ကျစ်ယန်သေဆုံးသွားခြင်း
Vol. 10 Ch. 127
ကျန်ရှိသော သူတော်စင်အဆင့်နတ်ဆိုးကြီးများသည် တောင်ထိပ်လေးခုပေါ်ရှိ အစီအရင်စက်ဝိုင်း၄ခုထံသို့ တစ်ပြိုက်နက်ခုန်ဝင်သွားကြသည်။ များစွာသော နတ်ဆိုးဝိညဥ်များစွာကလဲ သူတို့ဝိညဥ်များကို စတေးကာ အစီအရင်ကြီးများကို မရပ်မနားဖျက်ဆီနေကြ၏။
ဧရာမအစီအရင်ကြီး၃ခုသည် ထပ်မံပျက်စီးသွားခဲ့ပြီး နောက်ဆုံးအစီအရင်၁ခုသာ ကျန်ရှိတော့၏။
ကျစ်ယန်သည် ရှုယန်ကို အရိုအသေပြုလိုက်ပြီး
နောက်ဆုံးအစီအရင်စက်ဝိုင်းထံကို တရှိန်ထိုးပျံသန်းသွားခဲ့သည်။
ကျစ်ယန်သည် အစီအရင်စက်ဝိုင်းနားကို ရောက်တဲ့အခါ ရပ်တန့်လိုက်ပြီး ဝါးမျိုခြင်းကပ်လေးအစီအရင်အလှံကို ထုတ်လိုက်၏။ ကျစ်ယန်သည် ဝါးမျိုခြင်းအစီအရင်အလှံကို စတင်အသက်သွင်းလိုက်တဲ့ခါ အစီအရင်အလှံရှေ့တွင် အနက်ရောင် ဝဲကတော့ကြီးစတင်ဖြစ်ပေါ်လာခဲ့သည်။
ရှုယန်ရဲ့ ဘေးတွင် လူ၁ယောက်ပေါ်လာခဲ့၏။ သူတော်စင်အဆင့်၈ကျင့်ကြံသူနဲ့ယှဥ်နိုင်သော နတ်ဆိုးဘုရင်သည် ရှုယန်နဲ့အတူ ကျစ်ယန်အားကြည့်နေရင်း "မင်းပေါ့ဆမှုကြောင့် နတ်ဆိုးနတ်ဘုရားတွေ မလွတ်မြောက်ခဲ့ရင် မင်းကိုနတ်ဆိုးကျွန်အဖြစ်သတ်မှတ်ရလိမ့်မယ်" လို့ ရှုယန်ကို ပြောဆိုလိုက်သည်။
နတ်ဆိုးကျွန်ဆိုသည့်စကားကို ကြားလိုက်တဲ့အခါ ရှုယန်သည် တည်ငြိမ်သောအနေအထားမှ ထိပ်လန့်နေသော အနေအထားကို ပြောင်းလဲသွား၏။ ဝါးမျိုခြင်းကပ်ဘေးအစီအရင်အလှံမှ ထွက်ပေါ်လာသော အနက်ရောင်ဝဲကတော့သည် မီတာ၁၀၀၀အတွင်းရှိ နတ်ဆိုးဝိညဥ်များကို စုပ်ယူနေခဲ့သည်။
ရှုယန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး "ရှေးဟောင်းနတ်ဘုရား ၊ ရှေးဟောင်းနတ်ဘုရားကို ယာယီအသက်သွင်းခြင်းပညာရပ် " လို့ ရေရွတ်လိုက်၏။ ကျစ်ယန်ကြံစည်ထားသည်ကို ရှုယန် သဘောပေါက်သွားသည်။
လူသားသူတော်စင်အဆင့်ကျင်ကြံသူ ယဲ့ပုထန်ရဲ့ ဘိုးဘေးတို့သည် ရှေးဟောင်းနတ်ဘုရား ချန်ထားခဲ့သော မှတ်တမ်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အနာဂတ်မှာ ရှေးဟောင်းနတ်ဘုရားရဲ့ အမွေကိုဆက်ခံရန် ခေတ်အဆက်ဆက် လို့ဝှက်စွာကြိုးစားလာကြခြင်းပင်ဖြစ်၏။
သို့သော်ယဲ့ပုထန်သည် သူသေရတော့မည်ကို သိလိုက်ရသဖြင့် ကျစ်ယန်ကို စိတ်ဝိညဥ်အသံလှိုင်း
ဖြင့် ရှေးဟောင်းနတ်ဘုရားနဲ့ပက်သက်သည်များကို နောက်ဆုံးအနေနဲ့ ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။
ရှုယန်သည် တည်ငြိမ်လေးနက်ပြီး ကြောက်စရာမျက်နှာအသွင်ဖြင့် " မင်းက ဆုံးဖြတ်ပြီးပြီဆိုမှတော့ ငါကိုအပြစ်မပြောနဲ့တော့ "
