← Chapters

အချိန်ကျခြင်း

Vol. 106 Ch. 1474

အချိန်ကျခြင်း

Vol. 106 Ch. 1474

“...”

ဝူယုမှာ ထိုမြင်ကွင်း အားလုံးကို တည်ငြိမ်စွာ ကြည့်နေခဲ့သည့် တစ်ယောက်တည်းသော ပုဂ္ဂိုလ် ဖြစ်လေသည်။ ထိုမျိုးစေ့များမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာတည်းက သူ့နှလုံးသားထဲတွင် ဖြစ်တည်ခဲ့ပြီး ဖြစ်ကာ အပင်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်၏ အံ့မခန်း တောက်ပမှုများကို သူ ရင်းနှီးပေသည်။

အချိန်သခင်တစ်ဦးအနေဖြင့်ပင် ဝေ့ဝူယင်မှာ လျှို့ဝှက် အာဏာရှင် အဆင့်များစွာကို တရားမျှတစွာ သတ်ဖြတ်နိုင်ခဲ့သည်။ ထိုလျှို့ဝှက် အာဏာရှင်များမှာလည်း လုံးဝ သာမန် မဟုတ်ချေ။ အထူးသဖြင့် တိမ်ပြာနှင့် ခုတ်ပိုင်းခြင်းဓားတို့ပင်။ တိမ်ပြာမှာ ဝိညာဉ်လမ်းစဉ်တွင် ထိပ်သီး ပညာရှင် တစ်ယောက် ဖြစ်ကာ ခုတ်ပိုင်းခြင်းဓားကတော့ ဓားနှလုံးသား ရည်ရွယ်ချက်ကိုပင် နားလည်ထားသူ ဖြစ်သည်။

ဝေ့ဝူယင်မှာ သာမန် စံနှုန်းများနှင့် တိုင်းတာလို့ လုံးဝ မရနိုင်သူ တစ်ဦး ဖြစ်သည်။ သူက အသက် တစ်ရာ မပြည့်ခင်မှာပင် ဧရာမ အရွယ် နေကြယ်ကြီးနှင့် အတူ လောကချည်နှောင် ကြယ်တာရာ နယ်မြေကို ဖန်တီးခဲ့သည်။ လောက အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ရောက်ရှိခဲ့သည်။ တစ်နေ့နေ့တွင် ဝေ့ဝူယင်က သူ့ကိုယ်သူ စုတေ ကြွေလွင့်လာသည့် နတ်ဘုရား တစ်ပါး သို့မဟုတ် နတ်ဆိုးတစ်ပါး ဝင်စားသူ ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံလာလျှင်ပင် ဝူယု အံ့ဩတော့မည် မဟုတ်ပါချေ။

"ရွှေ့..."

ဝေ့ဝူယင်က အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာကို အသုံးပြုလိုက်သော အခိုက်၌ ဝူယု တစ်ယောက် ဒူးထောက်လိုစိတ်ကို ပြင်းပြစွာ ခံစားလာရ၏။ သူ၏ ကျင့်ကြံခြင်း အခြေခံက အလိုအလျောက်ပင် လှည့်ပတ်သွားကာ ဒူးများမှာ ကွေးညွှတ်ကျသွားခဲ့၏။ ပြန်လည် သတိထားလိုက်မိသော အခိုက်၌ သူ၏ ကိုယ်ခန္ဓာမှာ တည်ငြိမ်စွာ ဒူးထောက်လျှက်သား ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

အံ့သြစရာကောင်းသည်က သူ တစ်ဦးတည်း မဟုတ်ခြင်း ဖြစ်သည်။ ထိုနေရာ၌ ရှိနေသည့် သက်ရှိအားလုံးမှာ မသိစိတ်မှ အမိန့်ပေးခံရ သကဲ့သို့ ဒူးထောက်နေကြပြီ ဖြစ်လေသည်။ သူတို့ အားလုံး၏ ဆဲလ်များ၊ အသွေး အသားများနှင့် အသိစိတ် ပင်လယ် အားလုံးမှာ ထိုစွမ်းအား၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်တွင် တုန်ယင်နေကြသည်။ ဝေ့ဝူယင် ခေါ်ဆောင်လာသည့် မီးခိုးရောင်ဝတ် သေမျိုးများ ပင်လျှင် ပုဆစ်တုတ် ဒူးထောက် နေခဲ့ကြလေ၏။

