← Chapters

( ဆိုင်ပြင် မောင်းထုတ်ခြင်း)

Vol. 2 Ch. 27

( ဆိုင်ပြင် မောင်းထုတ်ခြင်း)

Vol. 2 Ch. 27

ခေါက်ဆွဲတွေ ကုန်းရှောက်ယန်ရဲ အစာအိမ်ထဲ ရောက်ရှိသွားခဲ့ပြီးနောက်မှာ ပြောင်းလဲမှုတွေ စတင်လာ၏။

နွေးထွေး သန့်စင်တဲ့ ချီစွမ်းအင် အရင်းအမြစ် တစ်ခုက ရေပြေလေးသဖွယ် ခန္ဓာကိုယ်အတွင်း ညင်သာစွာ စီးဆင်း လာခဲ့သည်။

ဘာလဲ?!

ဒါ အစားအသောက်လား? ဒါမှမဟုတ် စွမ်းအားမြှင့် ဆေးဝါးတစ်မျိုးမျိုးများလား?!

သူ့ရဲ့ တစ်ဘဝလုံးသည် မြူခိုးပြာ နတ်အိမ်တော်မှာ နေထိုင်ခဲ့ရသည့်အတွက် အကောင်းဆုံး ဝိညာဥ်သားရဲများ၊ သက်တမ်းရ ကြာပွင့်များ၊ ထိပ်သီးဟင်းလျာများကို စားပြီး ကြီးပြင်းခဲ့ရတာပင်။

ဒါပေမဲ့ အခုတော့ ဒီခေါက်ဆွဲနဲ့ ယှဥ်ကြည့်လိုက်လျှင် သူတို့ရဲ့ ကောင်းလှပါတဲ့ ဟင်းလျာအားလုံး ဝက်စာအဆင့်သာ ရှိတော့သည်။

ကုန်းရှောက်ယန် အငမ်းမရ စားသောက်လေတော့၏။ သူက စားနေတာ မဟုတ်တော့ဘဲ ခေါက်ဆွဲဗူးကို တိုက်ခိုက်နေပုံ ရှိသည်။ သူ့ရဲ့တူ လှုပ်ရှားမှုက မြန်လွန်းသောကြောင့် ဝေဝါးဝါးသာ မြင်နိုင်လေသည်။ ခေါက်ဆွဲတစ်မျှင် မကျန် ဟင်းရည်တစ်စက်မကျန် အကုန် ကုန်သွား၏။

ခေါက်ဆွဲဗူးသည် အသစ်အတိုင်း ပြောင်လက် သွားတော့သည်။

သူ့ရဲ့ ဦးနှောက်က ဗလာဖြစ်သွားကာ အလင်းပွင့်တဲ့အဆင့်ကို ရောက်ရှိသွားသည်။

အသိစိတ် ပြန်ကပ်တာနဲ့ ကုန်းရှောက်ယန် ထိတ်လန့်သွားပြီး သူ့ရဲ့ကျင့်ကြံဆင့်ကို စစ်ဆေးလိုက်သည်။

သိုင်းသူတော်စင်စဦးနယ်ပယ် အဆင့်နှစ်!

“ ငါအဆင့်တက်သွားတာလား?!”

သူ့ရဲ့ ရင်ဘတ်က ဂုဏ်ယူမှုကြောင့် မို့တက်လာသည်။

ဟ! ဒါငါ့ရဲ့ အရည်အချင်းတွေကြောင့် ဖြစ်ရမယ်! နောက်ဆုံးတော့ ပါရမီရှင် တစ်ယောက်ဖြစ်ကြောင်း ငါဟာ သက်သေ ပြနိုင်ခဲ့ပြီ…

နေအုံး!