ဆိုကာ အဖန်ဖန်ဖျက်ဆီးခြင်းကျင့်စဥ်ကို အသက်သွင်းလိုက်၏။
ကျစ်ယန်ရဲ့ရှေ့တွင် ကြီးမားသောလေဟာနယ်အက်ကွဲကြီးထဲမှ ဧရာမမိုးကြိုးလက်ကြီး နှစ်ဖက်ထွက်ရှိလာပြီး အလွန်မြန်သော အရှိန်နှုန်းဖြင့် ကျစ်ယန်ကို ရိုက်ချလိုက်သည်။ ကျစ်ယန်သည် အစီအရင်စက်ဝိုင်းကို ကြည့်လိုက်ပြီး "အချိန်အနည်းငယ်လိုသေးတယ်...." လို့ ပြောကာ သူ့ရဲ့ခန္ဓာကိုယ်အား ဖောက်ခွဲပစ်လိုက်၏။
များစွာသော အနီရောင်သွေးစက်များသည် အစီအရင်စက်ဝိုင်းကြီးပေါ်တွင် ပြန့်ကျဲသွားသည်။
ရှုယန်သည် သူ့စွမ်းအားကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ့စိတ်ထဲတွင် ဝမ်းနည်းမှုအချို့ဖြစ်ပေါ်နေ၏။ ရှုယန်သည် ကျစ်ယန်အား ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ပြီး မူလစိတ်ဝိညဥ်ကို ချုပ်နှောင်ထားဖို့ ကြံစည်ထားခြင်းဖြစ်သည်။
ရှုယန်သည် ဦလေး၁ယောက်အနေနဲ့ တာဝန်မကျေသလို ခံစားနေရ၏။ ရှုယန်ဘေးရှိအသူရာနတ်ဆိုးဘုရင်သည် နတ်ဆိုးဝိညဥ်များကို မြန်မြန်စတေးဖို့ စိတ်မရှည်စွာ ပြောလိုက်သည်။ ရုတ်တရက် ကျစ်ယန်ရဲ့ မူလခန္ဓာကိုယ်သည် သွေးအနည်းငယ်အန်လိုက်ရ၏။
တခြားတစ်ဖက်တွင် ဧရာမအစီအရင်၅ခုလုံးသည် ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ရှုယန်နဲ့နတ်ဆိုးဘုရင်တို့သည် ရှေးဟောင်းနတ်ဘုရားရဲ့ နောက်ဆုံးစွမ်းအင်ကို ဖျက်ဆီးဖို့ ရှာဖွေနေခဲ့၏။
တောင်ထိပ်၅ခုရဲ့အတွင်းပိုင်း ပတ်လည်တွင် အလွန်ပင် သေးငယ်သော သွေးချီမျှင်လေးသည် တစ်စုံတစ်ရာကို ရှာဖွေနေလေသည်။ ကျစ်ယန်ရဲ့မျက်လုံးများသည် တလဲ့လဲ့ဖြစ်သွားပြီး
ကြောင်အသွား၏။
သွေးချီမျှင်လေးကနေတဆင့်မြူခိုးထူထပ်၍ မှောင်မဲနေသော နေရာတစ်ခုတွင် ကျင့်ကြံသဖွယ်ရှိနေသော ခန္ဓာကိုယ်တစ်ခုကို ကျစ်ယန်ရှာတွေ့သွားသည်။ထိုခန္ဓာကိုယ်သည် အသက်မဲ့နေပြီဖြစ် သော်လည်း သေလုမတက်ကြောက်စရာ ကောင်းသော အရှိန်အဝါကြီး ထုတ်လွှတ်နေဆဲပင်ဖြစ်၏။
ကျစ်ယန်ရဲ့မူလခန္ဓာကိုယ်သည် လေဟာနယ်အက်ကွဲကြောင်းမှတဆင့် ထိုနေရာတွင် ပေါ်လာခဲ့ပြီး သူ့သွေးချီမျှင်ကိုပြန်စုပ်ယူလိုက်သည်။ ယဲ့ပုထန်ပြောဆိုခဲ့သောစကားအရ ရှေးဟောင်းနတ်ဘုရားရဲ့ နောက်ဆုံးအရင်းအမြစ် ဖြစ်မည်ဟု ကျစ်ယန် ခန့်မှန်းလိုက်၏။
ကျစ်ယန်သည် သူ့လက်ညိုးမှ သွေးနဲ့အတူ မူလစိတ်ဝိညဉ်အား ပေါင်းစပ်ကာ သူ့ရှေ့ရှိခန္ဓာကိုယ်အတွင်းကို ထည့်သွင်းလိုက်သည်။
သေဆုံးနေသော ခန္ဓာကိုယ်သည် အနည်းငယ်အသက်ဝင်လာသည့်ဟန် ဖြစ်နေခဲ့၏။
