နဂါးနီလေလံဗိမာန်ဂိုဏ်းကိုကယ်တင်ခြင်း
Vol. 10 Ch. 129
ကျစ်ယန်အထဲကို ရောက်ရှိသည်နှင့် လှံများ ကိုင်ဆောင်ထားသော လူအယောက်၃၀ပါသည် အဖွဲ့သည် ချက်ချင်းရောက်ရှိလာ၏။ ထိုလူများသည် နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူများဖြစ်ပြီး နတ်သူငယ်အဆင့်ကျင့်ကြံသူတစ်ဦးက ဦးဆောင်၍
လုံခြုံရေးအတွက် တာဝန်ယူနေကြသူများဖြစ်သည်။
ကျစ်ယန်နောက်ကို ခမောက်ဖြူမိန်းကလေးငယ်သည် ချက်ချင်းရောက်ရှိလာခဲ့၏။ လုံခြုံရေးခေါင်းဆောင်ဖြစ်သော နတ်သူငယ်အဆင့်ရီဖန်သည် အရိုအသေပြုလိုက်ပြီး "သခင်မလေး......အကြီးအကဲ၁က ရောက်လာတာနဲ့ သူဆီလာဖို့ ငါ့ကိုညွှန်ကြားထားတယ် " လို့ ဆိုလိုက်၏။
ခမောက်ဖြူမိန်းကလေးသည် ခေါင်းငြိမ့်ပြလိုက်ပြီး သူ့နောက်တွင် ပါလာသောလူများကိုလဲ နားခိုင်းလိုက်သည်။
မီးခိုးငွေ့တလှိုင်းလှိုင်း ထနေသော အခန်းထဲတွင် အဖိုးအို၁ယောက်ရှိနေ၏။ ကျစ်ယန်နဲ့ခမောက်ဖြူမိနိးကလေးငယ်သည် ၎င်းအခန်းကို ရောက်ရှိသည်နှင့် အဖိုးအိုသည် "ဘိုးဘေးကြီးသတင်း ဘာကြားသေးလဲ " လို့ မေးလိုက်သည်။
ခမောက်ဖြူမိန်းကလေးသည် အသံမထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ အဖိုးအိုသည် စိတ်ပျက်စွာဟန်ဖြင့် ခေါင်းခါရမ်းလိုက်ပြီး အမိန့်ပြားတံဆိပ်တစ်ခုကို ပစ်ပေးလိုက်သည်။
ထို့နောက် အဖိုးအိုသည် ပျောက်ကွယ်သွားခဲ့ပြီး "ဘိုးဘေးကြီးလဲ သေဆုံးသွားပြီဆိုတော့ ငါတို့ဂိုဏ်းက နိမ့်ဆင်းဖို့ ကျိန်းသေသွားခဲ့ပြီ ၊ ငါရဲ့ကျင့်ကြံမှုက နှေးပေမယ့် သူတော်စင်အဆင့်ကို
မရောက်မချင်း ငါသေတဲ့အထိ ကျင့်ကြံမယ် " ဟုသော အသံလှိုင်းကြီးသည် ထွက်ပေါ်လာခဲ့၏။
ခမောက်ဖြူမိန်းကလေးငယ်သည် သူ့လက်ထဲရှိ တံဆိပ်ပြားကို ကြည့်ရင်း ကျစ်ကျစ်ဆုပ်ထားလိုက်သည်။ ခမောက်ဖြူမိန်းကလေးငယ်သည်။ သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင်လုပ်လိုက်ပြီး သူ့အဖေရှိရာသို့ ကျစ်ယန်ကို ခေါ်ဆောင်သွားခဲ့၏။
ခမောက်ဖြူမိန်းကလေးငယ်သည် ကျောက်စိမ်းရေခဲကုတင်တွင် မေ့မြောနေသော သူ့အဖေချွေ့ရန်အား ကျစ်ယန်ကို ပြလိုက်သည်။ ကျစ်ယန်သည် စိတ်ဝိညဥ်မျှင်အား ချွေ့ရန်ခန္ဓာကိုယ်အတွင်းကို ထည့်သွင်းလိုက်၏။
သွေးကြောအများစုသည် ပျက်စီးနေခဲ့သော်လည်း ချွေ့ရန်သည် မူလစိတ်ဝိညဥ်ကို ကောင်းမွန်လာအောင် ကျင့်ကြံနေသည်ကို တွေ့လိုက်သည်။ ကျစ်ယန်သည် စိတ်ဝိညဥ်မျှင်ကို ပြန်သိမ်းလိုက်ပြီး လေထဲတွင် ရွေရောင်စာလုံးများ ထွင်းလိုက်ပြီး ခမောက်ဖြူမိန်းကလေးငယ်ရဲ့ အသိဥာဏ်ပင်လယ်ထဲကို ထည့်သွင်းလိုက်၏။
