အံ့ဩစရာပဲ! ချန်ကျိုစစ်၏ ကြောက်ခမန်းလိလိသော အဆက်အသွယ်များ_၃
Vol. 16 Ch. 220
နောက်ဆုံးတွင်တော့ ပြန်ပေးသမားနှစ်ဦးထဲမှ တစ်ဦးသည် သည်းမခံနိုင်တော့ဘဲ ထုတ်ပြောလာခဲ့သည်။
“မလုပ်ပါနဲ့ မလုပ်ပါနဲ့။ ကျွန်တော် ဝန်ခံပါတယ် ကျွန်တော်ဝန်ခံပါတယ်!”
တစ်ယောက်မှ ဝန်ခံလိုက်သောအခါ နောက်တစ်ယောက်မှလည်း ပြောလာသည်။
“ဝန်ခံပါတယ် ကျွန်တော်လည်း ဝန်ခံပါတယ်!”
ထိုအခါ ဝူဟုန်မှ ပြောသည်။
“အဲဒီတော့ မင်းတို့နှစ်ယောက်လုံး ဝန်ခံချင်တယ်ပေါ့၊ ဒါပေမဲ့ အလျင်မလိုပါဘူး။ ကျိုစစ် ဒီတစ်ယောက်ကို စစ်မေးဖို့ ဘေးခန်းကို ခေါ်သွားလိုက်။ ဒီတစ်ယောက်ကိုတော့ ဒီမှာပဲထားမယ်။ ပြီးရင် ငါ မင်းတို့နှစ်ယောက်ရဲ့ ထွက်ဆိုချက်တွေကို တိုက်ကြည့်မယ်။ လိမ်လို့ကတော့… အင်း ပုပ်အဲ့နေတဲ့ အသားစအဖြစ် ပြောင်းလဲသွားဖို့ မျှော်လင့်ထားလို့ ရတယ်”
ထိုအခါ ပြန်ပေးသမားနှစ်ဦးစလုံးမှ အော်ဟစ်ပြောဆိုသည်။
“ကျွန်တော် လိမ်ပြောမှာ မဟုတ်ပါဘူး!”
ထို့နောက် သူတို့နှစ်ဦးသည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ချန်ကျဲ့သည် ပြန်ပေးသမားတစ်ဦးကို အခြားအခန်းသို့ ခေါ်သွားခဲ့ပြီး ထို့နောက်တွင် နှစ်ဘက်စလုံးကို တစ်ပြိုင်နက်တည်း အဆက်မပြတ် စစ်မေးသည်။
စစ်မေးပြီးနောက် ဝူဟုန်နှင့် ချန်ကျဲ့တို့ တွေ့ဆုံသည်။
“ဒါတွေက ထွက်ဆိုချက်တွေပဲ”
ဝူဟုန်သည် ချန်ကျဲ့လက်ထဲသို့ ထွက်ဆိုချက်များကို လွှဲပေးသည်။ ချန်ကျဲ့သည် အစမှ အဆုံးထိ ဖတ်ကြည့်နေရင်း မျက်မှောင်ကြုတ်မိရ၏။
“သူတို့ လွန်ခဲ့တဲ့ရက်အနည်းငယ်က မျန့်ရွှေစီရင်စုထဲက ကလေးတွေကို ပြန်ပေးဆွဲခဲ့ကြောင်း ဝန်ခံထားတယ်။ ဒါပေမဲ့ သူတို့ဒီနေ့ ကလေးတစ်ယောက်မှ ဖမ်းမထားဘူးတဲ့”
ချန်ကျဲ့သည် ထွက်ဆိုချက်များကို ဖတ်နေရင်း ပြောခြင်းဖြစ်သည်။
ဝူဟုန်မှ ပြောသည်။
“သူတို့ မထွက်ဆိုခဲ့သင့်ဘူး။ သာ့ချန်ပြည်ကြီးရဲ့ ဥပဒေအရ ကလေးနှစ်ယောက်နဲ့အထက်ကို ရောင်းချခြင်းက ခေါင်းဖြတ်ကွပ်မျက်ခံရသင့်တယ်။ အန္တရာယ်ဖြစ်စေကြောင်း သိသာထင်ရှားတာကြောင့် ချက်ချင်း ကွပ်မျက်ဖို့လည်း အကြောင်းခိုင်လုံစေတယ်”
ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။ သမိုင်းတစ်လျှောက်၌ လူကို ပြန်ပေးဆွဲကုန်ကူးခြင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးလေ့ရှိခဲ့သည်။ ချင်မင်းဆက်၊ ထန်မင်းဆက်နှင့် စုန့်မင်းဆက်ခေတ်တို့တွင် ခေါင်းဖြတ်ကွပ်မျက်ခြင်း အပြစ်ဒဏ်ပေးလေ့ရှိ၏။ သာ့ချန်ပြည်၏ ဥပဒေများသည် စုန့်မင်းဆက်ခေတ်အပေါ် အခြေတည်ထားခြင်းဖြစ်သည်။ ထို့ပြင် အန္တရာယ်စေကြောင်း သိသာထင်ရှားသည့် ပြစ်မှုဖြစ်ရာ ချက်ချင်း ကွပ်မျက်သင့်ပေသည်။
အနှစ်ချုပ်လိုက်သော် လူကုန်ကူးမှုအတွက် ခွင့်လွှတ်သက်ညှာခြင်း အလျဉ်းမရှိဟု ဆိုနိုင်၏။
သို့ဖြစ်ရာ ဤနှစ်ယောက်သည် ကလေးများစွာကို ပြန်ပေးဆွဲခဲ့ကြောင်း ဝန်ခံခဲ့ပြီးဖြစ်ရာ သေဒဏ်မှာ အလွယ်တကူ ကြိုတင်မှန်းဆနိုင်သည့် ရလဒ်ဖြစ်ပေသည်။
ဤသို့ ရာဇဝတ်သားများအတွက်မူ အခြားပြစ်မှုများကို ထပ်မံဝန်ခံပါကလည်း အဓိပ္ပာယ်မရှိတော့ပေ။ လိမ်ပြောနေရန်လည်း မလိုအပ်တော့။
သို့သော် ဤနှစ်ယောက်သည် သူတို့ ဒီနေ့ တစ်ယောက်မှ မဖမ်းထားခဲ့ဟု ပြောလာခဲ့သည်။ သို့သော် ရွေ့ရွေ့သည် ဒီနေ့ပျောက်ဆုံးသွားခြင်း ဖြစ်၏။
ဒါဆို သူတို့လက်ချက် မဖြစ်နိုင်တော့ဘူး!
ထိုအတွေးဖြင့် ချန်ကျဲ့နှင့် ဝူဟုန်သည် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဝူဟုန်မှ ပြောသည်။
“ကြည့်ရတာ မျန့်ရွှေစီရင်စုမှာ ပြန်ပေးသမားက နှစ်ယောက် မ က ဘူး ထင်တယ်”
သို့ဖြင့် သူတို့သည် ပြန်ပေးသမားနှစ်ယောက်ကို အတူပြန်ထားလိုက်သည်။
ချန်ကျဲ့နှင့် ဝူဟုန်သည် အကြည့်ချင်းဖလှယ်လိုက်ပြန်ကာ စတင်ပြောဆိုသည်။
“ငါတို့ မင်းတို့ရဲ့ ဝန်ခံချက်တွေကို စစ်ဆေးကြည့်ပြီးပြီ။ အများစုကတော့ ကိုက်ညီပါတယ်။ ဒါပေမဲ့ ငါ မင်းတို့ကို တချို့အသေးစိတ်လေးတွေ မေးမြန်းချင်သေးတယ်”
ပြန်ပေးသမားနှစ်ဦးသည် အနည်းငယ်မျှ မျက်လုံးပင့်လိုက်သော်ငြား ဘာမျှမပြောပေ။