ကုန်းရှောက်ယန်ရဲ့အပြုံးများ အေးခဲသွားသည်။

သူ့ရဲ့မျက်နှာလဲ မဲမှောင်လာသည်။

မဟုတ်ဘူး။ ဒါက သူ့အရည်အချင်းကြောင့် မဟုတ်ဘဲ အသင့်စားခေါက်ဆွဲကြောင့်ပဲ။

အတိဒုက္ခမိုးကြိုး ဒဏ်ထပ် ပြင်းစွာ ရိုက်ခံလိုက်ရသလိုပင် အမှန်တရားက သူ့ကို ရိုက်ခတ်သွားလေ၏။

သူ အဆင့်တက်ဖို့ရန် နှစ်များစွာ ကျင့်ကြံခဲ့သည်။ ဆေးလုံးများစွာလဲ စားခဲ့သေးသည်။ သူ ဒီလောက် ကြိုးစားအားထုတ်ပြီး မရခဲ့တဲ့ အရာကို သာမာန် ခေါက်ဆွဲတစ်ပွဲက ဖြစ်အောင် လုပ်ပေးသွားတာလား?!

သူ့ရဲ့ အစာအိမ်က တွန့်သွားသည်။ ဆေးလုံးတွေ၊ ရှားပါးပစ္စည်းတွေ၊ မရမတွက်နိုင်တဲ့ အရင်းအမြစ်တွေ.. ဒါတွေ အကုန်လုံး ပေါင်းရင်တောင် ဒီခေါက်ဆွဲနဲ့ မယှဥ်နိုင်ဘူးပေါ့?

“...”

ဒါက အစားအသောက် မဟုတ်တော့ဘူး။ ဒါက ရတနာပဲ!

ပြီးတော့ ဒါကို ပေးရတာ ဝိညာဥ်ကျောက်တုံး တစ်တုံးပဲတဲ့?!

ဒါ ထီပေါက်တာပဲ! ဒီလောက်တန်ဖိုးကြီး ပစ္စည်းက ဝိညာဥ်ကျောက်တုံးတစ်ရာလောက် တန်ကြေးရှိတယ်! မဟုတ်ဘူး.မဟုတ်ဘူး။ အလင်းပွင့်စေတဲ့ အစွမ်းရှိနေတာကို ဝိညာဥ်ကျောက်တုံးတစ်ထောင်လောက်ထိ တန်တယ်!

သူ့ရဲ့ ဦးနှောက်က အရမ်းအလုပ်လုပ်နေခဲ့သည်။ ဒါက ချက်ပြုတ်နည်းနဲ့ မဆိုင်လောက်ပေ။ ရေနွေး လောင်းထည့်တာက မှော်ဆန်တဲ့ နည်းနာ တစ်ခုမှ မဟုတ်တာပဲ။ ဒါဆို လျှို့ဝှက်ချက်က ပါဝင်ပစ္စည်းတွေထဲမှာပေါ့။

သူ အဖြေရှာမှ ဖြစ်မည်။

ချက်ချင်းပဲ ကုန်းရှောက်ယန်သည် ကြက်သားခေါက်ဆွဲ ဆယ်ဗူးယူကာ ကောင်တာကို ပြေးလေတော့၏။

“ ငါဒါတွေ အကုန်ဝယ်မယ်!”

“ မင်း ပစ္စည်းတစ်မျိုးကို တစ်ရက်မှာ တစ်ခုပဲ ဝယ်နိုင်တယ်”

ဟောင် နံရံမှ စာကို လက်ညိုးထိုးပြလို​က်သည်။

ကုန်းရှောက်ယန် ကြည့်လိုက်လေသည်။

စည်းကမ်းနံပါတ်တစ်- နေ့စဥ်ပစ္စည်းက အကန့်အသတ်ရှိပါတယ်။ တစ်ရက်မှာ အမျိုးအစားတစ်မျိုးကို တစ်ခုသာ ဝယ်ခွင့် ရှိပါသည်။ လောကကြီးတာ မကောင်းပါဘူး။

“...ဘယ်..?”

သူ့ရဲ့ ဦးနှောက် အလုပ် မလုပ်နိုင်တော့ပေ။

ဟောင် ရဲ့ ဘေးမှာရှိတဲ့ မိုရှီရှီလဲ အနည်းငယ် အံ့သြသွားသည်။ ဒီစည်းမျဥ်းကို သူမ ပထမဆုံး မြင်ဖူးတာပင်။

‘ နေအုံး.. ဒါဆို အလုပ်သမားတစ်ယောက်ရဲ့ အခွင့်အရေးက အရမ်းမိုက်တာပဲ!’

