← Chapters

သူတို့ကိုသွားခွင့်ပေးလိုက်

Vol. 018 Ch. 1711

သူတို့ကိုသွားခွင့်ပေးလိုက်

Vol. 018 Ch. 1711

ရှန်ကလန်တွင်ဖြစ်ပွားနေသော ထိုတိုက်ပွဲအား မရေမတွက်နိုင်သောလူများက ကြည့်ရှုနေကြလေသည်။ ထိုပုံရိပ်နှစ်ခုမှာ မဟာလမ်းစဥ်၏ အာကာသစွမ်းအားများဖြင့်ဖုံးလွှမ်းနေပြီး ပျောက်ကွယ်သွားသယောင်ထင်မှတ်ရသည်။

ရှန်ဟောက်နှင့် ရီဖူရှင်းတို့မရှိကြတော့ပေ။

"သူက လမ်းစဥ်လမ်းကြောင်းပေါ်လာအောင် နတ်ဝိညာဥ်လက်နတ်ကိုအသုံးပြုခဲ့တာပဲ" အရှင်ထိုက်ရွှမ်နှင့် တခြားလူများအားလုံးက ရှန်ဟောက်တွင် အလွန်စွမ်းအားကြီးမားသော နတ်ဝိညာဥ်လက်နက်ပိုင်ဆိုင်ကြောင်း မြင်နိုင်လေသည်။

သို့သော်လည်း ရီဖူရှင်းက သူတို့အား ဝင်မပါရန်တောင်းဆိုခဲ့သည်။

ထိုသို့ဆိုလျှင်ပင် အရှင်ထိုက်ရွှမ်က ရီဖူရှင်းတစ်ယောက် ကောင်းကောင်းဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ယုံကြည်ပေသည်။

အာကာသမဟာလမ်းစဥ်၏ ပြင်းထန်သောအသိက အဆုံးမဲ့အလင်းတန်းများကောင်းကင်မှဆင်းသက်လာကာ အရာအားလုံးအတွင်းဝင်ရောက်သွားသကဲ့သို့ပေါ်ထွက်လာသည်။

ရှန်ဟောက်၏ခန္ဓာကိုယ်အတွင်းမှ တောက်ပသောအလင်းရောင်များထွက်ပေါ်လာပြီး သူ့အောက်တွင်ရှိသောရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။

ရီဖူရှင်းက ပြောစရာစကားမရှိအောင်ပင် မောက်မာလှပေသည်။ သူက ရီဖူရှင်းထင်ထားသည်ထက်ပင် အားနည်းသည်တဲ့လား...

"ဒါက ငါ့ရဲ့ကမ္ဘာပဲ" သူက ရီဖူရှင်းကိုအေးစက်စွာပြောလိုက်သည်။

"မင်းရဲ့ကမ္ဘာဟုတ်လား" ရီဖူရှင်းက အထင်သေးသလိုအကြည့်ဖြင့်သူ့ကိုကြည့်ကာ ပြောလိုက်သည်။ "ငါတို့မကြာခင်သိရမှာပါ"

သူက ထိုစကားကိုဆိုလိုက်ပြီးနောက် သူ၏အရှိန်အဝါမှာပြောင်းလဲသွားပြန်သည်။ နေနှင့်လက ကောင်းကင်တွင်ကြယ်များဝန်းရံကာ ပေါ်ထွက်လာသည်။

သူတို့သည် အခြားကမ္ဘာတစ်ခုအတွင်းရောက်နေသလိုပင်။ နတ်မီးတောက်များက နေမင်းမှဆင်းသက်လာပြီး လစန္ဒာတွင်မူ အထီးကျန်ဆန်၍အေးစက်သောစွမ်းအားအသိများက ဖုံးလွှမ်းထားသည်။