ပြန်ပေးသမားနှစ်ဦးသည် သူတို့၏ကံကြမ္မာကို လက်လျှော့ခဲ့ပြီး ဖြစ်သည့်တိုင် အနည်းငယ်မျှသော ရုန်းကန်မှုကို ထုတ်ဖော်ကြသနေဆဲပင်။
“ကျွန်တော်တို့ သိသမျှ အကုန်လုံး ပြောပြပြီးသွားပါပြီ”
ထိုအခါ ချန်ကျဲ့မှ မေးသည်။
“အဲဒီတော့ ပြောပါဦး– မျန့်ရွှေစီရင်စုမှာ ပြန်ပေးသမား ဘယ်နှယောက်ရှိသလဲ”
ထိုမေးခွန်းတွင် ပြန်ပေးသမားနှစ်ဦးသည် အပြန်အလှန် ကြည့်လိုက်ကြသည်။
“မင်းတို့ အဆင်သင့်ဖြစ်ပြီဆို ပြောလိုက်၊ တခြားသူကို ကြည့်မနေနဲ့!”
ဝူဟုန်သည် သူတို့နှစ်ဦး ပူးပေါင်း၍ လိမ်လည်ထွက်ဆိုခြင်းမှ ကာကွယ်ရန်အတွက် အော်ဟစ်လိုက်သည်။
ယခုအခြေအနေကို သုံးသပ်သော် ပြန်ပေးသမားများသည် မိမိတို့မှာ ရှင်သန်နိုင်မည့်အခွင့်အရေး မရှိတော့ကြောင်း သိပြီးဖြစ်၏။ ထို့ကြောင့် သိုင်းလောကစည်းမျဉ်းများကို လိုက်နာနေရန် မလိုအပ်တော့ပေ။
သိုင်းလောက၏စည်းမျဉ်းမှာ လူတစ်ယောက်သည် ဘယ်သောအခါမှ မိမိ၏ အပေါင်းအဖော်များကို သစ္စာမဖောက်သင့်ဟူ၍ ဖြစ်သည်။ သစ္စာဖောက်ခဲ့ပါက လိုက်လံဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရလိမ့်မည်။ သို့သော် ယခုတွင်လည်း သူတို့သည် အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။ ထို့ပြင် ကျန်းလီယဲ့၏တပည့်ဖြစ်သူကို ရင်ဆိုင်ရသည်မှာ မကောင်းဆိုးဝါးတစ်ကောင်နှင့် ရင်ဆိုင်ရခြင်းနှင့် တူလေသည်။
ဝူဟုန်သည် လူ၏အရိုးအဆစ်များကို လွဲထွက်အောင်လုပ်နိုင်ခြင်းနှင့် လူ၏လက်အဆစ်များကို တစ်ဆစ်ချင်း ပြုတ်ထွက်စေနိုင်ကြောင်း စဉ်းစားကြည့်လိုက်သော် ၎င်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သို့ဖြင့် ပြန်ပေးသမားနှစ်ဦးသည် တုံ့ဆိုင်းခြင်းမရှိ ပြောတော့သည်။
“တောင်မြို့က အမျိုးသမီးဟွား၊ အနောက်ပိုင်းက မြည်းအိုကြီး၊ ယဲ့လိုင်ရှို့…”
သူတို့သည် နာမည်၇ခု၊၈ခုကို တစ်ပြိုင်နက်တည်း ပြောပြခဲ့သည်။ သူတို့အားလုံးသည် သူတို့၏အလုပ်နယ်ပယ်တွင် ကျွမ်းကျင်သူများဖြစ်ကြသည်။
