မြင့်မြတ်သောနတ်ဘုရားမ
Vol. 10 Ch. 133
ယွင်ရှန်သည် အခြေအနေကို သဘောပေါက်သည်အတွက် ကျစ်ယန်အား ကျေးဇူးတင်လိုက်၏။ ကျစ်ယန်သည် ခမောက်ဖြူမိန်းကလေးငယ်နဲ့အတူ မှော်လက်နက်ခန်းမကနေ ထွက်ခွာလာခဲ့သည်။
ယွင်ရှန်အတူ အကြီးအကဲများစွာသည် ကျစ်ယန်ကို ခန်းမထွက်ပေါက်အထိ လိုက်လံပို့ဆောင်ပေးခဲ့၏။ ကျစ်ယန်သည် စားသောက်ဆိုင်တစ်ခုတွင် ဝင်ထိုင်လိုက်ပြီး လက်နက်၁ခုအား ခမောက်ဖြူမိန်းကလေးငယ်ကို ပေးလိုက်သည်။
နတ်သူငယ်အဆင့်ကျင့်ကြံသူ ၂ယောက်သည် လေဟာနယ်အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့၏။ လီရှမ်ဆိုသောသူသည် သေးငယ်သော ဓားအိမ်ဖြူလေးကို လှည့်ကစားလိုက်ပြီး "ငါတို့ဂိုဏ်းသားတစ်ယောက်ကို မင်းကသတ်ပစ်ခဲ့တာ တကယ်ပဲလား...." လို့ မေးလိုက်သည်။
ကျစ်ယန်သည် လီရှမ်အား ဂရုမစိုက်ဘဲ ဝူဟောင်လန်တိုင်းပြည်ကို ပြန်ဖို့ စေခိုင်းလိုက်ပြီး လုံရှန်အား လိုက်လံ ပို့ဆောင်ခိုင်းလိုက်၏။ ကျစ်ယန်သည် သူတို့အားဂရုမစိုက်သဖြင့် လီရှမ်ရဲ့ဘေးတွင် ရှိသော လီထန်သည် ဒေါသထွက်သွားပြီး သူ့ရဲ့သေးငယ်သော ဓားအိမ်နက်ထဲမှ တလပ်လပ်တောက်ပနေသော ဓားအားထုတ်လိုက်ပြီး တိုက်ခိုက်လိုက်သည်။
သို့သော် လီထန်သည် လီရှမ်ရဲ့ တားခြင်းကို ခံလိုက်ရသဖြင့် "မင်းဘာလုပ်တာလဲ...." လို့ ဒေါသထွက်စွာ ပြောလိုက်၏။ ခမောက်ဖြူမိန်းကလေးငယ်သည် ကျစ်ယန်အား ဂရုစိုက်ဖို့ ပြောရင်း လုံရှန်နဲ့အတူ စားသောက်ဆိုင်ထဲမှ ထွက်ခွာသွားခဲ့သည်။
လီရှမ်သည် ခမောက်ဖြူမိန်းကလေးငယ်အား လွှတ်ပေးလိုက်သည်မှာ နောက်ထပ်အကြံအစည် ရှိသေးသောကြောင့်ပင် ဖြစ်၏။ လီရှမ်သည် စိတ်မလောဘဲ အေးဆေးဖြေရှင်းရန် ပြောလိုက်သည်။
လီထန်သည် ဒေါသထွက်နေချိန်တွင် လေဟာနယ်အက်ကွဲကြောင်းထဲမှ နောက်ထပ်လူ၁ယောက်ပေါ်လာခဲ့ပြီး "မင်းငါ့ကို မှတ်မိလား....." လို့ ကျစ်ယန်အား မေးလိုက်၏။ လီရှမ်နဲ့လီထန်သည် ထိုလူကို မြင်သည်နှင့်အရိုအသေပြုက ဘေးတွင် ရှိနေလေသည်။
ထိုလူကတော့ မှောင်မိုက်တိုင်းပြည်၏ ယင်မင်းပင် ဖြစ်ပြီး ကျစ်ယန်အား
ဖမ်းဆီးရန် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
ကျစ်ယန်သည် ဓားရှည်ပေါ်တွင်သရဖူတံဆိပ်ပါသော အမိန့်ပြားတစ်ခုကို စားပွဲခုံပေါ်သို့ အသာအယာပင် တင်လိုက်၏။
အမိန့်ပြားကို မြင်လိုက်တဲ့အခါ ယင်မင်းသည် ကြောင်အ၍ သွားပြီး "မဖြစ်နိုင်တာ....မင်းမှာ ဘယ်လိုလုပ်ပြီး မှော်လက်နက်ခန်းမရဲ့ ဧကရာဇ်အမိန့်ပြား ရှိနေတာလဲ...." လို့ ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
