← Chapters

( ရှေးစာချုပ် ချုပ်ဆိုခြင်း!)

Vol. 2 Ch. 22

( ရှေးစာချုပ် ချုပ်ဆိုခြင်း!)

Vol. 2 Ch. 22

ဟောင် သူ့ရဲ့အိပ်ခန်းကို မိုရှီရှီကို သုံးခိုင်းလိုက်ပြီး သူက ဆိုဖာမှာ အိပ်လိုက်မည်ပင်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ညပဲလေ။

ဒါက ကိစ္စကြီးမဟုတ်ပေ။

ဟောင် ပြုံးလိုက်ကာ

“ မင်း ငါ့ကို သူဋ္ဌေးလို့ ခေါ်နေပြီးပြီပဲ။ ဘာလို့ တရားဝင်ဖြစ်အောင် မလုပ်ရမှာလဲ?”

“ တရားဝင်? ငါ့ကိုလား? အလုပ်ခန့်မလို့လား?”

မိုရှီရှီ လုံးဝအံ့သြသွားသည်။ ဒီလူ ဘာပြောနေတာလဲ? ‘တရားဝင်’ ဆိုတဲ့ အဓိပ္ပါယ်ကို သူမ သိပ်သဘောမပေါက်ပေမဲ့ ဒီလူက သူမကို အလုပ်ခန့်ဖို့ ပြောနေတာကိုတော့ သိသည်။

“ ဟုတ်တယ်၊ ခြောက်နာရီလုပ်ရမယ်။ တစ်ရက်ကို ဝိညာဥ်ကျောက်တုံးနှစ်တုံးနဲ့ အစာသုံးနပ် အလကား”

ငြင်းဆိုဖို့ ဟလိုက်သော မိုရှီရှီရဲ့ ပါးစပ်က ချက်ချင်းပဲ ပြန်ပိတ်သွားသည်။

“ …နေအုံး။ ဝိညာဥ်ကျောက်တုံးကို နှစ်..နှစ်တုံးပေးမှာ?”

“ ပြီး တစ်ရက်ကိုလေ?”

ဟောင် ခေါင်းညိတ်လိုက်ပြီး

“ အင်း”

မိုရှီရှီရဲ့ နှုတ်ခမ်းတွေ အနည်းငယ် တင်းသွားသည်။ တစ်ရက်ကို ဝိညာဥ်ကျောက်တုံး နှစ်တုံးဆိုရင်…! ဒါက ရွှေဒင်္ဂါးဆယ်ပြားပဲ!

ဒီလောက်နဲ့ဆို သူမ ဘုရင်မလို နေလို့ ရသွားပြီ! တစ်နေ့တစ်နေ့ စားဖို့ မပူရတော့ဘူး.. အိပ်ဖို့လဲ စိတ်ပူဖို့မလိုတော့ဘူး။

နေအုံး… မဟုတ်သေးဘူး။ မဟုတ်သေးဘူး။

ဒါကြီးက အရမ်းကောင်းလွန်းနေတယ်!

သူမ အကြမ်းပတမ်း ခေါင်းခါရင်း စားပွဲကို ရိုက်ချလိုက်သည်။

“ဟမ့်! ငါက ဝယ်လို့လွယ်တဲ့သူ မဟုတ်ဘူး။ သူဋ္ဌေး!”

ဟောင် ကောင်တာကို မှီလိုက်သည်။

ထို့နောက်မှာ မိုရှီရှီ တစ်ခုခုကို တွေးမိသွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွားပြန်သည်။ သူမလက်ပိုက်လိုက်ပြီး ဟောင် ဆီကနေ သတိကြီးစွာ ခြေတစ်လှမ်းဆုတ်လိုက်သည်။

သူမ သတိကြီးကြီး ကြည့်လာရင်း

“ နေအုံး… ခင်ဗျားက ငါ့ရဲ့ခန္ဓာကိုယ်ကို လိုချင်နေတာ မဟုတ်ဘူးမလား…?!”

“ဝှက်သယ်ဖက်!”

