← Chapters

တာ့ချန်တိုင်းပြည်

Vol. 10 Ch. 130

တာ့ချန်တိုင်းပြည်

Vol. 10 Ch. 130

ကျင့်ကြံသူပေါင်းများစွာသည် လျှပ်စီးစိမ်းရောင်အကာအကွယ်အစီအရင်ကို စတင်တိုက်ခိုက်ဖျက်ဆီးကြလေသည်။ အချိန်အနည်းငယ်အတွင်းမှာပဲ အကာအကွယ်အစီအရင်ကြီးတွင် အက်ကွဲကြောင်းများစွာထွက်ပေါ်လာ၏။

ခမောက်ဖြူမိန်းကလေးနဲ့အတူ နဂါးနီလေလံဗိမာန်ဂိုဏ်းတစ်ခုလုံးသည် တိုက်ခိုက်ဖို အသင့်ဟန်ပြင်ထားကြချိန်တွင် " အသက်ရှုကြိမ် ၁၀ကြိမ်အတွင်း ဒီနေရာရဲ့ မီတာ၁၀၀၀အကွာကို ထွက်သွားကြ...."ဟုသော အေးစက်လွန်းသော​အသံလှိုင်းကြီး တစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုအသံလှိုင်းကြီးကြောင့် သူတော်စင်အဆင့်ကျင့်ကြံသူ ၃ယောက်ကပင် အသွေးအသားထဲထိ အေးစက်သွားခဲ့ပြီး ကြောက်လန့်သွားခဲ့၏။ နဂါးနီလေလံဗိမာန်ဂိုဏ်းရဲ့ ဂိုဏ်းသားများ အားလုံးပင်​တုန်လှုပ်သွားကြသည်။

သို့သော် သူတော်စင်အဆင့်ကျင့်ကြံသူ၃ယောက်သည် နောက်မဆုတ်ဘဲ ဆက်လက်တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်၏။ ရုတ်တရက်ထွက်ပေါ်လာသော အသံလှိုင်းကြီးသည် နဂါးနီလေလံဗိမာန်ဂိုဏ်းမှ ဖန်တီးထားသော အတုအယောင်အသံလှိုင်းဟု သတ်မှတ်ထားကြခြင်း ဖြစ်သည်။

အားလုံးသည် တိုက်ခိုက်တော့မည် ချိန်တွင် ရုတ်တရက် အသွေးအသားထိ အေးစက်လာခဲ့ပြီး

ကောင်းကင်ယံတစ်ခုလုံးတွင် ခရမ်းပြာရောင်လေဟာနယ်အက်ကွဲကြောင်းပေါင်းများစွာ ထွက်ပေါ်လာခဲ့၏။

ကျစ်ယန်သည် ခမောက်ဖြူမိန်းကလေးရဲ့ ဘေးတွင် လျှပ်တစ်ပြက်အတွင်း ပေါ်လာခဲ့ပြီး တည်ငြိမ်စွာအနေအထားဖြင့် အသူရာဓားလောကပိုင်နက်စွမ်းအားကို အသက်သွင်းလိုက်သည်။

၁၀၀၀မီတာအတွင်းရှိ ထောင်ပေါင်းချီသော လေဟာနယ်အက်ကွဲကြောင်းများစွာအတွင်းမှ အနက်ရောင်ဓားရှည်ပေါင်းများစွာသည် ချက်ချင်းဆိုသလို ထွက်လာပြီး လာရောက်တိုက်ခိုက်သော ဂိုဏ်း၃ဂိုဏ်းရဲ့ ကျင့်ကြံသူတွေကို စတင်တိုက်ခိုက်ကြ၏။

နဂါးနီလေလံဗိမာန်ဂိုဏ်းရဲ့ ကောင်းကင်ယံအထက်ရှိ သူတော်စင်အဆင့်အောက်ရှိ ကျင့်ကြံသူပေါင်းများစွာသည် အနက်ရောင်ဓားရှည်ရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။

ဂိုဏ်းချုပ်များဖြစ်ကြသော သူတော်စင်အဆင့် ကျင့်ကြံသူ ၃ယောက်သည်လည်း နောက်ဆုံးအခြေအနေကို ရောက်ရှိနေကြပြီ ဖြစ်၏။ ကျစ်ယန်သည် အသူရာဓားလောကပိုက်နက်ကို ရပ်တန့်စေလိုက်သည်။

အသူရာဓားလောကပိုင်နက် ရပ်တန့်သည်နှင့် ဂိုဏ်ူချုပ်၃ယောက်သည် ထွက်ပြေးဖို့ ဟန်ပြင်လိုက်၏။ သို့သော် လေဟာနယ်အားလုံ ချိတ်ပိတ်ခံလိုက်ရမှန်း သိလိုက်ရကြ၏။ ကျစ်ယန်သည် ခမောက်ဖြူမိန်းကလေးငယ်အား ကြည့်လိုက်ပြီး

