မှော်လက်နက်ခန်းမ
Vol. 10 Ch. 131
လုခယ်သည် သူ့သိရှိထားသော တာ့ချန်တိုင်းပြည်အကြောင်း ပြောပြလိုက်သည်။
တာ့ချန်တိုင်းပြည်တွင် အင်အားအကြီးဆုံးဂိုဏ်း၇ဂိုဏ်းပင်ရှိ၏။
ဒါ့အပြင် တော်ဝင်မိသားစု ၊ အစီအရင်ခန်းမ ၊ အဂ္ဂိရတ်ခန်းမ နဲ့ မှော်လက်နက်ခန်းမတို့သည် ဂိုဏ်း၇ဂိုဏ်းနဲ့ အတူ ရပ်တည်နိုင်သော အင်အားမျိူးရှိသည်။
အမည်းရောင်ဝိညဥ်ဂိုဏ်း ၊ သွေးနဂါးဂိုဏ်း ၊ မှောင်မိုက်လဂိုဏ်း ၊ ရွှေဗုဒ္ဓဂိုဏ်း ၊ အရိပ်ဓားဂိုဏ်း ၊ သွေးဓားဂိုဏ်း နဲ့ ညဥ့်နက်ယံကောင်းကင်ဂိုဏ်းဟု၍ ဂိုဏ်း၇ဂိုဏ်းပင်ရှိပြီး သူတော်စင်အဆင့်ကျင့်ကြံသူများစွာ ရှိမှန်း ကျစ်ယန်သည် သိလိုက်ရ၏။
ကျစ်ယန်သည် ထပ်မမေးတော့ဘဲ လိုချင်တာတောင်းဆိုဖို့ လုခယ်ကို ပြောလိုက်သည်။
လုခယ်သည် မဝံမရဲစွာဖြင့် ဖမ်းဆီးခံထားရသော သူ့အကိုကို တွေ့လျှင် ကယ်ထုတ်ပေးနိုင်ဖို့ ပြောလိုက်၏။
လုချွမ်လို့ ခေါ်သော လုခယ်ရဲ့ အကိုသည် သွေးဓားဂိုဏ်းရဲ့ ဖမ်းဆီးခြင်းကို ခံထားရသည်။ သွေးဓားဂိုဏ်းသည် ရက်စက်ပြုမူသော စရိုက်နဲ့ တာ့ချန်တိုင်းပြည်တွင် အလွန်နာမည်ကြီး၏။
ကျစ်ယန်သည် လုခယ်အားခေါင်းငြိမ့်ပြလိုက်ပြီး ခမောက်ဖြူမိန်းကလေးငယ်နဲ့ အတူ ပျောက်ကွယ်သွားခဲ့ပြီး တာ့ချန်တိုင်းပြည်ရဲ့ စည်းကားသော လူအုပ်ကြီးထဲတွင် ပြန်ပေါ်လာခဲ့သည်။
တာ့ချန်တိုင်းပြည်တွင် ကျင်းကျန်မြို့သည် နေရာသည် အင်အားအကြီးမားဆုံးမြို့ဖြစ်ပြီး သာမာန်လူများ နည်းပါးသော နေရာပင် ဖြစ်၏။ ကျင်းကျန်မြို့ရဲ့ တားမြစ်ခန်းမထဲတွင် လူပေါင်းများစွာသည် ထိုင်လျက်ရှိနေကြသည်။
တားမြစ်ခန်းမထဲတွင် ရှိနေသော ကျင့်ကြံသူများသည် တာ့ချန်တိုင်းပြည်သာမက တခြားသော တိုင်းပြည်များစွာကလဲ ပါဝင်နေ၏။
ကျစ်ယန်သည် တားမြစ်ခန်းမကို တွေ့တဲ့အခါ အစီအရင်တစ်ခုနဲ့ ပိတ်ဆို့ထားမှန်းသိလိုက်တဲ့အတွက် အနက်ရောင်တံဆိပ်ပြားကို ထုတ်လိုက်သည်။
ကျစ်ယန်သည် အနက်ရောင်တံဆိပ်ပြားကို ကိုင်လိုက်သည်နဲ့ အစီအရင်ပေါ်တွင် တံခါးပေါက်တစ်ချပ်သဏ္ဍာန်ယာယီဖြစ်ပေါ်လာခဲ့၏။ ကျစ်ယန်နဲ့ ခမောက်ဖြူမိန်းကလေးငယ်သည် တားမြစ်ခန်းမထဲကို ဝင်လာတဲ့အခါ များစွာသောကျင့်ကြံသူတွေရဲ့ အထင်သေးသော မျက်လုံးများစွာထွက်ပေါ်လာလေသည်။
ကျစ်ယန်တို့သည် နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး တည်ငြိမ်လျက်ရှိနေခဲ့၏။ ကျစ်ယန်သည် အနက်ရောင်ဇာပုဝါလွမ်းခြုံထားသော မိန်းကလေးငယ်ထံမှ အငွေ့အသက်ကို ခံစားမိသဖြင့် အတွေးတစ်ချို့သည် သူ့ခေါင်းထဲ ရောက်လာခဲ့သည်။
