← Chapters

( အရိုးကြီးဝံပုလွေနှင့် တိုက်ပွဲ)

Vol. 2 Ch. 19

( အရိုးကြီးဝံပုလွေနှင့် တိုက်ပွဲ)

Vol. 2 Ch. 19

ရှောင်လျန်ဖန်းရဲ့ ဓားချက်များကို ဝံပုလွေ နှစ်ကောင်က ရှောင်ဖို့ကြိုးစားသေးသည်။ သို့ပေမဲ့ သူက လမ်းတစ်ဝက်မှာတင် ဓားရဲ့ ဦးတည်ရာကို ပြောင်းလိုက်ပြီး နောက်ဆုံးမှာ ရိုက်ချလိုက်လေသည်။

စက်ဝိုင်းပုံစံ ဓားအလင်းက ပြေးထွက်လာပြီး ဝံပုလွေနှစ်ကောင်ကို မြေကြီးထဲ နစ်ဝင်သည်အထိ ရိုက်ချသွားသည်။

ကျန်သုံးယောက်သည်လည်း တာဝန်ယူထားတဲ့ သားရဲအသီးသီးကို တိုက်ခိုက်နေကြပြီး တိုက်ခိုက်ပြီးသွားသူလဲ ရှိသည်။ နောက်ဆုံးတွင် ဝံပုလွေ တစ်ကောင်သာ ကျန်တော့သည်။ တစ်ကယ့် အန္တရာယ် အပေးနိုင်ဆုံး အဆင့်နိမ့် မဟာ ဝံပုလွေးကြီး ကျန်နေသေးတာပင်။

ဧရာမ သားရဲကောင်ကို ယွဲ့ရှုယန် အေးစက်စွာ ကြည့်လိုက်သည်။ သူမရဲ့ဓားကို တစ်ဖန် ပြန်မြှောက်လိုက်သည်။

ရုတ်တရက် မဟာဝံပုလွေရဲ့ ပါးစပ်မှ အရိုးထဲထိ စိမ့်ဝင်စေလောက်သော အော်သံ နက်ကြီးထွက်လာသည်။ တိုက်ပွဲကွင်းပြင်ထဲက သေသွားပြီဖြစ်သော ဝံပုလွေ လေးကောင်လုံး ကြမ်းတမ်းစွာ တုန်ယင်ကုန်သည်။

ဝံပုလွေတွေရဲ့ ဒဏ်ရာရနေတဲ့ ကိုယ်ထဲကို အနက်ရောင်ချီစွမ်းအင်တွေ စိမ့်ဝင်သွားပြီး ရေခွက်ထဲ မှင်စက်ချလိုက်သည့်နှယ် လျင်မြန်စွာ ပျံ့နှံ့သွား၏။ သူတို့ရဲ့ ကျိုးနေသော အရိုးတွေ ပြန်ဆက်လာသည်။ သွေးထွက်နေသော ဒဏ်ရာတွေကလဲ လုံးဝ ပျောက်ကွယ်သွား၏။

ဝံပုလွေရဲ့မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖုံးလွှမ်းနေပြီး ကျယ်လောင်စွာ အူလိုက်ကြသည်။ အော်သံသည် အသက်မဲ့သည်။ သို့သော်ငြား လူသတ်ရိပ်တို့ ပြည့်လျှံနေ၏။

လင်ယွီကျွင်းရဲ့ မျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး

‘ ဒီကောင့်မှာ… ငရဲမီးတောက် စွမ်းရည်ရှိတယ်ပေါ့’

‘လင်ယွီကျွင်း ရှင်းပြပေး’ ယွဲ့ရှုယန် ပြောလိုက်သည်။

လင်ယွီကျွင်းချက်ချင်းပဲ ရှင်းပြလိုက်၏။

‘ ဒါကအရွယ်ရောက် အရိုးကြီး ဝံပုလွေတွေပဲ သုံးနိုင်တဲ့ ရှားပါးစွမ်းရည်တစ်မျိုးပဲ။ အဲ့ဒီစွမ်းရည်က သူ့ အဖွဲ့ဝင်တွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အတင်းအကျပ် ပြန်ကောင်းအောင် လုပ်ပေးတယ်။ တစ်ခါလုပ်လိုက်တာနဲ့ ပိုပြီးသန်မာလာတယ်’