ကျစ်ယန်သည် ဆေးအမယ်တချို့ကို ဝယ်ခိုင်းခြင်းဖြစ်သည်။ခမောက်ဖြူမိန်းကလေးသည် အံ့အားသင့်သွားသည်။ ကျစ်ယန်သည် အဂ္ဂိရတ်ဆေးပညာရှင်တစ်ယောက်ဖြစ်မည်ဟု မထင်ထားပေ။
ခမောက်ဖြူမိန်းကလေးသည် ဆေးအမယ်အချို့ကို ချက်ချင်းပင် ရှာဖွေရန် ဂိုဏ်းသားအချို့ကို စေခိုင်းလိုက်၏။ ကျစ်ယန်သည် ရွှေအပ်မျှင်၈ချောင်းဖြင့် ချွေ့ရန်ရဲ့သွေးကြောနေရာတွေကို ပစ်သွင်းလိုက်ပြီး ဝိညဥ်စွမ်းအားတချို့ကို ထည့်သွင်းလိုက်သည်။
ကျစ်ယန်သည် သူ့ကုသနေစဥ်အတွင်း မနှောက်ယှက်ဖို့ ခမောက်ဖြူမိန်းကလေးငယ်ကို အမိန့်ပေးလိုက်ပြီး အခန်းတွင်းမှ ထွက်သွားခိုင်းလိုက်၏။ ခမောက်ဖြူမိန်းကလေးသည် အခန်းဝတွင် နတ်သူငယ်အဆင့် ကျင့်ကြံသူတွေကို လုံခြုံရေးအဖြစ် စောင့်ခိုင်းထားလိုက်သည်။
ကျစ်ယန်သည် ချွေ့ရန်အား မိနစ်ပိုင်းလောက်ကုသပြီးနောက် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲကို ဝင်လိုက်၏။ စိတ်ဝိညဥ်ကမ္ဘာထဲရှိ မျှော်စင်ကို မြင်တဲ့အခါ ကျစ်ယန်သည် တတိယအထပ်ကို တက်လာခဲ့သည်။
ခရမ်းနက်ရောင်ဝတ်ရုံ ၊ အနက်မြူခိုးများထွက်နေသော ဓားရှည် နဲ့ တြိဂံသဏ္ဍာန်ရှိသော မှော်ကျောက်တုံး သုံးခုသာရှိသော တတိယအထပ်ထဲကို ကျစ်ယန် ဝင်ရောက်လိုက်၏။ ကျစ်ယန်ရဲ့အတွေးတစ်ချက်ထဲနဲ့ သူ့ရဲ့ဝတ်ရုံသည်
ခရမ်းနက်ရောင်ဝတ်ရုံအဖြစ်ကို ပြောင်းလဲသွားပြီး အမှောင်ထုနတ်ဓားနဲ့တြိဂံမှော်ကျောက်တုံးသည် မူလနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ကျစ်ယန်သည် ပြင်ပကမ္ဘာကို ပြန်ထွက်လာချိန်တွင် ချွေ့ရန်သည် သွေးကြောများအားလုံး ပြန်လည်ကောင်းမွန်လာသည့်အပြင် သူတော်စင်အဆင့်ကို ထပ်မံတက်လှမ်းနိုင်မည့် စွမ်းအားများရရှိလာပြီဖြစ်၏။
ချွေ့ရန်သည် အံ့အားသင့်စွာဖြစ်နေခဲ့ပြီး ကျစ်ယန်မျက်လုံးများ ပြန်ဝင်လာသည်ကို မြင်သည်နှင့် လက်နှစ်ဖက်ဆုပ်လိုက်ပြီး "ဒီကအကြီးအကဲက.....ချွေ့ရန်ကို ကယ်တင်ခဲ့သူလား...." လို့ မေးလိုက်သည်။
ကျစ်ယန်သည် ခန္ဓာကိုယ်ကို အရမ်းမလှုပ်ရှားသေးနဲ့အုံးလို့ ပြောလိုက်၏။ ချွေ့ရန်သည် ကုတင်ပေါ်ကို ပြန်ထိုင်ချလိုက်သည်။ ရုတ်တရက် ပြင်ပတွင် ဆူညံသံများထွက်ပေါ်လာခဲ့၏။