ဥပမာဆိုရသော် အမျိုးသမီးဟွားသည် သနားဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးအဖြစ် ဟန်ဆောင်နိုင်သည်။ လူများကို သူမတွင် စားသောက်ရန် ငွေကြေးမရှိပါ သို့မဟုတ် ခြေကျင်းဝတ်လည်သွားသည်၊ သူမ၏နေအိမ်မှာ ရှေ့နားလေးတင် ရှိပါသည် စသဖြင့် စိတ်ကောင်းနှလုံးကောင်းရှိသည့် ကလေးများကို အကူအညီတောင်းခံလိမ့်မည်။ ထို့နောက်တွင် သူမ၏ သားရဲတွင်းသို့ ရောက်သောအခါ အကူအညီပေးသည့် ကလေးငယ်လေးများကို အိပ်မွေ့ချဆေးဖြင့် အိပ်ပျော်သွားစေလိမ့်မည်။
ထို့နောက် မြောက်ပိုင်းမြို့ရှိ မြည်းအိုကြီးနှင့် ယဲ့လိုင်ရှုတို့သည် အမှောင်ထုကို အကာအကွယ်ယူ၍ သကြားရည်ဆမ်းထားသော ဆေးများကို အသုံးပြုကြသည်။
စားမိသည့် ကလေးများသည် ချက်ချင်း ခေါ်ဆောင်ပြီး ရောင်းချခံရလေသည်။
ဝူဟုန်နှင့် ချန်ကျဲ့တို့သည် နာမည်များကို မှတ်သားပြီး လုံလုံလောက်လောက် မှတ်တမ်းတင်ပြီးပြီဟု တွေးမိပြီးနောက် မေးမြန်းသည်။
“ထပ်ဖြည့်ဖို့လိုအပ်တာ ရှိသေးလား”
“မ မရှိတော့ပါဘူး”
ထိုအခါ ဝူဟုန်မှ ပြောသည်။
“ကျိုစစ် မင်း စိတ်မပူနဲ့။ ငါ အခုချက်ချင်း သူတို့ကိုဖမ်းဖို့ ရဲမက်တွေ စေလွှတ်လိုက်မယ်”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“အနောက်မြို့က နှစ်ယောက်ကို ကျွန်တော် ဖြေရှင်းလိုက်မယ်။ တခြားသူတွေအတွက်တော့ အစ်ကိုဟုန်ကိုပဲ ပင်ပန်းစေရတော့မယ်”
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် ထရပ်လိုက်ကြပြီး ဝူဟုန်မှ ပြောသည်။
“ကျိုစစ် စိတ်ချပါ။ ငါ ဆရာ့ကို အကူအညီတောင်းလိုက်မယ်။ ညမမှောင်ခင် ဒီလူတွေအားလုံးကို ဖမ်းမိစေရမယ်လို့ ငါအာမခံတယ်”
ချန်ကျဲ့ ကျေးဇူးတင်စကားဆိုလိုက်သည်။
“အစ်ကိုဟုန် ကျွန်တော် အစ်ကို့ကို ကျေးဇူးတင်လို့ မဆုံးနိုင်တော့ပါဘူးဗျာ”
“ဘာ ကျေးဇူးတင်စရာရှိလို့လဲ။ ရွေ့ရွေ့က ငါတို့ရဲ့ညီမလေးလေ။ ငါ့ရဲ့ညီမလေးလည်း ဟုတ်တယ်။ ဒီလိုကိစ္စမျိုးအတွက် မင်းငါ့ကို ကျေးဇူးတင်တာ အရမ်းသူစိမ်းဆန်လွန်းနေပြီ”
ထိုအခါ ချန်ကျဲ့မှ ပြောသည်။
