← Chapters

ခရီးနှင်ကြခြင်း

Vol. 106 Ch. 1478

ခရီးနှင်ကြခြင်း

Vol. 106 Ch. 1478

"ထာဝရကမ္ဘာ ပေါ်လာပြီ...”

“ထာဝရကမ္ဘာ ပေါ်လာပြီဟေ့..."

အလွန်တရာ ကျယ်လောင်လှသည့် အော်ဟစ်သံများမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှိ လမ်းမကြီးများ၊ မြို့များ၊ တိုင်းပြည်များ၊ အစည်းအရုံးများ၊ နန်းတော်များ၊ ဂိုဏ်းများနှင့် မျိုးနွယ်များတစ်လျှောက် ပဲ့တင်ထပ်သွားခဲ့သည်။

နှစ်ပေါင်း ရှစ်ဆယ့်တစ်နှစ်တိုင်းတွင် ထာဝရကမ္ဘာမှာ ပေါ်လာလေ့ရှိကာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ နောက်တစ်ဖန် ပြန်လည် စတင်ပြီ ဖြစ်ကြောင်း ကြေညာလေ့ရှိသည်။ ၎င်းမှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အစွန်အဖျားရှိ ဂြိုဟ်ငယ်လေး တစ်လုံးမျှသာ ဖြစ်သော်လည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရှိ မည်သည့် နေရာကနေမဆို မြင်တွေ့နိုင်သည်။ ၎င်းမှာ အရာအားလုံးကို အပေါ်စီးမှ ကြည့်ရှုနေသည့် နတ်ဗြဟ္မာ တစ်ပါးကဲ့သို့ပင် တည်ရှိနေသည်။

၎င်းမှာ မိမိ၏ အဆင့်အတန်းကို ဆုံးဖြတ်ရန် နေရာတစ်ခု ဖြစ်သည်။

၎င်းမှာ စိန်ခေါ်ရန် နေရာတစ်ခု ဖြစ်သည်။

၎င်းမှာ ရှာဖွေရန် နေရာတစ်ခု ဖြစ်သည်။

၎င်းမှာ အသက်ငါးရာအောက် လူငယ်မျိုးဆက်တိုင်း၏ နှလုံးသားနှင့် ဝိညာဉ်များကို "ဒီမှာလာ စုဝေးကြ..." ဟု ဆင့်ခေါ် နေသယောင် ရှိသည်။ ထာဝရ ကမ္ဘာကို လှမ်း၍ မြင်တွေ့ လိုက်ရတိုင်း စိတ်မလှုပ်ရှားသူ ဟူ၍ တစ်ဦးတစ်ယောက်မှ မရှိပါချေ။ တစ်ချို့ ရွေးချယ်ခံများ ဆိုလျှင် သူတို့ ဘဝတွင် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲများကို သုံးကြိမ်၊ လေးကြိမ်ပင် ကြုံတွေ့ခဲ့ကြပြီး ဖြစ်သော်လည်း ထာဝရကမ္ဘာကို မြင်တွေ့လိုက်ရသည့် အကြိမ်တိုင်း အံ့အားသင့်နေဆဲပင်။

အဆုံးမဲ့ ကောင်းကင်၊ ဒြပ်စင် နယ်မြေ...

စာရေးစား မှတ်တမ်းတင်ထားသည့် သမိုင်းတစ်လျှောက် အငယ်ဆုံး လောက အဂ္ဂိရတ် ရှန့်ထို အာရုဏ်ဦး အာဏာရှင် အင်ပါယာ ကိုယ်တိုင် ဒြပ်စင် မူလ နှလုံးသား ရည်ရွယ်ချက်ဖြင့် ဖန်တီး ပုံဖော်ထားသော ဂြိုဟ်တစ်လုံး ဖြစ်သည့် မူလ အာရုဏ်ဦးဂြိုဟ်မှာ လောကဂိုဏ်းကြီး သုံးဂိုဏ်းအနက် တစ်ဂိုဏ်း ဖြစ်သည့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ နေအိမ် ဖြစ်ပေသည်။

ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ ဂိုဏ်းတွင်း ရွေးချယ်ခံ ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဖြစ်သည်။ ပွဲတိုင်းနီးပါးက အလွန်တရာ ပြင်းထန်သည့် သွေးထွက်သံယို ပြိုင်ပွဲများသာ ဖြစ်လေရာ ပရိသတ်တိုင်း စိတ်လှုပ်ရှား ခဲ့ရသည်။ မည်သူမှ မျှော်လင့် မထားသည့် အောင်နိုင်သူ အသစ်များ ထွက်ပေါ်ခဲ့သည်။ ထိုအထဲမှ တစ်ယောက်မှာ ရှေးဟောင်း ရွေးချယ်ခံ လင်မင် မှလွဲ၍ အခြား မည်သူ ဖြစ်နိုင်တော့မည်နည်း။

ရှေးဟောင်း ရွေးချယ်ခံ...