‘ တစ်ခါရှင်သန်လာတိုင်း သူတို့ရဲ့အရိုးတွေ ပိုမာကြောလာပြီး အလျင်မြန်နှုန်း ပိုတိုးလာတယ်။ ပိုသတ်ရခက်သွားတယ်။ သူတို့ပိုရှင်သန်လေလေ ပိုသတ်ရခတ်လေလေပဲ’

ဟွာဖေးရှု စုတ်သတ်လိုက်ရင်း

‘ ကျွတ် စိတ်ပျက်ဖို့ကောင်းလိုက်တာ’

‘ ဘာပြန်ပေးဆပ်ရလဲ?’ ယွဲ့ရှုယန် မေးလို​က်သည်။

လင်ယွီကျွင်း ပုခုံးတွန့်လိုက်ပြီး

‘ သူတို့ရဲ့ အသက်တိုသွားမှာ။ ဒါပေမဲ့ တိုက်ပွဲကြုံနေရတဲ့ နတ်ဆိုးသားရဲတစ်ကောင် အတွက် အဲ့ဒါကို ဂရုစိုက်မယ် ထင်လား?’

ယွဲ့ရှုယန် ဝံပုလွေတွေကို တစ်ချက် ကြည့်လိုက်သည်။ သူမ စိတ်မပူဘူး။ ဘာလို့ဆို သူမရဲ့.ခေါင်းထဲမှာ အကြံအစည်တစ်ခု ပေါ်လာပြီးသားပင်။

‘ ကောင်းပြီ ဒါကို လေ့ကျင့်ရေးအနေနဲ့ သတ်မှတ်လိုက်ကြ။ သိုင်းအသစ်ကို ကောင်းကောင်းသုံးတတ်အောင် သင်ယူကြတာပေါ့’

ယွဲ့ရှုယန်ရဲ့ လေသံမှာ အပိုစကားပြောဖို့ အခွင့်အရေး မပေးထားချေ။

အသင့်စားခေါက်ဆွဲက ကျင့်ကြံမှုကို အများကြီး မြင့်တင်ပေးပြီး ကျင့်ကြံစဥ်ကိုပါ တည်ငြိမ်အောင် လုပ်ပေးထားတယ်ဆိုသော်ငြား တိုက်ပွဲမှာ ကျင့်ကြံမှုတစ်ခုပဲ အရေးပါတာ မဟုတ်ဘူး။ တစ်ကယ့်တိုက်ပွဲမှာ အစွမ်းကို ကောင်းကောင်း မထိန်းချုပ်နိုင်ရင် အစွမ်းရှိလဲ အလကားပဲ။

ထိန်းချုပ်နိုင်စွမ်းမရှိဘဲ လျင်မြန်စွာ အဆင့်တက်နေခြင်းက ပရမ်းပတာတွေပဲ ဖြစ်လာစေမည်။ အခုအခွင့်အရေးမှာသာ ကောင်းကောင်း မလေ့ကျင့်ထားရင် ဘယ်အချိန် လေ့ကျင့်တော့မလဲ?

ဒီအခွင့်အရေးက အသစ်ရလာတဲ့ သိုင်းကွက်တွေကို ထိန်းချုပ်ပြီးသုံးတတ်ဖို့ အချိန်ကောင်းတစ်ခုပဲ။

အရိုးကြီးဝံပုလွေတွေရဲ့ ပြောင်းလဲမှုက သိသာလှ၏။ အရိုးတွေအားလုံး ပြန်ကောင်းသွားပြီး အမွှေးအမျှင်များသည် လျင်မြန်ဖျတ်လတ်နေသည်။ ဒါတင် မဟုတ်သေးဘူး။ ဒီဝံပုလွေအုပ်သည် အသစ်တိုးလာသော သန်မာမှုကို လျင်မြန်စွာ အသားကျအောင် ညှိယူပြီးသားဖြစ်သည်။

