(ကောင်းကင်ဘုံကိုတောင် ဆန့်ကျင့်နိုင်တဲ့ ကိုလာ၊ 1000% လုံခြုံသည်!)
Vol. 2 Ch. 15
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဟွာဖေးရှု မျက်နှာကို ရှုံ့လိုက်ကာ
“ အူး..တော်တော်လေး နာမဲ့ပုံပဲ”
“ ဟုတ်တယ်” ယွဲ့ရှုယန် ထောက်ခံလိုက်သည်။
လင်ယွီကျွင်း ညည်းညူရင်း မြေကြီးမှ ထလိုက်ကာ မေးရိုးကို ပွတ်လိုက်သည်။
ရှောင်လျန်ဖန်း နေရာတွင် အနည်းငယ် တောင့်ခဲစွာရပ်နေခဲ့သည်။
သူ့ရဲ့ မျက်နှာသည် ရှုတ်ထွေးနေသည်။
ရှောင်လျန်ဖန်း လင်ယွီကျွင်းကို စိုက်ကြည့်လိုက်ပြီး
“ မင်း ဘယ်လိုလုပ်လိုက်တာလဲ?”
ရှောင်လျန်ဖန်းက သန်မာတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုလို့မရပါချေ။ သိုင်းသူတော်စင်နယ်ပယ်ကိုပါ ထိုးဖောက် နိုင်ခဲ့သည်မို့ သူ့ရဲ့တစ်ကိုယ်လုံးက အဆင့်တစ်ခုပိုမြင့်ပြီးသားဖြစ်သည်။
ချီစွမ်းအင် မသုံးဘဲ သန်မာမှု သက်သက်ပဲ ယှဥ်ရင်တောင် သူက လင်ယွီကျွင်း အများကြီး ရှေ့ရောက်မည်လို့ ယုံကြည်ချက်ရှိသည်။
ဒီတိုက်ပွဲက လုံးဝကို တစ်ဖက်သတ် အနိုင်ရမည့်ပွဲ ဖြစ်သင့်တာပင်။
ဒါပေမဲ့ လင်ယွီကျွင်းက ပြန်တိုက်နိုင်ခဲ့သည်။ ပိုဆိုးတာက သူ့ရဲ့လက်သီးချက်တွေကို ရှောင်နိုင်ရုံတင်မကပဲ ပြန်ပြီးတောင် တိုက်နိုင်သေးသည်။ ရှောင်လျန်ဖန်း တစ်ကယ့် တိုက်ပွဲအစစ် တိုက်နေရသည့် ဖိအားကို ခံစားခဲ့ရသည်။
ဒါ အဓိပ္ပါယ် မရှိဘူး။
လင်ယွီကျွင်း ချက်ချင်း မဖြေခဲ့ပေ။ ထိုအစား သူ့ရဲ့လက်ကို ငုံ့ကြည့်ပြီး လှုပ်ရှားကြည့် လိုက်သည်။
အခုတိုက်ပွဲမှာ တိုက်ခဲ့တဲ့ လျင်မြန်မှု အရှိန်က သူ့ဘဝတစ်လျှောက်လုံးရဲ့ အမြန်ဆုံးအရှိန်ပဲ။ ရေစီးကြောင်းလိုမျိုး.. အရမ်း သဘာဝဆန်သည်။
သူ့ရဲ့အတွေးတွေကလဲ ပိုပြီး တိကျမှု ရှိလာသည်။ မသိလျှင် စစ်မြေပြင်အတွက် မွေးဖွားလာသော အထူးပစ္စည်းတစ်ခုလိုမျိုး သူ့ရဲ့ ခန္ဓာကိုယ်က ကြိုးစားမှုမရှိ တိုက်ချက်တွေကို တုံ့ပြန်နိုင်ခဲ့သည်။
သိုင်းသူတော်စင် နယ်ပယ် ကျင့်ကြံသူနဲ့ တိုက်ခဲ့ပြီး အချိန်တစ်ခုကြာသည်အထိ သူ တောင့်ခံနိုင်ခဲ့သည်!
