← Chapters

နတ်ဘုရားလက်နက်ဖန်တီးခြင်း

Vol. 10 Ch. 132

နတ်ဘုရားလက်နက်ဖန်တီးခြင်း

Vol. 10 Ch. 132

ဝူးကျန်းလို့ ခေါ်သောအကြီးအကဲသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလိုက်ပြီး တန်းစီနေသော လူများကို ကြည့်လိုက်၏။ ဝူးကျန်းသည် ရှေ့သို့ အနည်းငယ် ထပ်လျှောက်လိုက်ပြီး သူ့သိုလှောင်ကွင်းထဲမှ ဓား၁ချောင်းကို ထုတ်လိုက်သည်။

လေပေါ်တွင် လွင့်မျောနေသော ဓားရှည်ထံမှ စွမ်းအားကြီးမားသည့် အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် အားလုံးသည် မျက်တောင်မခတ်ကြည့်ရှုနေကြ၏။

ခမောက်အနက်ရောင်ဆောင်းထားသော လူကြီးတစ်ယောက်သည် "အဲ့ဓားကို ရောင်းမယ်ဆိုရင် ငါ့မှာရှိတဲ့ လက်နက်ကုန်ကြမ်းတွေအားလုံး မင်းတို့အပိုင်ပဲ..." လို့ ဆိုလိုက်သည်။

တန်းစီနေသော လူအားလုံးသည် ခမောက်နက်ဆောင်းထားသော လူကြီးအား ကြည့်လိုက်ပြီး "အကြီးအကဲချီဖုန်းပဲ...သူ့က မှော်လက်နက်ခန်းမရဲ့ ရန်သူဆိုလဲ မမှားဘူး...." လို့ ရေရွတ်လိုက်ကြ၏။

ဝူးကျန်းသည် ပြုံးလိုက်ပြီး " ချီဖုန်း.....မင်းက ရှေ့တစ်ခေါက်က ကိစ္စကို မမေ့သေးတာလား..." လို့ ပြောလိုက်သည်။ ချီဖုန်းသည် သွေးဓားဂိုဏ်းရဲ့ အကြီးအကဲ၁ဦးဖြစ်၍ မှော်လက်နက်ခန်းမကို ပြသာနာရှာဖူး၏။

တခြားဂိုဏ်း၆ဂိုဏ်းလုံးသည် ချီဖုန်းရဲ့လုပ်ရပ်ကို ရှုံချခဲ့သဖြင့် သွေးဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်သည် ချီဖုန်းကို နှစ်အတော်ကြာ ပိတ်လှောင်ထားခဲ့ခြင်းဖြစ်သည်။ မှော်လက်နက်ခန်းမရဲ့ ထောက်ပံမှုကြောင့် တာ့ချန်တိုင်းပြည်တစ်ခုလုံးမှာ ထူးခြားသော လက်နက်များ ရှိနေကြခြင်းဖြစ်၏။

ချီဖုန်းသည် ဝူကျန်းစကားကြောင့် ဒေါသထွက်သွားသော်လည်း စိတ်လျော့ကာဖြင့် ထွက်ခွာသွားခဲ့၏။ ဝူကျန်းသည် သူ့ရဲ့ဓားကို လက်ဖဝါးဖြင့် ပွတ်သပ်လိုက်ပြီး "ဒီဓားကို ငါဖန်တီးချိန်မှာ အားနည်းချက်တွေ ရှိခဲ့တယ် ၊ အဲ့အားနည်းချက်ထဲက ၁ခုကို ပြောနိုင်တဲ့သူက ဒီဓားရဲ့ ပိုင်ရှင်ပဲ " လို့ တည်ငြိမ်စွာ ပြောလိုက်သည်။

တန်းစီနေသော လူအုပ်ကြီးထံမှ ဆူညံသံပေါင်းစုံ ထွက်ပေါ်လာခဲ့၏။ ရုတ်တရက် ဝူကျန်းသည် စိတ်ဝိညဥ်အသံလှိုင်းဖြင့် သူ့ရှိပို့လွှတ်လိုက်သော တည်ငြိမ်ပြတ်သားသော အသံကို ကြားလိုက်ရသဖြင့် ချက်ချင်း ရှာကြည့်လိုက်သည်။

ဝူကန်းကြားလိုက်ရသော အသံမှာ "မိုးမြေမီးတောက်အားနည်းခြင်းမှ ပုံစံတည်ဆောက်ခြင်းလွဲချော် ၊ သန့်စင်တောင်ထွပ်ရေချိန်ကျော်လွန်ခြင်းအပြင် လက်နက်ကုန်ကြမ်းမှားယွင်းခြင်း.." ဟုသော အသံပင် ဖြစ်၏။