သူတို့ကိုဝန်းရံထားသော ကြယ်တစ်လုံးစီတွင် အားကောင်းသောစွမ်းအားများပါဝင်နေလေသည်။

အရာရာတိုင်းက သူ့အသိနှင့်သူလှုပ်ရှားနေလေသည်။

"လေးခုမြောက်နတ်ဝင်ရိုး" ရှန်ဟောက်ကတွေးမိလိုက်ပြီး သူ့နှလုံးသားမှာအေးစက်တုန်ယင်သွားလေသည်။ ရီဖူရှင်းက သူ၏လေးခုမြောက်နတ်ဝင်ရိုးကို အသုံးပြုနေလေသည်။ ထိုနတ်ဝင်ရိုးသည် သူ၏ကိုယ်ပိုင်ကမ္ဘာတစ်ခုကိုဖန်တီးနိုင်ပြီး အသေးစားဘုံငယ်လေးတစ်ခုနှင့်တူလေသည်။

သူ၏စွမ်းအားက ဖိအားအောက်တွင် ကျရောက်သွားသလို ခံစားလိုက်ရသည်။

ဤအရာကား မည်သို့များဖြစ်နိုင်ပါမည်နည်း။ သူဤသို့လုပ်နိုင်ခဲ့ခြင်းမှာ နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ ရရှိလာသော နတ်လက်နက်ကြောင့်သာဖြစ်သည်။

ရီဖူရှင်းကရော သူ့လိုမျိုး နတ်လက်နက်ကိုအသုံးပြုလိုက်ခြင်းများလား...

"ဒါက ငါ့ရဲ့ကမ္ဘာပဲ" ရီဖူရှင်းက အေးစက်စွာပြောလိုက်သည်။ ရှန်ဟောက်၏ပတ်လည်တွင် လည်ပတ်နေသောကြယ်များက လျှင်မြန်သည်ထက်လျှင်မြန်လာသည်။ ကောင်းကင်ယံတွင် စူးရှသောမြည်သံများပြည့်နှက်လာပြီး နေရာတစ်ခုလုံးသည် အားကောင်းသောစွမ်းအားများဖြင့်လွှမ်းခြုံခံလိုက်ရသည်။

ဘုန်း...

ကြယ်များက ရှန်ဟောက်ဆီသို့ကျဆင်းလာပြီး တစ်ခုချင်းစီသည် အလွန်အမင်းကြီးမားလာပုံပေါ်သည်။

နတ်ဝိညာဥ်အလင်းတန်းများက သူ့ထံမှထွန်းလင်းလာပြီး အာကာသစွမ်းအင်အလင်းတန်းများပေါ်ထွက်လာကာ ကြောက်မက်ဖွယ်မုန်တိုင်းအဖြစ်ပြောင်းလဲသွားပြီး ကြယ်များအားလုံးကိုဝါးမြိုသွားသည်။

သို့သော် ကြယ်များအားလုံးကျဆင်းလာသည်နှင့် အာကာသစွမ်းအားမုန်တိုင်းကိုဖိနှိပ်ကာပျက်ပြယ်သွားစေပြီး ရှန်ဟောက်ထံသို့ဆက်လက်တိုးဝင်လာလေသည်။

ရှန်ဟောက်က လှံကိုထုတ်၍ အဆုံးမဲ့အရိပ်များကိုထုတ်ဖော်လိုက်သည်။ ထိုအရိပ်များက ပြေးဝင်လာသောကြယ်များဆီသို့ တိုးဝင်သွားသည်။ ထိုအရာကပင် သူ့၌ မည်မျှတိုက်ခိုက်နိုင်စွမ်းရှိသည်ကို ပြနေလေသည်။

သို့သော်ထိုအခိုက်တွင် ကောင်းကင်ယံ၌ကျယ်လောင်သော မြည်ဟီးသံကြီးထွက်ပေါ်လာပြီး ရှန်ဟောက်တစ်ယောက် ကြီးမားသောဖိအားကိုခံစားလိုက်ရသည်။ လေထုပင်လျှင် ပျက်ဆီးသွားမလိုဖြစ်သွားရသည်။ သူမော့ကြည့်လိုက်ချိန်တွင် နတ်ဘုရားသဖွယ်ပုံရိပ်တစ်ခုက နတ်ဆင်ကိုစီး၍ ရှည်လျားသောအရာတစ်ခုကိုကိုင်ကာ ဆင်းသက်လာလေသည်။ သူက သူ့ဆီသို့ဦးတည်၍လာနေခြင်းဖြစ်သည်။

