( ဆိုင်ရှင် ခင်ဗျားက ဘယ်နတ်ဆိုး ကျင့်ကြံသူ ဂိုဏ်းကလဲ?)
Vol. 2 Ch. 21
‘ သူမက သန်မာတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ အကူအလုပ်သမားဖြစ်ဖို့ နည်းနည်း ငယ်သေးတယ် မထင်ဘူးလား?’
( ပိုင်ရှင်ရေ အပြိုင်ကမ္ဘာကုန်စုံဆိုင်မှာ ကျင့်ကြံရေးပိုင်း လိုအပ်ချက်ပဲ ရှိပါတယ်။ အသက်က အရေးမကြီးဘူး)
'ဟိုင်းယား..’
‘ ဒါက ကလေးအခွင့်အရေး ချိုးဖောက်နေတာပဲ မလား?’
( ဟ ပိုင်ရှင့်ရဲ့ အရင်ကမ္ဘာက စည်းမျဥ်းတွေ ဒီမှာလာမထားနဲ့)
“...”
‘ ဘာလဲ? ဘာလဲ? ဒါဆို နောက်တစ်ခေါက်ကျ ဒိုင်ဘာဝတ်ထားတဲ့ ကလေးက ဒီဆိုင်ထဲ ပေါ်လာပြီး ကောင်းကင်ဘုရင်နယ်ပယ် ရောက်နေလဲ မင်းက ငါ့ကို ကောင်တာအနောက် ပို့ဖို့လာပြောအုံး မှာလား?’
စနစ်က တိတ်ဆိတ်နေသည်။ ဒါက တစ်နည်းနည်းနဲ့ ဟောင့်ကို ပို စိတ်တိုစေသည်။
‘ ဒါကြီးက… အာ! ကောင်းပြီ။ လုပ်ချင်ရာ လုပ်ကွာ’
ဟောင် မျက်နှာကို လက်တစ်ဖက်နဲ့ သပ်ချလိုက်ရင်း သက်ပြင်းချလိုက်သည်။
‘ ကြည့်ရတာ မင်းက တောင်တစ်တောင်ကို လက်သီးတစ်ချက်နဲ့ ဖျက်ဆီးနိုင်သွားရင် မင်းအပေါ်မှာ သာမာန်စည်းမျဥ်းတွေ အလုပ်မလုပ်တော့ပုံပဲ’
“ ကြိုဆိုပါတယ်” ဟောင် နှုတ်ဆက်လိုက်သည်။
“ တစ်ခုခုရှာနေတာလား ကလေးမ”
ချက်ချင်းပဲ မိုရှီရှီရဲ့ မျက်နှာထားက စိတ်ဆိုးမာန်ဆိုး ဖြစ်သွားသည်။
“ဒီ..”
ဒါပေမဲ့ သူမ တစ်ဝက်နဲ့ ရပ်လိုက်ပြီး ဟောင်ကို ချမ်းသာပေးလိုက်သည်။
“ အစားအသောက်လား?”
ဟောင် မပြောနိုင်ခင်မှာပဲ သူမက ဆက်ပြောလာပြန်သည်။
“ ကိုယ့်ဘာကိုကြည့်မယ်။ လာမပြောပြနဲ့”
ဟောင်ရဲ့ မျက်နှာတွန့်လိမ်သွားသည်။
‘ချီးပဲ’
ဒါကပါရမီရှင်တွေရဲ့ အထာလား? ဘာလဲ? ဒီလောက် ငယ်ငယ်နဲ့ ကောင်းကင်ဘုရင် နယ်ပယ်ကို ရောက်သွားတော့ ဘဝင်ပါ တစ်ခါထဲ မြင့်သွားတာလား?
‘ စနစ် ငါ ဒီကလေးမရဲ့ နောက်ခံကို စစ်လို့ရလား?’