ဝူကျန်းသည် ကျစ်ယန်အား စိုက်ကြည့်လိုက်ပြီး

"ခုနက အသံပို့လွှတ်လိုက်တာ မင်းမလား...." လို့ စိတ်ဝိညဥ်အသံလှိုင်းနဲ့ပင် ကျစ်ယန်အား မေးလိုက်သည်။ ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်၏။

ဝူကျန်းသည် ဓားရှည်အား ကျစ်ယန်ကို ပေးမည့်ချိန်တွင် ကျစ်ယန်သည် ဓားရှည်အစား တခြားအရာတစ်ခုကို တောင်းဆိုလိုက်သည်။ ဝူကျန်းသည် ကျစ်ယန်တောင်းဆိုသည့်အရာကြောင့် အံ့အားသွင်းပြီး သူ့ဘေးရှိ ၂ယောက်နဲ့ တိုင်ပင်လိုက်၏။

အချိန်ခဏအကြာတွင် ဝူကျန်းသည် သူ့ဓားကို သိမ်လိုက်ပြီး ကျစ်ယန်အား သူ့နဲ့အတူ ခေါ်ဆောင်သွားခဲ့သည်။ ခမောက်ဖြူမိန်းကလေးငယ်သည် ကြောင်အစွာနဲ့ ကျစ်ယန်နောက်ကို လိုက်ပါသွာခဲ့၏။

ဝတုတ်တုတ်လူနဲ့အတူ တန်းစီနေသော လူများသည်

အံ့အားသင့်စွာနဲ့ ကျန်ရစ်ခဲ့ကြလေသည်။ မှော်လက်နက်ခန်းမရဲ့ အခန်းကျယ်တစ်ခုထဲကို ရောက်လာခဲ့တဲ့အခါ ဝူကျန်းသည် "ဒီအခန်းက ငါ့ပိုင်တဲ့နေရာဆိုလဲ မမှားဘူး ၊ ငါရဲ့လက်နက်ကုန်ကြမ်းတွေ မင်းအများကြီး မဖြုန်းဖို့ မျှော်လင့်တယ်...." ဟု ပြောလိုက်၏။

ကျစ်ယန်သည် အခန်းထောင့်နေရာတွင် ရှိသော နံရံအံဆွဲများအတွင်းထဲရှိ လက်နက်ကုန်ကြမ်းများကို စစ်ဆေးလိုက်သည်။ ကျစ်ယန်သည် နောက်ကွယ်မှ သူ့အား စောင့်ကြည့်နေသူရှိမှန်း သတိထားမိသွားတဲ့အခါ အကာအကွယ်အစီအရင်တစ်ခုကို အသက်သွင်းလိုက်၏။

ကျစ်ယန်သည် လိုအပ်သော လက်နက်ကုန်ကြမ်းများကို စုပ်ယူလိုက်ပြီး ခရမ်းနက်ရောင်မီးတောက်ဖြင့် စတင်လောင်ကျွမ်းစေခဲ့သည်။ များစွာသော အဖိုးတန်ကျောက်မျိုးစုံသည် လေဟာနယ်ထဲတွင်

မီးလောင်းကျွမ်းနေခဲ့၏။

ဝူကျန်းနဲ့ အခြားလူများသည် မျက်တောင်မခတ်ကြည့်နေခဲ့ကြသည်။ မိနစ်ပိုင်းအတွင်းမှာပဲ လက်နက်ကုန်ကြမ်းများဖြစ်သော ရတနာကျောက်မျိူးစုံသည် အရည်အဖြစ်ကို တဖြည်းဖြည်း စတင် ပြောင်းလဲသွား၏။

ကျစ်ယန်သည် လက်ချောင်းများ အနည်းငယ် လှုပ်ရှားလိုက်တဲ့အခါ ဓားချီအလင်းတန်းပေါင်းများစွာသည် အရည်အဖြစ်ပြောင်းလဲသွားသော လက်နက်ကုန်ကြမ်းများကို ၇ခုလောက်ထိ ပိုင်းခြားလိုက်သည်။

ကျစ်ယန်သည် စိတ်ဝိညဥ်စွမ်းအားဖြင့် အရည်ပျော်နေသော လက်နက်ကုန်ကြမ်းများကို ထိန်းချုပ်ကာ ပုံစံတည်ဆောက်လိုက်၏။ အမျိူးအစားမတူညီသော လက်နက်၇ခုသည် လေဟာနယ်ထဲတွင် လွင့်မျောနေလေသည်။

