← Chapters

အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ

Vol. 16 Ch. 218

အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ

Vol. 16 Ch. 218

“ရွေ့ရွေ့ ရွေ့ရွေ့!”

စူးယွင်ကျင်းသည် ထိတ်ထိတ်ပျာပျာဖြင့် အော်ဟစ်နေ၏။ ချန်ကျဲ့ အမြန်ပြေးသွားလိုက်သည်။

“ရှင်မ ဘာဖြစ်လို့လဲ ရှင်မ”

ချန်ကျဲ့မှ မေးမြန်းသည်။ ထိုအချိန်တွင် စူးယွင်ကျင်းမှာ စိုးရိမ်ထိတ်လန့်နေ၏။ ချန်ကျဲ့ကိုမြင်သောအခါ ရပ်တန့်သွားလေသည်။ ထို့နောက် မျက်ရည်များ သွင်သွင်စီးကျလာခဲ့သည်။

“ယောက်ျား ကျွန်မ… ကျွန်မ ရွေ့ရွေ့ကို ပျောက်သွားတယ်!”

စူးယွင်ကျင်း ငိုကြွေးတော့သည်။

သူမ၏အခြေအနေကို မြင်သောအခါ ချန်ကျဲ့လည်း သူမကို စိတ်တည်ငြိမ်စေရန် နှစ်သိမ့်သည်။

“ရှင်မ မင်း မငိုပါနဲ့တော့။ တကယ်ပဲ ဘာတွေဖြစ်ခဲ့လို့လဲ။ ဘယ်နေရာမှာ ပျောက်သွားတာလဲ”

ထိုအခါ စူးယွင်ကျင်းသည် အနီးဝန်းကျင်ရှိ လမ်းတစ်လမ်းကို ညွှန်ပြ၏။

“ခုနလေးတင် မကြာသေးဘူး ကျွန်မ… ကျွန်မ ရွေ့ရွေ့ကိုခေါ်ပြီး အစားအသောက်တချို့ ဝယ်ဖို့ ထွက်လာခဲ့တာ။ ကျွန်မ ပိုက်ဆံရှင်းပြီး ပြန်လှည့်လာတော့ ရွေ့ရွေ့ မရှိတော့ဘူး။ နေရာတိုင်းမှာ ရှာကြည့်ပေမဲ့ ရှာမတွေ့ဘူး အဟင့် ဟင့်… ယောက်ျား ဘယ်လို…ဘယ်လိုလုပ်ကြလဲ”

“ဘာမှမဖြစ်ပါဘူး။ ဒီမှာ ကိုယ်ရှိနေတယ်လေ။ မငိုနဲ့တော့။ ရွေ့ရွေ့ကို မကြာခင် ရှာတွေ့မှာပါ”

ထိုသို့ပြောလိုက်ရင်း ချန်ကျဲ့ စူးယွင်ကျင်းကို လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ထိုင်စေလိုက်သည်။ ထို့နောက် ပြောသည်။

“မင်း အခု ဒီမှာစောင့်နေ၊ ကိုယ် လူတချို့သွားရှာလိုက်ဦးမယ်”

ထိုသို့ပြောခဲ့ပြီး ချန်ကျဲ့ စားသောက်ဆိုင်တစ်ခုထဲသို့ ဝင်လိုက်သည်။ စားသောက်ဆိုင်ထဲ၌ လူငယ်တစ်စုသည် အသားများ၊ သေရည်များကို အားရပါးရ သောက်စားနေကြသည်။ ကျိုးချူသည် ချန်ကျဲ့ ပြန်လာသည်ကို မြင်သောအခါ ချက်ချင်း ပြောလာ၏။

“ကျိုစစ် မင်းပြန်လာပြီပဲ။ ငါတို့ မင်းကိုစောင့်နေကြတာကွ။ လာ အတူတူလာသောက်!”

ချန်ကျဲ့မှ ပြောသည်။

“လောင်ကျိုး မင်းရဲ့ဒီညီနောင်မှာ ပြဿနာတက်နေပြီ”

“ဟမ်?”

ထိုအခါ အားလုံးသည် ချန်ကျဲ့ကို ကြည့်လာကြ၏။ ချန်ကျဲ့မှ ပြောသည်။

“ငါ့ခယ်မလေး ရွေ့ရွေ့ ပျောက်နေတယ်”

“ဘာ!”