မိုင်သိန်းပေါင်းများစွာ ဝေးကွာနေသော်လည်း သူတို့ အားလုံးမှာ ဝေ့ဝူယင်၏ တည်ရှိမှုကို ခံစားနေမိကြသည်။ ဝေ့ဝူယင်၏ အသံကို ဝိညာဉ်များထဲမှ အင်ပါယာ အမိန့်တော် တစ်ခု အလား ခံစားနေခဲ့ကြရသည်။ ဝေ့ဝူယင်က ရိုးရှင်းစွာပင် “ရွှေ့” ဟု အမိန့်ပေးခဲ့သော်လည်း သူတို့အားလုံး တုန့်ပြန်ခဲ့ကြသည်။

“ဥပဒေသ...”

ဖုန်းချင်းချူက ပင့်သက်တစ်ချက် ရှိုက်ရင်း အော်ဟစ်လိုက်၏။ ဝေ့ဝူယင်၏ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ အပြီးတွင် မဟာ စက်ဝန်း ကြယ်ကွင်းပြင် ကျင့်ကြံခြင်း လောက၏ အသိပညာ ဗဟုသုတများမှာ ပေါက်ကွဲစွာ တိုးတက်လာခဲ့သည်။ ဤသည်မှာ ထိပ်သီး ပညာရှင်များက ဥပဒေသ အာဏာဟု သိထားကြသည့် အံ့သြဖွယ် စွမ်းအား တစ်ရပ်ပင် ဖြစ်သည်။

ဥပဒေသ မျိုးစေ့ကိုတော့ သူတို့ အားလုံး အကျွမ်းဝင်ပြီး ဖြစ်သည်။ ၎င်းမှာ လျှို့ဝှက် အာဏာရှင် နောက်ပိုင်း အဆင့်များကို တက်လှမ်းရန် မဖြစ်မနေ လိုအပ်ချက် တစ်ခုဟု သတ်မှတ်ထားကြသည်။ သို့သော်လည်း ၎င်းမှာ ရိုးရှင်းသော မျိုးစေ့တစ်ခုသာ ဖြစ်သည်။ စစ်မှန်သည့် ဥပဒေသ အာဏာသာလျှင် လျှို့ဝှက် အာဏာရှင် အဆင့်၏ ကန့်သတ်ချက်များကို ထိတွေ့စေနိုင်သော အရာ ဖြစ်သည်။

သာမန် သေမျိုးတစ်ဦးက ထိုမျှ ထူးဆန်းလှသည့် စွမ်းအားကို မည်သို့မည်ပုံ နားလည်ထားနိုင်သနည်း။ သို့သော်လည်း ထိုသေမျိုးမှာ သာမန် လူတစ်ယောက် မဟုတ်ပဲ အာဏာရှင် အင်ပါယာ ဖြစ်သည်ကို ပြန်လည်၍ အမှတ်ရ သွားကြသည်။

မှန်ပေ၏။ ထိုလူငယ်မှာ သူတို့ အားလုံး ခစားဖို့ ဆုံးဖြတ်ထားခဲ့ကြသည့် အရှင်သခင် ဖြစ်သည်။ သူတို့၏ အာရုဏ်ဦး အဂ္ဂိရတ် ဧကရာဇ် ဖြစ်သည်။ အကယ်၍ လောက၌ သမာရိုးကျ စံနှုန်းများကို အကန့်အသတ်မဲ့စွာ ချိုးဖျက်နိုင်သည့် သေမျိုး တစ်ယောက် ရှိခဲ့မည် ဆိုလျှင် ထိုသေမျိုးမှာ သူတို့၏ ဝေ့ဝူယင်သာ ဖြစ်ပေလိမ့်မည်။

မသိမသာပင် ထိပ်သီး ကျင့်ကြံသူ အားလုံး၏ ရင်ထဲ၌ နောက်ဆုံးသော မျိုးစေ့ ဖြစ်သည့် ဂုဏ်ယူမှု မျိုးစေ့က တဖြည်းဖြည်း ပေါက်ဖွားလာနေခဲ့တော့၏။

"ဝူယု..."