ဒီမှာ အလုပ်လုပ်ရုံနဲ့ တစ်နေ့ကို အမျိုးအစား သုံးခုတောင် အလကား စားလို့ရတယ်လေ!

ထိုအချိန်မှာ ကုန်းရှော​က်ယန် စကားကောင်း မပြောနိုင်တော့ချေ။

“ ဒါက ဟာသပဲကွ!”

“ ဘယ်လို ကုန်သည်က သူတို့ပစ္စည်းကို သတ်မှတ်ချက်တွေ ထားလို့လဲ? ငါဆယ်ခု လိုချင်တယ်! မင်းငါ့ကို ဆယ်ခု ရောင်းပေး! ဒါရှင်းရှင်းလေးပဲ”

ဟောင် စကားပြန်မပြောချေ။

ကုန်းရှောက်ယန် လက်သီးနှစ်ဖက်ကို တင်းနေအောင် ဆုတ်လိုက်သည်။ သူအရင်က တစ်ခါမှ အခုလို မငြင်းခံရဖူးဘူး။ ဘယ်တုန်းကမှပဲ!

သူ စည်းမျဥ်းကို ကျော်သွားဖို့ ကြိုးစားလို​က်သည်။ ကောင်းကောင်း ပြောနေတာ မရဘူးဆိုမှတော့..

“ ကောင်းပြီလေ” ကုန်းရှော​က်ယန် လှောင်ပြုံးပြုံးလိုက်ပြီး စာရွက်တစ်ရွက် ထုတ်ပေးလိုက်သည်။

“ ကြိုက်ဈေးရေးလိုက်။ ဘယ်လောက်နေနေ ငါယူမယ်!”

ဒါပဲလေ။ ဒါမှ ပိုက်ဆံရှိ သခင်လေးရဲ့ ငွေနဲ့ ပစ်ပေါက်တဲ့ ဇာတ်ကွက်ပဲ။

ခေါက်ဆွဲရဲ့ ကောင်းကင်ဘုံက ပစ္စည်းတစ်ခုသဖွယ် ကောင်းလွန်းတဲ့ အရသာနဲ့ အစွမ်းကြောင့် ကုန်းရှော​က်ယန် အရမ်း စွဲလန်းသွားခဲ့၏။ သူ့ရဲ့ အနေအထားကို မြှင့်တင်ဖို့အတွက် ဒါက အကောင်းဆုံး အခွင့်အရေးပဲ။

သူသာ ဒါကို မြူခိုးပြာနတ်အိမ်တော်ကို ပြန်သယ်သွားနိုင်ရင် သူ့ရဲ့ အဆင့်အတန်းက ဒုံးကျည်တစ်ခုလို မြင့်တက်သွားပေမည်။ စံအိမ်သခင်ကြီး ကိုယ်တိုင်ပင် သတိထားမိ နိုင်သည်။

သူ တစ်ကယ်ကို မြင်ယောင် နေမိပြီ။

“ ရှောက်ယန် မင်း စံအိမ်အတွက် အလုပ်ကြီး လုပ်ခဲ့တယ်”

“ ဒီတွေ့ရှိမှူကြောင့် ငါတို့ရဲ့ စံအိမ်က ထိပ်ဆုံးကို ရောက်သွားလိမ့်မယ်”

“ အခုကစပြီး မင်းကို အကြီးအကဲအဖြစ် တရားဝင် ခေါ်တွင်စေမယ်”

သူ ပြုံးလိုက်သည်။ ဒါပဲလေ။ ဒီခေါက်ဆွဲက သူ့ရဲ့ ရွှေရောင်သော့ချက်ပဲ!

ဒါပေမဲ့ ကံဆိုးစွာနဲ့ လက်တွေ့သည် မအေးဝင် စီစဥ်တာ မဟုတ်ပေ။

“ စည်းကမ်းက စည်းကမ်းပဲ”

“ မရဘူး”

ကုန်းရှောက်ယန်ရဲ့ စိတ်ကူးယဥ်မှူကြီး ချက်ချင်း ရပ်တန့်သွားကာ

“ ဘာ?”