လင်ယွီကျွင်း လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ အသံတစ်ချက်အပြီးမှာ သူ့ရဲ့ဓားချက်က ပြန်ရှင်သန်လာသော ဝံပုလွေရဲ့ခေါင်းကို ဖြတ်ပြီးသားပင်။ ဝံပုလွေရဲ့ခေါင်းသည် လေပေါ်ဝဲပျံသွားသည်။

ဟွာဖေးရှု ကိုယ်ကို တစ်ပတ်လှည့်လိုက်သည်။ အလင်းရဲ့အရှိန်နဲ့ သူမရဲ့လက်ဝါးကို ရိုက်ချလိုက်သည်။ အရိုးကြီးဝံပုလွေက သူမရဲ့ လက်ဝါးချက်တွေကို ရှောင်နေသော်ငြား လက်ဝါးချက်တစ်ခုက ထိုကောင့်ပေါ်ကို တည့်တည့်ကျသွားသည်။

လက်ဝါးချက်နဲ့ ဝံပုလွေရဲ့ ရိုက်ခတ်မှုကနေ အပြင်ဘက်ကို စွမ်းအင်လှိုင်းများ ထွက်သွားပြီး နောက်ဆုံးမှာ ထိုဝံပုလွေသည် နံရိုးများကျိုးရင်း တုန်ယင်စွာ သေသွား လေတော့၏။

ယွဲ့ရှုယန်ရဲ့ မျက်လုံးများက မဟာဝံပုလွေရဲ့ လှုပ်ရှားမှု တစ်ခုကိုမှ လက်လွတ်မခံခဲ့ပေ။

ထိုအကောင်သည် သူမရဲ့ အမြင်ကို ရှုတ်ထွေးစေရန် အလျင်မြန်ဆုံး အရှိန်ကို သုံးပြီး ပြေးဖို့လုပ်လိုက်သည်။

သူမ ခဏလောက်ရပ်သွားသည်။ ထို့နောက်မှာ အမြန်နောက်ဆုတ်​ပြီး မဟာဝံပုလွေရဲ့ ရိုက်ချက်ကို ရှောင်လိုက်လေသည်။

အနက်ရောင်ဓားချွန်ကြီးများလို ရှည်ထက်နေသော လက်သည်းများဖြင့် ဝံပုလွေက လှမ်းခုတ်လာတာပင်။ ပထမ ရိုက်ချက်ကို သူမ ရှောင်လိုက်နိုင်ပေမဲ့ ဒုတိယ တစ်ချက်မှာ မိသွားသည်။ သူမရဲ့ လက်မောင်းသားမှာ အနက်ရောင် အစင်းကြောင်းကြီး ဖြစ်ပေါ်သွား၏။

ယွဲ့ရှုယန် အမြန်ပဲ အေးခဲစေလိုက်ပြီး အဆိပ်တွေ မပျံ့အောင် ထိန်းချုပ်လိုက်သည်။

ထို့နောက်မှာ သူမ ဆက်တိုက် တိုက်ခိုက်တော့သည်။ သို့ပေမဲ့ ဝံပုလွေကလဲ မရှောင်ပေ။ သူက ပြန်ခုန်အုပ်လာပြီး သူမရဲ့ ပတ်ပတ်လည်ကို အရိုးများပစ်လွှတ်သည်။

ယွဲ့ရှုယန် သူမရဲ့ ဓားကို မလိုက်ကာ စက်ဝိုင်းပုံ လည်လိုက်ရင်း သူမဆီ ပြေးဝင်လာနေသော အရိုးတွေမှ ကာကွယ်လိုက်သည်။

ဝံပုလွေကြီးရဲ့ ဒေါသတကြီးအော်သံအပြီးမှာ နောက်ထပ် အရိုးတွေ လွင့်ပျံလာပြန်သည်။ ယွဲ့ရှုယန် သူမရဲ့ခန္ဓာကိုယ်ကို လှုပ်ရှားပြီး လွတ်တယ်ဆိုရုံလေး ရှောင်နေရင်း ရုတ်တရက် လေပြေလိုအရှိန်နဲ့ သူမရဲ့ဓားကို လှုပ်ရှားလိုက်သည်။ ဝံပုလွေရဲ့ လည်ပင်းကို ဖောက်ဝင်သွားသည်။