ထိုအခိုက်တွင်ပင် အသံတစ်ခုမှာ အမှောင် ဟင်းလင်းပြင် တစ်လျှောက် ပေါက်ကွဲကာ ဝူယု၏ ဝိညာဉ် အတွင်း ထိုးဖောက် ဝင်ရောက် သွားခဲ့သည်။ ဝူယု၏ ခါးက မတ်သွားကာ လက်သီးကို တင်းတင်း ဆုပ်ရင်း တည်ငြိမ်သည့် မျက်ဝန်းများနှင့် အမှောင် ဟင်းလင်းပြင်ကို လှမ်းကြည့်လိုက်၏။ ဝေ့ဝူယင်နှင့် ဟင်းလင်းပြင် နဂါးကြီးတို့ အကြားရှိ ကစားပွဲက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

"အားလုံးပဲ..."

ဝူယုက အော်လိုက်၏။ ထိုအော်သံက လူအားလုံး၏ အတွေးရထားကို ဖျက်ဆီး ပစ်လိုက်ကာ စိတ်၊ ရုပ်၊ ဝိညာဉ် သုံးခုလုံးကို အသင့် အနေအထားသို့ ရောက်ရှိသွားစေခဲ့သည်။

"အာဏာရှင် အင်ပါယာရဲ့ အမိန့်ကို စပြီး လိုက်နာဖို့ အချိန်ရောက်ပြီ..."

ဝူယုက လျှင်မြန်စွာပင် စတင် ရှင်းပြလိုက်၏။ အစပိုင်း၌ လူတိုင်း၏ အမူအရာများက ရှုပ်ထွေးနေသော်လည်း မကြာခင်မှာပင် နားလည် သဘောပေါက် လာကြကာ ထိတ်လန့်တုန်လှုပ်သည့် အမူအရာများကို ပြသလာခဲ့ကြသည်။

ဝူယု၏ ရှင်းလင်းချက်များက တိကျ၏။ မြန်ဆန်လှ၏။ ရှင်းလင်းမှု ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ လျှို့ဝှက် အော်ရာက ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာသည်။ မြေကြီးရှန့်ထိုများမှာလည်း အလျှင်မြန်ဆုံး တုံ့ပြန်ခဲ့ကြ၏။ အထူးသဖြင့် သူတို့မှာ ပထမဆုံးသော တာဝန်များကို ပိုင်ဆိုင်ထားကြလေရာ နည်းနည်းလေးမျှ နှောင့်နှေး၍ မရပါချေ။

"နားလည်ကြလား..."

ဝူယုက အော်ဟစ်လိုက်၏။

"နားလည်ပါတယ်..."

မြေကြီးရှန့်ထိုများမှာ ပြိုင်တူပင် အော်ဟစ်လိုက်ကြသည်။ ဖုန်းချင်းချူက စိုးရိမ်စွာဖြင့် ဝူယုကို လှမ်းကြည့်ရင်း နှုတ်ခမ်းများကို ကိုက်လိုက်မိ၏။ ထိုစိုးရိမ်ပူပန်မှု၏ နောက်ကွယ်တွင် ရှားပါးသည့် ချစ်ခြင်း မေတ္တာ တစ်ခု ပါဝင်နေကာ ဝူယုကိုယ်တိုင်မှာလည်း ၎င်းကို ခံစားမိပေသည်။ သူ့ နှလုံးသားက အနည်းငယ် နွေးထွေး သွားသော်လည်း စိတ်အစဉ်ကတော့ တာဝန်ကိုသာ အာရုံစိုက်နေဆဲ ဖြစ်သည်။

ရုတ်တရက်... လောကကြီး တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ ဝူယုတစ်ယောက် အချိန်ကျပြီ ဖြစ်ကြောင်း သိရှိ လိုက်ကြပြီ ဖြစ်သည်။

"နှစ်ဆယ့်သုံး စက္ကန့်... နောက်ပြန် ရေတွက်တာ စပြီ... အခုပဲ"

ဝိညာဉ် စွမ်းအင် စားလုံးများမှာ ဝူယု၏ လက်များဆီမှ စတင် လင်းလက် ထွက်ပေါ်လာခဲ့၏။ ချက်ချင်းပင် လ၏ ကောင်းကင်မှာ ခမ်းနားစွာ ပန်းချီဆွဲထားသည့် အလား ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့တော့သည်။

၂၃...

ထို့နောက်...

၂၂...

ဟင်းလင်းပြင် နဂါးကြီး၏ လှုပ်ရှားမှုများမှာ နားမလည်နိုင်အောင် လျင်မြန်လွန်းလှ၏။ သူတို့၏ အာဏာရှင် အင်ပါယာအား ကြီးမားလွန်းလှသည့် ပါးစပ်ကြီးဖြင့် မြိုချလိုက်သည့် အရိပ် တစ်ခုကိုသာ သူတို့ မြင်တွေ့နိုင်ခဲ့ကြသည်။ အားလုံး၏ အမူအရာများမှာ ဖြူရော် နေကြသော်လည်း မည်သူမျှ အော်ဟစ်ခြင်း သို့မဟုတ် အာမေဋိတ်သံပြုခြင်း မရှိခဲ့ပေ။

ဝှစ်...