“ စည်းကမ်းက မပြောင်းပါဘူး။ မနက်ဖြန်မှ ပြန်လာခဲ့”

သူ့ရဲ့ နှုတ်ခမ်းက တွန့်သွားပြီး တစ်ဆက်တည်း လက်သီးကို တင်းနေအောင် ဆုတ်လိုက်သည်။

“ မင်းငါ့ကို တစ်ကယ် ငြင်းနေတာလား? ငါဘယ်သူလဲ မင်းသိလား?”

ဟောင် ပုခုံးတွန့်လိုက်ပြီး

“ ဈေးဝယ်တစ်ယောက်လေ”

ကုန်းရှော​က်ယန် ပေါက်ကွဲမတတ် ဖြစ်သွားသည်။ ဆိုင်ရှင်တစ်ယောက်ကများ… သေမျိုးတစ်ယော​က်ကများ.. သူ့လို အခုပုံစံနဲ့ စကားပြောရဲတယ်?

ဟာသပဲ! တစ်ကယ်ကို ဟာသပဲ!

ဒီလူ ခေါက်ဆွဲကို ကိုယ်တိုင် လုပ်ထားစရာ အကြောင်းမရှိဘူး။ ဘယ်သေမျိုးမှ ဒီလို ထူးကဲတဲ့ ပစ္စည်းကို မဖန်တီးနိုင်ဘူး။

ဆိုလိုတာ ဒီလူက မတော်တဆနဲ့ ပါဝင်ပစ္စည်းတစ်ချို့ကို ရှာတွေ့သွားလို့ပဲ။

အဲ့ဒီပါဝင်ပစ္စည်းအကြောင်းကို သူအခုထိ နားမလည်သေးဘူး။ အရူးတစ်ယောက်က ရတနာပုံပေါ် ထိုင်နေသေးတဲ့အပြင် တန်ကြေးကို နားမလည်ပဲ ဈေးကို ပေါပေါပဲပဲ ထားနေသေးသည်။

ကုန်းရှောက်ယန်ရဲ့ မျက်နှာက မဲမှောင်လာသည်။

ဒါဆို ငါလုယူရုံပေါ့!

ဘုန်း!

ကုန်းရှောက်ယန်ရဲ့ ကိုယ်တွင်းမှ ချီစွမ်းအင် လှိုင်းလုံးကြီး ပေါက်ကွဲထွက်လာသည်။ လေထုက လေးလံလာပြီး ဆိုင်တစ်ခုလုံး အပေါ် ဖိအားသက်ရောက်သွားသည်။

“ ငါက ကောင်းကောင်း ပြောနေတဲ့ဟာကို မင်းက တွန်းအားပေးတာပဲ”

“ မင်းလို သေမျိုးတစ်ယောက်ကများ ငါ့ကို ငြင်းနိုင်မယ်ထင်လား?”

ဟောင်; “...”

မိုရှီရှီ; “.....”

‘ ငါဒီအရူးကို သတ်လိုက်ရမလား?’ မိုရှီရှီ သိချင်နေသည်။

သတ်လိုက်လဲ အလွယ်လေးပဲ။ ငါ လက်တစ်ချက်လှုပ်တာနဲ့ ဒီကောင်သေမှာ။

ဒါပေမဲ့.. သူမဒါကို သဘောမတူတော့ဘူး။ သူမက နတ်ဆိုးကျင့်ကြံသူဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်တော့တာ ကြာခဲ့ပြီ။

သူမက ဒီဆိုင်လေးရဲ့ ဆိုင်ဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့ပြီ။ ပြီးတော့.. ဒီလူက ဈေးဝယ်တစ်ယောက်ပဲ။

ဒါမှမဟုတ် သတ်လို့ရလား?

