မီးတောက်လှံသခင်
Vol. 10 Ch. 134
လင်ရှို့ဟွာသည် သူ့ရဲ့ဓားကို လက်ဖျားလေးနဲ့ ပွတ်ဆွဲလိုက်ပြီး အစိမ်းရောင်ဓားချီအလင်းတန်းကြီးဖြင့် တိုက်ခိုက်လိုက်၏။ ကျူးထင့်သည်လည်း သူ့ရဲ့ဓားကို ၂ချက်လောက် ဝှေ့ယမ်းလိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်သည်။
အစိမ်းရောင်ဓားချီအလင်းတန်းနဲ့ အဖြူရောင်ဓားချီအလင်းတန်းတို့ ထိပ်တိုက်တွေ့ဆုံသွားခဲ့တဲ့အခါ လေဟာနယ်အက်ကွဲကြောင်းများစွာသည် ယာယီပေါ်လာခဲ့၏။
လင်ရှို့ဟွာသည် ကောင်းကင်ယံထက်ကို လျှပ်တစ်ပြက်ရောက်ရှိသွားပြီး ကောင်းကင်ယံအခြေအနေကို မသိမသာ စစ်ဆေးကြည့်လိုက်သည်။ ညဥ့်နက်ယံကောင်းကင်ဂိုဏ်းသည် ရွှေနဂါးကိုယ်ဝါအစီအရင်ကြီးဖြင့် ပိတ်လှောင်ထားသည်ကို ကျစ်ယန်သည် မြင်တွေ့နေရ၏။
လင်ရှို့ဟွာသည် စိတ်ပျက်စွာ ခေါင်းခါရမ်းလိုက်ပြီး
ညဥ့်နက်ယံကောင်းကင်ဂိုဏ်းသည် သူ့အား အလွတ်မပေးမည်ကို သိလိုက်ရသည်။ လင်ရှို့ဟွာသည် သူ့ရဲ့စွမ်းအားကို မြှင့်တင်လိုက်ပြီး ကောင်းကင်ယံအထက်မှ ဓားလှိုင်းတစ်ခုဖြင့် ကျူးထင့်ကို တိုက်ခိုက်လိုက်၏။
ကျူးထင့်သည် ရေလှိုင်းသဏ္ဍာန်ရှိသော ဓားလှိုင်းကို မြင်သည်နှင့် သူ့ရဲ့ဧရာမဓားကြီးကို မရပ်မနားဝှေ့ရမ်းပြီး ဓားလေပွေလှိုင်းဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။လင်ရှို့ဟွာသည် အေးစက်သော မျက်နှာထားကို ပြောင်းလဲသွားပြီး ဓားလှိုင်းအနောက်တွင် သူ့ရဲ့ဓားရှည်ကို လျင်မြန်စွာ ပစ်သွင်းလိုက်၏။
များစွာသော ကျင့်ကြံသူများသည် စိတ်ဝင်တစားကြည့်ရှုနေချိန်မှာပဲ ကျူးထင့်သည် အသက်မဲ့စွာဖြင့် ပစ်လဲကျသွားပြီး သူ့ရဲ့ဓားလေပွေလှိုင်းသည် အလိုလို ပျောက်ကွယ်သွားခဲ့သည်။
ကျူးထင့်သေဆုံးသွားသည်ကို ကြည့်ကာ တခြားသူများသည် လင်ရှို့ဟွာကို တိုက်ခိုက်ရန် ကြောက်ရွံသွားကြ၏။ လင်ရှို့ဟွာသည် ထိုသိုဖြစ်ရန် တမင်ကြံစည်ထားခြင်းပင်ဖြစ်၏။
ညဥ့်နက်ယံကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ငယ်ဖြစ်သူ ဇူချင်းသည် သူ့ရဲ့သက်တော်စောင့်များထဲမှ ထူပင်းဆိုသော သူအား တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။