ဝူယု၏ ခန္ဓာကိုယ်က ကြယ်တာရာ အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ဟင်းလင်းပြင် နဂါးကြီးဘက်သို့ ဦးတည် ရွေ့လျား သွားခဲ့၏။ သူက အလွန်လျင်မြန်လှကာ တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ထုတ်ဖော်ထား၏။ အင်ပါယာ ကောင်းကင် အော်ရာမှာ အမြင့်ဆုံးထိအောင် ရောက်ရှိနေသည်။ သူ တည်ရှိခဲ့သည့် လပင်လျှင် ခုန်ထွက်သွားသည့် အရှိန်ကြောင့် အနည်းငယ် ရွေ့လျားသွားကာ ပတ်လမ်းမှ တိုက်ရိုက် ထွက်ခွာသွားခဲ့သည်။

ဟူး... ဟူး...

အာရုဏ်ဦး ဖီဆန် နေကြယ်မှာ အလင်းတန်းများကို ထုတ်လွှတ်လာကာ ပတ်လမ်းကြောင်းကို ပြန်လည်၍ ပြင်ဆင်လိုက်သည်။ ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် လောကချည်နှောင် ကြယ်တာရာ နယ်မြေမှာ အာရုဏ်ဦး ကြယ်တာရာနယ်မြေ၏ တည်ငြိမ်မှုကို ထိန်းညှိရာတွင် အံ့သြစရာကောင်းလှသည်။ ဖီဆန်ပေါက်စလေးမှာ ဝေ့ဝူယင်၏ အမိန့်များ မလိုပါပဲ ကိုယ့်ကိုယ်ကို ကာကွယ်သည့် နည်းလမ်းများ လုပ်ဆောင်နိုင်ကာ ပင်ကိုယ် အသိစိတ် ရှိသည့် ကျင့်ကြံသူ တစ်ယောက်နှင့်ပင် ခြားနားခြင်း မရှိတော့ချေ။

သို့သော်လည်း... ဝူယု တစ်ယောက်ကတော့ ထိုအရာကို အံ့အားသင့်နိုင်ခြင်း မရှိပါချေ။ သူ့အတွက် အရေးအကြီးဆုံးက တာဝန် ဖြစ်သည်။

ဝှစ်...

မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ဝူယုမှာ ဟင်းလင်းပြင် နဂါးကြီးနှင့် မိုင်ပေါင်း နှစ်သောင်း အကွာသို့ ရောက်ရှိသွားခဲ့၏။ လျှင်မြန်စွာ ချဉ်းကပ်လာနေသည်နှင့်အမျှ သူ၏ နှလုံးသားက မိုးချုန်းသံကဲ့သို့ ပြင်းထန်သော အင်အားဖြင့် တုန်ခါလာခဲ့သည်။

ဟင်းလင်းပြင် နဂါးကြီးမှာ အလွန်ပင် ကြီးမားလှသည်။ ထိုမျှသာမက ၎င်းမှာ ထူးဆန်း ပြင်းထန်သည့် အော်ရာ တစ်ခုကို ပိုင်ဆိုင်ထားကာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည့် အော်ရာမျိုးကို ထုတ်လွှတ် နေခဲ့သည်။

ထိုအခိုက်၌ ဝူယုမှာ ရွှံ့ညွံများ အတွင်း သွားလာနေရသည့် သေမျိုး တစ်ယောက်လို ခံစား နေရ၏။ ခြေတစ်လှမ်း လှုပ်ရှားရန် အတွက်ပင် ခက်ခဲလွန်းလှသည်။ ထိုအရာမှာ အော်ရာ တစ်ခုတည်းကြောင့်လော။ ဝေ့ဝူယင်မှာ ဤအရာကို မည်ကဲ့သို့ အလွယ်တကူ ကျော်လွှားနိုင်ခဲ့သနည်း။

သို့သော်လည်း... ဝူယု ထိုအတွေးကို ချက်ချင်းပင် ဘေးဖယ်လိုက်ကာ ကလေး လက်ဖဝါးအရွယ် ရွှေရောင် နေကြယ်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အလွန်တရာ ခမ်းနား ထည်ဝါလွန်းလှသော ရောင်ဝါများကို တောက်ပစွာ ထုတ်လွှတ်နေခဲ့၏။