အချိန်အနည်းငယ်အတွင်းမှာပဲ လူကြီးပိုင်းတစ်ယောက်သည် သူဖမ်းဆီးလာသော နတ်ဆိုးတစ်ကောင်ရဲ့ ဝိညဥ်ကို ထုတ်လိုက်ပြီး
နတ်ဆိုးတွေရဲ့ တည်နေရာကို သူသိကြောင်း ပြောပြလိုက်၏။
နတ်ဆိုးဝိညဥ်ဖမ်းဆီးထားသော လူကြီးရဲနာမည်သည် ယင်မင်းပင် ဖြစ်ပြီး မှောင်မိုက်တိုင်းပြည်ရဲ့ ထိပ်ဆုံးကျင့်ကြံသူပင်ဖြစ်သည်။ ဒါ့အပြင် ယင်မင်းသည် တာ့ချန်တိုင်းပြည်တွင် အစီအရင်ခန်းမနဲ့ မှော်လက်နက်ခန်းမနဲ့ သွေးဓားဂိုဏ်းတို့ရဲ့ ကျောထောက်နောက်ခံအနေအထားကို ပိုင်ဆိုင်ထားသူပင်ဖြစ်၏။
ယင်မင်းသည် နတ်ဆိုးမျိုးနွယ်ကို သူနဲ့အတူတိုက်ခိုက်ရန် တိုင်းပြည်များစွာရဲ့ ကျင့်ကြံသူများစွာကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။
တားမြစ်ခန်းမထဲရှိ လေဟာနယ်အက်ကွဲကြောင်းတစ်ခုမှ လူတစ်ယောက်ထွက်ပေါ်လာခဲ့ပြီး "အကြီးအကဲယင်မှာ ဆိုရိုးစကားရှိတယ် ၊ အဲ့တာက သူ့အတွက်အကျိုးအမြတ်မရှိဘဲ ဘယ်အရာမှာ မလုပ်ဘူးတဲ့....." လို့ အားလုံးကြားအောင် ပြောလိုက်၏။
ထိုလူကတော့ တာ့ချန်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား၃ပင် ဖြစ်သည်။
ယင်မင်းသည် ရယ်မောလိုက်ပြီး သူသိရှိထားသော လို့ဝှက်ချက်ကို ပြောပြလိုက်သည်။
နတ်ဆိုးဝိညဥ်တွေ တည်ရှိသောနေရာသည် နှင်းရေခဲနန်းတော်ပင် ဖြစ်ပြီး ထိုနေရာတွင် ရှေးဟောင်းနတ်ရေကန်ရှိသည့်အတွက် ကျင့်ကြံမည်ဆိုလျှင် အနာဂတ်မှာ ဒဏ္ဍာရီအရှင်သခင်အဆင့်ကို လျင်မြန်စွာ ရောက်နိုင်ကြောင်း ရှင်းပြလိုက်၏။
ရှေးဟောင်းနတ်ရေကန်ဟု ကြားလိုက်တဲ့အခါ ကျင့်ကြံသူအားလုံးသည် အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။ တားမြစ်ခန်းမထဲတွင် ဆူညံနေချိန်အတွင်း "ရှေးဟောင်းနတ်ရေကန်အစစ်ဖြစ်ကြောင်း အကြီးအကဲယင်က အတည်ပြုပြီးပြီလား...." ဟုသော စကားသံသည် ထွက်ပေါ်လာခဲ့၏။
အားလုံးရဲ့ မျက်လုံးများသည် ကျစ်ယန်ပေါ်ကျရောက်လာခဲ့ပြီး မင်းသား၃သည် ဒေါသလေသံဖြင့် "အကြီးအကဲယင်ရဲ့စကားကို မေးခွန်းထုတ်ရဲတာ မင်းကသေချင်နေတာလား....."လို့ မောက်မာစွာ ပြောလိုက်သည်။
ယင်မင်းသည် သူ့ထိုင်ခုံတွင် ပြန်ထိုင်ချလိုက်ပြီး
"မင်းက ဘယ်တိုင်းပြည်ကလဲ ၊ နောက်ပြီး မင်းစိတ်မဝင်စားရင် ခုချက်ချင်း ထပြန်နိုင်တယ်" လို့ ဆိုလိုက်၏။ ခမောက်ဖြူမိန်းကလေးငယ်သည်
ကျစ်ယန်ထွက်ဆိုမည့်စကားကိုသာ စောင့်မျှော်နေသည်။
ကျစ်ယန်သည် ထိုင်နေရာမှ ထလိုက်ပြီး "ဒီနေရာက ငါ့ကို မကြိုဆိုမှတော့ ငါတို့သွားကြတာပေါ့ " လို့ ဆိုလိုက်၏။ ကျစ်ယန်နဲ့ ခမောက်ဖြူမိန်းကလေးငယ်သည် တားမြစ်ခန်းမအတွင်းမှ ထွက်လာခဲ့သည်။