တာ့ချန်တိုင်းပြည်တွင် ဧကရာဇ်အမိန့်ပြားသည် စုစုပေါင်း၁၁ခုရှိ၏။ ဧကရာဇ်အမိန့်ပြားကို တော်ဝင်နန်းတော်၊ခန်းမ၃ခုနှင့် ဂိုဏ်းကြီး၇ဂိုဏ်းတို့က ၁ခုချင်းစီသာ ပိုင်ဆိုင်ထားသည်။
တာ့ချန်တိုင်းပြည်တွင် ဧကရာဇ်အမိန့်ပြားပိုင်ဆိုင်ထားသူသည် ထိုအဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဟု ယူဆထားခြင်းပင် ဖြစ်၏။ကျစ်ယန်လက်ထဲရှိ အမိန့်ပြားသည် မှော်လက်နက်ခန်းမရဲ့ ဧကရာဇ်အမိန့်ပြားပင် ဖြစ်သည်။
ယင်မင်းသည် ကျစ်ယန်အား တောင်းပန်ကာ သူ့လူ၂ယောက်နဲ့အတူ ချက်ချင်းထွက်ခွာသွားခဲ့၏။
ကျစ်ယန်သည် လက်ရှိဘဝရှိ သူ့အမေရဲ့အခြေအနေကို အရင်စုံစမ်းရန် စီစဥ်ထားလိုက်သည်။
မိန်းကလေး၂ယောက်သည် ကျစ်ယန်ရှိနေသော စားသောက်ဆိုင်ထံကို ရောက်ရှိလာခဲ့၏။ သူတို့၂ယောက်သည် ကျစ်ယန်ကို မြင်တဲ့အခါ အံ့အားသင့်သွားပြီး "သူက အသက်ရှင်နေသေးတဲ့အပြင် တာ့ချန်တိုင်းပြည်ကို ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ ၊ ငါတို့ လူပဲမှားနေတာလား...." လို့ ဆိုလိုက်သည်။
ကျစ်ယန်သည် ထိုမိန်းကလေး၂ယောက်ကို တွေ့တဲ့အခါ "စီနီယာအမ၂ယောက်လဲ ရောက်လာပြီလား " လို့ နှုတ်ဆက်လိုက်၏။အမတနတ်ဘုရားဂိုဏ်း၏ ပင်မတပည့်၂ယောက်ဖြစ်သော ယွမ်ထျယ်နဲ့ကျူးချွင်သည် ကျစ်ယန်ဆိုတာ သေချာသွားသည့်အခါ သူ့တို့၂ယောက်ရဲ့ စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်လာခဲ့သည် ။
ဒါ့အပြင် သူတို့၂ယောက်သည် ကျစ်ယန်ကို ပစ်ထားမိခဲ့သဖြင့် အမှားလုပ်ထားသလို ခံစားနေရ၏။
ယွမ်ထျယ်နဲ့ကျူးချွင်သည် ကျစ်ယန်ရှိရာ စားပွဲတွင်ထိုင်လိုက်ကြ၏။
ကျူးချွင်သည် ကျစ်ယန်ကို စိုက်ကြည့်ကာ "ဂျူနီယာမောင်လေး.....နင်ဘယ်လိုလုပ်တာ့ချန်တိုင်းပြည်ကို ရောက်လာတာလဲ " လို့ မေးလိုက်သည်။
ကျစ်ယန်သည် မည်သည့်လှုပ်ရှားမှုမှ မရှိပေ။
ထိုစဥ် တာ့ချန်တိုင်းပြည်တစ်ခုလုံး ကြားနိုင်သော အသံလှိုင်းစက်ကွင်းကြီးသည် ထွက်ပေါ်လာခဲ့၏။
ညဥ့်နက်ယံကောင်းကင်ဂိုဏ်းတွင် ကျင်းပသော ပြိုင်ပွဲမှ ထွက်ပေါ်လာသည့် အသံကြောင့် ကျင်ကြံသူအများစုသည် ညဥ့်နက်ယံကောင်းကင်ဂိုဏ်းကို ဦးတည်သွားကြသည်။
ယွမ်ထျယ်နဲ့ကျူးချွင်သည် ထိုင်ရာမှ ထလိုက်ပြီး
"ဂျူနီယာမောင်လေး....ငါတို့နင့်ကို အဖော်မလုပ်ပေးနိုင်တော့ဘူး " လို့ ပြောကာ ချက်ချင်း ထွက်ခွာသွားကြ၏။ ကျစ်ယန်သည် နောက်ဆုံးလက်ကျန် သေရည်အိုးကို မော့သောက်ချလိုက်ပြီး "ညဥ့်နက်ယံကောင်းကင်ဂိုဏ်း....." လို့ တဖန်ဖန်ရွတ်ဆိုရင်း ပျောက်ကွယ်သွားသည်။