ထိုအရာမှာ ဆင်ထောင်ပေါင်းများစွာပေါင်းစည်း၍ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ကြယ်များပြည့်နေသော အာကာပြင်ကသူ့အနီးတွင်လှည့်ပတ်နေသည်။ ထိုသည်ကိုကြည့်ရသည်မှာ နတ်ဘုရားများကိုပင် ယှဥ်ပြိုင်စစ်ခင်းနိုင်မည့်သူဟု ထင်မှတ်ရလေသည်။

ရှန်ဟောက်က သူ၏အရောင်အဝါမှာဖိနှိပ်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ ထိုရှည်လျားသောအရာကို လွှဲယမ်းလိုက်သောအခါ သူ၏လှံရှည်ဖြင့်ခုခံလိုက်သည်။

ဘုန်း...

ခပ်အုပ်အုပ်ဟိန်းသံကိုကြားလိုက်ရပြီး ရှန်ဟောက်တစ်ယောက် လွင့်စင်သွားလေသည်။ သူ၏မဟာလမ်းစဥ်သည်လည်း ထိုအရာနှင့်ထိပ်တိုက်တွေ့ကာ ပျက်ပြယ်သွားလေသည်။

ရီဖူရှင်းက ရှေ့သို့ဆက်တက်လာကာ သူ၏မျက်လုံးများက လုံးဝအေးစက်နေလေသည်။

သူတို့၏ကမ္ဘာငယ်အပြင်ဘက်တွင်စောင့်နေသောလူများက ထိုနေရာအားစိုက်ကြည့်နေကြဆဲဖြစ်သည်။ သူတို့သည်လည်း ထိုကြောက်မက်ဖွယ် ဟိန်းသံများကို သဲ့သဲ့ကြားနေရသည်။

ဘန်း...

တစ်စုံတခုကျိုးပဲ့သွားသံနှင့်အတူ ပုံရိပ်တစ်ခုက လွင့်စင်လာပြီး ခွန်အားမဲ့စွာ အောက်သို့ပြုတ်ကျလာကာ သူ့နောက်လေထုထဲတွင် သွေးစီး​ကြောင်းတစ်ခုကျန်နေခဲ့သည်ကို မြင်လိုက်ရသည်။

"ရှန်ဟောက်..." ရှန်ကလန်မှကျင့်ကြံသူများက ဖြူဖျော့သွားကြသည်။ ထိုလွင့်စင်ကျလာသူမှာ ရှန်ဟောက်ဖြစ်နေလေသည်။

သူတို့ကလန်မှ လူငယ်မျိုးဆက်၏ ပါရမီအမြင့်ဆုံးသူ၊ အက်ကြောင်းမဲ့နတ်ဝင်ရိုးများကိုပိုင်ဆိုင်ထားသည့်သူသည် တစ်ယောက်ချင်းတိုက်ပွဲတွင်ရှုံးနိမ့်သွားခဲ့သည်။ ထိုအရာမှာ အလွန်အရှက်ရဖွယ်ပင်ဖြစ်သည်။ သူ၏စုတ်ပြဲနေသောအဝတ်အစားများတွင် သွေးများဖြင့်စွန်းထင်းနေသည်။ သူ၏အရှိန်အဝါမှာ အလွန်အားနည်းနေလေသည်။ သူ့တွင် ယခင်ကရှိနေခဲ့သော တက်ကြွထက်ရှသောစိတ်အသိစွမ်းအားများ လုံးဝရှိမနေတော့ပေ...။

ကောင်းကင်အာဏာစက်နယ်မြေမှလူများသည် ဤကဲ့သို့ဖြစ်လာမည်ကိုသိရှိပြီးသားဖြစ်၍ မည်သို့မျှမခံစားရပေ။ ရီဖူရှင်းလုပ်ခဲ့သမျှအရာအားလုံးသည် သူတို့အားရီဖူရှင်းအပေါ် အကြွင်းမဲ့ယုံကြည်မှုကိုဖြစ်စေခဲ့သည်။ ကောင်းကင်ဘုံ၏ ကောင်းချီးပေးခံရသောရှန်ဟောက်ကဲ့သို့သောသူမျိုး သူ၏ရှေ့တွင်ရပ်နေလျှင်ပင် ရီဖူရှင်းသာလျှင်အနိုင်ရမည်ဟု သူတို့ယုံကြည်ကြသည်။

