← Chapters

( စတိုင်းဆိုင်ရဲ့ ပထမဆုံး အလုပ်သမား!)

Vol. 2 Ch. 23

( စတိုင်းဆိုင်ရဲ့ ပထမဆုံး အလုပ်သမား!)

Vol. 2 Ch. 23

ဟောင် ချက်ချင်း မဖြေသေးဘဲ အရင်ဆုံး နာမည်မေးလိုက်သည်။

“ မင်း နာမည် ဘယ်လိုခေါ်လဲ?”

“ မိုရှီရှီ”

သူမ ထပ်ပြီး ဘာမှမပြောချေ။ မသိလျှင် စာချုပ်ချုပ်ဖို့ နာမည်မှလွဲ၍ တစ်ခြား ကိုယ်ရေးအချက်အလက် မလိုအပ်သည့် အတိုင်းပဲ။

ဟောင်လဲ သူမရဲ့ နာမည်ကို စနစ်ကြောင့် သိပြီးသားဆိုသော်ငြား သူမကို မေးဖို့လိုသေးသည်လို့ ခံစားရသည်။

‘ စနစ် လတ်မှတ်ထိုးတာက ဘယ်လို လုပ်ရတာလဲ?’

( သူမရဲ့ သွေးတစ်စက်ကို စာရွက်ပေါ် ချရမှာပါ။ သူမရဲ့သွေးကို စာရွက်ကစုပ်ယူပြီး ပေါင်းစည်းတဲ့ဖြစ်စဥ်ကို ဆောင်ရွက်လိမ့်မယ်)

“ မင်းရဲ့ သွေးတစ်စက် ချလိုက်ရုံပဲ။ ဒါဆို စာချုပ်ကပြီးပြီ”

မိုရှီရှီ အသိစိတ်မကပ်စွာ ခေါင်းညိတ်လိုက်ပြီးမှ ဟောင်၏ ဆိုလိုရင်းကို ပြန်စဥ်းစားမိပြီး စာချုပ်ကိုကြည့်လိုက်သည်။

စာရွက်ရဲ့ ဘယ်ဘက်ထောင့်စွန်းတွင် သူမရဲ့ နာမည်ကို ချရေးပြီးသားဖြစ်နေခဲ့၏!

ထိုနေရာသည် လွန်ခဲ့တဲ့တစ်စက္ကန့်ကမှ ဗလာဖြစ်နေသေးတာကို သူမ မှတ်မိပါသေးသည်။ ဒါပေမဲ့ သူမရဲ့ နာမည်ကို ကျယ်လောင်စွာ ပြောပြီးတာနှင့် နာမည်က တန်းပေါ်လာတယ်လား?

ဘယ်လိုကြောင့်လဲ? သူဋ္ဌေးက စာရွက်ကို ထိတောင်မထိရသေးဘူးလေ။

သူမ ဟောင်ကို မျက်လုံးများမှေးစင်းကာ ကြည့်လိုက်သည်။ သူဋ္ဌေးက စာရွက်ကို မထိခဲ့သလို စာရွက်နားတောင် မကပ်ရသေးဘူး။ ဒီဆိုင်ရှင်က ဘယ်လိုတောင် ဆန်းကြယ်တဲ့ သူလဲ?

ဒါပေမဲ့ ဒီစာချုပ်က လက်လျော့ဖို့ရန် ကောင်းလွန်းနေသည်။ မိုရှီရှီ သူမရဲ့ လက်ချောင်းကို ကိုက်ကာ လက်ချောင်းထိပ်မှ သွေးစက်ချပေးလိုက်သည်။

စာရွက်သည် အနည်းငယ် လင်းသွားပြီး သူမလက်ရှေ့ကနေ ပျံသွားကာ ဟောင် ရဲ့ အရှေ့မှာရပ်သွားလေ၏။

‘ စနစ် ငါဘာလုပ်ရမှာလဲ?’

‘ငါကော သွေးစက်ချဖို့လိုတာလား?’

မဖြစ်နိုင်ဘူးလေ… ဟုတ်တယ်မလား? ရုပ်ပိုင်းဆိုင်ရာအရတော့ သူ လုပ်နိုင်တာပေါ့။ သူ့မှာသွားပါတယ်လေ။ ကိုက်လို့ရတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာကကော? ဒါကလုံးဝ တိုက်ပွဲကြီးပဲလေ။

ဓားလေးသုံးလို့ ရမလား?

