← Chapters

ညဥ့်နက်ယံကောင်းကင်ဂိုဏ်းအား သုတ်သင်ခြင်း

Vol. 10 Ch. 135

ညဥ့်နက်ယံကောင်းကင်ဂိုဏ်းအား သုတ်သင်ခြင်း

Vol. 10 Ch. 135

မီးတောက်လှံတစ်ချောင်းသည် လေထဲတွင် အဆက်မပြတ်လည်ပတ်နေခဲ့ပြီး မှုန်ဝါးသော ပုံရိပ်တစ်ခုသည် တဖြည်းဖြည်း ထင်ရှားလာခဲ့၏။

ထိုလူကတော့ မီးတောက်လှံသခင် အကြီးအကဲရှစ်ဖန်ပင် ဖြစ်သည်။

ရှစ်ဖန်ကို မြင်သည်နှင့် အားလုံးသည် စိတ်ဝင်တစားကြည့်ရှုနေကြ၏။ ရှစ်ဖန်သည် နတ်ဘုရားနယ်မြေ၄ခုကို တက်လှမ်းနိုင်ဖူးသော လူသားကျင့်ကြံသူပင် ဖြစ်သည်။ သို့သော် ရှစ်ဖန်သည် နတ်ဘုရားတစ်ပါးကို စော်ကားမိသဖြင့်

နတ်ဘုရားနယ်မြေမှ စွန့်ပစ်ခြင်း ခံရသူဖြစ်၏။

ရှစ်ဖန်သည် သူရဲ့လှံကို ပြန်သိမ်းထားလိုက်ပြီး

"မင်းငါ့ကိုသိနေမှတော့ သူတို့၂ယောက်ကို ဘာလို့ မလွှတ်ပေးသေးတာလဲ " လို့ မေးလိုက်သည်။ ကျစ်ယန်ရဲ့ နောက်ခံအင်အားသည် သာမာန်မဖြစ်နိုင်မှန်း ခန့်မှန်းမိသော်လည်း ရှစ်ဖန်ကိုယ်တိုင် ထွက်လာမယ်လို့ ဇူအန်းမထင်ထားခဲ့ပေ။

ဇူအန်းသည် အနည်းငယ် တွေးရခက်သွား၏။ ကျစ်ယန်တို့ကို လွှတ်ပေးလိုက်လျှင် အနာဂတ်မှာ သူတို့ဂိုဏ်းသည် ကျင့်ကြံသူများအကြား လှောင်ပြောင်စရာ ဖြစ်လာလိမ့်မည်။ မလွှတ်ပေးဘဲ တိုက်ခိုက်ဖို့ ဆုံးဖြတ်မည်ဆိုရင်လည်း အကျအရှုံးများမည် ဖြစ်သည်။

ထိုအချိန်တွင် ကျစ်ယန်သည် ဇူချင်းရဲ့အနားကို လျှပ်တစ်ပြက်ရောက်ရှိသွားခဲ့၏။ဇူချင်းသည် သူ့ရဲ့ကျင့်ကြံမှု စွမ်းအင်အားလုံး ချိတ်ပိတ်ခံလိုက်ရသဖြင့် သူ့အား ကယ်တင်ဖို့ သူ့အဖေအား အော်ဟစ်တောင်းဆိုလိုက်၏။

ဇူအန်းသည် သူ့သားနားကို ရောက်ရှိသွားသော ကျစ်ယန်ကို မြင်သည်နှင့် "မင်းလုပ်ရဲလား....." လို့ ခြိမ်းခြောက်ပြောဆိုလိုက်သည်။ကျစ်ယန်သည် တည်ငြိမ်အေးစက်လွန်းသော မျက်လုံးတစ်စုံဖြင့် "သူမကို နာကျင်အောင်လုပ်တဲ့လူမှန်သမျှ အသက်မရှင်စေရဘူးလို့ ငါပြောပြီးပြီမဟုတ်လား......"လို့ ပြောဆိုရင်း ဇူချင်းအား သတ်ဖြတ်လိုက်၏။

ဇူချင်းသည် ပြာမှုန့်သဏ္ဍာန်ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ကျစ်ယန်ရဲ့ သတ်ဖြတ်ခြင်းနည်းလမ်းသည် အလွန်ပင် ပြောင်မြောက်လွန်းသဖြင့် ရှစ်ဖန်ပင် ထိပ်လန့်သွားခဲ့၏။ ရှစ်ဖန်သည် ကျစ်ယန်ကို ကယ်ထုတ်လာဖို့သာ ဆုံးဖြတ်ထားခြင်းဖြစ်ပြီး ညဥ့်နက်ယံကောင်းကင်ဂိုဏ်းနဲ့ ပြသာနာမဖြစ်ချင်ခဲ့ပေ။