( ပိုင်ရှင် ဒီလိုလုပ်ချင်ရင် ဝိညာဥ်ကျောက်တုံး တစ်တုံးကျမယ်။ ပိုင်ရှင့်မှာ အခု 0.3 ဝိညာဥ် ကျောက်တုံးပဲ ရှိတယ်။ တစ်တုံးမပြည့်ဘူး)
ဟောင်ရဲ့ မျက်နှာက ထပ်မံတွန့်လိမ်သွားရသည်။ သူ မေ့သွားတာပဲ..
စနစ်က အမြတ် 90% တောင် ယူတယ်လေ!
‘ 10% ရတဲ့ ငါက ဆိုင်ရှင်ဖြစ်ပြီး လုံးဝကို အမြတ်မရှိတဲ့ အလုပ်သမားပဲ’
ဒါပေမဲ့ ကလေးမရဲ့ အကြောင်းကို ဟောင် သိချင်သေးသည်။
‘ ငါ ချေးလို့ရလားစနစ်? ဒါလဲ ငါက ကောင်းဖို့လုပ်တာပါ။ မင်းသိပါတယ်။ ငါ့ရဲ့ အလုပ်သမားဖြစ်လာမဲ့သူ အကြောင်းကို နားလည်ချင်ရုံပဲလေ’
( ပထမဆုံးအကြိမ် ချေးငွေတောင်းခြင်းကို လက်ခံလိုက်မယ်။ နောက်တစ်ခေါက်တော့ ပေးမှာမဟုတ်ဘူး။ ဒါဆို အခု ပိုင်ရှင့်ရဲ့ လက်ရှိပိုင်ဆိုင်မှုက -0.7 ဝိညာဥ်ကျောက်တုံးနော်)
ဟောင်ရဲ့ မြင်ကွင်းတွင် ပုံရိပ်ယောင် မျက်နှာပြင် တစ်ခု ပေါ်လာပြန်သည်။
( မိုရှီရှီရဲ့ အကြောင်း)
သူမသည် အရင်က ကျိန်စာဖြူ နတ်ဆိုးကျင့်ကြံသူဂိုဏ်းရဲ့ ဆက်ခံသူ ဖြစ်ခဲ့ပြီး အတွင်းရေး ပြဿနာတွေကြောင့် ဂိုဏ်းက ခက်ခဲနေချိန်မှာ ပြိုင်ဘက် နတ်ဆိုးကျင့်ကြံသူ ဂိုဏ်းတွေက အခွင့်အရေး ယူပြီး သူမရဲ့ မိသားစုနဲ့ ဂိုဏ်းသားတွေကို တိုက်ခိုက်ခဲ့တယ်။
သူမက မဖြစ်မနေ မြို့တော်ကို ထွက်ပြေးလာရပြီး တစ်ယောက်ထဲ ရုန်းကန် ရှင်သန်ခဲ့တယ်။ သူမမှာ ပိုက်ဆံလဲ မရှိဘူး။ လူမှုပတ်ဝန်းကျင်အကြောင်းလဲ ကောင်းကောင်း နားမလည်ဘူး။ အမြဲတမ်း ဈေးဆိုင်တွေကနေ သတိကြီးကြီး စောင့်ကြည့်ပြီး အခွင့်အရေးရတာနဲ့ အစားအသောက်တွေကို ခိုးယူပြီး ရှင်သန်လာတာပဲ။
ဟောင် မိုရှီရှီကို ကရုဏာသက်စွာ ကြည့်လိုက်သည်။
‘ သူမက လုပ်နိုင်စွမ်းရှိတဲ့ လမ်းဘေးကြွက် တစ်ယောက်ပါပဲလား’
ထိုအချိန်တွင် မိုရှီရှီသည် အသင့်စားခေါက်ဆွဲ တင်ထားသော စင်ဘက်ကို လျှောက်သွားခဲ့သည်။
“ ကြက်သားအရသာ အသင့်စားခေါက်ဆွဲ”
‘ ဒီထဲမှာ ခေါက်ဆွဲရှိတာလား?’