မူလက ထိုနာမည်မှာ ရွေးချယ်ခံ ရထူးကို လိမ်လည် လှည့်ဖျားသော နည်းလမ်းဖြင့် ရယူခဲ့သည့် လင်းမင် အတွက် လှောင်ပြောင်ခံ ဘွဲ့ထူးတစ်ခု ဖြစ်ခဲ့သည်။ ထို့အပြင်... ဂိုဏ်းချုပ် လင်းရှန်းရှန်း၏ တစ်ဦးတည်းသော သမီးဖြစ်သူ လင်းရှန်းရှဲ့နှင့် အလွန် နီးကပ်သော ဆက်ဆံရေးကြောင့်လည်း လင်းမင်ကို မုန်းတီးသူ များပြားခဲ့သည်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူ၏ နှစ်ပေါင်းများစွာ ကြိုးပမ်း အားထုတ်ခဲ့မှုများ အားလုံးမှာ နောက်ဆုံးတွင်တော့ အရသာရှိသည့် အသီးအနှံများအဖြစ် ရင့်မှည့်လာခဲ့ပြီ ဖြစ်သည်။ လင်းမင်မှာ ရွေးချယ်ခံ ဘွဲ့ကို ထိုက်ထိုက်တန်တန်ဖြင့် တရားဝင် ရယူနိုင်ခဲ့ကာ ဂိုဏ်းအတွင်း သူ၏ ဂုဏ်သိက္ခာကို ပြန်လည် ပြောင်းလဲနိုင်ခဲ့သည်။ ထိုအခိုက်၌ ရှေးဟောင်း ရွေးချယ်ခံမှာ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေကာ မောပန်းစွာဖြင့် အသက်ကို ရှူရှိုက်ရင်း ကောင်းကင်ကို စိုက်ကြည့်နေခဲ့သည်။

"ထာဝရကမ္ဘာ..."

မူလလှံတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် လင်းမင်း၏ လက်ချောင်းများက ပိုမို တင်းကျပ်လာခဲ့၏။ လင်းရှန်းရှဲ့နှင့် စတင် တွေ့ဆုံခဲ့သည့် အစောပိုင်း ကာလများတည်းက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဟု ခေါ်သည့် ဂန္တဝင် ပြိုင်ပွဲကြီး အကြောင်း သူ ကြားဖူးခဲ့သည်။

ထိုစိန်ခေါ်မှုကို ရင်ဆိုင်ကာ ကောင်းကင်ကို လှုပ်ခတ်စေနိုင်သည့် ရလဒ်တစ်ခု ဖန်တီးရန် လင်းမင် အမြဲတမ်း စိတ်ကူးယဉ်ခဲ့သည်။ သူ သူမကို ဂုဏ်ယူစေလိုသည်။ သူ့တန်ဖိုးကို သူမထံတွင် ပြသလိုသည်။ ထို့ကြောင့်ပင် သူ အစွမ်းကုန် ကြိုးစားခဲ့သည်။ ယခုတွင်တော့ ထိုအခွင့်အရေးက သူ့အရှေ့ လက်တစ်လှမ်း အလိုတွင်ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က အသံပိုင်ရှင်မှာ သူ့ကို ကျင့်ကြံခြင်း လမ်းစဉ် အသစ် တစ်ခုနှင့် မိတ်ဆက်ပေးခဲ့သည်။ ဝိညာဉ်သခင် ဝါဒီ တစ်ယောက်၏ လျှို့ဝှက်ချက်များကို လင်းမင် နားမလည်သေးသော်လည်း ၎င်းအား ရယူရန် ကျင့်ကြံခြင်းက သူ့ခွန်အားကို များစွာ တိုးတက်စေခဲ့သည်။ ထို့အပြင်... ဤသည်က သူ့ အတွက် ပထမဆုံး ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ဖြစ်လေရာ အဆင်ပေသည်။ ယခုနှစ် မဟုတ်လျှင်လည်း နောက်ထပ် နှစ်များ ရှိပေသေးသည်။

သို့သော်လည်း...