ယခုအခါမှတော့ ကျစ်ယန်သည် ဇူချင်းကို သတ်ဖြတ်လိုက်ပြီဖြစ်၍ ရှစ်ဖန်သည် သူ့လက်ထဲရှိ အမိန့်ပြားကို အသက်သွင်းလိုက်၏။ ဇူအန်းသည် သူ့သားသေဆုံးသွားသဖြင့် မျက်လုံးများမှာ ချက်ချင်းပင် နီရဲလာခဲ့ပြီး "ငါ့ရဲ့သားကို သတ်ပစ်ခဲ့တဲ့အတွက် မင်းရဲ့ဝိညဥ်ကို ဖမ်းပြီး ညဥ့်နက်ယံကောင်းကင်ဂိုဏ်းမှာ တစ်သက်လုံးပိတ်လှောင်ထားပစ်မယ် " လို့ ကြိမ်းဝါးလိုက်သည်။

ဇူအန်းအမိန့်ကြောင့် ညဥ့်နက်ယံကောင်းကင်ဂိုဏ်းတစ်ခုလုံးရဲ့ ကျင့်ကြံသူအားလုံးသည် ကျစ်ယန်ကို သတ်ဖြတ်တော့မည် ဖြစ်သဖြင့် ရှစ်ဖန်သည် ကျစ်ယန်နဲ့ လင်ရှို့ဟွာကို သူ့အနားခေါ်ထားလိုက်၏။

ရှစ်ဖန်ရဲ့နောက်တွင်လဲ ကျင့်ကြံသူများစွာ ထွက်ပေါ်လာခဲ့ပြီး ရှစ်ဖန်ကို အရိုအသေပြုလိုက်ကြသည်။ ဇူအန်းသည် ရှစ်ဖန်နောက်မှ ကျင့်ကြံသူတွေမှာ မှော်လက်နက်ခန်းမက အကြီးအကဲများဖြစ်မည်လို့ မထင်ထားခဲ့ပေ။

ထိုအချိန်မှာပဲ ယွင်ရှန်သည် လေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပေါ်လာခဲ့ပြီး "ဂိုဏ်းချုပ်အန်း......မင်းက ငါတို့ခန်းမသခင်သစ်ကို သတ်ပစ်ဖို့ ကြိုးစားနေမှတော့ ငါတို့မှော်လက်နက်ခန်းမရဲ့ အင်အားကို ပြရသေးတာပေါ့ " လို့ ဆိုလိုက်၏။

ဇူအန်းအပြင် တခြားကျင့်ကြံသူများစွာပင် ကြောင်အ၍ သွားကြသည်။ ဇူအန်းသည် ကျစ်ယန်ကို လက်ညိုးထိုးကာ "ခန်းမသခင်သစ်ဆိုတာ ဒီကောင်လေးကို ပြောတာလား...." လို့ ဆိုလိုက်၏။

ယွင်ရှန်သည် ဇူအန်းကို ဆက်ပြောမနေဘဲ ကျစ်ယန်ကို အရိုအသေပြုကာ အနားမှာ ရပ်နေလိုက်သည်။ ကျစ်ယန်သည် မှော်လက်နက်ခန်းမသခင် ဖြစ်နေလိမ့်မည်လို့ ဇူအန်းသည် မထင်ထားခဲ့ပေ။

မကြာသေးမီက ထူးဆန်းစွာ ထွက်ပေါ်လာသည့် နတ်ဘုရားလက်နက်များသည်လည်း ကျစ်ယန်နဲ့ ပက်သက်နေမည်ကို ရိပ်မိလိုက်ကြ၏။ ဇူးအန်းသည် ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်ပြီး

"ညဥ့်နက်ယံကောင်းကင်ဂိုဏ်းဆိုတာလဲ လွယ်လွယ်နဲ့ဖြစ်တည်လာတာမဟုတ်ဘူးဆိုတာ မင်းတို့မြင်အောင် ပြသပေးမယ် " လို့ ပြောလိုက်သည်။

ဇူအန်းသည် သူ့လက်ချောင်းများလှုပ်ရှားလိုက်သည်နှင့် ညဥ့်နက်ယံကောင်းကောင်ယံ ဂိုဏ်းတစ်ခုလုံးရဲ့ ပိုင်နက်အောက်ခြေနဲ့ကောင်းကင်ယံအထက်တွင် အစီအရင်ကြီး စတင်လည်ပတ်လာခဲ့၏။

ရှစ်ဖန်သည် ထိုအစီအရင်ကြီး ကြားဖူးသဖြင့် "ညဥ့်ဦးယံသတ်ဖြတ်ခြင်းအစီအရင်....." လို့ ရေရွတ်လိုက်သည်။ ဇူအန်းသည် အားလုံးရဲ့ အထက်ကို ပျံသန်းတက်လိုက်ပြီး "ညဥ့်ဦးယံသတ်ဖြတ်ခြင်း အစီအရင်အောက်မှာ ဘယ်သူအသက်ရှင်နိုင်မလဲ ငါသိချင်မိတယ် " လို့ ဆိုလိုက်၏။