သူမသည် ဗူးကိုယူပြီး လှုပ်ကြည့်လိုက်သည်။ တစ်ခုခု မှော်ဆန်တာမျိုး ထွက်လာဖို့ မျှော်လင့်နေပုံပင်။ ဒါပေမဲ့ သူမ ကြားလိုက်ရတာက ခြောက်ကပ်ကပ် ပစ္စည်းတစ်ခုရဲ့ အသံတစ်ချို့သာ။
“...”
သူမရဲ့ အကြည့်က ဈေးနှုန်းစာရွက်ကို ရောက်သွားခဲ့သည်။
ဝိညာဥ်ကျောက်တုံးတစ်တုံး။
မိုရှီရှီ နေရာတင် အေးခဲသွားသည်။
သူမ မျက်တောင်တစ်ဖြတ်ဖြတ် ခတ်ပြီး ပြန်ကြည့်သည်။ မျက်လုံးနှစ်ဖက်ကိုပါ ပွတ်သပ်ရင်း မျက်ခုံးကြောကို လျှော့လိုက်သေးသည်။ ဖြစ်နိုင်တာ သူမရဲ့ အမြင်အာရုံ တစ်ခုခု ချို့ယွင်းနေတာပဲ။
မဟုတ်ဘူး။ တစ်ကယ်ကို ဝိညာဥ်ကျောက်တုံး တစ်တုံးလို့ ရေးထားတာပဲ။
သူမရဲ့ ခေါင်းက ဟောင် ရှိရာကို ချာခနဲ လှည့်လိုက်ပြီ စိုက်ကြည့်လိုက်သည်။
အပြင် ကမ္ဘာအကြောင်းကို မိုရှီရှီ ကောင်းကောင်း နားမလည်ဘူးဆိုသော်ငြား ဝိညာဥ်ကျောက်တုံး တစ်တုံးရဲ့ တန်ကြေးကိုတော့ သူမ နားလည်ပါသေးသည်။
အထူးသဖြင့် သူမလိုမျိုး တစ်နေ့တစ်နေ့ စားသောက်ဖို့ ရုန်းကန်နေရသူအတွက် ဝိညာဥ်ကျောက်တုံးတစ်တုံးဆိုတာ အဖိုးမဖြတ်နိုင်တဲ့ ငွေကြေးပမာဏပဲ!
အနည်းဆုံး ဝိညာဥ်ကျောက်တုံးတစ်တုံးနဲ့ ရွှေဒင်္ဂါးငါးပြားကို လဲလှယ်လို့ ရသည်။
ဒီလောက်ဆို ပေါင်မုန့် ဘယ်နှစ်လုံးတောင် ဝယ်လို့ရလောက်လဲ?
သူမ မယုံနိုင်စွာ ခေါက်ဆွဲကို ကြည့်နေရင်း ကိုင်ထားတဲ့လက်တွေ တင်းကျပ်သွားသည်။ ဒါက အရမ်းသေးတာပဲ။ အရမ်းသေးသေး လေးကိုလေ။
ဒီသေးသေးလေးကို ဝိညာဥ်ကျောက်တုံး တစ်တုံးပေးရတယ်ပေါ့?!!
“သူဋ္ဌေး…. ခင်ဗျားနေ့ခင်းကြီး ဓားပြ တိုက်နေတာလား?”
‘ ဒီသူဋ္ဌေးက ဖုံးကွယ်ထားတဲ့ နတ်ဆိုး ကျင့်ကြံသူလား?’
ဒီလောက် ဈေးတင်ထားမှတော့ ဒီလူက နတ်ဆိုးစင်စစ် ဖြစ်နေလောက်တယ်!
‘ သူဋ္ဌေးတဲ့?’
‘ သူမက နတ်ဆိုးကျင့်ကြံသူဂိုဏ်းက မဟုတ်ဘူးလား?’
‘ သူမ ဒီလိုပြောတတ်ဖို့ ဘယ်ကနေ သင်ယူထားတာလဲ?’