သူတို့၃ယောက်ရဲ့ အသက်ကို သွားယူဖို့ ဆိုလိုက်သည်။

ခမောက်ဖြူမိန်းကလေးငယ်သည် သူ့ရဲ့လို့ဝှက်လက်နက်ဖြစ်သော ပန်းစင်္ကြာကို ထုတ်လိုက်ပြီး သူတော်စင်အဆင့်ကျင့်ကြံသူ၃ယောက်ထံကို ချက်ချင်းပျံသန်းသွား၏။ အသက်ဓာတ် ကုန်ဆုံးနီးပါးဖြစ်နေသော သူတော်စင်အဆင့်ကျင့်ကြံသူ ၃ယောက်သည် အသက်ချမ်းသာပေးဖို့သာ တောင်းဆိုနိုင်တော့သည်။

သို့သော် ၃ယောက်လုံးသည် ခမောက်ဖြူမိန်းကလေးငယ်ရဲ့ သတ်ဖြတ်မှုအောက်တွင် သေဆုံးသွားခဲ့၏။ ကျစ်ယန်သည် သူတော်စင်အဆင့် မူလစိတ်ဝိညဥ်၃ခုအား ချိတ်ပိတ်ကာ သိမ်းဆည်းထားလိုက်သည်။

ဝူဟောင်လန်တိုင်းပြည်တွင် အင်အားကြီးဂိုဏ်း၃ခုလုံး ပျက်စီးသွားသော သတင်းသည် အခြားသော တိုင်းပြည်များအထိ ပျံနှံသွားခဲ့၏။ ကျစ်ယန်သည် သူ့ရဲ့စွမ်းအင်များပြန်လည်တည်ငြိမ်ရန်အတွက် နဂါးနီလေလံဗိမာန်ဂိုဏ်းရဲ့ သိုဝှက်သောတောင်ထိပ် နေရာတစ်ခုတွင် အစီအရင်ကြီး ခင်းကျင်းကာ ကျင့်ကြံနေသည်။

ကျစ်ယန်သည် ရှေးဟောင်းနတ်ဘုရားအခြေခံကျင့်စဥ်နဲ့ နတ်ဘုရားဆေးဖော်စပ်နည်းတို့ကို နဂါးနီလေလံဗိမာန်ဂိုဏ်းကို ပေးအပ်ခဲ့၏။နဂါးနီလေလံဗိမာန်ဂိုဏ်းတစ်ခုလုံးသည် ကျစ်ယန်အား သူတို့ဘိုးဘေးအရှင်ဟုပင် သတ်မှတ်ထားခြင်း ဖြစ်သည်။

သူတော်စင်အဆင့်ကျင့်ကြံသူများရှိသော ဂိုဏ်း၃ဂိုဏ်းကို ဖျက်ဆီးနိုင်သည့် နဂါးနီလေလံဗိမာန်ဂိုဏ်းသည် ဝူဟောင်လန်တိုင်းပြည်ရဲ့ နံပါတ်တစ်ဂိုဏ်းတစ်ခုဖြစ်လာခဲ့၏။

ကျစ်ယန်သည် သူ့ဦးလေးရှုယန်ရဲ့ မူလစိတ်ဝိညဥ်မှတ်ဥာဏ်ထဲမှ လက်ရှိဘဝရှိ သူ့အမေရဲ့ တည်နေရာအမှန်ကို သိရှိသွားခဲ့၏။

ကျစ်ယန်သည် အဆက်မပြတ်ထွက်ပေါ်နေသော အစအနမဲ့ဖျက်ဆီးခြင်းအရှိန်အဝါများကို ပြန်ရုတ်သိမ်းလိုက်ပြီး နဂါးနီလေလံဗိမာန်ဂိုဏ်းရဲ့ ကောင်းကင်ယံအထက်တွင် ပြန်ပေါ်လာခဲ့သည်။

ကျစ်ယန်ပေါ်လာသည်နှင့် ခမောက်ဖြူမိန်းကလေးနဲ့ချွေ့ရန်သည် ချက်ချင်း ရောက်ရှိလာခဲ့ပြီး အရိုအသေပြုလိုက်၏။ ချွေ့ရန်သည် ကျစ်ယန်ထံမှ ရရှိသော ဆေးလုံးများကြောင့် သူတော်စင်အဆင့်ကို တက်လှမ်းသွားနိုင်ပြီ ဖြစ်သည်။

ခမောက်ဖြူမိန်းကလေးငယ်သည် ရွှေကနုတ်ရေးထိုးထားသော အနက်ရောင်တံဆိပ်ပြား တစ်ခုကို ပေးလိုက်ပြီး တာ့ချန်တိုင်းပြည်ရဲ့ ဖိတ်ကြားလွှာအကြောင်း ရှင်းပြလိုက်၏။ တာ့ချန်တိုင်းပြည်သည် ဝူဟောင်လန်တိုင်းပြည်ရဲ့ အနီးစပ်ဆုံး တိုင်းပြည်ကြီး တစ်ခုဖြစ်သည်။