ထိုစကားတွင် စားသောက်ဆိုင်ထဲ ရှိလူအားလုံးသည် မျက်လုံးပြူးသွားကြကာ ရုတ်ချည်း ထရပ်ကြ‌ကုန်သည်။

“သခင်မလေးရွေ့ရွေ့ ပျောက်နေတာလား။ ဘယ်သူကများ ငါးဖမ်းကုန်သည်အဖွဲ့ကို ပြဿနာရှာရဲလောက်အောင် အတင့်ရဲတာလဲ။ ညီနောင်တို့ လက်နက်တွေယူ၊ လမ်းတွေထဲမှာ သခင်မလေးရွေ့ရွေ့ကို လိုက်ရှာကြမယ်!”

ထိုသို့ပြောဆိုကြရင်း အားလုံးသည် ထရပ်လျက် ထွက်ခွာရန်ပြင်ကြသည်။

ကျိုးချူမှ ပြောသည်။

“ကျိုစစ် ပြန်ပေးဆွဲသူတချို့က ခေါ်သွားတာ ဖြစ်နိုင်လား”

“မကောင်းဘူး ဒါက… ကျိုစစ် မင်း ညီနောင်တွေကို ဦးဆောင်ပြီး လမ်းတွေမှာ ရှာဖွေချည်။ ငါက ကိုယ်ရံတော်အဖွဲ့အစည်းကို ပြန်သွားလိုက်မယ်။ ငါတို့ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းမှာ လူအင်အားတော့ ရှိပါတယ်။ ငါမင်းကို ကူညီပြီး လိုက်မေးပေးမယ်”

“ကျေးဇူးပါပဲ”

ကျိုးချူမှ ပြောသည်။

“ညီအစ်ကိုတွေကြားမှာ ကျေးဇူးတင်ဖို့ မလိုအပ်ဘူး”

သို့ဖြင့် လူတစ်စုသည် လမ်းများထဲတွင် ရှာဖွေကြသည်။ သို့သော် လမ်းများသည် ကျယ်ပြော၏။ အချိန်အတော်ကြာ ရှာဖွေပြီးသည့်တိုင် မည်သည့်သဲလွန်စမျှ ရှာမတွေ့ပေ။ ဤသည်မှာ ရိုးရိုးတန်းတန်း ပျောက်ဆုံးမှုလေး မဟုတ်နိုင်ကြောင်း ချန်ကျဲ့ စတင်၍ သံသယဝင်လာသည်။

ချန်ကျဲ့ သံသယဝင်နေစဉ်မှာပင် တန်းကွမ်းမင်မှ အပြေးရောက်လာ၏။

“ညီငယ်၅ ဒါက ဘယ်လိုအခြေအနေလဲ”

ချန်ကျဲ့မှ ပြောသည်။

“အစ်ကို၄ ကျွန်တော့်ခယ်မလေး ပျောက်နေတယ်…”

“အမ်း အရမ်းထိတ်ထိတ်ပျာပျာ ဖြစ်မသွားနဲ့။ ငါချက်ချင်း လူစုပြီး အတူလိုက်ရှာပေးမယ်။ ငါတို့ပိုင်နက်ထဲမှာ ရှိနေသ၍ ကြာကြာမပုန်းနိုင်ပါဘူး”

သို့ဖြင့် တန်းကွမ်းမင်သည် အသီးအရွက်ဈေးကြီးမှ လူငယ်များကို စုဝေးလိုက်သည်။ စုစုပေါင်း လူတစ်ရာကျော်သည် ရွေ့ရွေ့၏တည်နေရာကို ရှာ‌ေဖွကြသည်။

ထိုစဉ် ချန်ကျဲ့သည် ဝူဟုန်ဖမ်းဆီးခဲ့သည့် ကလေးသူခိုးနှစ်ယောက်အကြောင်းကို တွေးမိသွား၏။

ထို့နောက် တန်းကွမ်းမင်သို့ ပြောသည်။

“အစ်ကို၄ ကျွန်တော် အစိုးရရုံးတော်ကို သွားဦးမယ်”

တန်းကွမ်းမင်မှ ပြောသည်။

“အရာရှိတွေကို တိုင်ကြားလည်း အကူအညီဖြစ်မှာ မဟုတ်ဘူး။ အစိုးရက မင်းရဲ့ကိစ္စလောက်လေးကို ကိုင်တွယ်ဖြေရှင်းပေးဖို့ အချိန်မရှိနိုင်ဘူး”

