ကောင်ရာ။ မင်းသိပါတယ်။ ငါ့မိန်းမက မနေ့ကပဲ ငါ့မှာနောက်ဆုံးကျန်တဲ့ အသပြာလေးကို ယူသွားလိုက်ပြီ။ ငါ့မှာ ဖိနပ်ထဲ ထည့်ဖွက်ထား‌တာတောင် မကျန်ခဲ့ဘူးကွာ”

All Chapters