( ဘာမှမလိုဘူးပိုင်ရှင်။ မင်းရဲ့လက်ကို ဒီတိုင်း စာရွက်ပေါ်တင်လိုက်။ အဲ့ဒါနဲ့တင် သူမကို အလုပ်ခန့်ဖို့မင်းရဲ့ သဘောတူညီချက်လို့ ယူဆလိမ့်မယ်)

‘ အိုး! ဒါသေချာပေါက် အကောင်းဆုံးပဲ!’

လေပေါ်ဝဲနေသော စာရွက်ကို ဟောင် လက်နဲ့ ဖိချလိုက်သည်။ စာရွက်မှ အလင်းဖြာထွက်လာပြီး သူ့ရဲ့လက်ကိုပါ ဖုံးလွှမ်းသွားကာ အဆုံးမှာ..

ဝူးရှ်!

အလင်းနှင့် အတူ စာရွက်လိပ်လဲ ပျောက်ကွယ် သွားခဲ့၏။

( ဂုဏ်ယူပါတယ် ပိုင်ရှင်! ပထမဆုံးသော အလုပ်သမားကို ခန့်အပ်လိုက်နိုင်ပါပြီ။ မိုရှီရှီရဲ့ ဝတ်စုံနဲ့ နာမည်ကဒ်ကို သိုလှောင်ရုံထဲ ပို့ထားပါ့မယ်။ ဆိုင်ကို ပိုကြီးထွားအောင် အလုပ်ကြိုးစားကြပါ)

ဟောင် ပြုံးကာ မိုရှီရှီ ဘက် လှည့်လိုက်ပြီး

“ ကောင်းပြီ အခုကြည့်ရတာ မင်းကို တရားဝင် ခန့်အပ်ပြီးပုံပဲ”

“ ကြိုဆိုပါတယ် ရှီရှီလေး”

မိုရှီရှီ မျက်တောင်ခတ်လိုက်သည်။ ထိုနာမည်က သူမ အလုပ်ရလိုက်တယ် ဆိုတဲ့ အချက်ထပ် ပိုစိတ်တိုဖို့ကောင်းတာပဲ။ မိုရှီရှီ မတုံ့ပြန်နိုင်ခင်မှာပဲ ဟောင် ဆက်ပြောလို​က်သည်။

“ မင်းငါ့ကို သူဋ္ဌေးလို့ ခေါ်စရာ မလိုဘူး။ ဒီတိုင်း အကိုကြီးလို့ပဲခေါ်”

“... ငါ သူဋ္ဌေးလို့ပဲ ခေါ်မယ်”

ဟောင် ရယ်လိုက်သည်။

“ ဒါလဲရပါတယ်။ မင်း လုပ်ချင်ရင် အခု စလုပ်လို့ရပြီ”

စာချုပ်စာရွက်က နတ်ပစ္စည်းတစ်ခုလို လေထဲမှာ ပျောက်ကွယ်သွားတာနဲ့ ပတ်သတ်ပြီး မိုရှီရှီ မအံ့သြမိချေ။

သူမ အနည်းငယ် အံ့သြမိတာက ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကိုပဲ။

ဒီမနက်ကမှ သူမသည် အလုပ်မရှိ၊ အကိုင်မရှိတဲ့ အိမ်ခြေရာမဲ့တစ်ဦးဖြစ်ပြီး အစာတစ်နပ်ကို ဘယ်ကရှာရမလဲ စိတ်ပူနေခဲ့သေးသည်။ အခု သူမ အလုပ်ရသွားပြီ။ ဒါ့အပြင် အစားအသောက်လဲ မပူရဘူး။ နေ့စဥ်လဲ အခကြေးငွေရအုံးမည်။ ပိုကောင်းတာက နေချင်ရင် နေထိုင်စရာပါ ရအုံးမည်?

..ဒါက ဆန်းကြယ်မှုကြီးပဲမလား?

မိုရှီရှီ အသက်ရှုသွင်းလိုက်ရင်း အကုန်လုံးကို အသားကျဖို့ကြိုးစားလိုက်သည်။ သူမ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး

“ ငါဒီနေ့ အလုပ်စချင်တယ်။ အာ.. ငါဘာကို လုပ်ရမှာလဲ?”

ဟောင် ပြုံးလိုက်ပြီး

“ ငါ့နောက်လိုက်ခဲ့။ မင်းအရင်ဆုံး ဝတ်စုံ လဲရမယ်”

‘ဝတ်စုံ?’

