← Chapters

ရန်ကြွေး

Vol. 106 Ch. 1483

ရန်ကြွေး

Vol. 106 Ch. 1483

“နောက်ထပ် မိနစ်ပိုင်းလောက်ကြာရင် မိုင်ပေါင်း ထောင်ချီဝေးတဲ့ တစ်နေရာရာမှာ သူက မြူ အသစ်ဖြစ်လာလိမ့်မယ်"

အသက် အနည်းငယ် ပိုကြီးသည့် ရွေးချယ်ခံ မိန်းကလေးက ခပ်တိုးတိုး လေသံဖြင့် ဆိုလိုက်လေ၏။

"..."

အပြာရောင်ဝတ် ရွေးချယ်ခံ မိန်းကလေး ကြက်သီးမွှေးညှင်းများ ထသွားခဲ့သည်။ ဘယ်အချိန်ကမှန်း မသိလိုက်သော်လည်း ထိုအမျိုးသမီးမှာ သူမ၏ နံဘေးနားသို့ ကပ်လျှက် ရောက်နေခဲ့ကာ သူမ၏ နားနားသို့ ကပ်လျှက် တီးတိုး ပြောလိုက်ခြင်း ဖြစ်သည်။ ထိုခံစားမှုက ထူးဆန်းကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကိုပင် တုန်ယင် သွားစေခဲ့သည်။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် ဖြစ်ရပ်အား မြင်တွေ့ပြီးနောက်တွင် မည်ကဲ့သို့ တုန့်ပြန်ရမည်ကိုပင် သူမ မသိတော့ချေ။

ဝှစ်…

ပိန်သွယ်သွယ် ပုံရိပ်တစ်ခုမှာ အံ့မခန်း မြန်ဆန်မှုဖြင့် လှုပ်ရှားသွားခဲ့၏။ သူက လူငယ်၏ စွန့်ပစ် ရုပ်အလောင်းဆီသို့ ရောက်ရှိသွားကာ ကျွမ်းကျင်သော လှုပ်ရှားမှုများဖြင့် ဟင်းလင်းပြင် လက်စွပ်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ၎င်းကို ဖမ်းဆုပ်ကာ လေ၏ အမြန်နှုန်းဖြင့် ပြန်လည် ထွက်ပြေးသွားခဲ့တော့သည်။

မည်သူမျှ သူ့နောက်ကို မလိုက်ခဲ့ကြချေ။ လိုက်နိုင်သူများက လိုက်ရန် မလိုအပ်ဟု ခံစားကြရပြီး မလိုက်နိုင်သူများကမူ ထိုအံ့မခန်း ခိုးယူမှုကို အံ့အားသင့်စွာဖြင့် ငေးမော ကြည့်ရှုရန်သာ တတ်နိုင်ခဲ့သည်။

"သူ… သူ ဘာဖြစ်သွားပြီလဲ"

အပြာရောင်ဝတ် ရွေးချယ်ခံ မိန်းကလေးက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။

"ဘာဖြစ်ရမှာလဲ… အသက်ဆက်ရှင်ပြီး နန်းတော်ကြီး တစ်ခုထဲမှာ အပျိုစင်တစ်ထောင်နဲ့ ပျော်ပျော်ရွှင်ရွှင် ခံစားနေရမယ်လို့ ထင်နေတာလား… ဉာဏ်မရှိဘဲ ကျင့်ကြံခြင်းလောကမှာ သူရဲကောင်းဖြစ်ဖို့ ကြိုးစားတာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ"

ဤသည်မှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ဖြစ်သည်။ ထိုအရာကို သာမန် အတွေ့အကြုံတစ်ခု ဟု ထင်နေလျှင် မှားသွား ကြလိမ့်မည် ဖြစ်သည်။ ဤပြိုင်ပွဲ၌ ရရှိလာသမျှ အခွင့်အလမ်းအားလုံးကို သွေး၊ ချွေး၊ ဉာဏ်ပညာ၊ ခွန်အားတို့ဖြင့် ကြိုးစား ရယူရမည် ဖြစ်သည်။

မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက် မိုင်ပေါင်း ခုနစ်ထောင်ခန့် ကွာဝေးသော တစ်နေရာတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ရွေးချယ်ခံ လူငယ်လေးတစ်ဦးမှာ ပြင်းပြသော နာကျင်မှုများဖြင့် အော်ဟစ် ရုန်းကန်နေခဲ့ကာ ကောင်းကင်၊ မြေကြီးနှင့် မည်သည့် ကရုဏာရှင်ထံက မဆို အကူအညီကို တောင်းခံနေခဲ့တော့သည်။

ထိုအနားတွင် လူသုံးဆယ်ကျော် စုဝေးနေခဲ့ကြ၏။ အံ့သြစရာကောင်းသည်မှာ သူတို့ထဲ၌ အချင်းချင်းသိကျွမ်းသူ တစ်ချို့ ပါဝင် နေခဲ့ကြခြင်း ဖြစ်သည်။

"ပိုင်ကျိုး…"

နာ့ရှင်းရီက အံ့ဩတကြီး ခေါ်လိုက်၏။ ထိုအခိုက်၌ ဝူပိုင်ကျိုးမှာ ယောင်ဝေ့နှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။

ထာဝရကမ္ဘာကို ရောက်ရှိပြီး မကြာမီမှာပင် ရွှယ်ရီဖေးမှာ တစ်ယောက်တည်း ခွဲထွက် သွားခဲ့ခြင်း ဖြစ်သည်။ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့၏ ဆက်ဆံရေးမှာ အလွန်အမင်း ဆိုးရွားသည်မဟုတ်သော်လည်း သူတို့နှစ်ဦးကြားတွင် ဖော်ပြရန် ခက်ခဲသည့် အကွာအဝေး တစ်ခု ရှိနေခဲ့သည်။ ထိုအကွာအဝေးကို ပြင်းပြစွာ ယှဉ်ပြိုင်လိုသည့် ဆန္ဒတို့နှင့် ပုံဖော်ထားသော်လည်း တစ်ချိန်တည်း၌ သူတို့ နှစ်ဦးကြားတွင် ညီအစ်မကဲ့သို့ ခံစားချက် တစ်ခုလည်း ရှိနေခဲ့သည်။

ဝေ့ဝူယင် တည်းဟူသော အမည်နာမ အောက်၌ စည်းလုံး ညီညွှတ်သည့် စိတ်ဓာတ် တစ်ခု ရှိနေသော်လည်း သူတို့ နှစ်ဦးမှာ မလိုအပ်ဘဲ အတူတကွ လုပ်ဆောင်လိုခြင်း မရှိပေ။ သူတို့ နှစ်ဦးစလုံးမှာ ကိုယ်ပိုင် ကြိုးပမ်းအားထုတ်မှုနှင့် ရရှိလာသည့် အောင်မြင်မှုများကို ဝေ့ဝူယင်ထံ ပြသလိုကြသည်။ တစ်ဦးကိုတစ်ဦး အကူအညီမပေးဘဲ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၌ သင့်လျော်သည့် အဆင့်တစ်ခုကို ရယူလိုကြသည်။

အခြားတစ်ဖက်၌… နာ့ရှင်းရီကတော့ အမှောင်ယင် နန်းတော်မှ ရွေးချယ်ခံ ဂိုဏ်းတူ ညီအမ နှစ်ဦးနှင့် အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။

"ရှင်းရီ…"

ဝူပိုင်ကျိုးမှာ နာ့ရှင်းရီကို ကြည့်ကာ အံ့အားသင့် သွားခဲ့၏။ ဂြိုဟ်၏ အရွယ်အစားနှင့် ကျင့်ကြံသူအရေအတွက်ကို ထည့်သွင်းစဉ်းစားလျှင် သူတို့ နှစ်ဦး တွေ့ဆုံနိုင်ခြေမှာ အလွန်ပင် နည်းပါးလှပေသည်။

"တကယ်ပဲ နင်တို့နှစ်ယောက်လား…"

ရုတ်တရက် ပင်လယ်ပြာရောင် မျက်ဝန်းများနှင့် အညိုရောင် ဆံနွယ်ပိုင်ရှင် မိန်းကလေး တစ်ဦးလည်း ရောက်ရှိလာခဲ့သည်။