ထိပ်သီးအင်အားသုံးစုဖြစ်သော ရှောင်ကလန်၊ယွင်ယန်ကလန်နှင့် သောမျိုးနွယ်စုတို့သည် ဤမြင်ကွင်းအားမြင်ပြီးနောက် စိတ်ထဲ၌ တုန်လှုပ်သွားကြသည်။ ဤတိုက်ပွဲ၏အဓိပ္ပါယ်မှာ မည်သည်ကိုဆိုလိုကြောင်း သူတို့သိရှိပြီးဖြစ်သည်။

ရှန်ဟောက်သည် ကျဆုံးသွားလေပြီ။ ယခုမှစ၍ ရှန်ကလန်၏အထက် ကောင်းကင်ယံတွင်ရပ်နေသော ဆံပင်ဖြူနှင်လူငယ်သာလျှင် ဤမျိုးဆက်တွင် ဒုတိယလူမရှိနိုင်လောက်အောင် ကျော်ကြားမည့်လူဖြစ်လာလိမ့်မည်။

သူသည် ကျန့်ချန်းကျူ၊ နန်လော့ဖန်း၊အခြားသူတို့နှင့် မတိုက်ခိုက်ဖူးသော်လည်း ဒီနေ့သူလုပ်ခဲ့သည့်အရာအားလုံးမှာ သူ့မျိုးဆက်မှ တခြားသူများလုံးဝလုပ်နိုင်မည့်အရာများမဟုတ်ပေ။ သူလုပ်ခဲ့သည့်အရာများအားမည်သူမှ ထပ်တူလိုက်လုပ်နိုင်မည်မဟုတ်ပေ။

ကောင်းကင်အာဏာစက်ဘုံမှ ထိပ်သီးအင်အားစုများသည်လည်း အနည်းငယ်စိတ်ရှုပ်သွားလေသည်။ ကောင်းကင်ဘုံ၏အသိမှာ ပြောင်းလဲသွားသည်။ ထိုသို့ပြောင်းလဲသွားရုံသာမက ဘုံကိုးခု၏အခြေအနေအားလွှမ်းမိုးထားလေသည်။ ရီဖူရှင်းက ကောင်းကင်အာဏာစက်ဘုံ၏သမိုင်းအားပြောင်းလဲနိုင်ခဲ့သူဖြစ်ပေသည်။

ဤသည်မှာ နတ်တောင်ကုန်းတစ်ထောင်၏အရှင်သခင်ကဲ့သို့ပင်ဖြစ်သည်။ ယခင်က ဂူထျန်းရှင်းသည် ခေတ်တစ်ခေတ်ကိုဖန်တီးနိုင်သည့် လူတစ်ယောက်ဖြစ်မလါခဲ့ပေ။ သို့သော်ရီဖူရှင်းက ထိုသို့သောသူဖြစ်လာခဲ့ပေသည်။ ထို့ကြောင့်ပင် ရီဖူရှင်းက သူ၏ကိုယ်စားဝင်ပါလိုခဲ့ခြင်းဖြစ်သည်။

ရီဖူရှင်းသည် သူ၏အရှိန်အဝါကိုရုပ်သိမ်းလိုက်ပြီး ရှေ့သို့လှမ်းလိုက်သည်။ ယုရှန်းနှင့်တခြားသူများလည်း သူ၏နောက်သို့လိုက်သွားသည်။

သူတို့အားလုံးသည်ရှန်ကလန်၏အထက်လေထဲတွင်ရပ်လိုက်ကြပြီး မရေမတွက်နိုင်သောရှန်ကလန်မှကျင့်ကြံသူများသည်သူတို့အားကြည့်လိုက်ကြသည်။ သူတို့သည်ရှန်ကလန်၏အမြင့်ဆုံးတော်ဝင်ခန်းမရှိရာသို့ ပျံတက်သွားကြသည်။