ဒါပေမဲ့ သူမရဲ့စကားတွေကို ဟောင် စိတ်ထဲ မထားပါချေ။ အသင့်စားခေါက်ဆွဲရဲ့ အစွမ်းကို မသိသေးတဲ့သူတွေအတွက် ဒါက ပုံမှန်တုံ့ပြန်မှုပဲ။
ဟောင် မျက်နှာတွင် စစ်မှန်သော ဆိုင်ရှင် တစ်ယောက်ရဲ့အပြုံးကို ဆင်မြန်းလိုက်သည်။
“ ဒီဆိုင်ထဲက ပစ္စည်းအားလုံးက ပေးရတဲ့ ဈေးနဲ့ထိုက်တန်တယ်”
မသိလျှင် ကောင်းကင်က အစိမ်းရောင်ကြီးလို့ ဟောင် ပြောသွားခဲ့သလိုမျိုးပဲ။ မိုရှီရှီက ဟောင့်ကို သံသယအပြည့်ဖြင့် မျက်လုံးများ မှေးစင်းပြီးကြည့်လိုက်သည်။
“ သူဋ္ဌေး ခင်ဗျားငါ့ကို ယုံဖို့မျှော်လင့်နေတာလား?”
“အင်း” ဘဝမှာ တစ်ခါမှ အမှားမလုပ်ဖူးတဲ့ ယောက်ျားစစ်တစ်ယောက်ရဲ့ ယုံကြည်ချက်တို့ဖြင့် ဟောင် ခေါင်းညိတ်ပြ လိုက်သည်။
မိုရှီရှီရဲ့ သံသယတွေ ပိုနက်ရှိုင်းလာတော့၏။
“ သူဋ္ဌေး”
“ ခင်ဗျားက ဘယ်နတ်ဆိုးကျင့်ကြံသူဂိုဏ်းကလဲ?”
ဟောင် ချောင်းဆိုးတော့မတတ် ဖြစ်သွားသည်။
‘ နတ်ဆိုးကျင့်ကြံသူဆိုတာ မင်းဘာကို ဆိုလိုတာလဲကွ? ငါက သာမာန်သေမျိုး တစ်ယောက်ပဲ!’
သူ့ကို မကောင်းဆိုးဝါးတစ်ကောင်လို စိုက်ကြည့်နေတဲ့ မိုရှီရှီကို ဟောင် ပြန်စိုက် ကြည့်လိုက်သည်။
'ပြီး ဘာကိစ္စ စကားတိုင်းမှာ သူဋ္ဌေး၊ သူဋ္ဌေး ဆိုပြီး ထည့်ပြောနေရတာလဲ?’
ဟောင် မရှင်းပြနိုင်ခင်မှာပဲ မိုရှီရှီ အသက်တစ်ချက် ရှုသွင်းလိုက်သည်။ သူမရဲ့ခေါင်းထဲမှာ တစ်ခုခု ကြံစည်လိုက်ပုံပင်။
“ သူဋ္ဌေး ဒီလိုဆိုရင်ကော?”
“ ငါ့ကိုတစ်ခုချေး။ ငါအနာဂတ်ကျ ပြန်ပေးမယ်”
ဟောင်: “...”
မိုရှီရှီသည် အကူအညီတောင်းနေပုံနှင့် မတူလှစွာ မသိရင် အကြွေးရစရာ ရှိတဲ့သူလို ပြောလိုက်သည်။ လက်ပိုက်ထားပြီး မေးကလဲ မော့ထားသေးသည်။
‘ ဒါလိမ်တာလို့ပြောလို့မရဘူး။ ငါသူ့ကို အနာဂတ်မှာပြန်ပေးမယ် ပြောထားတယ်။ ဘယ်အချိန်လို့မှ မပြောထားတာ။ အဲ့ဒီအချိန်ကျ ငါအသက်ရှင်ပါအုံးမလားတောင် မပြောနိုင်ဘူးလေ’
သူမရဲ့မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်သွားပေမဲ့ ချက်ချင်းပဲ ပြန်ဖုံးလိုက်သည်။ သူမရဲ့ ခပ်ဆိုးဆိုး မျက်နှာပြန်လုပ်လိုက်သည်။
ဟောင် ချက်ချင်းပဲ ငါ အလှူလုပ်နေတာ မဟုတ်ဘူးလို့ပြောပြီး ငြင်းမလို့ပြင်နေတာပင်။ ဒါပေမဲ့ ထိုကလေးမရဲ့ မျက်နှာထားကနေ အနည်းငယ်သော ခံစားချက်ကို ဖမ်းမိသွားသည်။
ပင်ပန်းပြီး.. ဆာလောင်နေတယ်..