ညဥ့်ဦးယံသတ်ဖြတ်ခြင်းအစီအရင်ကြီး စတင်အသက်ဝင်သည်နှင့် အစီအရင်အတွင်းရှိ ကျင့်ကြံသူတွေအားလုံးရဲ့အမြင်အာရုံသည် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ ရှစ်ဖန်သည် သူ့ရဲ့မီးတောက်လှံကို လည်ပတ်စေလိုက်ပြီး အားလုံးကို တိုက်ခိုက်ဖို့ အသင့်ပြင်ခိုင်းထားလိုက်၏။

လင်ရှို့ဟွာသည် ထိပ်လန့်နေသဖြင့် ကျစ်ယန်သည်

"ငါအမြန်အဆုံးသတ်ပေးမယ်....." လို့ ပြောလိုက်သည်။ ကျစ်ယန်သည် ခြေဖဝါးတစ်ချက်ဆောင့်နင်းလိုက်သည်နှင့် ညဥ့်ဦးယံသတ်ဖြတ်ခြင်းအစီအရင်ကြီးသည် တစ်စစီပြိုကွဲထွက်သွား၏။

ဇူအန်းသည် ကျစ်ယန်လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရသဖြင့် "ဒါ...ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ မင်းက ဘယ်လိုလုပ်ပြီး ညဥ့်ဦးယံသတ်ဖြတ်ခြင်းအစီအရင်ကြီးကို အလွယ်တကူ ဖျက်ဆီးနိုင်တာလဲ " လို့ အံ့အားသင့်စွာ ပြောလိုက်သည်။

ညဥ့်ဦးယံသတ်ဖြတ်ခြင်းအစီအရင်သည် သူတော်စင်အဆင့်အကြီးအကဲကြီးများရဲ့ စွမ်းအားကို စုပေါင်းထားသော အစီအရင်ကြီးတစ်ခုပင်ဖြစ်၏။ ညဥ့်ဦးယံသတ်ဖြတ်ခြင်းအစီအရင်ရဲ့ စွမ်းအားသည်

နတ်ဘုရားအဆင့်တွင်သာ ပိုင်ဆိုင်သော ပိုင်နက်စွမ်းအားမျိုးကို အသုံးပြုနိုင်ခြင်းဖြစ်သည်။

ကျစ်ယန်သည် ခြေတစ်လှမ်းလှမ်းလိုက်တဲ့အခါ လေဟာနယ်အက်ကွဲကြောင်းများစွာသည် ယာယီဖြစ်ပေါ်လာခဲ့၏။ ကျစ်ယန်သည် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး "တကယ့်ပိုင်နက်အစစ်ဆိုတာ ဘယ်လိုလဲဆိုတာ မင်းသိချင်လား " လို့ မေးလိုက်ပြီး အချိန်ပိုင်နက်တစ်ခုကို အသက်သွင်းလိုက်သည်။

မီတာ၁သောင်းအတွင်းရှိ သက်ရှိသက်မဲ့အရာအားလုံးသည် လုံးဝရပ်တန့်သွားခဲ့၏။ လေဟာနယ်အက်ကွဲကြောင်းများစွာအတွင်းမှ အနက်ရောင်ချီမျှင်အလင်းတန်းများစွာသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ကျောက်ရုပ်သဖွယ် ရှိနေသော ညဥ့်နက်ယံကောင်းကင်ဂိုဏ်းသားအားလုံးရဲ့ ခန္ဓာကိုယ်အနှံကို ထိုးဖောက်သွားလေသည်။

ကျစ်ယန်သည် သူ့ရဲ့ပိုင်နက်ကို ပြန်ရုတ်သိမ်းလိုက်သည်နှင့် ဝိညဥ်မရှိသော ခန္ဓာအလောင်းများစွာသည် ကောင်းကင်ယံမှ ပြုတ်ကျလာခဲ့၏။ အားလုံးသည် မည်သို့ဖြစ်ပျက်သွားသည်ကို မသိလိုက်ဘဲ ညဥ့်နက်ယံကောင်းကင်ဂိုဏ်းတစ်ခုလုံး သုတ်သင်ခံလိုက်ရသည်ကိုသာ သိလိုက်ရသည်။။

ရှစ်ဖန်လို အင်အားကြီးသူကပင် ကျစ်ယန်ကို ကြောက်ရွံသွားခဲ့၏။ ကျစ်ယန်သည် လင်ရှို့ဟွာလက်ကို ဆုပ်ကိုင်လိုက်ပြီး "မင်းတို့အားလုံးကို ကျေးဇူးတင်တယ် " လို့ ပြောကာ ပျောက်ကွယ်သွားခဲ့သည်။

All Chapters