ဟောင် ရေရွတ်လိုက်သည်။

မိုရှီရှီ ပိုပြီး သံသယ များလာကာ တစ်ယောက်ထဲ ခေါင်းညိတ်လိုက်သည်။

“ ဟမ့်! ငါဒီလိုဇာတ်လမ်းတွေ ကြားဖူးပြီးသား။ ယောက်ျားတွေက ရိုးအတဲ့ မိန်းမငယ်လေးတွေကို ပိုက်ဆံနဲ့ ဖြားယောင်းကြတာက… အဲ့ဒါအတွက်..”

“ရပ်ရပ်! အဲ့နားတင်ရပ်”

ဟောင် လက်တစ်ဖက်မြှောက်ကာ အလောတကြီး တားလိုက်သည်။ သူ့ရဲ့ မျက်နှာက အလွန်မောပန်းပုံပေါက်နေ၏။

‘ ဘာဇာတ်လမ်းလဲ? မင်းကြီးလာတာ နတ်ဆိုးကျင့်ကြံသူဂိုဏ်းမှာလေ!’

ဟောင် ကိုယ့်နှာခေါင်းကိုယ် ထိလိုက်ပြီး

“ ငါမင်းကို တစ်ကယ် အလုပ်ပေးဖို့ မေးတာ။ မင်း တွေးနေသလို အဓိပ္ပါယ်မရှိတဲ့ ဟာတွေ ဘာမှမဟုတ်ဘူး!”

“ မင်း သဘောတူရင် စာချုပ်ရေးမယ်။ သာမာန်အလုပ်တစ်ခုပဲ။ အပေးအယူ တစ်ခု မဟုတ်ဘူး”

“ သူဋ္ဌေး.. ဒါက ဝိညာဥ်ကျွန်စာချုပ်တော့ မဟုတ်ဘူးမလား?”

' စနစ်ရေ ဘာကြီးတုန်း ဝိညာဥ်ကျွန်စာချုပ်က? ငါတစ်ခါမှ မကြားဖူးဘူး’

( ပိုင်ရှင် ဝိညာဥ်ကျွန်စာချုပ်ဆိုတာ လူတစ်ယောက်ရဲ့ဝိညာဥ်ကို စာချုပ်ပိုင်ရှင်ဆီမှာ အတင်းအကျပ် ပေါင်းစည်းပစ်တဲ့ စာချုပ်တစ်ခုပါ။ စာချုပ် ချုပ်ခံလိုက်ရတဲ့ ဝိညာဥ်က လုပ်ပိုင်ခွင့် အကုန် ပျောက်သွားပြီး တစ်ဖက်လူရဲ့ အမိန့်ကို လုံးဝ နာခံသွားမှာ)

( သူတို့ ငြင်းဆိုရင် ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရမယ်။ အမိန့်မနာခံခြင်းက သေပါ သေစေနိုင်တယ်။ နတ်ဆိုးကျင့်ကြံသူတွေ အသုံးများကြတယ်)

‘ ဝှက်သယ်ဟဲ! ဒါကြီးက တရားမဝင်လို​က်တာ!”

( တရားမဝင်ပါဘူး။ လုပ်ချင်ရာလုပ်တတ်တဲ့ ဂိုဏ်းကြီးတွေနဲ့ တားမြစ်ခံထားရတဲ့ နတ်ဆိုးကျင့်ကြံသူဂိုဏ်းတွေပဲ ဒါကို သုံးရဲတာ)

( ဒါပေမဲ့ အပြိုင်ကမ္ဘာကုန်စုံဆိုင်က ဒီလို ကြမ်းတမ်းတဲ့နည်းလမ်းတွေကို မသုံးဘူး။ အဲ့ဒီအစား လက်ခံနိုင်စွမ်းရှိတဲ့ ရှေးစာချုပ်ကိုပဲ အသုံးပြုတယ်)