ဟောင် မိုရှီရှီကို ဂိုထောင်ထဲ ခေါ်သွားလိုက်သည်။ ဂိုထောင်ထဲ ခြေချလိုက်တာနဲ့ မိုရှီရှီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားလေ၏။ ဒီနေရာက အရမ်းကြီးတာပဲ… ဆိုင်တစ်ခုလုံးထက် ပိုကြီးသည်။

ကြမ်းပြင်မှာ သပ်ရပ်စွာ ချထားသော သေတ္တာငယ်တစ်ခုကို ဟောင် သတိထားမိသွားသည်။ သေတ္တာကို ဖွင့်ကြည့်လိုက်ချိန်မှာ ဝတ်စုံတူများစွာကို မြင်လိုက်ရလေသည်။

ပိုလိုရှပ်အနက်ရောင်ကို ခါးမြင့် ဘောင်းဘီနဲ့ ဖြစ်ပြီး အဖြူရောင် အေပရွန်တစ်ခုနဲ့ အဖြူရောင် လက်အိတ်တစ်ခုပါသည်။ ပေါလစ်တိုက်ထားတဲ့ အနက်ရောင် သားရေဖိနပ်တစ်စုံလဲ ပါသေးသည်။

သပ်ရပ်စွာ စီထားသော ယူနီဖောင်းရဲ့ အပေါ်တွင် သတ္တုရောင်ကတ်ပြား တစ်ခုရှိသည်။ မှင်နက်ဖြင့် ကျော့ရှင်းစွာ နာမည်ထွင်းထားသော မိုရှီရှီရဲ့ နာမည်ကဒ်ပြား ဖြစ်လေ၏။

ဟောင် စိတ်ထဲမှ လေချွန်လို​က်ကာ

‘ သေစမ်း စတိုးဆိုင်က အကုန်ထုတ် ပေးလာတာပဲဟ’

ယူနီဖောင်းကို စိုက်ကြည့်နေရင်း မိုရှီရှီရဲ့ မျက်နှာက ပြောင်းလဲသွားသည်။

ဒါက သူမ အတွက်ပေါ့။ လုံးဝ သူမအပိုင်ပေါ့။

မိုရှီရှီ တစ်ယောက် စိတ်လှုပ်ရှားမှုကို မဖုံးကွယ် နိုင်တော့ချေ။ အပေါ်မှာ သူမနာမည်လေး ပါသော ကတ်ပြားလေးပါ ရှိသေးသည်။ သူမရဲ့ နှလုံးသားထဲ တစ်ဖျတ်ဖျတ် ဖြစ်သွားတော့၏။

“ ရှီရှီလေး မင်း ဝတ်စုံအရင်ဝတ်ထားလိုက်ပါ။ ငါဆိုင်ရှေ့ကို သွားနှင့်မယ်။ ပြီးမှလိုက်ခဲ့လိုက်”

မိုရှီရှီ ခေါင်းညိတ်မပြခင် ခဏလောက် တုံ့ဆိုင်းသွားသေးသည်။

“ ငါ့ကိုပြောစရာမလိုပါဘူး သိတယ်”

သူမ ပိုလိုအင်္ကျီကို ကောက်ကိုင်လိုက်ပြီး တစ်ဖက်ကို အကြည့်လွှဲလိုက်သည်။ ခပ်တိုးတိုးပြောသည်ထက် အနည်းငယ်သာ ကျယ်သော အသံတစ်ခု ထွက်လာခဲ့သည်။

“ ကျေးဇူးပဲ”

ဟောင် ပြုံးလိုက်သည်။ မိုရှီရှီက ကြမ်းတမ်းပုံ ဟန်ဆောင်နေပေမဲ့ ဒါသူမအတွက် ဘယ်လောက် အရေးပါလဲ သူသိပါသည်။ သူမရဲ့ ဘဝက ဘယ်လောက် ခက်ခဲခဲ့တာ များလဲ..? တစ်ယောက်ထဲ ရှင်သန်ခဲ့ရသည်။ အခုကစပြီး သူမအတွက် သက်ဆိုင်တဲ့ နေရာတစ်ခု ရှာတွေ့သွားတာပေါ့။

ဟောင် ထွက်သွားလိုက်သည်။

မိုရှီရှီ တစ်ယောက်ထဲ ကျန်ခဲ့တဲ့ အချိန်ကျမှ ယူနီဖောင်းကို သေချာကြည့်လိုက်သည်။ အင်္ကျီသားကို လက်နှစ်ဖက်နှင့် ပွတ်ကြည့်လိုက်ချိန်မှာ သူမရဲ့ မျက်ခုံးတစ်ဖက် အပေါ်တက်သွားရ၏။

ဒီပစ္စည်းက အရည်အသွေးကောင်းပဲ။ ချောမွေ့ပြီး ထိတွေ့လို့ကောင်းသည်။ သူမက ကျွမ်းကျင်သူမဟုတ်ပေမဲ့ ဒီအင်္ကျီက သူမ ဝတ်ဖူးတဲ့ အရင်က အင်္ကျီတွေထက် ပိုသာတာတော့ သေချာပေါက် ပြောနိုင်သည်။