မည်သူမျှသူတို့အားမတားလိုက်နိုင်ပေ။ အဆင့်နိမ့်ရန်ဟောင်များသည်ပင် သူတို့အားမတားနိုင်ပေ။

ရှန်ကလန်မှကျင့်ကြံသူများက ရှန်ဟောက်အား အောက်သို့ ချပေးလိုက်သည်။ သူကရီဖူရှင်းသူတို့အပေါ်မှဖြတ်သွားသည်ကိုကြည့်ပြီးနောက် နောက်ထပ်သွေးတစ်ချက် အန်လိုက်ရသည်။

သူသည်ယခုတိုက်ပွဲတွင် အပြတ်အသတ်ရှုံးနှိမ့်ပြီးဖြစ်ပေသည်။

ရီဖူရှင်းက သူနှင့်ရှန်ကလန်၏ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်ခြင်းဖြစ်ပေသည်။

ရီဖူရှင်းသည် တော်ဝင်ခန်းမအရှေ့တွင်ရပ်တန့်လိုက်သည်။ ရှန်ကလန်မှအလွန်အားကောင်းသော ပုံရိပ်များက သူ့အားအသေအချာကြည့်နေလေသည်။

ထိုအချိန်တွင် သူတို့သည်တစ်ချက်လှုပ်ရုံဖြင့်ရီဖူရှင်းအား အလွယ်တကူသတ်နိုင်သည်။ အက်ကြောင်းမဲ့နတ်ဝင်ရိုးနှင့်ထိုလူငယ်အား လုံးဝဖျက်ဆီးပစ်လိုက်နိုင်သည်။

သို့သော် ထိုသို့လုပ်လိုက်လျှင်အရာအားလုံးသည် အဓိပ္ပါယ်မဲ့​ဖြစ်သွားပေမည်။ အကယ်၍ ရီဖူရှင်းနှင့်အခြားသူများအား သတ်လိုက်လျှင် သူတို့အနေဖြင့်ရှန်ကလန်၏အနာဂတ်ကို ခြိမ်းခြောက်နိုင်မည်မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်လိုက်ပါက ရှန်ကလန်သည် ကွယ်ပျောက်သွားနိုင်သောကြောင့်ဖြစ်သည်။

သို့သော် ရီဖူရှင်းက ဤနေရာသို့ရောက်လာခြင်းမှာ မည်သည့်အရာကိုမျှအကြောက်အလန့်မရှိသောကြောင့် ဖြစ်သည်ဟု နှစ်ဖက်စလုံးကနားလည်ထားပြီးဖြစ်သည်။

သူသည် သူ၏အသက်ကို ရှန်ကလန်၏ရှင်သန်မှုနှင့်လောင်းကြေးထပ်ခဲ့ခြင်းဖြစ်သည်။

"ဆရာနဲ့ညီအစ်ကိုတို့...." ရီဖူရှင်းက ချီရွှမ်ကန်း၊ ယန်ယွင်နှင့် နန်ကျိုင်းအားကြည့်၍ပြောလိုက်သည်။ ယခင်နှစ်များစွာက အဖြစ်အပျက်များကသူ၏မျက်လုံးထဲတွင်ပေါ်ပေါက်လာခဲ့သည်။ သွေးနဂါးဘုံတွင် သူ၏ဆရာက သူ၏ဘေးကင်းမှုကိုပင် လျစ်လျူရှုခဲ့သည်။ ကောင်းကင်ဘုံ၏အကွက်ရွှေ့မှုက ကြီးမားသည့်အတွက် ပညာရှိများပင် မနားမနေရုန်းကန်နေရသည်ဟု သူကအမြဲပြောခဲ့သည်။

အကိုကြီးသည် အချိန်ကြာမြင့်စွာသူနှင့်နေထိုင်ခဲ့ပြီး တာလီမင်းဆက်၏တော်ဝင်မိသားစုနှင့်ရင်ဆိုင်ခဲ့ကာ နောက်ဆုံးတွင်သူ့အားအဝေးသို့စေလွှတ်ခဲ့သည်။