လင်းမင် ယခုနှစ်တွင်ပင် ရွေးချယ်ခံ ဧကရာဇ် ဘွဲ့ကို ရယူလိုသည်။ ၎င်းကို မရရအောင် သူ ကြိုးစားမည် ဖြစ်သည်။

...

ထာဝရ နယ်မြေ၊ တတိယ ကောင်းကင်ဂြိုဟ်...

"နောက်ဆုံးတော့ အချိန်ကျပြီပေါ့...”

စန်းယွန်းလီက ကြည်လင်ပြာလဲ့သော ကောင်းကင်ကို မော့ကြည့်ရင်း ဆိုလိုက်၏။ ထိုနေရာ၌ မည်သည့် ကြယ်တာရာထက် မဆို ပိုမို ထင်ရှားသည့် ကြယ်ကလေး တစ်လုံး ရှိနေပေသည်။ ၎င်းမှာ အချိန်မရွေး၊ နေ့ညမဟူ ထိုနေရာတွင် လင်းလက်စွာ တည်ရှိနေပေသည်။

မိန်းကလေး၏ မျက်ဝန်းများက လွမ်းဆွတ် တမ်းတသည့် အလင်းရောင်များဖြင့် ပြည့်လျှံ သွားခဲ့၏။ အတိတ်၏ အမှတ်တရများက သူမ၏ အတွေးအတွင်း လွတ်လပ်စွာ ဖြတ်သန်းသွားခဲ့သည်။ လောကနယ်မြေ အမြုတေ ပေါက်ကွဲမှုကြောင့် သူမ ဘဝတွင် တစ်ခါ သေခဲ့ရသည်။ ကံကောင်း ထောက်မစွာပင် ဒုတိယ အကြိမ်မြောက် အခွင့်အရေးကို သူမ ရရှိခဲ့သည်။

"ဒီတစ်ခါမှလည်း အရင်ကလိုပဲ အရာအားလုံး ပြောင်းလဲသွားဦးမှာလား"

အတိတ်ဘဝမှာတုန်းက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲနှင့် အတူ ကမောက်ကမ ဖြစ်ရပ်များစွာ ဖြစ်ပေါ်လာခဲ့ဖူးသည်။ ပြန်လည် မွေးဖွားပြီးနောက်တွင် သူမ ထိုဖြစ်ရပ်ကို တားဆီးရန် သို့မဟုတ် ပြင်ဆင်ရန် လုပ်ဆောင်ခဲ့ဖူးသည်။ သို့သော် ဝေ့ဝူယင်၏ တည်ရှိမှုက ထိုဖြစ်နိုင်ခြေ အလားအလာများကို ပြောင်းပြန်လှန် ပစ်ခဲ့သည်။

အသင့်မဖြစ်သေးချိန် အမိဖမ်းခံလို့ မဖြစ်ကြောင်း သူမ သိပေသည်။ အထူးသဖြင့် ထိုက်တန်သည့် ဘဝတစ်ခုကို ရရှိရန် လုပ်ဆောင်သင့်သည့် အရာများကို သူမ လုပ်ရမည်။

စန်းယွန်းလီ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ရင်း သူမ၏ နှလုံးသားက ပြန်လည် တည်ငြိမ်သွားခဲ့၏။ ကောင်းကင်ထက်ရှိ သေးငယ် ရိုးရှင်းသော ဂြိုဟ်လေးကို မော့ကြည့်ရင်း သူမ၏ မျက်ဝန်း အစုံမှာ အသစ်၊ အသစ်သော အားအင်များနှင့် တောက်ပစွာ ပြန်လည် လင်းလက် လာခဲ့တော့၏။

"အားလုံး ထာဝရကမ္ဘာ မှာ စတင်လိမ့်မယ်"

...

အဆုံးမဲ့ ကောင်းကင်၊ ရေလွှမ်းနယ်မြေ...

"ငါ ဘယ်တော့မှ ထပ်ပြီး ကြောက်ရွံ့နေတော့မှာ မဟုတ်ဘူး..."