ချန်ကျဲ့မှ ပြောသည်။

“အမ်းး ကျွန်တော့်မှာ ရုံးတော်မှာ ရဲမက်အဖြစ် အလုပ်လုပ်နေတဲ့ အစ်ကိုကြီးတစ်ယောက်ရှိတယ်။ သူ ခုနကပဲ ကလေးသူခိုးနှစ်ယောက်ကို ဖမ်းဆီးသွားတာ။ သူ့ဆီက သတင်းတစ်ခုခု ရနိုင်လောက်တယ်”

တန်းကွမ်းမင်သည် ချန်ကျဲ့သို့ နောက်ပြန်လှည့်ကြည့်လာသည်။

“ကျိုစစ် မင်းက အစိုးရအရာရှိအသိုင်းအဝိုင်းထဲက လူတွေနဲ့လည်း သိကျွမ်းတယ်လား”

ချန်ကျဲ့မှ ပြောသည်။

“အမ်း သူက သမားတော်ပိုင်ရဲ့မြေးပါ”

တန်းကွမ်းမင်မှ ပြောသည်။

“အိုး ဒါဆို သူ့ကို မြန်မြန်သွားရှာချည်။ မစိုးရိမ်နဲ့။ ကျားဖြူခန်းမရဲ့ လမ်းမကြီးလေးခုက အဖွဲ့သားတွေအားလုံး လှုပ်ရှားနေကြပြီ။ သဲလွန်စတစ်ခုခုရတာနဲ့ အမြန်ဆုံးနှုန်းနဲ့ ရှာတွေ့မှာပါ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အစ်ကို၄ကို ကျေးဇူးအများကြီးတင်ပါတယ်”

ထိုသို့ပြောပြီးနောက် ချန်ကျဲ့ အစိုးရရုံးတော်သို့ ဦးတည်ထွက်လာခဲ့သည်။

မသွားမီတွင် တုန်လှုပ်နေသော စူးယွင်ကျင်းကို ပြောခဲ့၏။

“မစိုးရိမ်ပါနဲ့ ရှင်မ။ အခု ယုံချန်၊ ငြိမ်းချမ်းခြင်း၊ ကျားခေါင်းနဲ့ အသီးအရွက်ဈေးလမ်းမကြီး လေးခုစလုံးရဲ့ အဖွဲ့သားတွေက လိုက်ရှာနေကြတယ်။ သတင်းတစ်ခုခုရခဲ့ရင် သေချာပေါက် အကြောင်းကြားလာလိမ့်မယ်။ မင်း အိမ်ပြန်ပြီး စောင့်နေလိုက်ပါ။ အာလုံးအဆင်ပြေသွားမှာပါ”

စူးယွင်ကျင်းမှာ အရမ်းစိုးရိမ်ပူပန်နေသည့်တိုင် တည်ငြိမ်သည့်အမူအရာကို ထိန်းသိမ်းဖို့ကြိုးပမ်း၏။

“အင်း ကျွန်မ သိပြီ။ ယောက်ျား ရှင် ကျွန်မကို စိတ်မပူနဲ့။ ကျွန်မ အဆင်ပြေတယ်”

စူးယွင်ကျင်း၏ ဤသို့ ဝိဉာဉ်ပျောက်ဆုံးနေသည့်ကဲ့သို့၊ စိုးစဉ်းမျှ အ‌ဆင်ပြေမနေသော အခြေအနေကို မြင်သောအခါ ချန်ကျဲ့ လက်ဟန်ဖြင့် အချက်ပြလိုက်သည်။ ထိုအခါ လူငယ်တစ်ယောက် ရုတ်ချည်း အနားရောက်လာသည်။

“သခင်၅”

“အင်း ငါ့ဇနီးကို အိမ်ပြန်ပို့ပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ”

ထို့နောက် လူငယ်အဖွဲ့သားနှစ်ဦးသည် စူးယွင်ကျင်းကို အိမ်ပြန်ပို့ကြသည်။

ချန်ကျဲ့ အချိန်ဆွဲမနေပေ။ ဤသို့အချိန်မျိုး၌ အချိန်တိုင်း စက္ကန့်တိုင်းသည် အရေးကြီး၏။ တစ်မိနစ်မျှသော နှောင့်နှေးမှုသည်ပင် ကလေး‌ကို နေရာရွှေ့ပြောင်းခံရခြင်းကဲ့သို့ အန္တရာယ်မြင့်တက်လာစေနိုင်သည်။