ထူပင်းသည် ဇူချင်းအမိန့်ပေးသည်နှင့် တိုက်ပွဲကွင်းပြင်တွင် လျှပ်တစ်ပြက်အတွင်း ပေါ်လာခဲ့၏။
ထူပင်းသည် သူ့ရဲ့လက်နက်ဖြစ်သော ကြာပွတ်ကို ထုတ်လိုက်ပြီး "မင်းကို ငါအထင်သေးမိနေတာပဲ ၊
ဒီကြာပွတ်ရဲ့ အရသာကို ငါမင်းကို ထပ်ကျွေးမှ မင်းနောင်တရလိမ့်မယ် " လို့ ဆိုလိုက်သည်။
လင်ရှို့ဟွာရဲ့ မျက်လုံးများမှာ အေးစက်နေခဲ့ပြီး တစ်ဖက်တွင်ရှိသော ကျစ်ယန်ရဲ့ မျက်လုံးများမှာ ကျဥ်းမြောင်းသွားခဲ့၏။ ဇူချင်းသည် သူ့လက်ထဲရှိ စာအုပ်ကို ချထားလိုက်ပြီး လင်ရှို့ဟွာရဲ့ ခြေထောက်ကို ချိုးရန် အမိန့်ပေးလိုက်သည်။
ထူပင်းသည် သူ့ရဲ့ကြာပွတ်တွင်းအား အဆိပ်များ ထုတ်လွှတ်လိုက်ပြီး လင်ရှို့ဟွာကို တိုက်ခိုက်တော့မည်ချိန်တွင် "တော်လောက်ပြီ....."ဆိုသော ကျယ်လောင်သည့် အသံလှိုင်းကြီး ကျရောက်လာခဲ့၏။
ညဥ့်နက်ယံကောင်းကင်ဂိုဏ်းရှိ ဂိုဏ်းချုပ်နဲ့ အကြီးအကဲများအပြင် ဂူအောင်းကျင့်ကြံနေသော ဘိုးဘေးတချို့ပင် ထိုအသံကို ကြားလိုက်ရသည်။
ထူပင်းသည် အလွန်ကြောက်ရွံတုန်လှုပ်သွားသဖြင့် ရပ်တန့်သွားခဲ့၏။
လျှပ်တစ်ပြက်အတွင်းမှာပဲ ကျစ်ယန်သည် ထူပင်းရှေ့ကို ရောက်ရှိလာခဲ့ပြီး "သူ့ကို ထိခိုက်အောင်လုပ်တဲ့လူအားလုံး သေသင့်တယ်....." ဟု ပြောလိုက်သည်နှင့် ထူပင်းသည် စိတ်ဝိညဥ်နဲ့ခန္ဓာကိုယ်အား ခွဲထုတ်ခြင်း ခံလိုက်ရ၏။
ထူပင်းရဲ့ မူလစိတ်ဝိညဥ်သည် ကြောက်ရွံစွာ အော်ဟစ်အကူအညီတောင်းနေရင်း ခန္ဓာကိုယ်နဲ့အတူ မီးလောင်းကျွမ်းကာ တခဏအတွင်း လုံးဝပျောက်ကွယ်သွားသည်။
ယွမ်ထျယ်နဲ့ကျူးချွင်သည် တိုက်ပွဲကွင်းပြင်တွင် ရုတ်တရက်ထွက်ပေါ်လာသော ကျစ်ယန်ကို မြင်လိုက်တဲ့အခါ ရူးခါသွားကြ၏။ကျစ်ယန်ရဲ့ ကျင့်ကြံမှုအဆင့်အတန်းသည် ခုလောက်ထိ ရှိနေမယ်လို့ မျှော်လင့်မထားခဲ့ပေ။ကျစ်ယန်သည် လင်ရှို့ဟွာရဲ့ လက်ကို ဆွဲကိုင်ပြီး ဒဏ်ရာတွေ ပျောက်အောင် ကုသပေးလိုက်သည်။
ကျစ်ယန်သည် လင်ရှို့ဟွာကို ဖက်ထားလိုက်ပြီး
"ဒီဘဝမှာ မင်းကို ထပ်အဆုံးရှုံးမခံတော့ဘူး....