ညဥ့်နက်ယံကောင်းကင်ဂိုဏ်းတွင် များစွာသော ကျင့်ကြံသူပေါင်းစုံ ရောက်ရှိနေကြ၏။ လှပ၍ ချစ်စဖွယ် မိန်းကလေးတစ်ယောက်သည် ကျင့်ကြံသူများစွာရှိသော တိုက်ပွဲကွင်းပြင်တွင် ထွက်ပေါ်လာခဲ့သည်။ သူမခန္ဓာကိုယ်တွင် ကြာပွတ်ဒဏ်ရာ များစွာရှိနေခဲ့ပြီး လက်ထဲတွင် အစိမ်းရောင်တလဲ့လဲ့ထွက်ပေါ်နေသော ဓားတစ်ချောင်းကို ကိုင်ထားသည်။
သူမသည် ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး
"ငါအသက်ရှင်နေသ၍ နင်တို့ စိတ်တိုင်းကျ မဖြစ်စေရဘူး "လို့ မကျေနပ်စွာအော်ဟစ်လိုက်၏။ အစိမ်းရောင်သရဖူဆောင်းထားသော ချီတုံဖန်ဟု ခေါ်သောမိန်းမတစ်ယောက်သည် ကောင်းကင်ယံအထက်ရှိ လေဟာနယ် အက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာခဲ့သည်။
ချီတုံဖန်သည် သူမရဲ့ ကျင့်ကြံမှုအရှိန်အဝါဖြင့် မိန်းကလေးကို ဖိနိုပ်လိုက်ပြီး "နင့်ကို ဘယ်သူက စကားပြောခွင့်ပေးထားလို့လဲ " လို့ ဆိုလိုက်၏။
ကျစ်ယန်သည် မိန်းကလေးကို ကြည့်ရင်း "မြင့်မြတ်သောနတ်ဘုရားမတစ်ပါးက ဒီဘဝမှာ ဒုက္ခရောက်နေလိမ့်မယ်လို့ မထင်ထားမိဘူး...." လို့ စိတ်ထဲက ဆိုလိုက်သည်။
တိုက်ပွဲကွင်းပြင်တွင် ရှိနေသူမှာ တခြားသူမဟုတ်ဘဲ လင်ရှို့ဟွာပင် ဖြစ်၏။ လင်ရှို့ဟွာသည် ညဥ့်နက်ယံကောင်းကင်ဂိုဏ်းနဲ့ ပြသာနာဖြစ်မိသွားခဲ့ပြီး တာ့ချန်တိုင်းပြည်ကို ဖမ်းဆီးခံလာရခြင်းပင် ဖြစ်သည်။
ညဥ့်နက်ယံကောင်းကင်ဂိုဏ်းရဲ့ အနာဂတ်ဂိုဏ်းချုပ်သခင်ဖြစ်သော ဇူချင်းသည်
ကြောက်မက်ဖွယ်ရာ မျက်လုံးတစ်စုံဖြင့် လင်ရှို့ဟွာကို ကြည့်နေခဲ့ပြီး "မင်းရဲ့ဆုံးဖြတ်ချက်ကြောင့် ဒီတစ်သက် နောင်တရနေစေရမယ် " လို့ ကြိမ်းဝါးလိုက်၏။
ဇူချင်းသည် ဖမ်းဆီးခေါ်လာခဲ့သော လင်ရှို့ဟွာကို မြင်မြင်ချင်း သဘောကျမိပြီး သူ့ကို လက်ထပ်ရန် အမိန့်ပေးလိုက်သည်။သို့သော် လင်ရှို့ဟွာသည် ဇူချင်းအား ဆန့်ကျင်ခဲ့၏။ ဇူချင်းသည် သူ့ကို ဆန့်ကျင်ခဲ့သဖြင့် တာ့ချန်တိုင်းပြည်တစ်ခုလုံးကိုကြေညာချက် တစ်ခု ထုတ်ပြန်လိုက်သည်။
ရက်၁၀၀အတွင်း လင်ရှို့ဟွာကို အနိုင်ရရှိသောသူသည် ပိုင်ဆိုင်နိုင်သည်ဟုသော သတင်းပင် ဖြစ်၏။ လင်ရှို့ဟွာသည် အလွန်ချောမောလှပသဖြင့် ကျင့်ကြံသူများစွာသည်
သူတို့ရဲ့ ကျင့်ကြံဖော်အဖြစ် လိုချင်သွားကြသည်။
အလွန်ပင် ကြီးမားလေးလံသောဓားကို ကိုင်ဆောင်ထားသော ကျူးထင့်ဆိုသူသည် လင်ရှို့ဟွာရှေ့ကို ခုန်ချသွားခဲ့ပြီး "မင်းအေးဆေးအရှုံးပေးမယ်ဆိုရင် မင်းရဲ့အနာဂတ်ကို ငါတာဝန်ယူနိုင်တယ် " လို့ဆိုလိုက်၏။