ဝံပုလွေက ယိုင်သွားပေမဲ့ အခုထိ မြေပေါ် မလဲသွားသေးဘူး။

နောက်ဆုံးအော်သံအပြီးမှာ သားရဲကြီးက ထပ်တိုက်ခိုက်ဖို့ပြင်သည်။ ဒါပေမဲ့ ယွဲ့ရှုယန်က ပိုမြန်သည်။ ပြီးပြည့်စုံသော ခုတ်ချက် အပြီးမှာ ဝံပုလွေရဲ့ခေါင်းက ပြုတ်ထွက်သွားတော့သည်။

ရှောင်လျန်ဖန်းလဲ ကျန်နေသော ဝံပုလွေ နှစ်ကောင်ထဲက တစ်ကောင်ကို ပြင်းထန်စွာ ကန်လိုက်တာမို့ မြေကြီးမှာ လဲသွားပြီး ထိုကောင်ပြန်မထလာနိုင်တော့ချေ။

‘ နှေးလိုက်တာ’ ရှောင်လျန်ဖန်းရဲ့ မျက်လုံးက နောက်တစ်ကောင်ဆီ ရောက်နေခဲ့ပြီ။

သူ့ရဲ့ တစ်ဖန် ဓားချက်ကျရောက်သွားတာနဲ့ ကျန်တဲ့ဝံပုလွေတစ်ကောင်လဲ ညည်းသံတစ်ချက်သာ ပေးနိုင်ပြီး မြေပေါ် လဲသွားတော့သည်။

‘ ငါပြောချင်တာ ဒါပဲလေ။ ရန်သူက ပိုသန်မာမှ တိုက်ပွဲက ပိုစိတ်ကျေနပ်ဖို့ ကောင်းတာ’

ဟွာဖေးရှုက ယွဲ့ရှုယန် ရှိရာကို အပြေးသွားလိုက်ပြီး

“ မမကြီး ဒဏ်ရာရထားတယ်!”

ဟွာဖေးရှုက ယွဲ့ရှုယန်ရဲ့ လက်ဖဝါးကို ဆုတ်ကိုင်လိုက်သည်။ ဟွာဖေးရှုရဲ့ လက်ဝါးမှ အပြာဖျော့ရောင် အလင်း ထွက်ပေါ်လာပြီး ယွဲ့ရှုယန်ရဲ့ ဒဏ်ရာကို ကုသပေးသွား၏။

ယွဲ့ရှုယန် သူမရဲ့ သိုလှောင်လက်စွပ်ထဲမှ ရွှေရောင် ဆေးလုံးတစ်ခုကို ထုတ်ယူလိုက်သည်။ ဆေးလုံးကို အရည်ဖြစ်စေပြီး သူမရဲဒဏ်ရာပေါ်ကို လောင်းချလိုက်၏။ ရှုးခနဲ အသံတစ်ခုအပြီးမှာ ရွှေရောင်ဆေးရည်များက ဒဏ်ရာကို အမြန် စုပ်ယူလိုက်ပြီး အသား ပြန်ဖြည့်ပေးသွားသည်။

ယွဲ့ရှုယန် ထိုအခါမှ လူအုပ်ကို လှည့်ကြည့်လိုက်သည်။ ဘေးကနေ တစ်ချိန်လုံး ကြည့်နေသော ရှောင်လျန်ဖန်း အရှေ့တိုးလာကာ

“ အမယွဲ့ ဘယ်လိုနေလဲ?”

“ ကုပြီးပြီ”

ခေါင်းဆောင်အနေနဲ့ လက်ကျန်တွေကို ရှင်းလင်းရမှာ ယွဲ့ရှုယန်၏ တာဝန်ပဲ။ လက်ဖျောက်တစ်ချက်အပြီးမှာ ဝံပုလွေ အလောင်းတွေအားလုံး သူမရဲ့ သိုလှောင်လက်စွပ်ထဲ ရောက်သွားလေသည်။

ကျန်တဲ့သူတွေလဲ အနားစုလာကြသည်။ သူတို့အကုန်လုံး ထွက်သွာခါနီးမှာပဲ အဝေးမှ အူသံတစ်ချက် ကြားလိုက်ရသည်။ ယွဲ့ရှုယန် ချက်ချင်းပဲ ချီစွမ်းအင်နဲ့ အာရုံခံလိုက်သည်။ တစ်ခုခုက မူမမှန်ဘူး။

ယွဲ့ရှုယန်, “.....”