"ဆရာ ကျွန်တော်တို့ဆရာ့ကိုပြန်ခေါ်ဖို့ရောက်လာတာ..." သောကျောက်က သူ့၏စကားကိုထူးဆန်းသည်ဟုပင်မထင်ဘဲ ပြုံး၍ပြောလိုက်သည်။

ချီရွှမ်ကန်း၏နောက်ရှိ ရှန်ကလန်မှကျင့်ကြံသူများဆီသို့ သူတို့၏အကြည့်ကရောက်ရှိသွားသည်။

"သူတို့ကိုသွားခွင့်ပေးလိုက်" သူတို့ကရီဖူရှင်းအား ချီရွှမ်းကန်းကိုခေါ်သွားခွင့်ပြုကာ ပြောလိုက်သည်။

"နောက်တစ်ယောက်ကျန်သေးတယ်..."ရီဖူရှင်းက ရှန်ကလန်မှကျင့်ကြံသူများကိုကြည့်၍ပြောလိုက်သည်။ ဖေးရွှီက ထိုနေရာတွင်ရှိမနေပေ။

ဖေးရွှီသည် ရှန်ကလန်၏ပစ်မှတ်ဖြစ်ကြောင်း သိပေသည်။ သူတို့လိုချင်နေသောနတ်ဝိဥာဥ်လက်နက်မှာ သူမ၏ ကိုယ်တွင်းတွင် ရှိနေပေသည်။

"မင်းက ဒီကိုလာရတဲ့ရည်ရွယ်ချက်ပြည့်ပြီပဲ မဟုတ်ဘူးလား...ငါတို့ကလူသုံးယောက်ကိုပဲလွှတ်ပေးဖို့ကတိပေးခဲ့တာ..." ရှန်ကလန်၏ အကြီးအကဲမှပြောလိုက်သည်။

ထိုသုံးယောက်သည်သူတို့အတွက် အသုံးမဝင်တော့ပေ။ ဖေးရွှီ၏ကိုယ်တွင်းတွင်မူ သူတို့လိုချင်နေသော နတ်ဝိဥာဥ်လက်နက်ရှိနေသောကြောင့် သူတို့ကအလွတ်ပေးမည်မဟုတ်ပေ။

"ကျုပ်က သူတို့အားလုံးကိုပြန်ခေါ်သွားမယ်.. " ရီဖူရှင်းကအေးစက်စွာပြောလိုက်သည်။

ရှန်ကလန်၏အကြီးအကဲသည် ရီဖူရှင်းအားအေးစက်စွာကြည့်ပြီးပြောလိုက်သည်"ကောင်းပြီ သူမခန္ဓာကိုယ်က နတ်ဝိဥာဥ်လက်နက်ကိုထုတ်ပြီးရင် မင်းသူ့ကိုပြန်ခေါ်သွားလို့ရပြီ"။

"အဲ့ဒါ မင်းဟာမဟုတ်ဘူး...အဲ့ဒါငါ့ဆရာရဲ့ဟာ..." ချီရွှမ်ကန်းက အေးစက်စွာပြောလိုက်သည်။

"မင်းညီမက ဘယ်သူလဲဆိုတာကိုမမေ့နဲ့" အကြီးအကဲမှသူ့ကိုမော့ကြည့်ကာပြောလိုက်သည်။

"ကျုပ်က သူမကို ဒီနေရာကနေ နဂိုအတိုင်းပြန်ခေါ်သွားမယ်" ရီဖူရှင်းကပြောသည်။

ရှန်ကလန်၏အကြီးအကဲသည် ရီဖူရှင်းအားမကြည့်ဘဲ အရှင်ထိုက်ရွှမ်နှင့်တစ်​ခြားသူများအား းကြည့်နေလေသည်။

"မင်းတို့အားလုံးက ဒီနေ့ရှန်ကလန်ကို အတူတကွလာခဲ့ကြပြီး ငါတို့ကလည်းမင်းတို့ကိုဧည့်ခံခဲ့တယ်...ဒါပေမဲ့ မင်းတို့ကလွန်လာပြီဆိုရင်တော့..." အကြီးအကဲက ကောင်းကင်ကိုကြည့်၍ပြောလိုက်သည်။ ''စစ်ဖြစ်ကြတာပေါ့''