ဒီလိုမျိုး တစ်ယောက်ယောက်ကသာ လာပြောခဲ့ရင် လင်ယွီကျွင်း ထိုသူရဲ့ မျက်နှာကို တံတွေးစင်တဲ့အထိ ရယ်ပစ်လိုက်မှာပင်။ ဒါပေမဲ့ အခုတော့ သူ ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။ ဒါကို ကိုယ်တိုင်သာ မမြင်လိုက်ရရင် ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ဘူး။
ရှောင်လျန်ဖန်း အရှေ့တိုးလာပြီး သူ့ကို လက်တစ်ဖက် ကမ်းပေးလာတာ မြင်မှ လင်ယွီကျွင်း အသိစိတ် ပြန်ကပ်သွားခဲ့သည်။
“ အဆင်ပြေရဲ့လား ယွီကျွင်း?”
လင်ယွီကျွင်း မပြုံးပြခင် အရင် အသက်တစ်ချက် ရှုလိုက်သည်။
“ အင်းပြေတယ်”
လင်ယွီကျွင်း ရှောင်လျန်ဖန်းရဲ့ လက်ကို ဆွဲပြီး မတ်တပ် ပြန်ရပ်လိုက်သည်။
ဖုန်ခါပြီးနောက်တွင် စတိုးဆိုင်ကို ပြန်ကြည့်လိုက်ကာ
“ ဆိုင်ထဲအရင်ပြန်သွားရအောင်”
စတိုးဆိုင်ထဲတွင် လူလေးယောက် ပြန်ဖြစ် သွားခဲ့သည်။ ဟွာဖေးရှုသည် လင်ယွီကျွင်းကို တစ်လက်လက်ထနေသော မျက်လုံးများဖြင့် စပ်စုစွာကြည့်လိုက်သည်။ လင်ယွီကျွင်း လျစ်လျူရှုထားပေမဲ့ အဆုံးမှာတော့ သက်ပြင်းတစ်ချက် ချလိုက်ပြီး
“ အဲ့ဒါကိုလာကြောင့်ပဲ”
ရှောင်လျန်ဖန်း မျက်ခုံးတစ်ဖက် ပင့်သွားပြီး
“ အဲ့ဒီသောက်စရာလား?”
လင်ယွီကျွင်း ခေါင်းညိတ်လိုက်သည်။
“ အဲ့ဒါကငါ့ရဲ့တုံ့ပြန်မှုကို မြှင့်တင်ပေးခဲ့တာ။ နှစ်ဆလောက်လား? နှစ်ဆအတိအကျလား မပြောတတ်ပေမဲ့”
လင်ယွီကျွင်း လက်သီးဆုတ်လိုက်ပြီး
“ ငါ တွေးလို့မပြီးခင်မှာပဲ ခန္ဓာကိုယ်က လှုပ်ရှားပြီးနေပြီ။ ဒီလိုမျိုး ဘယ်တုန်းကမှ မခံစားခဲ့ရဖူးဘူး”
ကျန်တဲ့သူတွေလဲ အံ့သြသွားကြသည်။
“ ယာယီ မြှင့်တင်ပေးတာပေါ့?”
ယွဲ့ရှုယန် ရေရွတ်လိုက်သည်။
လင်ယွီကျွင်း လက်ပိုက်လိုက်ကာ..
“ အဲ့လိုပဲ ဖြစ်မှာ။ ဒီလိုပြင်းထန်တဲ့ အကျိုးရလဒ်က အမြဲဖြစ်စရာ အကြောင်း မရှိဘူး။ အကောင်းဆုံး သူတော်စင်အဆင့် ဆေးဝါးတွေတောင် ဒါမျိုး မမြှင့်ပေးနိုင်ဘူး။ မဟုတ်ဘူး။ ဒါကို ကောင်းကင်အဆင့်လောက်နဲ့ နှိုင်းယှဥ် သင့်တယ်”
ဟွာဖေးရှုက ငေးကြည့်လာပြီး
“ နေအုံး နေအုံး! အဲ့ဒီအရေမဲတွေပါတဲ့ ဗူးလေးကလေ!?”