၎င်းမှာ ရှုယု၏ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ ထိန်းချုပ်ရေး အဆောင်ကို အတုယူ၍ ထုဆစ်ထားသည့် တိုကင် တစ်ခု ဖြစ်သည်။ ရွှေရောင် အခွံမှ ဝန်းရံထားသည့် အလယ်ဗဟိုတွင်တော့ ခုနစ်ရောင်ခြယ် နေကြယ် အမြုတေ ကဲ့သို့ အရာဝတ္ထု တစ်ခု ရှိနေခဲ့သည်။

အစစ်အမှန် ထိန်းချုပ်ရေး အဆောင်ကို လွန်ခဲ့သည့် နှစ်များကတည်းက ဝေ့ဝူယင် လွှင့်ပစ်ခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ ၎င်းကို အခြေပြု၍ ဝေ့ဝူယင် ကိုယ်တိုင် ဖန်တီးထားသည့် ပြီးပြည့်စုံသော ပုံတူပွား တစ်ခု ဖြစ်သည်။

ဧဒင်အား ပိုင်ဆိုင်ခဲ့သည့် အချိန်ကတည်းက စလို့ ဝေ့ဝူယင်မှာ ဝင်္ကပါများနှင့် အစီအရင်များ၏ ဖွဲ့စည်းပုံများ အတွင်း ကျူးကျော် ဝင်ရောက်နိုင်ခြင်းနှင့် သိမ်းပိုက်နိုင်ခြင်းတို့ ကဲ့သို့ စွမ်းရည်များကို ရရှိလာခဲ့သည်။ ရှုယု၏ ထိန်းချုပ်ရေး အဆောင်မှာလည်း အခြား ဝင်္ကပါ၊ အစီအစဉ်များနှင့် ခြားနားခြင်း မရှိပါချေ။ ချိပ်ပိတ် နယ်မြေမှာ အလွန်ပင် ရှုပ်ထွေးကာ ကြီးမား ကျယ်ပြန့်လှသော်လည်း... နယ်မြေတစ်ခုလုံးသည် အလွန်ရှုပ်ထွေးပြီး ကြီးမားကျယ်ပြန့်သော်လည်း ၎င်းသည် ကောင်းကင် ရတနာ၏ အလွှာ အထပ်ထပ် ပါဝင်သည့် အစီအရင် တစ်ခုသာ ဖြစ်သည်။

အလွှာကြားက လောက၊ အလွှာ အတွင်းက လောကနှင့် အလွှာ လောကတို့ သုံးခုမှာ မတူ ခြားနားသည့် အစီအရင်များဖြင့် ထုဆစ်ထားသည့် ဧရိယာများ ဖြစ်ကာ ထောင်ပေါင်းများစွာသော အစီအရင်များကို ထိန်းချုပ်၍ ချိပ်ပိတ်နယ်မြေကို ဖန်တီးထားခြင်း ဖြစ်သည်။

ရှုယုမှာ ခရီးသွား မြို့တော် အရှင် ဖြစ်သည်။ ထို့ကြောင့်ပင် သူက ရှာဖွေသူများ၏ နေအိမ် ဖြစ်သည့် အလွှာလောကကို ထိန်းချုပ်ရန် ဒီဇိုင်းထုတ်ထားသည့် အဆောင်ကို ပိုင်ဆိုင်ထားသည်။ ထိုနေရာတွင် အလွှာ အပြင်က လောကသားများ နေထိုင်ကြကာ ချိပ်ပိတ်နယ်မြေ၏ တည်တံ့ရေးနှင့် လုံခြုံရေး တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ကြရသည်။

ယခုအခါ၌ ဝူယုမှာ ထိုအဆောင် ပုံတူပွား တစ်ခုကို ပိုင်ဆိုင် သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ သာမန် ရိုးရိုးရှင်းရှင်း မိတ္တူများနှင့် ခြားနားပေသည်။

“စ...”

ဝူယု ပြင်းထန်စွာ အော်ဟစ်လိုက်ရင်း သူ့ထံတွင် ရှိရှိသမျှသော စွမ်းအင် အလုံးစုံကို ရွှေရောင် နေကြယ် ထဲသို့ ထည့်သွင်းလိုက်လေတော့၏။

***

All Chapters