သူမသည်လည်း တိုင်းပြည်များကိုပင် စစ်ဖြစ်စေနိုင်သည့် အလှပိုင်ရှင် တစ်ယောက် ဖြစ်ကာ ဝူပိုင်ကျိုးထက် အနည်းငယ်မျှပင် မနိမ့်ကျချေ။ အထူးသဖြင့် သူမ၏ ရင်သားအရွယ်အစားမှာ ဝူပိုင်ကျိုး နှင့် နာ့ရှင်းရီ တို့နှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်သာ သာလွန်သည်။

"ကျိရန်…"

မိန်းကလေး နှစ်ယောက် အံ့သြ တုန်လှုပ်သွား၏။ သူတို့ သုံးယောက် မဆုံခဲ့သည်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီနည်း။

လင်းကျိယန်…

မှန်ပေသည်။ သူမမှာ ကောင်းကင် ချီနှလုံးသား နည်းလမ်းကို ဝေ့ဝူယင်ထံ ဆောင်ယူလာခဲ့သည့် လင်းမျိုးနွယ်ဝင် မိန်းကလေးမှ တစ်ပါး မည်သူ ဖြစ်နိုင်တော့မည်နည်း။

မိန်းကလေး သုံးယောက်၏ ဝမ်းမြောက်ဝမ်းသာ အော်ဟစ်သံများမှာ ဘေးနားရှိ လူများ၏ အာရုံစိုက်မှုများကို ခိုးယူသွားခဲ့ကြသည်။ သူတို့ကို သတိထားမိသည်နှင့် မည်သည့် အမျိုးသား၊ အမျိုးသမီးမျှ အကြည့်မလွှဲနိုင်တော့ချေ။ သူတို့မှာ ကောင်းကင်ဘုံ၏ ကောင်းချီးများကို မွေးဖွားစဉ်ကတည်းက လက်ခံ ရရှိထားဟန် ရကာ ရုပ်ရည်တစ်ခုတည်းဖြင့် ကမ္ဘာ လောကကို လှုပ်ခတ်စေရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေခဲ့သည်။

"သနားစရာ ခွေးမသားလေးပါလား"

ထိုအနားသို့ အသစ်ရောက်လာသူ တစ်ဦးက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများက ဆူးပင်များ ရစ်ပတ်ခံထားရသည့် ကောင်းချီးခံကို လှောင်ပြောင်လိုဟန်ဖြင့် စိုက်ကြည့် နေခဲ့သည်။

"..."

ထိုအသံကို ကြားသည်နှင့် နာ့ရှင်းရီ၊ ဝူပိုင်ကျိုး နှင့် လင်းကျိယန်တို့ သုံးဦးစလုံး၏ အမူအရာများမှာ ပြောင်းလဲ သွားကြ၏။ သူတို့ အားလုံး၏ မျက်လုံးများက မတိုင်ပင်ရပဲ အေးစက်မှုများနှင့် ပြည့်နှက်သွားကာ အသံပိုင်ရှင်ကို လှည့်ကြည့်လိုက်သည်။

အသစ်ရောက်လာသူမှာ ရေကဲ့သို့ အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ဖြစ်သည်။

"ငါ ကျိန်တယ်..."

နာ့ရှင်းရီက လက်သီးကို တင်းတင်းဆုပ်ရင်း ပြောလိုက်၏။

"မမယု..."

လင်းကျိရန်က လွမ်းဆွတ်ဟန်ဖြင့် ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။

"..."

ဝူပိုင်ကျိုးကတော့ လူငယ်ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့၏။ သူမ၏ စူးရဲသော မျက်လုံးများက သူ့အပေါ်မှ တစ်ချက်မျှပင် မခွာခဲ့ပါချေ။