လင်ယွီကျွင်း ကောင်တာဘက်ကို လှည့်လိုက်ပြီး
“ သူဋ္ဌေး ဒါဘယ်လောက်ခံလဲ?”
“ အိုး? ဒါက ကိုလာရဲ့သက်ရောက်မှုပေါ့လေ”
ဟောင် ကိုယ်တိုင် တစ်ဗူး သောက်ပြီးပြီ ဆိုသော်ငြား သူ့အတွက် ဘာမှမထူးခဲ့ဘူး။ သို့ပေမဲ့ အမဲသားအရသာ ခေါက်ဆွဲတုန်းကလဲ ဘာမှမဖြစ်ခဲ့တာမို့ သူ မအံ့သြတော့ချေ။
“စနစ် ကိုလာရဲ့သက်ရောက်မှုက ဘယ်လောက်ခံလဲ?”
( ဆယ်မိနစ်ခံတယ်)
ဟောင် ပြောပြပေးလိုက်သည်။
“ ဆယ်မိနစ်”
ဆိုင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
“..ဆယ်မိနစ်?”
ဟွာဖေးရှု ထပ်မေးလိုက်သည်။.
ငါးမိနစ်လောက်ဆိုရင်တောင် အရမ်း အံ့သြဖို့ ကောင်းနေပြီးသားပဲ။ ဒါကို ဆယ်မိနစ်တောင်လား?
ကျင့်ကြံသူတွေကြားက တိုက်ပွဲကို အသက်တစ်ခါရှုစာ အချိန်အတွင်း ဆုံးဖြတ်လို့ရသည်။ တစ်ခဏတာ တုံ့ဆိုင်းမိရင်ကို မင်းရဲ့သေခြင်း ရှင်ခြင်းကို အဆုံးအဖြတ်ပေးသွားလိမ့်မည်။
တစ်ယောက်ယောက်ရဲ့ တုံ့ပြန်မှုက တစ်မိနစ်စာလောက်ပင် နှစ်ဆဖြစ်သွားရင်တောင် ထိုအချက်နဲ့ ရန်သူကို လွှမ်းမိုးပစ်လို့ရသည်။ အခြေအနေက ဘယ်လောက်ပဲ အလေးမသာပါစေ ဆယ်မိနစ်ဆိုတဲ့ အချိန်အတွင်း ကစားပွဲကို ပြောင်းပြန်လှန်ပစ်လိုက်လို့ရသည်။
“ ဒါကြီးက မယုံနိုင်စရာပဲ…”
ကိုလာဗူးခွံကို ရှောင်လျန်ဖန်း စိုက်ကြည့်ကာ ပြောလိုက်သည်။
“ ဒါဆိုကိုလာရဲ့ ဘေးထွက်ဆိုးကျိုးကကော သူဋ္ဌေး?”
လင်ယွီကျွင်း မေးလိုက်သည်။
လင်ယွီကျွင်း စိတ်ထဲမှာဖြစ်နိုင်ချေကို တွက်ဆနေခဲ့သည်။
အခုလို စွမ်းအားကြီးကို မပေးဆပ်ရဘဲ ရမှာမဟုတ်ဘူး။ ဥပမာပြောရလျှင်.. ဆယ်မိနစ်ကုန်သွားတာနဲ့ သူ့ခန္ဓာကိုယ်က အားပျော့သွားမလား? ဒါမှမဟုတ် ဆယ်မိနစ် ကုန်သွားတာနဲ့ သူ့ရဲ့ တုံ့ပြန်မှုက လုံးဝကို သာမာန်အဆင့် ရောက်သွားမှာလား?