သူမရဲ့ ပုံစံကဘယ်လိုပဲ ဖြစ်နေနေ၊ သူမက တစ်ယောက်ထဲ ရုန်းကန်နေရတဲ့ ကလေး တစ်ယောက်ပဲ။
ဟောင် သက်ပြင်းချလိုက်သည်။
‘ စနစ် အလုပ်သမား ငှားရတဲ့ ရည်ရွယ်ချက်က ဘာလဲ?’
‘ ငါသူမကို အင်တာဗျူးဖို့ လိုသေးလား?’
( ပိုင်ရှင် ဒီတိုင်း ကမ်းလှမ်းချက် ပြောလိုက်ရင် ရပြီ။ သူမ သဘောတူတာနဲ့ အလုပ်သမား ဖြစ်လာလိမ့်မယ်)
( ပိုင်ရှင်က ဒီတိုင်းပဲလုပ်မလားမေးလိုက်။ သူမက လိုအပ်ချက်နဲ့ ကိုက်ညီပြီးသားမို့ ဘာအင်တာဗျူးမှ မလိုဘူး။ သူမ လက်ခံတယ်ဆိုရင် စာချုပ်မှာလတ်မှတ် ထိုးရုံပဲ)
‘ ဒါပဲလား? ဘာစမ်းသပ်ချက်မှ မရှိဘူး? ဘာလျှို့ဝှက်အခြေအနေမှ မရှိဘူးလား?’
( မလိုဘူးပိုင်ရှင်။ တစ်ရက်ကို ၆ နာရီ လုပ်ရမှာဖြစ်ပြီး လစာအနေနဲ့ တစ်ရက်ကို ဝိညာဥ်ကျောက်တုံးနှစ်တုံးရမယ်။ အလုပ်လုပ်ပုံနဲ့ ဆိုင်ရဲ့ အဆင့်မြှင့်တင်မှုပေါ် မူတည်ပြီး နောက်ကျရင် လစာတိုးပေးဖို့ စဥ်းစားပေးနိုင်တယ်)
( ထပ်ပေါင်းအနေနဲ့ အလုပ်သမားဖြစ်လာရင် တစ်ရက်မှာ ဆိုင်ထဲက ပစ္စည်းသုံးခုကို အလကား စားလို့ရမယ်)
‘ တော်တော်လေး လုံလောက်နေပါပြီ’
‘ နေစရာကကော? သူမ အလုပ်သမားဖြစ်လာရင် ဆိုင်ထဲမှာ နေလို့ ရမှာလား?’
( ရတယ်ပိုင်ရှင်။ ဒါပေမဲ့ ဒီနေ့သူမ သဘောတူလို့ အလုပ်သမားဖြစ်လာရင်တောင် စတိုးဆိုင်ရဲ့ နေရာချဲ့ထွင်မှုနဲ့ ဆုလာဘ်တွေက မနက်ဖြန်မှ ရမှာနော်)
‘ အဲ့ဒါကရတယ်’
သူ့ရဲ့စကားကို စောင့်နေဆဲ ဖြစ်သော မိုရှီရှီကို ဟောင် ကြည့်လိုက်သည်။
ဆိုင်ကလဲ မနက်ဖြန်မှ ချဲ့ထွင်လို့ရအုံးမှာ ဆိုတော့ သူမအတွက် အိပ်စရာမရသေးဘူး။ သူခဏ တွေးပြီးနောက်မှာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။