သူမ အမြန်ပဲ တစ်ခုချင်း လဲဝတ်ဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့ တစ်ခုခုက ထူးဆန်းနေခဲ့သည်။

အကုန်လုံးက ကွက်တိပဲ။

လုံးဝကို သူမအတိုင်းပင်။

ပိုလိုအင်္ကျီက ကွက်တိကျနေသလို ဘောင်းဘီကလဲ မကျပ်လွန်း မချောင်လွန်းဘူး။ ဖိနပ်နှစ်ဖက်ပင် သူမအတွက် သီးသန့်မှာပြီး လုပ်ခိုင်းထားသလို ခံစားရသည်။

အတွေးတစ်ခု ဝင်လာပြီးနောက်မှာ သူမရဲ့ လှုပ်ရှားမှုတို့ နှေးကွေးသွားသည်။

သူမရဲ့ ဆိုဒ်အတိအကျကို ဟောင် ဘယ်လို သိတာလဲ?

သူမ ရပ်သွားသည်။

အဲ့ဒီလူက နှာဗူးလား?

..မဟုတ်ဘူး မဟုတ်ဘူး။ သူမတစ်လျှောက်လုံး သေချာကြည့်ထားတာပင်။ သူ့မျက်လုံးမှာ အဲ့ဒီရည်ရွယ်ချက်မျိုး မမြင်ရဘူး။ ဒါပေမဲ့လဲ ထူးဆန်းတယ်။ တစ်ကယ် ထူးဆန်းတယ်။

မိုရှီရှီ ဒီတိုင်းသာ ထားလိုက်တော့သည်။ ထားတော့။ အများကြီးတွေးတာက အကူအညီ မဖြစ်ဘူး။

သူမရဲ့ နာမည်ပြားကိုပဲ ယူလိုက်တော့သည်။

ကတ်ပြားရှိ ‘မိုရှီရှီ’ ဆိုသော သူမနာမည် အောက်ခြေတွင် စာလုံး အသေးလေးဖြင့် ‘ဆိုင်ဝန်ထမ်း'ဆိုပြီး ရေးထားခဲ့သည်။

‘ ငါဒါကို ဘယ်လို လုပ်ရမှာလဲ?’

သူမ ဟောင်ရဲ့ နာမည်ကဒ်ကို ​မြင်ခဲ့ရသလောက် ဘယ်ဘက်ရင်ဘတ်တွင် ချိတ်ဆွဲထားသည်။ ပုံတူကူးပြီး သူမလဲ လိုက်ကပ်လိုက်သည်။ သူမနဲ့ နီးကပ်သွားချိန်မှာ ကဒ်ပြားက အလိုအလျောက်ပင် ရင်ဘတ်မှာ ကပ်သွားလေ၏။

‘ဟမ်?’

သိချင်စိတ်ကြောင့် မိုရှီရှီ ခြေလှမ်းအနည်းငယ် သွားကြည့်သေးသည်။ ခုန်ကြည့်သေးသည်။ နာမည်ပြားက ထိုအတိုင်းပင်။ ဝတ်စုံနှင့် ပေါင်းဖတ်သွားသကဲ့သို့ ပြီးပြည့်စုံစွာ နေရာယူထားလေ၏။

ဝတ်စုံတွေကလဲ ပေါ့ပါးပြီး အသက်ရှုချောင်သလို ခံစားရသည်။ သူမရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်ထားတာမျိုး မရှိဘူး။ ဒါတွေ ဝတ်ထားရင်တောင်မှ အားကုန်သုံးပြီး တိုက်နိုင်မယ်လို့ သူမ ယုံကြည်ချက်ရှိသည်။

သူမရဲ့ နာမည်ပြားကို ပြန်ဖယ်ဖို့ လုပ်ကြည့်လိုက်သည်။ အံ့သြဖို့ကောင်းစွာပင် ထိုကဒ်ပြားက အလွယ်တကူ ပြန်ပါလာခဲ့သည်။

ဒီအပြားပေါ်မှာ အစီအရင်တစ်ခုခု ရှိတာများလား?

ဒီဂိုထောင်ထဲမှာလဲ အစီအရင် ရှိတာကို သူမ အာရုံခံမိပြီးသားပင်။

မဟုတ်ရင် ဒီနေရာကို ဒီလောက်ထိ ကြီးစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ နာမည်ပြားမှာလဲ အစီအရင် ရှိနေတာလား?

အရမ်း ချဲ့ကားလွန်းတာပဲ!

All Chapters