ဒါမှမဟုတ် ဖြစ်နိုင်တာ…
ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဖြစ်နိုင်ချေ အားလုံးကို သူ မှန်းဆကြည့်လိုက်သည်။ ဒီလိုမျိုး မြင့်မားတဲ့အစွမ်း ရစေတဲ့ ဆေးဝါး မှန်သမျှသည် သုံးပြီးတိုင်း တစ်ခုခု ပြန်ပေးရတတ်သည်။
ဒဏ္ဍာရီလာ ကောင်းကင်အဆင့် ဆေးလုံးတွေတောင်မှ ဂရုတစိုက် အသုံးပြုရသည်။ မဟုတ်လျှင် ကျင့်ကြံမှုကို ဆိုးရွားစွာ ထိခိုက်စေတတ်သည်။
ဘေးထွက်ဆိုးကျိုးက ဘာပဲ ဖြစ်ပါစေ ကျင့်ကြံဆင့်ကို လာမထိသရွေ့ လင်ယွီကျွင်း တုံ့ဆိုင်းမရှိ သုံးအုံးမှာ ဖြစ်သည်။
အစောပိုင်းက တိုက်ပွဲကို ကြည့်လိုက်ရင် သူ့ရဲ့ သန်မာမှုက လုံးဝကို မြင့်တက်သွားခဲ့သည်။
တိုက်ပွဲမှာ ကျင့်ကြံဆင့်က အရာအားလုံး မဟုတ်ဘူး။ အရည်အချင်း၊ အတွေ့အကြုံနဲ့ သိုင်းပညာ အကုန်လုံးက အရေးပါသည်။ ဒါပေမဲ့ အလျင်နှုန်းနဲ့ တုံ့ပြန်မှုနှုန်းကိုသာ အခုအနေအထားအထိ မြှင့်တင်နိုင်မယ်ဆိုရင်..
သန်မာတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမဲ့ အခြေအနေမျိုးမှာ ဒီကိုလာက အရှုံးကို အနိုင်ပြောင်းပေးနိုင်သည်။
ရန်သူကသာ ကျင့်ကြံဆင့်ကို ကြည့်ပြီး အထင်သေးခဲ့မယ်ဆိုရင် သေချာပေါက် ခံရမှာပဲ။
‘ မေးခွန်းကောင်းပဲ’ လင်ယွီကျွင်းကို ယွဲ့ရှုယန် စိတ်ထဲမှ လက်မထောင်ပြလိုက်သည်။
‘ ဘေးထွက်ဆိုးကျိုးတဲ့? စနစ် အဲ့ဒါမျိုး ရှိလား?”
ဘေးထွက်ဆိုးကျိုး မရှိလောက်ဘူးလို့ ခံစားမိပေမဲ့ ဟောင် မေးလိုက်သည်။
( ပိုင်ရှင်တွေးတာ မှန်တယ်။ ကိုလာမှာ ဘာဘေးထွက်ဆိုးကျိုးမှ မရှိပါဘူး)
( ဘာလို့မရှိတာဖြစ်မလဲ? အပြိုင်ကမ္ဘာ ကုန်စုံဆိုင်မှာရောင်းတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေးက အားလုံးရဲ့ထိပ်ဆုံးမှာ ရှိတယ်။ မရေမတွက်နိုင်တဲ့ ကမ္ဘာတွေ တစ်ခုမှ မယှဥ်နိုင်တဲ့ ပြိုင်ဘက်ကင်းအရည်အသွေး ရှိတယ်။ အဆင့်နိမ့်ပစ္စည်းတွေကတော့ ဘေးထွက်ဆိုးကျိုးတွေ ရှိမှာပေါ့။ ဒါပေမဲ့ ငါတို့ရဲ့ ရောင်းကုန်တွေလား? မဖြစ်နိုင်ဘူး။ ငါတို့ရောင်းကုန်တွေက ပြီးပြည့်စုံနေတာ)
ဟောင် မတတ်နိုင်စွာ လည်ချောင်းထဲ နင်သွားသည်။ စနစ်ရဲ့ ကွန်ဖီးဒန့်က လုံးဝ ထိပ်တန်းပဲ။
‘အင်း အင်း အဲ့လိုပုံပေါက်ပါတယ်’
‘ ငါသာ အဲ့ဒီအကျိုးတွေကို ရနိုင်မယ်ဆိုရင် ပိုပြီး ပြီးပြည့်စုံသွားမှာ သိလား?’