" လို့ ဆိုလိုက်၏။ လင်ရှို့ဟွာကတော့ ကျစ်ယန်ပြောနေသော စကားများကို နားမလည်ပေ။
လင်ရှို့ဟွာသည် ကျစ်ယန်ကို ပြန်ဖက်လိုက်ပြီး လုံခြုံစိတ်ချရသည်ကို ခံစားလိုက်ရ၏။ ညဥ့်နက်ယံကောင်းကင်ဂိုဏ်းရှိ ကောင်းကင်ယံအထက်တွင် လေဟာနယ်အက်ကွဲကြောင်းများစွာ ထွက်ပေါ်လာခဲ့၏။
များစွာသော လူများစွာ ထွက်ပေါ်လာခဲ့ပြီး "ငါ့ညဥ့်နက်ယံကောင်းကင်ဂိုဏ်းရဲ့ ပိုင်နက်ထဲမှာ ငါ့တို့လူကို သတ်ရဲတယ်ဆိုတော့ ငါတို့ဂိုဏ်းမှာ သန်စွမ်းတဲ့လူတွေ မရှိဘူးလို့ မင်းထင်နေတာလား " ဟုသော မေးခွန်းသည် အားလုံးရဲ့နားကို ကျရောက်လာခဲ့သည်။
ညဥ့်နက်ယံကောင်းကင်ဂိုဏ်း၏ ဂိုဏ်းချုပ်နဲ့ အကြီးအကဲများ ထွက်ပေါ်လာသည်နှင့် ဂိုဏ်းသားများအားလုံးသည် ဒူးထောက်ကြိုဆိုလိုက်ကြ၏။ ဇူချင်းသည် သူ့အဖေ ဇူအန်းအား ဖြစ်စဥ်အချို့ကို ရှင်းပြပြီး ကျစ်ယန်ကို သတ်ဖို့ တောင်းဆိုလိုက်သည်။
များစွာသော ကျင့်ကြံသူတွေကတော့ ညဥ့်နက်ယံကောင်းကင်ဂိုဏ်းကို ရန်စမိသော ကျစ်ယန်ကို ကြည့်ကာ တီတိုးပြောဆိုနေကြ၏။ ဇူအန်းသည် သူတော်စင်အဆင့်အရှိန်အဝါစွမ်းအားကို ဖြန့်ကျက်လိုက်ပြီး ကျစ်ယန်အား ကိုယ့်ကိုယ်ကို သတ်သေဖို့ စေခိုင်းလိုက်သည်။
လင်ရှို့ဟွာသည် ကျစ်ယန်လက်ကို ဆုပ်ကိုင်ထားလိုက်ပြီး "ရှို့ဟွာပြသာနာထဲ ရှင့်ကို ဝင်ပါစေမိပြီ " လို့ ဆိုကာ ကျစ်ယန်ကို တောင်းပန်လိုက်၏။ ကျစ်ယန်သည် ပြုံးလိုက်ပြီး
လင်ရှို့ဟွာနဖူးလေးကို နမ်းကာ သူ့ဖြေရှင်းလိုက်မယ်ဟု ပြောလိုက်သည်။
ကျစ်ယန်သည် လူအများအလယ်တွင် သူ့ကို ဂရုမစိုက်သဖြင့် ဇူအန်းသည် ဒေါသထွက်သွားပြီး သူ့ရဲ့ကျင့်စဥ်ထဲမှ သေခြင်းတရား၂သွယ်ဟုသော ကျင့်စဥ်ကို အသက်သွင်းလိုက်၏။ သေခြင်းတရား၂သွယ်ကျင့်စဥ်ကို အသက်သွင်းလိုက်သည်နှင့် ကောင်းကင်ယံသည် ချက်ချင်းမှောင်မိုက်သွားလေသည်။
ရုတ်တရက်မှောင်မိုက်သွားသော ကောင်းကင်ယံမှ လျှပ်စီးမိုးချုန်းသံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့ပြီး ဧရာမဘီးလူးနတ်စစ်သည်ခန္ဓာကိုယ်ကြီးသည် တိမ်တိုက်ထဲမှ ထွက်ပေါ်လာခဲ့၏။
ဧရာမဘီးလူနတ်စစ်သည်ကြီးတွင် ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်းအငွေ့အသက်များကို အားလုံး ခံစားနေရသည်။
တချိန်ထဲမှာပဲ မီးတောက်လွှမ်းခြုံထားသော ဧရာမလှံတစ်ချောင်းသည် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ဧရာမဘီးလူးနတ်စစ်သည်ကြီးရဲ့ မျက်နှာတည့်တည့်ကို အရှိန်ပြင်းစွာ ကျရောက်သွားခဲ့၏။
ဇူအန်းသည် သူ့ရဲ့ကျင့်စဥ်ကို ပြန်ရုတ်သိမ်းလိုက်တဲ့အခါ ကောင်းကင်ယံသည် နဂိုအတိုင်း ပြန်ကြည်လင်သွားခဲ့သည် ။ ဇူအန်းသည် လက်နောက်ပစ်ထားလိုက်ပြီး "အကြီးအကဲရှစ်က ပျောက်ကွယ်သွားရာကနေ ဒီနေ့ပြန်ပေါ်လာလိမ့်မယ်လို့ အငယ်လေးမထင်ထားမိဘူး " လို့ အေးဆေးပင် ပြောလိုက်၏။
အကြီးအကဲရှစ်လို့ ပြောလိုက်သည်နှင့် သူဘယ်သူလဲဆိုတာ အားလုံး တန်းသိသွားကြသည်။ တာ့ချန်တိုင်းပြည်သာမက အခြားတိုင်းပြည်များစွာကပင် အကြီးအကဲရှစ်ကို မသိတဲ့သူ ခပ်ရှားရှားပင် ဖြစ်သည်။