ခမောက်ဖြူမိန်းကလေးငယ်သည် အခန်းရှေ့ချက်ချင်းရောက်ရှိလာခဲ့ပြီး သူ့အဖေကိုပဲ ဆက်လက်ကုသပေးဖို့ တောင်းဆိုလိုက်သည်။ ကျစ်ယန်သည် စိတ်ဝိညဥ်နတ်ဘုရားအာရုံဖြင့် မီတာ၁သောင်းထိ ထောက်လှမ်းလိုက်၏။
နဂါးနီလေလံဗိမာန်ဂိုဏ်းရဲ့ မီတာ၁ထောင်အတွင်းရှိ ကောင်းကင်ယံတွင် နတ်ဝိဇ္ဇာအဆင့်ကျင့်ကြံသူ၂၀၀ကျော် ၊ နတ်သူငယ်အဆင့်ကျင့်ကြံသူ ၁၀၀နီးပါးနဲ့ သူတော်စင်အဆင့်ကျင့်ကြံသူ၃ဦး ဦးဆောင်သော အဖွဲ့ကြီးကို တွေ့လိုက်ရသည်။
ချွေ့ရန်သည်လည်း အခြေအနေကို သတိထားမိသဖြင့် ထလိုက်တဲ့အချိန်တွင် ကျစ်ယန်သည် တားလိုက်၏။ ကျစ်ယန်ရဲ့ စွမ်းအားသည် အလွန်ပင်နက်နဲမှန်း ခန့်မှန်းမိသဖြင့် ချွေ့ရန်သည် ကျစ်ယန်စကားကို မလွန်ဆန်ခဲ့ပေ။
ခမောက်ဖြူမိန်းကလေးသည် မြေပြင်တွင်သာ ရှိနေခဲ့ပြီး ကောင်းကင်ယံကို ကြည့်လိုက်ပြီး "ဘိုးဘေးကြီးမရှိတော့တာနဲ့ ရှင်တို့၃ယောက်က အခွင့်အကောင်း ယူချင်တာလား...." လို့ မေးလိုက်၏။
ဝူဟောင်လန်မြို့တွင် သွေးသောက်ဝိညဥ်ဂိုဏ်း ၊ နဂါးနီလေလံဗိမာန်ဂိုဏ်း ၊ ငွေကြိုးကြာစင်္ကြာဂိုဏ်းနဲ့ သူတော်စင်ဓားဂိုဏ်းတို့သည် အင်အားအကြီးဆုံးဂိုဏ်းကြီတို့ပင် ဖြစ်သည်။
နဂါးနီလေလံဗိမာန်ဂိုဏ်းတွင် သူတော်စင်အဆင့်ကျင့်ကြံသူမှာ ထပ်မံထွက်ပေါ်လာခြင်း မရှိတဲ့အတွက် တခြားဂိုဏ်း၃ခုသည် အခွင့်အရေး စောင့်ဆိုင်းနေခြင်းပင် ဖြစ်၏။
ငွေကြိုးစင်္ကြာဂိုဏ်း၏ သူတော်စင်အဆင့်ကျင့်ကြံသူဘေးမှ အနီရောင်မိန်းမပျိုလေးသည် "ချွေ့ဟွာ.....နင်ကခုချိန်ထိလက်မလျော့သေးဘူးလား ၊ ဒါမှမဟုတ် နင်က နဂါးနီလေလံဗိမာန်ဂိုဏ်းက လူအားလုံးကို နင်နဲ့အတူ သေစေချင်နေတာလား..." လို့ ပြောလိုက်သည်။
သူတော်စင်ဓားဂိုဏ်းရှိ အစိမ်းရောင်မိန်းမပျိုသည်လည်း " ဖိုးဖိုး....နင်ဘာလို့အချိန်ဆွဲနေတာလဲ ၊ သူတို့အားလုံးကို မြန်မြန်သတ်လိုက်ရင် ပြီးသွားပြီမဟုတ်ဘူးလား....." လို့ ပြောလိုက်၏။
ခမောက်ဖြူမိန်းကလေးငယ်သည် အကာအကွယ် အစီအရင်ကို အသက်သွင်းလိုက်ပြီး နဂါးနီလေလံဗိမာန်ဂိုဏ်းရဲ့ ကျင့်ကြံသူ အားလုံးကို တိုက်ခိုက်ဖို့ အသင့်ပြင်ခိုင်းလိုက်သည်။
အကြီးအကဲ၄ဦးသည် ခမောက်ဖြူမိန်းကလေးအနားတွင် ရှိနေခဲ့ပြီး "ချွေ့ဟွာ.....နင်နောက်ဆုတ်နေပါ ၊ နဂါးနီလေလံဗိမာန်ဂိုဏ်းမှာ ဒီလိုနေ့ရက်မျိူး ရှိလာလိမ့်မယ်လို့ မထင်ထားမိဘူး " လို့ ဝမ်းနည်းစွာ ပြောလိုက်၏။
သူတော်စင်အဆင့်ကျင့်ကြံသူ ၃ဦးသည် သူတို့ဂိုဏ်းတပည့်များအား အကာအကွယ်အစီအရင်ကို စတင်ဖျက်ဆီးခိုင်းလိုက်သည်။