လူငယ် တစ်ဦးမှာ နှလုံးသားထဲမှ ကျိန်ဆိုလိုက်လေ၏။

...

ထာဝရကမ္ဘာ ကောင်းကင်တွင် ပေါ်ထွက်လာသည်နှင့် တပြိုင်နက် အာရုဏ်ဦး ကြယ်တာရာ နယ်မြေသားများမှာ စတင်ကာ ထွက်ခွာနေကြပြီဖြစ်သည်။ အဆုံးမဲ့ ကောင်းကင်နှင့် အလွန် ဝေးကွာလှသည့် နေရာတစ်ခု၌ ရှိနေသည့်တိုင် သူတို့မှာ ထိုဂြိုဟ်ငယ်ကို နေ့ည အချိန်မရွေး မြင်တွေ့နိုင်နေဆဲဖြစ်သည်။ ထာဝရကမ္ဘာ၏ တည်ရှိမှုမှာ ချိပ်ပိတ်နယ်မြေသားတို့ အတွက် အလွန်ပင် နက်ရှိုင်းကာ၊ မျိုးဆက်တူ ကျင့်ကြံသူများနှင့် ရေကုန်ရေခမ်း ယှဉ်ပြိုင်လိုစိတ်များကို သူတို့ လူမှန်းသိတတ်စ အရွယ်တည်းက ပျိုးထောင် ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း အားလုံးထဲ၌ လုံးဝ ခြားနားသည့် ကျင့်ကြံသူ တစ်ဦး ရှိခဲ့ပေသည်။ သူ၏ ရည်ရွယ်ချက်က ရှင်းသည်။ ကိုယ့်ကိုယ်ကို ပြန်လည် အဖတ်ဆည်ရန် ဖြစ်သည်။ သူက နီညိုရင့်ရောင် မျက်လုံးများကို ပိုင်ဆိုင်ထားကာ သွေးရောင် ခါးပတ်ဖြင့် ပေါ့ပေါ့ပါးပါး ချည်နှောင်ထားသော ခပ်ပွပွ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ဆံပင်များက ခြေဗလာသို့ ရောက်သည် အထိ ရှည်လျား၍ ကျနေခဲ့သည်။

သူက အခြားသူ မဟုတ်...။ ဝေ့ဝူယင်၏ အစွယ်နှင့် လက်သည်းများ ဆိုသည့် ဂုဏ်ပုဒ်ကို ပြန်လည် အဖတ်ဆည်ရန် ဆုံးဖြတ်ထားသည့် ကျူးဟိုင်ပင် ဖြစ်လေသည်။

ထိုအခိုက်၌... အဆိုပါ ကျူးရန်မှာ ဟင်းလင်းပြင် ဂိတ်တံခါး တစ်ခု ရှေ့တွင် ရပ်နေခဲ့၏။ ၎င်းမှာ ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို တစ်ကြိမ်တည်းဖြင့် ဖြတ်သန်းနိုင်စွမ်း ရှိကာ ချိပ်ပိတ်နယ်မြေ၏ ရေးသား မှတ်တမ်း ထင်ထားသော သမိုင်းတစ်လျှောက် ဖြစ်နိုင်ချေ ရှိသမျှသော အသိပညာ အားလုံးကို လုံးဝ ကျော်လွန်နေပေသည်။

"ခင်ဗျား မသွားသေးဘူးပဲ..."

အနီးသို့ လူတစ်ယောက် ရောက်ရှိလာကာ ဆိုလိုက်၏။ ကျူးဟိုင်မှာ ဟင်းလင်းပြင် တံခါးကိုသာ စိုက်ကြည့်နေဆဲ ဖြစ်သည်။

"သူက ငါတို့တွေကို အတူသွားဖို့ ပြောခဲ့တယ် မလား..."

သူက နောက်ကို လှည့်မကြည့်ပဲ ဆိုလိုက်၏။ နောက်မှလူက ခေါင်းတစ်ချက် ညိတ်လိုက်သည်။

"သူ ပြောခဲ့တာတော့ ဟုတ်တယ်... ခင်ဗျား မင်း နားထောင်လိမ့်မယ်လို့ မထင်ထားဘူး"

"..."