စနစ်မှ အသံမထွက်တော့ပေ။
ဟောင် ခေါင်းသာ ရမ်းလိုက်သည်။ တစ််ကယ် မမျှတတာပဲ။
ဆိုင်ရှင်က ဘေးကနေ သူများတွေအတွက်.. ထိုင်ပျော်ပေးနေရုံပဲ လုပ်ရမှာလား?
စနစ်နဲ့ ဆက်မပြောတော့ဘဲ ဟောင် ပြောလိုက်သည်။
“ ကိုလာမှာ အဲ့လို ဘေးထွက်ဆိုးကျိုး မရှိပါဘူး”
“ ဒါက ဘေးထွက်ဆိုးကျိုး ရှိတဲ့ အဆင့်နိမ့် ပစ္စည်းမဟုတ်ဘူး။ အဆင့်နိမ့်တာတွေပဲ တန်ကြေးပြန်ပေးရတာ။ ဆယ်မိနစ်ပဲ ခံတယ်ဆိုပေမဲ့ ငါ့ဆိုင်က ပစ္စည်းက အရည်အသွေးထိပ်တန်းပဲ”
“....”
လေးယောက်လုံး အံ့သြမှင်သက်သွားကြသည်။
ဘေးထွက်ဆိုးကျိုး မရှိဘူးတဲ့လား?
ဆယ်မိနစ်ပဲခံတယ်လို့ သူပြောလိုက်တာလား?
ဆယ်မိနစ်ပဲလို့လေ?!
လင်ယွီကျွင်း အရင်ဆုံးတုံ့ပြန်လိုက်သည်။ သူ့ရဲ့ခေါင်းကြီး အရှေ့တိုးလာပြီး မယုံနိုင်စွာ ပြောလိုက်သည်။
“ သူဋ္ဌေးကို သံသယဝင်ဖို့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ဒါက အဓိပ္ပါယ်မရှိဘူးလေ။ ငါပြောချင်တာက အခုလို အင်အားကြီး ပစ္စည်းက တန်ကြေးတော့ ပြန်ပေးသင့်တာပေါ့ မဟုတ်ဘူးလား?”
“ အနည်းဆုံးတော့ သေးငယ်တဲ့ တစ်ခုခုတော့ ပြန်ပေးသင့်တာပေါ့? ပြောရရင် နည်းနည်းလောက်ဖြစ်ဖြစ် ဈေးပိုပေးရတာတို့ ဘာတို့?”
ဟွာဖေးရှု ဒရာမာဆန်စွာ လက်ယမ်းလိုက်ရင်
“ ဟုတ်တယ်မလား? ကောင်းကင်အဆင့် ဆေးလုံးတွေတောင် မကြာခဏသုံးရင် ဘေးထွက်ဆိုးကျိုးရှိတယ်။ ဒါကြောင့်မို့ ဘယ်သူကမှ လက်လွတ်စပယ် မသုံးရဲဘူး။ ပြီးတော့ ဒါက ပိုတောင်သန်မာသေးတယ် မလား? အကိုကြီးဟောင် ဒါမဖြစ်နိုင်ဘူး”
ဆေးဝါးအားလုံးသည် တန်ဆေးလွန်ဘေး ဆိုသည့် မျှချေသဘောရှိသည်။ အစွမ်းတစ်ခုဆီအတွက် တန်ကြေးဆိုတာ ရှိသည်။ ဒီစည်းမျဥ်းကနေ ဒဏ္ဍာရီလာ ဆေးလုံးတွေတောင် မလွတ်မြောက်နိုင်ဘူး။ အနည်းဆုံးတော့ ယွဲ့ရှုယန် ဖတ်ဖူးသမျှ စာအုပ်တွေထဲမှာ ထိုသို့ ရှင်းပြပေးထားတာပင်။
ဒီအခြေခံစည်းမျဥ်းကို ကိုလာက ဆန့်ကျင့်နိုင်တယ်လို့ ပြောနေတာလား?
သောက်ကျိုးနည်း