ကုန်းရှော​က်ယန်သည် အန္တရာယ်ကို သတိမထားမိချေ။ လောဘကြောင့် အမှောင်ဖုံးနေခဲ့သည်။

ဒါပေမဲ့ သူ ခြေတစ်လှမ်း မတိုးရသေးခင်မှာပဲ ဟောင်ရဲ့ အသံကို ကြားလိုက်ရသည်။

“ လုံလောက်ပြီ”

ကုန်းရှောက်ယန် လန့်သွားသည်။

သူ့ရဲ့ မျက်လုံးက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်လာခဲ့သည်။ သူ လှုပ်လို့မရတော့ဘူး။ သူ့ရဲ့ချီစွမ်းအင်ကို မခံစားနိုင်တော့ဘူး။

အကုန်ပျောက်သွားပြီ။

သူ့ရဲ့ကျင့်ကြံမှု၊ သူ့ရဲ့ သန်မာမှု အကုန်လုံး ပျောက်ကွယ်သွားခဲ့ပြီ!

သူအခု သေမျိုးတစ်ယောက်နဲ့ ဘာမှ မကွာခြားတော့ဘူး။

သူ့ရဲ့ဓားကိုလဲ လွတ်ကျသွားပြီး ကြမ်းပြင်မှာ ပဲ့တင်သံထပ်သွားသည်။

ဟောင် မိုရှီရှီ ဘက်ကို လှည့်လိုက်ကာ

“ ဒီလူကို ဆိုင်ပြင်ပို့ပေးလိုက် ရှီရှီလေး”

သူမရဲ့ သူဋ္ဌေးက သန်မာတယ်ဆိုတာ မိုရှီရှီ တွေးထားပြီးသားပင်။

ဒါပေမဲ့ ဒီလောက်ကြီးကျ?

ဒါက သူမ စိတ်ကူးယဥ်ခဲ့တာထက် အများကြီးကို ပိုသွားခဲ့ပြီ!

စကားလုံးတစ်ချို့လောက်နဲ့ ကုန်းရှော​က်ယန် အကုန်လုံးဆုံးရှုံးသွားခဲ့ရတယ်! သူ့ရဲ့ ကျင့်ကြံမှု အခြေခံက တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားတာပဲ။

သူမ ဟောင်ကို တစ်ချက် ခိုးကြည့်လိုက်သည်။ ဒါပေမဲ့ ဟောင် ရဲ့ မျက်နှာသည် အရင်အတိုင်း မပြောင်းမလဲ တည်ငြိမ်ဆဲပင်။

ဒီအစွမ်းက နောက်ကမ္ဘာလောက် ရောက်နေပြီ။

သူမ လက်ဆစ်ချိုးလိုက်ကာ ကုန်းရှော​က်ယန်ကို ဆန်အိတ်တစ်ခုလို ဆွဲမလိုက်သည်။

“ ဝမ်းမြောက်စွာ ပို့လိုက်မယ် သူဋ္ဌေး”

ကုန်းရှောက်ယန် လွတ်မြောက်ချင်ပေမဲ့ မိုရှီရှီ လက်က မရုန်းထွက်နိုင်ခဲ့ချေ။ အဆုံးမှာ သူမက ထွက်ပေါက်ဆီ ဆွဲခေါ်သွားလေတော့၏။

ဒီကလေးမက တစ်ကယ် သန်မာတာလား?! မဟုတ်ဘူး။ သူမကလဲ သေမျိုးတစ်ယောက်ပဲ! ဆိုင်ရှင် ငါ့ကို တစ်ခုခုလုပ်ခဲ့တာ ဖြစ်ရမယ်!

ဒါမှမဟုတ် ဒါက ခေါက်ဆွဲရဲ့ ဘေးထွက်ဆိုးကျိုးလား?!

တစ်ဖက်က မိုရှီရှီသည် ဂုဏ်ယူဝမ်းမြောက် နေလေ၏။

ဒါပဲလေ! ဒါမှ ငါ့သူဋ္ဌေး!

ကုန်းရှော​က်ယန်​က အကြီးဆုံးမြို့တော်ရဲ့ နာမည်ကြီးလူဆိုတော့ကော ဘာဖြစ်သလဲ?

သူမသာ သတ်လိုက်မိရင် သူဋ္ဌေးကို ပြဿနာ တက်သွားနိုင်လားဆိုပြီး စိုးရိမ်ခဲ့မိသေးသည်။ မြူခိုးပြာနတ်အိမ်တော် စံအိမ်က မြို့ထဲမှာ အဆက်အသွယ်ကောင်းတွေ ရှိသည်။

All Chapters