ကျူးဟိုင် ဘာမှ ပြန်မပြောချေ။ ထို့အစား စိတ်ထဲကသာ "ငါ အမြဲတမ်း နားထောင်နေမှာပါ" တွေးလိုက်မိ၏။ ထိုကဲ့သို့ တွေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်လုံးများမှာ ငရဲကိုပင် လှုပ်ခတ်စေနိုင်သည့် ခိုင်မာပြတ်သားမှုများကို ဖော်ပြနေ၏။ ၎င်းမှာ သာမန် စိတ်ကူးစိတ်သန်းများ၏ ကန့်သတ်ချက်များကို ကျော်လွန်နေသည့် သစ္စာစောင့်သိမှုနှင့် လေးစားမှုတစ်မျိုးပင် ဖြစ်သည်။

“ကောင်းပါတယ်... ဒီပွဲက အာဏာရှင် အဖွဲ့သား တစ်ယောက် အနေနဲ့ ကျွန်တော့်ရဲ့ ပွဲဦးထွက်လေ... တစ်ယောက်တည်း သွားရရင် ပျင်းစရာကောင်းနေမှာ”

နောက်မှလူက ရယ်မောလိုက်၏။ သူ၏ အသံထဲ၌ ပေါ့ပါးလွတ်လပ်ကာ ထိန်းချုပ် မထားသည့် ခံစားမှုတစ်ခု ပါဝင်နေသော်လည်း တစ်ချိန်တည်း၌ သူကိုယ်တိုင်နှင့် မဟာမိတ်များ အပေါ် ခေါင်းဆောင် ဖြစ်သူ ပြုစုပျိုးထောင်ခဲ့သည့် နည်းလမ်းများ အပေါ် ဂုဏ်ယူမှုဖြင့် အနည်းငယ် တုန်ခါနေခဲ့သည်။

"..."

ကျူးဟိုင်မှာ အချိန် အကြာကြီး တိတ်ဆိတ် နေခဲ့၏။ ထို့နောက်တွင်တော့ သူက တစ်ကိုယ်တည်း ရေရွတ်သလို ခပ်ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“မင်း ကောင်းကောင်း လုပ်နိုင်မှာပါ"

သူ၏ စကားလုံးများက ခပ်တိုတို ပြတ်ပြတ်သာ ဖြစ်သော်လည်း နောက်ရှိ အသံပိုင်ရှင်၏ မျက်နှာ အမူအရာကတော့ ထိတ်လန့် တုန်လှုပ်ခြင်း၊ နွေးထွေးခြင်းများနှင့် ပြည့်နှက် သွားခဲ့သည်။

"ကျေးဇူးပါပဲ..."

"ကျူးဟိုင်...”

“ယောင်ဟုန်ရိ...”

“ယင်...”

ထိုအခိုက်တွင်ပင် အသံတစ်ခုမှ ပျံ့လွင့် လာခဲ့၏။ ကျူးဟိုင်၏ ခြေဖဝါးအောက်တွင် အရိပ်မည်း တစ်ခု လှိုင်းထသွားခဲ့သည်။ ၎င်းမှာ အလွန်ပင် မထင်ရှားလွန်းလှသော်လည်း ကျိန်းသေ တည်ရှိနေခဲ့သည်။

"အဆင်သင့်ပဲလား..."

ထိုအသံမှာ တကူးတက လုပ်ယူစရာ မလိုသည့် သဘာဝအတိုင်း လေးစားမှုနှင့် အမိန့်ပေးနိုင်စွမ်းကို ပိုင်ဆိုင်ထားပေသည်။

"အဆင်သင့်ပါပဲ"

ကျူးဟိုင်က အလိုက်သင့်ပင် တုံ့ပြန်လိုက်၏။

"ဟုတ်ကဲ့..."

လေးသည်တော် ဟုန်ရိက တက်ကြွစွာ အော်ဟစ်လိုက်၏။

"..."

တစ်ချိန်တည်း၌ ကြမ်းပြင်ထက်ရှိ မီးခိုးကဲ့သို့ အရိပ်မှာ အနည်းငယ် တွန့်လိမ် သွားခဲ့သည်။

"သွားကြစို့..."

အနက်ရောင် ဆံပင်၊ အနက်ရောင် မျက်လုံးများနှင့် မိန်းကလေးမှာ ကျန်သုံးဦးကို ရှေ့ဆုံးမှ ဦးဆောင်ကာ ဟင်းလင်းပြင် ဂိတ်တံခါး အတွင်း မတွန့်မဆုတ် ဝင်ရောက် လိုက်လေတော့သည်။

***

All Chapters