ခန်းမအတွင်းတွင် ကျန်ရစ်ခဲ့သော ယင်မင်းသည် သူ့ထိုင်ခုံလက်တန်းအား ဆုပ်ကျစ်လိုက်ပြီး "ငါ့စကားကို လျစ်လျူရှုရဲတယ်......" လို့ မကျေမနပ်စွာ တီတိုးပြောဆိုနေခဲ့၏။
တားမြစ်ခန်းမကို စောင့်ကြပ်နေသောသူသည် ယင်မင်းနဲ့ဆက်ဆံရေး ကောင်းမွန်သူဖြစ်သဖြင့် ကျစ်ယန်တို့အကြောင်း ချက်ချင်းစုံစမ်းခိုင်းလိုက်သည်။ကျစ်ယန်တို့သည် ဝူဟောင်လန်တိုင်းပြည်မှ လာမှန်းသိသွားတဲ့အခါ ယင်မင်းသည် အနည်းငယ် ပြုံးလိုက်၏။
ကျစ်ယန်နဲ့ခမောက်ဖြူမိန်းကလေးသည် ခန်းမထဲမှ ထွက်လာခဲ့ပြီးနောက် နတ်သူငယ်အဆင့်ကျင့်ကြံသူ ၅ယောက်သည် တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။
ခမောက်ဖြူမိန်းကလေးငယ်သည် သတိမထားမိပေ။
အလွန်လျင်မြန်သော လှံတစ်ချောင်းသည် ကျစ်ယန်ထံကို လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာ၏။
သို့သော် ၎င်းလှံသည် ကျစ်ယန်ရဲ့တစ်လက်မအကွာတွင် ရပ်တန့်သွားပြီး
ပစ်သွင်းလိုက်သော လူထံသို့ လျှပ်စီးသဖွယ် ပြန်ရောက်ရှိသွားသည်။ ပုန်းကွယ်နေသော လူ၅ယောက်ထဲမှ ၁ယောက်သည် မြေပြင်ပေါ်ကို သေလူအဖြစ်နဲ့ ပြုတ်ကျသွား၏။
ကျစ်ယန်သည် တည်ငြိမ်အေးစက်စွာဖြင့် "မသေချင်သေးရင် မျက်စိတစ်မှိတ်အတွင်း ထွက်သွားကြ...." လို့ ဆိုလိုက်သည်။ ကျစ်ယန်ရဲ့ စကားသံတွင် သတ်ဖြတ်ခြင်းအရှိန်အဝါများ ပါဝင်နေသဖြင့် ကျန်သော ၄ယောက်သည် လှည့်မကြည့်ဘဲ တရှိန်ထိုး ထွက်ပြေးသွားကြ၏။
ခမောက်ဖြူမိန်းကလေးသည် ကျစ်ယန်အား လက်နှစ်ဖက်ဆုပ်ရင်း လက်နက်တချို့ဝယ်ဆောင်သွားဖို့ တောင်းဆိုလိုက်သည်။ ကျစ်ယန်ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ခမောက်ဖြူမိန်းကလေးငယ်သည် ဝမ်းသာသွား၏။
မှော်လက်နက်ခန်းမတံခါးဝရှေ့တွင် များစွာသော လူအုပ်ကြီး ရှိနေခဲ့သည်။ မှော်လက်နက်ခန်းမတံခါးဝတွင် ဝတုတ်တုတ်ဖြင့်လူသည် ယပ်တောင်လေး ခပ်နေရင်း တန်းစီနေသော လူအုပ်ကြီးအား မတိုးဖို့ ပြောလိုက်၏။
ခမောက်ဖြူမိန်းကလေးငယ်ရဲ့ ဘေးသို့ လူငယ်တစ်ယောက်ရောက်ရှိလာခဲ့ပြီး "မင်္ဂလာပါ ဂျူနီယာညီမလေး မင်းလဲ အကြီးအကဲဝူးကျန်းကို လက်နက်တောင်းဆိုဖို့ ရောက်လာတာလား " လို့ ဆိုလိုက်သည်။
ခမောက်ဖြူမိန်းကလေးငယ်သည် ထိုလူအား
ခေါင်းငြိမ့်ပြလိုက်၏။ မှော်လက်နက်မခန်းမထဲမှ လူ၁ယောက်သည် ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာပြီး သူ့နောက်တွင် လူ၂ယောက် လိုက်ပါလာခဲ့သည်။
ဝတုတ်တုတ်လူကြီးသည် ထို၃ယောက်ကို တွေ့တဲ့အခါ ချက်ချင်းပင် အရိုအသေပြုလိုက်ပြီး "အကြီးအကဲဝူးကျန်းနဲ့ အကြီးအကဲတို့၂ယောက်က အငယ်လေးရှိ ဘာလို့ ရောက်လာတာလဲ မသိဘူး " လို့ ဆိုလိုက်၏။