ရီဖူရှင်းသည်သာ ရဲတင်းသည်မဟုတ်ပေ။

ရှန်ကျီက ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ခိုက်ခဲ့သောကြောင့် သူတို့ကလက်တုံ့ပြန်လိုသည်မှာ သဘာဝကျပေသည်။

သို့သော်ရှန်ကလန်မှာ တိုက်ပွဲစမည်မဟုတ်ဟုသူတို့က လောင်းကြေးထပ်ခဲ့သည်။ ထိုအရာအတွက် ကောင်းကင်အာဏာစက်ဘုံက ပြင်ဆင်ပြီးသားပင်လော...

အင်အားကြီးအဖွဲ့စည်းများမှ ထိပ်သီးပုဂ္ဂိုလ်များနှင့် ရှန်ကလန်မှအပ အခြားသူအားလုံးသည် စစ်ပွဲစသည်နှင့်တပြိုင်နက် သေကြေပျက်စီးကုန်ကြမည်ဖြစ်သည်။

မည်သူကခံနိုင်ရည်ရှိမည်နည်း...။

ရှန်ကလန်ပေါ်သို့ အသက်ရှုကျပ်လောက်သောဖိအားက ကျရောက်လာသည်။ အရှင်ထိုက်ရွှမ်နဲ့ ထိပ်သီးပုဂ္ဂိုလ်သုံးယောက်၏ အရှိန်အဝါကနေရာတစ်ခုလုံးကိုဖုံးလွှမ်းထားသည်။

ထိုအချိန်တွင်တိတ်ဆိတ်နေမှုမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

လူတိုင်းခံစားမိနေသည့် တစ်ခုတည်းသောအရာမှာ တင်းမာမှုပင်ဖြစ်ပေသည်။

"ဘုန်း..."

ထိုအချိန်တွင် သွေးနီရောင်မုန်တိုင်းကြီးသည်နတ်ဘုရားမြို့၏ အပေါ်ဘက်တွင်စတင်ပေါ်ပေါက်လာသည်။

ရှန်ကလန်မှ အကြီးအကဲသည်ထိုနေရာသို့ကြည့်လိုက်သောအခါ မုန်တိုင်းမှာပို၍ပို၍အားကောင်းလာသည်ကို မြင်လိုက်ရသည်။ မုန်တိုင်းအတွင်းတွင်ကြောက်မက်ဖွယ်လှိုင်းလုံးကြီးတခုပေါ်ထွက်လာခဲ့သည်။ တစ်စုံတစ်ယောက်က အာကာသရှေးဟောင်းလမ်းစဥ်ကို ဖွင့်လိုက်သကဲ့သိုပင်ဖြစ်ပေသည်။

အရှင်ထိုက်ရွှမ်၊ ရီဖူရှင်းနှင့် တခြားသူများလည်းထိုအရာကို ကြည့်နေကြလေသည်။ အရှိန်အဝါကား ကြောက်မက်ဖွယ်ကောင်းလာကာ မုန်တိုင်းသည်တစ်စတစ်စပိုမိုကြီးမားလာ၍ နေရာတခုလုံးကိုဖုံးအုပ်သွားပြီး ရှန်ကလန်သို့ဦးတည်ပျံ့နှံ့လာသည်။

သွေးများကဲ့သို့ အနီရောင်အလင်းတန်းများက ကောင်းကင်ယံမှကျလာလေသည်။

"အကုန်လုံးအောက်ကိုဆင်းကြတော့..." အကြီးအကဲက အေးစက်စွာပြောလိုက်သည်။ ရှန်ကလန်မှ ကျင့်ကြံသူအားလုံးသည် လေထဲမှ ချက်ချင်းပင် ဆင်းလိုက်လေသည်။

ထိုအချိန်တွင် သူတို့၏မျက်လုံးထဲ၌ ထိတ်လန့်ကြောက်ရွံမှုကို ရှင်းလင်းစွာ သူမြင်တွေ့လိုက်ရသည်။