သို့သော် နဂိုအတိုင်းပင် တည်ငြိမ်လျှက်ရှိနေသည်။
ကျစ်ယန်ဘေးရှိ လေဟာနယ်သည် အနည်းငယ်ပြောင်းလဲသွားပြီ လူ၂ယောက် ထွက်ပေါ်လာခဲ့၏ ။ ကျစ်ယန်နဲ့အတူ အသက်မဲ့ကျင့်ကြံသူကို တွေ့လိုက်ရတဲ့အခါ ရှုယန်တစ်ယောက် အနည်းငယ်အံ့အားသင့်သွားသည်။
ကျစ်ယန်သည် သူထင်ထားသည့်ထက် ပိုသန်မာနေခဲ့၏။ လက်ရှိတွင် နတ်ဆိုးဘုရင်သည် ကျစ်ယန်အား အသာအယာပင် ရိုက်ချလိုက်တဲ့အခါ ကျစ်ယန်သည် လွှင့်ပျံထွက်သွားသည်။ ကျစ်ယန်သည် လွန်စွာနာကျင်မှုနဲ့အတူ သွေးများစွာ အန်လိုက်ရ၏။
ကျစ်ယန်သည် သူ့ခန္ဓာကိုယ်တခုလုံးတွင် စွမ်းအင်အငွေ့အသက်အနည်းငယ်မျှမရှိတော့သဖြင့်
သူ့ရဲ့ကျင့်ကြံမှုကို ဖျက်ဆီးခံလိုက်ရမှန်း သိလိုက်သည်။ဒါ့အပြင် သူ့ခန္ဓာကိုယ်ရဲ့ သွေးကြောများအားလုံးသည်လည်း ပြတ်တောက်သွားခဲ့ပြီဖြစ်၏။
နတ်ဆိုးဘုရင်သည် သူ့အားအနှောက်အယှက်ထပ်မပေးရန် ကျစ်ယန်ရဲ့
ကျင့်ကြံမှု လမ်းကြောင်းကို တစ်စစီဖျက်ဆီးလိုက်ခြင်းပင်ဖြစ်၏။ကျစ်ယန်သည် ရှေးဟောင်းနတ်ဘုရားပြန်လည်နိုးထလာဖို့ကိုသာ
တောင်းတနေရင်း အသက်မဲ့သွားခဲ့သည်။
နတ်ဆိုးဘုရင်သည် သူရဲ့စွမ်းအားများကို လက်ဖဝါးပေါ်တွင် စုစည်းလိုက်၏။ အနက်ရောင်မြူခိုးများသည် နတ်ဆိုးဘုရင်ရဲ့ လက်ဖဝါးပေါ်တွင် မီးတောက်သဖွယ် ဖြစ်ပေါ်လာသည်။ နတ်ဆိုးဘုရင်သည် သူ့ရဲ့အဖျက်စွမ်းအားကို အသက်မဲ့နေသော ခန္ဓာကိုယ်ပေါ်သို့ ပစ်သွင်းလိုက်၏။
နတ်ဆိုးဘုရင်ရဲ့ အဖျက်စွမ်းအားဖြစ်သော အနက်ရောင်မြူခိုးလှိုင်းကြီးသည် လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားခဲ့ပြီး လေဟာနယ်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်အေးစက်သွားခဲ့၏။
နတ်ဆိုးဘုရင်သည် အဖျက်စွမ်းအားအပြင် နောက်ထပ်စွမ်းအားများကိုပါ ထိန်းချုပ်လို့ မရတော့ပဲ ချိတ်ပိတ်ခံလိုက်ရသည်ကို သိရှိသွားတဲ့အခါ တစ်ကိုယ်လုံးတုန်ရီသောအဖြစ်ကို ကျရောက်သွားသည်။
ထို့နောက် နတ်ဆိုးဘုရင်သည် ထစ်ငေါ့ထစ်ငေါ့ဖြင့်
"ရှေး..... ရှေးဟောင်းနတ်ဘုရားပြန်လည်ရှင်သန်သွားပြီ " လို့ ကြောက်လန့်စွာ ပြောလိုက်၏။ ရှုယန်သည်လည်း သူ့စွမ်းအင်များအားလုံး ချိတ်ပိတ်ခံလိုက်မှန်း သိသွားတဲ့အခါ နတ်ဆိုးဘုရင်ထက်ပင် ကြောက်လန့်ကာ ဒူးခွေကျသွားသည်။
အသက်မဲ့နေသော ခန္ဓာကိုယ်မှ မျက်လုံးတစ်စုံသည် လျှပ်စီးတလပ်လပ်ကဲ့သို့ ပွင့်လာခဲ့၏။ စက္ကန့်ပိုင်းအတွင်းမှာပဲ နှစ်ပေါင်းသန်းချီသော မှတ်ဥာဏ်များသည် သူ့အတွေးထဲကို ရောက်ရှိလာပါတော့သည်။