ယခု၌ ချန်ကျဲ့သည် ရွေ့ရွေ့မှာ ပြန်ပေးဆွဲသူများ၏ ခေါ်ဆောင်သွားခံရခြင်းဖြစ်ကြောင်း ၇၀ရာခိုင်နှုန်းခန့် သေချာနေပြီဖြစ်သည်။

ထိုမှန်းဆချက်ဖြင့် ချန်ကျဲ့သည် အစိုးရရုံးတော်သို့ ဦးတည်သွားနေသည်။

လမ်းတွင် အလျင်စလို အပြေးလာနေသည့် ကျိုးချူနှင့် ဆုံတွေ့၏။ ကျိုးချူမှ ပြောသည်။

“ကျိုစစ် မင်း အရမ်းစိတ်မပူနဲ့။ ငါပြန်သွားပြီး ယောက္ခထီးကို ပြောခဲ့ပြီ။ အခု ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်းက လူ၅၀လည်း ရှာနေကြပြီ။ ငါတို့ရဲ့ အဆက်အသွယ်နဲ့ဆို တည်နေရာကို အမြန်ဆုံး သိနိုင်မှာပါ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ကျေးဇူးပါပဲ”

ကျိုးချူမှ ပြောသည်။

“ငါတို့က ညီအစ်ကိုတွေပဲ။ ဒီလိုမျိုး ကျင့်ဝတ်တွေနဲ့ ယဉ်ကျေးနေဖို့ မလိုအပ်ဘူး။ ကောင်းပြီ၊ မင်းလုပ်စရာရှိတာ သွားလုပ်လေ။ ငါလည်း ကူရှာပေးလိုက်ဦးမယ်”

ထိုသို့ပြောပြီးနောက် ကျိုးချူသည် လူများကို ဦးဆောင်၍ လူနေအိမ်များ၊ ဆိုင်များကို စတင်၍ လိုက်လံစုံစမ်းမေးမြန်းသည်။

ထိုအချိန်၌ ချန်ကျဲ့၏မျက်လုံးများမှာ အမျက်ဒေါသများ ပြည့်နှက်နေသည်။

အဲဒီပြန်ပေးဆွဲကောင်တွေ အားလုံးသေသင့်တယ်!

ထိုသို့အတွေးဖြင့် ချန်ကျဲ့မှာ အစိုးရရုံးတော််သို့ပင် ရောက်ရှိ‌သွားခဲ့လေပြီ။

ရောက်ရှိသည်နှင့် ချန်ကျဲ့မှာ ရုတ်ချည်း ဟန့်တားခံလိုက်ရသည်။

“ရပ်စမ်း၊ ဘယ်သူ့ကိုရှာ‌တာလဲ”.

ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုလိုက်ပြီး ပြောသည်။

“ကျွန်တော်က ဝူဟုန်ရဲ့ညီငယ်ပါ။ ကျွန်တော် အစ်ကိုဟုန်ကို လာရှာတာပါ”

ထိုအခါ အရာရှိနှစ်ဦးသည် တွန့်ဆုတ်သွား၏။

“ဒီမှာစောင့်နေပါ”

မကြာမီ၌ ဝူဟုန် ထွက်လာသည်။ ချန်ကျဲ့ကိုမြင်သော် ဝူဟုန်သည် အနည်းငယ် အံ့အားသင့်သွား၏။

ငါတို့ လမ်းခွဲခဲ့တာဖြင့် တစ်နာရီတောင် မကြာသေးဘူးလေ။ ချန်ကျဲ့က ဘာလို့ ငါ့ကိုလာရှာပြန်တာလဲ။

“ဘာဖြစ်လို့လဲ ကျိုစစ်”

သို့သော် အရေးပေါ်အခြေအနေ မဟုတ်ဘဲနှင့် ချန်ကျဲ့သည် ဤသို့လာရှာလိမ့်မည် မဟုတ်ကြောင်း ဝူဟုန် သိသည်။

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“အစ်ကိုဟုန် ပြဿနာတက်ပြီ။ ရွေ့ရွေ့ပျောက်နေတယ်!”

“ဘာ!”

ထိုစကားတွင် ဝူဟုန်မှာ အံ့ဩမှုကြောင့် မျက်လုံးပြူးသွားရသည်။ သူ ရွေ့ရွေ့ကို ကောင်းကောင်းသိ၏။ ကောင်းကောင်းသိရုံမျှ မဟုတ်ပေ။ ရင်းနှီးသည့်ဆက်ဆံရေး ဖြစ်ပေသည်။

All Chapters