ဝူကျန်းနဲ့ အခြားအကြီးအကဲများသည် ကလေးငယ်သဖွယ် ကြည့်နေခဲ့ပြီး မယုံကြည်နိုင် ဖြစ်နေကြ၏။ ကျစ်ယန်သည် မီးတောက်ကို ရုတ်သိမ်းလိုက်ပြီး မိုးရေစက်များဖန်တီးကာ လက်နက်များပေါ်ကို ပက်ဖြန်းစေလိုက်သည်။

အခန်းအပြင်ဘက်တွင် "နောက်ဆုံးအဆင့်သာ အောင်မြင်ရင် သူရဲ့ စွမ်းအားက ဧကရာဇ်အဆင့်ထက်ကျော်လွန်နိုင်တယ်"ဟုသော အသံတစ်ခုသည် တီတိုးစွာ ထွက်ပေါ်လာခဲ့၏။

ကျစ်ယန်သည် သူ့လက်နှစ်ဖက်ကို လျင်မြန်စွာ လှုပ်ရှားလိုက်တဲ့အခါ ပုံစံအရောင်မတူညီသော အစီအရင်စက်ဝိုင်းများစွာ ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် အစီအရင်စက်ဝိုင်းများကို လက်နက်၇ခုထံကို ထည့်သွင်းလိုက်၏။

ကျစ်ယန်သည် လေဟာနယ်တွင် ငွေရောင်စကားလုံးအချို့ကို ရေးဆွဲလိုက်ပြီး လက်နက်တစ်ခုချင်းစီကို ထပ်မံထည့်သွင်းလိုက်သည်။ ကျစ်ယန်သည် ကာအကွယ်အစီအရင်နဲ့အတူ သူ့ရဲ့စွမ်းအားများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး "ဒီဖြစ်ရပ်က မှော်လက်နက်ခန်းမရဲ့ အင်အားကို ပိုကြီးမားလာလိမ့်မယ် " လို့ တွေးတောနေခဲ့၏။

လေဟာနယ်ထဲရှိ လက်နက်၇ခုသည် အစီအရင်များနဲ့ပေါင်းစပ်သွားတဲ့အခါ သက်တံရောင်စုံအလင်း၇ခုသည် ကောင်းကင်ပေါ်သို့ ထိုးဖောက်သွားလေသည်။

ဝူကျန်းသည် ကောင်းကင်ပေါ်ရှိ အလင်းတန်းများကို ကြည့်လိုက်ပြီး "အတော်ကြောက်စရာကောင်းတဲ့အရှိန်အဝါပဲ ၊ ဒီလိုလက်နက်တစ်ခုရဖို့ ဆရာသခင်တောင် ဖန်တီးဖို့ အချိန်အများကြီး ပေးဆပ်ရလိမ့်မယ် " လို့ ဆိုလိုက်၏။

စက္ကန့်ပိုင်းအတွင်းမှာပဲ ကျင့်ကြံသူပေါင်းများစွာသည် မှော်လက်နက်ခန်းမရဲ့ ကောင်းကင်ယံပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် လေဟာနယ်တွင် တောက်ပနေသော

လက်နက်များကို ပြန်သိမ်းလိုက်၏။

အခန်းအပြင်ဘက်မှ လူ၁ယောက်သည် လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး "အကြီးအကဲရောက်လာတာကို မကြိုဆိုမိတဲ့အတွက် အငယ်လေး တောင်းပန်ပါတယ် " လို့ ဆိုလိုက်သည်။ ထိုလူကတော့ ဝူကျန်းရဲ့ဆရာဖြစ်သူ မှော်လက်နက်ခန်းမသခင် ယွင်ရှန်ပဲ ဖြစ်၏။

ခန်းမစောင့်နေသော ဝတုတ်တုတ်နဲ့လူသည် အလန့်တကြားဖြင့် ရောက်ရှိလာခဲ့ပြီး တာ့ချန်တိုင်းပြည်ရှိ အင်အားကြီးမားသော တော်ဝင်နန်းတော် ၊ အဂ္ဂိရတ်ဆေးခန်းမ ၊ အစီအရင်ခန်းမနဲ့ ဂိုဏ်းကြီး၇ဂိုဏ်းအပြင် တခြားတိုင်းပြည်များရဲ့ ကျင့်ကြံသူများစွာကပင်

တွေ့ဆုံခွင့် တောင်းဆိုနေကြောင်း ပြောပြလိုက်သည်။

ယွင်ရှန်သည် အရေးကြီးကိစ္စရှိ၍ မတွေ့ဆုံနိုင်သေးကြောင်း ပြောရန် စေခိုင်းလိုက်၏။ ကျစ်ယန်သည် သူ့လိုအပ်သော လက်နက်ကုန်ကြမ်းအချို့နဲ့အတူ လက်နက်ဖန်တီးခြင်းနည်းပညာတစ်ခုအား ယွင်ရှန်ကိုပေးလိုက်သည်။

All Chapters