( ဒီစာချုပ်ကို အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ယောက်လုံး ညီမျှမှုနဲ့ သဘောတူနိုင်စွမ်း ရှိအောင် စကြာဝဋ္ဌာရဲ့ အ​ခြေခံသဘောတရားကို အခြေပြုပြီး ရေးဆွဲထားတယ်။ ဘယ်ဘက်ကမှ မညီမျှမှုကို မခံစားရဘဲ မျှတတယ်ဆိုတာ သေချာတယ်)

( အလုပ်ရှင်က အလုပ်သမားကို ထိခိုက်နာကျင်အောင် လုပ်လို့မရဘူး။ အလုပ်သမားကလဲ သဘောတူထားတဲ့အတိုင်း ကိုယ့်တာဝန်ကို ပြီးအောင် လုပ်ဆောင်ရမယ်။ စာချုပ်ကို ဖောက်ဖျက်ရင် သင့်တော်တဲ့ အပြစ်ပေးမှုခံရမှာဖြစ်ပြီး အဲ့ဒါက ဝိညာဥ်ကို ထိခိုက်စေမှာတော့ မဟုတ်ဘူး)

“ ဝိညာဥ်ကျွန်စာချုပ် မဟုတ်ဘူး။ ငါတို့ သုံးမှာက အကုန်လက်ခံနိုင်စွမ်းရှိတဲ့ ရှေးစာချုပ်ကို အသုံးပြုမှာ”

မိုရှီရှီ လုံးဝ နားမလည်တာမို့ ခေါင်းသာ စောင်းလိုက်သည်။ ဒါပေမဲ့ နာမည်ကို နားထောင်ရသလောက် ခပ်မိုက်မိုက် စာချုပ်မျိုး ဖြစ်လောက်သည်။

‘ စနစ် ငါဘယ်ကနေ စာချုပ် ယူရမှာလဲ?’

ဟောင် မေးလိုက်ချိန်မှာပဲ ပတ်ဝန်းကျင်ရှိ လေထုက ကျုံ့သွားသည်။ လေတိုက်သံ တစ်ချက်အပြီးမှာ အနက်ရောင် တွင်းနက်ကြီးက ဘယ်ကနေမှန်းမသိ ဟောင်ရဲ့ ဘေးတွင် ပေါ်ပေါက်လာသည်။

မိုရှီရှီ ချက်ချင်းပဲ ခုခံဖို့ အသင့်ပြင်လိုက်သည်။ ဖိအားကို သူမရဲ့ အရိုးထဲထိ စိမ့်နေအောင် ခံစားလိုက်ရပြီး အချိန်မရွေး ပြင်ဆင်ထားလိုက်သည်။ ဒါပေမဲ့ သူမထင်ထားသလို အန္တရာယ် ရှိတာမဟုတ်ဘဲ ထွက်လာသောအရာက…

အနက်ရောင်စွမ်းအင်သည် တစ်ဖြည်းဖြည်း စုဝေးသွားပြီး ဟောင်ရဲ့ အရှေ့မှာ စာလိပ် တစ်ခု ပေါ်ပေါက်လာသည်။ ရှေးစာရွက် အဖြူရောင်တစ်ခု ဖြစ်ပြီး ရွှေဝါရောင် အလင်းများ ဖြာကျနေသည်။ အနီရောင် ဖဲကြိုးဖြင့် စည်းနှောင်ထားသည်။

ဟောင် လက်လှမ်းပြီး စာလိပ်ကို ယူလိုက်သည်။ သူ့ရဲ့လက်နဲ့ စာလိပ်နဲ့ ထိတာနဲ့ အနက်ရောင်တွင်းနက်ကြီးသည် ပျောက်ကွယ်သွားသည်။ မသိလျှင် တစ်ယောက်ယောက်က ဆန်းကြယ်သော ခလုတ်ကို နှိပ်လိုက်သလိုမျိုး လုံးဝ ပျောက်ကွယ်သွား၏။

စာရွက်ပေါ်က ရွှေရောင်အလင်းတွေလဲ ပျောက်ကွယ်သွားကာ သာမာန် အဖြူရောင် စာရွက်လိပ်တစ်ခုအဖြစ်သာ ကျန်ခဲ့သည်။

‘ ဟ! စာချုပ်လေးပေးတာများ ဒရာမာ ဆန်နေလိုက်တာ!’