“ဟုတ်ကဲ့ပါ။ ဒါဆို ကျွန်တော်တို့ လူခွဲပြီး လှုပ်ရှားကြရအောင်”
“အင်း”
ဝူဟုန်သည် ကျန်းလီယဲ့မှ လက်အောက်ငယ်သားများ၏ တင်ပြချက်များကို နားထောင်ရာနေရာဖြစ်သည့် ကျန်းလီယဲ့၏ရုံးသို့ အမြန်သွားရောက်သည်။ ထို့နောက် တံခါးခေါက်ပြီး ဝင်သွားလိုက်သည်။
ဝူဟုန်၏ အလျင်စလိုဖြစ်နေပုံကို မြင်သောအခါ ကျန်းလီယဲ့မှ မေးသည်။
“ဘာကိစ္စရှိလို့လဲ”
ဝူဟုန်မှ ပြောသည်။
“ဆရာ၊ တပည့် ဆရာ့ကို အကူအညီတစ်ခု တောင်းခံလိုပါတယ်”
“အို ဘာများလဲ”
ထိုအခါ ဝူဟုန်မှ ပြောသည်။
“ချန်ကျိုစစ်နဲ့ ပတ်သက်တာပါ။ ဆရာ သူ့ကို သိပါတယ်။ သူ့ညီမလေး ရွေ့ရွေ့၊ ကျွန်တော့်ညီမလေး…”
“အဲဒါကြောင့် တပည့်က ဆရာ့ကို ရဲမက်အချို့ တပ်ဖြန့်ပေးဖို့ အကူအညီတောင်းခံရတာပါ”
ကျန်းလီယဲ့မှ ပြောသည်။
“ဒါပေမဲ့ အခုအချိန်မှာ ငါ့လူတွေအားလုံးက ကိုယ်စီ တာဝန်တွေ ထမ်းဆောင်နေကြတယ်”
“ဆရာ ရွေ့ရွေ့က ကျွန်တော့်ညီမလေးပါ”
ကျန်းလီယဲ့မှ ပြောသည်။
“ဒါဆိုလည်း ကောင်းပြီ။ အခု လျင်မြန်မှုပိုင်းက ရဲမက်၅၀ကို မင်း အလိုရှိသလို အသုံးပြုနိုင်တယ်။ သန်မာမှုနဲ့ ထုံးတမ်းကျမှုပိုင်းကို အကြောင်းကြားလိုက်။ အနားယူနေတဲ့ ရဲမက်အားလုံး ချက်ချင်းစုဝေးပြီး ဝူဟုန်ဆီ သတင်းပို့ရမယ်။ အမှားလုပ်ခွင့် မပြုဘူး”
ထိုသို့ပြောလျက် ကျန်းလီယဲ့သည် မီးတုတ်တစ်ချောင်းကို ထုတ်ပေးသည်။ သို့ဖြင့် ဝူဟုန်မှ ခုနက ပြောခဲ့သည့် ရဲမက်အားလုံးကို အမိန့်ပေးခိုင်းစေနိုင်စေသည်။
ဝူဟုန်မှ ကျေးဇူးတင်စကားဆိုသည်။
“ဆရာ့ကို ကျေးဇူးတင်ပါတယ်”
ကျန်းလီယဲ့မှ ပြောသည်။
“အခုပဲ မင်းရဲ့အရေးကိစ္စကို သွားဖြေရှင်းလိုက်ပါ။ အခက်အခဲတစ်ခုခု ကြုံတွေ့ခဲ့ရရင် ဆရာ မင်းကို ကူညီပေးမယ်”.
“ဟုတ်ကဲ့”
ဝူဟုန်သည် မီးတုတ်ကို ကိုင်ဆောင်၍ အမြန်ပြန်ထွက်ခွာလာသည်။ ထိုစဉ် အခြားလူတစ်ယောက်သည် ကျန်းလီယဲ့ကိုကြည့်၍ မှတ်ချက်ပြု၏။
“သခင်ကြီး၊ ဒီနေ့ အဖွဲ့ခေါင်းဆောင်ဝူက နည်းနည်းကွဲပြားနေသလိုပဲ။ သူက ပုံမှန်ဆိုရင် သူ့ရဲ့အရာရှိအင်အားကို ဘယ်တော့မှ ဒီလိုမျိုး မသုံးတတ်ဘူးလေ”