ရီဖူရှင်းက ချက်ချင်းပင် မည်သူဖြစ်သည်ကို တွက်ဆမိ၏။

သူတို့မလာခင် ထျန်းဟယ်အကြီးအကဲက ရှန်ကလန်ကို ကိုယ်တိုင်တိုက်ခိုက်ခဲ့ပြီး ကျင့်ကြံသူများအားသတ်ဖြတ်ခဲ့သည်။ထို့အပြင် သူသည် ထျန်းဟယ်ဘုံမှ နန်းတော်ကိုလည်း သုတ်သင်ရှင်းလင်းခဲ့သည်။

ဒီလောက်အစွမ်းထက်လာစေရန် သူ၏ဆရာသည်မည်သို့ကြိုးပမ်းအားထုတ်ခဲ့သည်ကို သူမသိပေ။ သူ၏အရှိန်အဝါမှာ ယခင်ကနှင့်လုံးဝကို ကွဲပြားခြားနားနေလေသည်။

သေချာတာပေါ့။ သူ့ဆရာကို သူလုပ်ခဲ့သည့်အရာများအတွက် အပြစ်တင်လိမ့်မည်မဟုတ်ပေ။

ထိုသည်မှာ သွေးကြွေးပင်ဖြစ်သည်။ ထို့ကြောင့် သူတို့သည်တစ်ဦးနှင့်တစ်ဦး တူညီသောကောင်းကင်အောက်တွင်ရပ်တည်မနေနိုင်ကြပေ။

ပုံမှန်အားဖြင့် အေးဆေးနေတတ်သော ထျန်းဟယ်အကြီးအကဲသည် ထိုမျှကြီးမားသောစွမ်းအားကို သိမ်းဆည်းထား၍ အချိန်အကြာကြီးစိတ်ရှည်သည်းခံစွာနေခဲ့သည်ဟု မည်သူမျှခန့်မှန်းနိုင်ခဲ့မည်မဟုတ်ပေ။

တစ်စုံတစ်ယောက်က အာကာသရှေးဟောင်းလမ်းစဥ်ကို ဖွင့်လိုက်သကဲ့သို့ထွက်ပေါ်လာသော မုန်တိုင်းအတွင်းမှကြောက်မက်ဖွယ်လှိုင်းလုံးကြီးသည် ပျံ့နှံလာပြီး ထိုအထဲတွင် သွေးနတ်ဘုရားကဲ့သို့ အနက်ရောင်ပုံရိပ်တစ်ခုကို မှုန်ဝါးဝါးမြင်လိုက်ကြရသည်။

ရှန်ကလန်မှအကြီးအကဲ၏အကြည့်မှာ မုန်တိုင်းတွင်းသို့ထိုးဖောက်ဝင်ရောက်သွားသည်။ ထျန်းဟယ်အကြီးအကဲသည် သူတို့၏တိုက်ပွဲအတွင်းတွင် ဒဏ်ရာရရှိခဲ့သည်။ ဤနေရာတွင် အခြားထိပ်သီးရန်သူလေးယောက်သာရှိမနေခဲ့လျှင် သူသည်ထိုမုန်တိုင်းထဲသို့ဝင်ရောက်၍ ထျန်းဟယ်အားရှာဖွေမည်ဖြစ်သည်။

သို့သော်လည်း အခုမူ သူထိုသို့မလုပ်ရဲပေ။

"သူတို့ကို သွားခွင့်ပေးလိုက်"

သွေးနီရောင်မုန်တိုင်းတွင်းမှ အသံတစ်သံထွက်ပေါ်လာသည်။ ရှန်ကလန်မှကျင့်ကြံသူများ၏ မျက်နှာထက်တွင် မည်းမှောင်သောအကြည့်များဖြစ်သွားကြသည်။

အကျိုးဆက်ကိုမစဥ်းစားဘဲ စစ်ကိုစတင်ရဲသည့်သူရှိမည်ဆိုလျှင် ထိုသူမှာ ထျန်းဟယ်အကြီးအကဲပင်ဖြစ်မည်မှန်း နှစ်ခါပြန်တွေးစရာမလိုပေ။ သူသည်မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်လာပေသည်...။

***

All Chapters