တာ့ချန်တိုင်းပြည်တွင် သူတော်စင်အဆင့်ကို ထိုးဖောက်၍ ဒဏ္ဍာရီအရှင်သခင်အဆင့်ကို ရောက်ရှိနေသူ ၁ဦး ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူး၏။ ခမောက်ဖြူမိန်းကလေးငယ်သည်

တာ့ချန်တိုင်းပြည်ကို သူနဲ့အတူသွားဖို့ ဆန္ဒရှိလားဟု မဝံမရဲ မေးမြန်းလိုက်သည်။

ကျစ်ယန်သည် အနက်ရောင်တံဆိပ်ပြားကို သိမ်းလိုက်ပြီး ချက်ချင်းထွက်ခွာဖို့ ပြောလိုက်၏။

ခမောက်ဖြူမိန်းကလေးသည် ဝမ်းသာ၍ သွားပြီး

ကျစ်ယန်အား ကျေးဇူးတင်လိုက်သည်။

ကျစ်ယန်သည် ခမောက်ဖြူမိန်းကလေးအား သူ့အနားကို ခေါ်ဆောင်လိုက်ပြီး လေဟာနယ်အက်ကွဲကြောင်းကြီး တစ်ခုကို ဖန်တီးကာ ဝင်သွားခဲ့ကြ၏။ ခမောက်ဖြူမိန်းကလေးငယ်သည် ကျစ်ယန်ရဲ့ကျင့်ကြံခြင်းအဆင့်ကို စိတ်ဝင်စားနေခဲ့သည်။

လေဟာနယ်အက်ကွဲကြောင်းရဲ့ တဖက်ကို ရောက်တဲ့အခါ ကျစ်ယန်နဲ့ ခမောက်ဖြူမိန်းကလေးသည် ကျယ်ပြန့်သော ဆေးအမယ်မျိုးစုံရှိနေသော စိုက်ခင်းပြင်ကြီး တစ်ခုကို တွေ့လိုက်ရ၏။

သာမာန်လူသားများစွာသည် ဆေးအမယ်များကို ဂရုတစိုက်ခူးယူနေသည်ကို ကျစ်ယန်တွေ့ရှိလိုက်ရသည်။ ကျစ်ယန်သည် သူ့ရဲ့အဝတ်အစားများကို သာမန်လူပုံစံအဖြစ်ကို ပြန်ချိန်းလိုက်ပြီး လူအများထံကို လမ်းလျှောက်သွားလိုက်၏။

ဆေးအမယ်များကို ကြီးမားသည့် သစ်သားဘူးထဲကို ထည့်နေသော ကလေးမလေးသည် သူ့အနားကို ရောက်လာသည့် ကျစ်ယန်ကို မြင်တဲ့အခါ

"မင်္ဂလာပါဦးဦး......လုခယ်ရှိက ဆေးပင်တွေကို ဝယ်ဖို့လား...." လို့ မေးမြန်းလိုက်သည်။

ကျစ်ယန်သည် ကျယ်ပြန့်သော စိုက်ခင်းပြင်ကြီးကို ကြည့်လိုက်ပြီး "ဦးဦးမေးတာ ဖြေနိုင်ရင်.....ဦးဦးရှိက မင်းကြိုက်တာတောင်းဆိုနိုင်တယ် " လို့ ဆိုလိုက်၏။ ခမောက်ဖြူမိန်းကလေးငယ်သည် ကျစ်ယန်ကို ကြည့်ကာ အံ့အားသင့်နေလေသည်။

လူပေါင်းများစွာကို ညှာတာခြင်းမရှိ သတ်ဖြတ်ခဲ့သော သူသည် ကလေးငယ်တစ်ယောက်နဲ့ သိမ့်မွေ့စွာ ပြောဆိုနေလိမ့်မည်ဟု မထင်ထားပေ။ လုအယ်ဆိုသော ကလေးမလေးသည် မျက်ဝန်းများမှာ တလဲ့လဲ့ဖြစ်သွာပြီး "ဦးဦးမေးပါ...လုခယ်ကြိုက်တာပေးမယ်ဆိုတာကို ကတိတည်ရမယ်နော် " လို့ ဆိုလိုက်၏။

ကျစ်ယန်သည် လုခယ်ရဲ့ ခေါင်းလေးကို ပွတ်လိုက်ပြီး "တာ့ချန်တိုင်းပြည်နဲ့ ပက်သက်ပြီး မင်းသိသလောက် ပြောပြရင် ရပြီ " လို့ ပြောလိုက်သည်။ လုခယ်သည် ချက်ချင်းပင် ပျော်သွားပြီး သူ့သိထားသော တာ့ချန်တိုင်းပြည်ရဲ့အကြောင်းအချို့ကို ရှင်းပြလိုက်၏။

All Chapters