ဟောင် ပုခုံးတစ်ချက်တွန့်ကာ အနီရောင် ဖဲကြိုးကို ဆွဲပြီး စာရွက်ဖြည်လိုက်သည်။ စာရွက်ကို ခေါင်းတစ်ညိတ်ညိတ်ဖြင့် သူ ဖတ်လိုက်သည်။ စာရွက်ထဲက အချက်တွေက… ကောင်းမွန်ပြီး မျှတတာပဲ။

စာကြောင်းသုံးကြောင်းလောက် ဖတ်ပြီးနောက်မှာ သူ့ရဲ့မျက်လုံးတွေက ကျော်ဖတ်တော့၏။ ဆယ်ကြောင်းလောက် ဖတ်ပြီးနောက်မှာ ဟောင်ရဲ့ ဦးနှောက်က အလုပ်မလုပ်ချင်တော့ဘူး။

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာ သူစာရွက်ကို ပြန်လိပ်လိုက်သည်။

“ မဆိုးပါဘူး”

ဟောင် မိုရှီရှီကို လက်ဟန်ပြလိုက်ပြီး

“ ဟုတ်ပြီ မင်းအလှည့်ပဲ။ မင်းလာကြည့်လိုက်”

မိုရှီရှီ တွန့်ဆုတ်သွားသည်။.သူမရဲ့ အကြည့်သည် ဟောင်နဲ့ စာရွက်လိပ်အပေါ်မှာ ကျရောက်နေကာ လက်သေးသေးလေးများက အနည်းငယ် တင်းကျပ် နေခဲ့သည်။ ဒါပေမဲ့ သူမ အမှတ်ရလိုက်သည်.. တစ်ရက်ကို ဝိညာဥ်ကျောက်တုံးနှစ်တုံး။

နှစ်ရက်ဆို ဝိညာဥ်ကျောက်တုံး လေးတုံးရမယ်။ လေးရက်ဆို ရှစ်တုံးပဲ။ တစ်လဆို အတုံးခြောက်ဆယ်တောင် ရမှာမလား?!

သူမရဲ့ သတိက အနည်းငယ် လျော့သွားသည်။ ဒီလိုဆို သူမ ချမ်းသာတော့မှာမလား?

သူမ အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး အရှေ့တိုးသွားလိုက်သည်။

အနားကို ရောက်လာ​ပြီဖြစ်၍ ဟောင် ပုံမှန်လိုပဲ ကမ်းပေးလိုက်သည်။

“ ရော့။ အကုန်ဖတ်ဖတ် မဖတ်ဖတ် လုပ်ချင်ရာသာ လုပ်”

မိုရှီရှီ စာရွက်လိပ်ကို ဖြည်လိုက်သည်။ သူမရဲ့ စူးရှတဲ့ မျက်လုံးများသည် တစ်ကြောင်းချင်း ဖတ်နေခဲ့သည်။

မိနစ်တွေ ကုန်ဆုံးသွားပေမဲ့ သူမ ဖတ်နေတုန်းပင်။

နောက်ထပ်မိနစ်တွေ ကုန်ဆုံးသွားခဲ့သည်။ ဟောင် သန်းဝေလိုက်သည်။

အဆုံးမှာ သူမ မျက်တောင်ခတ်လိုက်သည်။ ဒီစာချုပ်က မှားနေတာ တစ်ခုမှမရှိဘူး။ အတိအကျပြောရလျှင် ဒီစာချုပ်က သူမတွေးထားတာထက်ပင် ပိုကောင်းနေသေးသည်။

စာချုပ်ထဲမှာ သူမလိုချင်ရင် ကိုယ်ပိုင် အခန်းပါ ရလိမ့်မယ်လို့ ပြောထားသေးသည် မလား? ဒါက အတင်းအကျပ်စာချုပ် မဟုတ်ဘူးပဲ။

ဒါဆို သူမရဲ့ ပြဿနာကို ဖြေရှင်းနိုင်သွားပြီ မလား?