…

တစ်ခေတ်တစ်ခါတုန်းက အမှောင်ထု ဟင်းလင်းပြင် အတွင်း မျောလွင့်နေသည့် ကုန်းမြေတိုက်ကြီး တစ်ခု ရှိခဲ့ဖူးသည်။ ထိုနေရာမှာ ဒဏ္ဍာရီလာ ထာဝရ ဧကရာဇ်၏ မွေးရပ်မြေ ဖြစ်ခဲ့သည့် အတွက် ထူးခြားသည်ဟု ပြောလို့ရသော်လည်း… အပြောကျယ်လှသည့် အမှောင် ဟင်းလင်းပြင်နှင့် နှိုင်းယှဉ်လျှင်တော့ သတိမမူမိဘဲ ပျောက်ကွယ်သွားနိုင်သည့် အစက်အပြောက်လေး တစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း မိန်းကလေး သုံးဦး ဖြစ်သည့် ဝူပိုင်ကျိုး၊ လင်းကျိရန်နှင့် နာ့ရှင်းရီ တို့၏ ကံကြမ္မာများမှာ ထိုနေရာတွင် စတင်ခဲ့ခြင်း ဖြစ်သည်။

သူတို့အားလုံးမှာ ထိုနေရာတွင် မွေးဖွား၊ ကြီးပြင်းလာကြကာ ခိုင်မာသည့် နှောင်ကြိုးတစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ကံကြမ္မာ၏ အလို အတိုင်းပင် သူတို့ သုံးဦးလုံးမှာ ကံကောင်းခြင်းများနှင့် ပြည့်စုံပြီး ထူးခြားစွာ ဆွဲဆောင်မှုရှိသည့် လူငယ်လေးတစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ သူတို့၏ ဘဝအခြေအနေများမှာ အမျိုးမျိုးကွဲပြားသော်လည်း ထိုလူငယ်လေးနှင့် ဆက်နွယ်ပြီး သူတို့အားလုံး ပေါင်းစည်းခဲ့ကြသည်။

တိုင်းပြည်တစ်ခု၏ မင်းသမီး၊ ဂိုဏ်းတစ်ဂိုဏ်း၏ ပါရမီရှင်၊ ရန်ကြွေး အတွက် လှည့်လည်သွားလာနေသူ တစ်ဦး၊ ကျိန်စာကနေ လွတ်မြောက်ဖို့ ရှာဖွေနေသည့် မိန်းကလေး တစ်ယောက်၊ အယ်ဗန် မျိုးနွယ်စု တစ်ခု၏ မင်းသမီးနှင့် မွေးစား အရိုင်းမကလေး တစ်ဦးတို့မှာ တိုင်းပြည်တိုင်းကို ပြိုလဲစေနိုင်သည့် အလှပဂေးများ ဖြစ်ကြကာ ကောင်းကင်၏ အလိုတော်အတိုင်း စုရုံးခဲ့ကြသည်။

ထိုမိန်းကလေး ခြောက်ဦးတို့မှာ ပမွှား ကုန်းမြေတိုက်ကြီး ကလေး တစ်ခုကနေ ပိုမို ကြီးမားသည့် ဂြိုဟ်တစ်ခုဆီကို ခရီးနှင်ခဲ့ကြသည်။ ခမ်းနားသည့် စင်မြင့်တစ်ခုဆီကို ရောက်ဖို့ ဆယ်စုနှစ်တစ်ခုကြာအောင် ရုန်းကန်ခဲ့ကြသည်။

သူတို့ ခြောက်ယောက်မှာ အချိန်တိုင်းနီးပါး အတူတူ ရှိနေခဲ့ကြပြီး၊ တစ်ယောက်နှင့် တစ်ယောက် မိတ်ဆွေဖွဲ့ခဲ့ကြသည်။ တစ်ခါတစ်ရံ ငြင်းခုံခဲ့ကြပြီး တစ်ခါတစ်ရံ ပြိုင်ဆိုင်ခဲ့ကြသည်။ ထိုရုန်းကန်မှုများမှ နေ၍ တည်ဆောက်ဖို့ အလွန် ခက်ခဲလှသည့် ညီအစ်မစိတ်ဓာတ်ကို ပုံဖော်နိုင်ခဲ့ကြသည်။

ထိုလမ်းကြောင်းထက်၌ ကောင်းကင် တာအို၏ သြဇာလွှမ်းမိုးခံခဲ့ရသည် ဆိုသော်လည်း ဘယ်လိုပဲ ဖြစ်ဖြစ်… သူတို့၏ ဆက်ဆံရေးများက စစ်မှန်ခဲ့ပေသည်။

***

All Chapters