ယွဲ့ရှုယန်ရဲ့ မျက်နှာထားမှ အနည်းငယ်သော ပြောင်းလဲမှုကို လင်ယွီကျွင်း သတိထားမိသည်။

“ ဘာဖြစ်လို့လဲ? အမယွဲ့ မင်း တစ်ခုခုကို အာရုံခံမိလို့လား?”

သူမတို့ တိုက်ခိုက်ခဲ့သော ဝံပုလွေများသည် ဝံပုလွေအုပ်ကြီး၏ အကောင်အနည်းငယ်သာ ဖြစ်၏။ ကျန်တဲ့ဝံပုလွေများ လာနေကြပြီ။ အကောင်အရေအတွက်က နှစ်ဆဖြစ်ပြီး ခေါင်းဆောင်ဝံပုလွေက မဟာဝံပုလွေကိုမှ အဆင့်မြင့်ဖြစ်သည်။ ဘေးမှ အဆင့်နိမ့် မဟာဝံပုလွေ တစ်ကောင်လဲ ပါသေးသည်။

လင်ယွီကျွင်း သဘော​ပေါက်သွားပြီး သူ့ရဲ့မျက်နှာလဲ ပြောင်းလဲသွားတော့၏။

‘ အာ ချီးပဲ! ငါတို့ ငါးကောင်ထဲ တွေ့ခဲ့တာ နည်းနေသေးတာပေါ့’

“ ငါတို့ထွက်ပြေးကြမလား?”

ယွဲ့ရှုယန် တစ်ခုခုကို တွေးနေရင်း လက်ခါပြလိုက်သည်။ သူမရဲ့လက်ထဲတွင် ကိုလာတစ်ဗူးပေါ်လာသည်။

“ ကိုလာ!”

ဟွာဖေးရှုရဲ့ မျက်လုံးတွေ ချက်ချင်းပဲ လက်သွားသည်။

ကျန်တဲ့သူတွေလဲ ချက်ချင်း သဘောပေါက်သွားသည်။ ကောင်းကင်ဘုံကို ဆန့်ကျင့်နိုင်တဲ့ ဒီဖျော်ရည်ကို ဘယ်လိုလုပ် မေ့သွားရတာလဲ?

လင်ယွီကျွင်း ဆိုင်ရှေ့မှာ အကိုဖြစ်သူနဲ့ တိုက်ခဲ့သော အချိန်ကို ပြန်မြင်ယောင်ရင်း မနေနိုင်စွာ ပြုံးလိုက်မိသည်။ ကိုလာရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတဲ့ စွမ်းအင်ကို သူ ကြုံဖူးပြီးသွားပြီ။

ဒီတိုက်ပွဲမှာ သူတို့ နိုင်လိမ့်မည်လို့ ယုံကြည်ချက် ရှိသည်။

ထိုအချိန်မှာ ဟွာဖေးရှုနဲ့ ရှောင်လျန်ဖန်းလဲ ကိုလာဗူးတွေ ထုတ်လိုက်ကြသည်။ လင်ယွီကျွင်းရဲ့ အပြုံးတွေ ပျောက်ကွယ် သွားတော့၏။

သူ့ ကိုလာကို သူ သောက်ပြီးသွားပြီ…..

ဒဏ္ဍာရီလာ လင်ယွီကျွင်းတစ်ယောက် မြေကြီးပေါ် ဒူးထောက်ကျသွားပြီး မဖြေဆည်နိုင်စွာ ခေါင်းကိုဆုတ်ကိုင် လိုက်သည်။

“ ငါတို့ထွက်ပြေးကြမလားဟင်?”

အသိစိတ် ပြန်ကပ်သွားတာနဲ့ လင်ယွီကျွင်း အကြံပေးလိုက်သည်။

All Chapters