မိုရှီရှီရဲ့ မျက်လုံးထဲ စွဲနေတဲ့ နောက်ထပ် စာကြောင်းတစ်ခုရှိသည်။ သူမကြိုက်တဲ့ အချိန်အလုပ်ထွက်လို့ရတာပင်။

ဒါပေမဲ့ ပြစ်ဒဏ်အနေနဲ့ ဒီစတိုးဆိုင်မှာ လုံးဝ အလုပ်ပြန်လုပ်ခွင့် မရှိတော့ဘူး။

သူမ မျက်နှာကို မဲ့လိုက်သည်။ အဲ့ဒါကို ဘယ်သူက ဂရုစိုက်မှာမလို့လဲ?

အလုပ်ထွက်မယ်ဆိုမှတော့ ဘယ်သူက ပြန်လာဖို့ တွေးအုံးမှာလဲ? အခု အနေအထားက မသိလျှင် ‘ငါဒီနေရာကို အရမ်းမုန်းတယ်!’ ဆိုပြီး ဒီနေ့ပြောသွားပြီး မနက်ဖြန်ကျမှ အလုပ်ပြန်ပေးဖို့ လာတောင်းဆိုမှာလိုလို ဘာလိုလိုနဲ့။

အလုပ်ထွက်ပြီးရင် ဘယ်သူမှ အဲ့အလုပ်ကို ပြန်မတောင်းဆိုဘူး။

စာချုပ်တွင် ဆိုင်ရဲ့ အချက်အလက်နဲ့ ပတ်သတ်ပြီး သူများတွေကို လုံးဝ မပြောပြရဘူးဆိုသော အချက်လဲ ပါသေးသည်။ ဒါပေမဲ့ ဒါကလဲ ပုံမှန်အချက်ပဲ။ အလုပ်တိုင်းမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုတာ ရှိတာပဲ။

တစ်ခြား စာကြောင်းတွေလဲ အများကြီး ရှိသေးပေမဲ့ မိုရှီရှီ အရမ်း ဂရုမစိုက်ပါချေ။

သူမရဲ့အာရုံကို အဆွဲဆောင်နိုင်ဆုံးက အလုပ်ချိန်ပင်- တစ်ရက်ကို ခြောက်နာရီသာ လုပ်ဖို့လိုသည်။ ဒါ့အပြင် အလုပ်ချိန်ထဲကနေ နာရီဝက်နားချိန် ရအုံးမည်ဖြစ်သည်။

ဆိုင်ပိတ်တာနဲ့ သူမရဲ့ ပိုက်ဆံကို ယူလို့ရအုံးမှာဖြစ်ပြီး အချိန်မကြန့်ကြာစေရဘူးလို့ ပြောသွား သေးသည်။

မိုရှီရှီ ဟောင်ကို သေချာ အကဲခတ်လိုက်သည်။ သူ့ကြည့်ရတာ.. သာမာန်ပါပဲ။ လူတစ်ထောင်ကြားမှာသာ ရပ်နေရင် လုံးဝကို ထင်ပေါ်မှာမဟုတ်ဘူး။

သာမာန်ထပ် မဆိုစလောက်လေး ပိုချောသွားတဲ့ ရုပ်ကလွဲလျှင် သူ့မှာ ထူးခြားတာ ဘာမှလဲ မရှိရှာပေ။

ထိုသူရဲ့ ကျင့်ကြံမှုကိုလဲ အာရုံခံလို့ မရသေးဘူး။ ဆိုလိုတာက သူက လုံးဝ သေမျိုးဖြစ်ရင်ဖြစ်၊ မဟုတ်ရင် သူမထက် အများကြီးသန်မာတာပဲ။

“ သူဋ္ဌေး ငါဘယ်လို လတ်မှတ်ထိုးရမှာလဲ?”

All Chapters