← Chapters

ရွှေဗုဒ္ဓဂိုဏ်း

Vol. 10 Ch. 136

ရွှေဗုဒ္ဓဂိုဏ်း

Vol. 10 Ch. 136

ကျစ်ယန်နဲ့လင်ရှို့ဟွာသည် တာ့ချန်တိုင်းပြည်ရဲ့ သာမာန်ပြည်သူများ နေထိုင်သော နေရာတွင် ပြန်ပေါ်လာခဲ့၏။ ညအချိန်ကို ကျရောက်နေပြီဖြစ်ပြီး ထိုနေရာရှိ လူများသည် မီးပုံးငယ်များကို ချိတ်ဆွဲထား၍ ပျော်ပါးနေကြသည်ကို မြင်လိုက်ရ၏။

လင်ရှို့ဟွာသည် ကျစ်ယန်အား စိုက်ကြည့်၍ "ရှို့ဟွာ ဒုက္ခရောက်တဲ့အချိန်တိုင်း ရှင်အမြဲပေါ်လာတယ် ၊ နောက်ပြီး.....ရှင့်ကိုအနားမှာ အမြဲရှိနေစေချင်တယ်...." လို့ ဆိုလိုက်သည်။ ကျစ်ယန်သည် လင်ရှို့ဟွာလက်အား တွဲရင်း သာမာန်လူများကြားတွင် လမ်းလျှောက်သွားခဲ့၏။

ကျစ်ယန်သည် အရင်ဘဝမှတ်ဥာဏ်များကို လင်ရှို့ဟွာကို မသိစေချင်သေးပေ။ ကလေးလေးတစ်ယောက်သည် ကျစ်ယန်နဲ့ လင်ရှို့ဟွာ ရှေ့ကို ရောက်ရှိလာခဲ့ပြီး "ဦးဦးနဲ့ ဒေါ်ဒေါ်ကရော သခင်မကြီးကို ကန်တော့ဖို့ ရောက်လာတာလား....." လို့ မေးလိုက်၏။

လင်ရှို့ဟွာသည် ကလေးမလေးမှာ ချစ်စရာကောင်းလွန်းသဖြင့် ပုခုံးအား ကိုင်လိုက်ပြီး

သူ့သိမ်းဆည်းထားသော ကျောက်စိမ်းရတနာအချို့ကို ပေးလိုက်သည်။ ကျစ်ယန်သည် တစ်စုံတစ်ယောက်မှာ သူတို့ကို စောင့်ကြည့်နေသည်ကို သိရှိသွားခဲ့၏။

အမှောင်ထဲတွင် စောင့်ကြည့်နေသောလူသည် သူကြည့်နေစဥ်အတွင်း ကျစ်ယန်မှာ ရုတ်တရက်ပျောက်ကွယ်သွားသဖြင့် အံ့အားသင့်နေချိန်တွင် "မင်းဘယ်သူလဲ..."ဟုသော အသံထွက်ပေါ်လာသဖြင့် ကြောက်ရွံသွားခဲ့သည်။

ထိုလူသည် သူ့နာမည်နဲ့အတူ ရှင်သန်ခြင်းမြို့တော်ကို စောင့်ကြည့်နေရသော သွေးဓားဂိုဏ်းရဲ့ ဂိုဏ်းသားဖြစ်ကြောင်း ရှင်းပြလိုက်၏။ ဟိုရန်ဟု ခေါ်သော သွေးဓားဂိုဏ်းရဲ့ ကျင့်ကြံသူသည် ကျစ်ယန်ရဲ့ ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက်သာလွန်သည်ကို

သိရှိသွားသဖြင့် လိမ်ညာမပြောခဲ့ပေ။

သို့သော် သူသည် သွေးဓားဂိုဏ်းရှိ အကြီးအကဲများကို အကူအညီတောင်းထားပြီးပြီဖြစ်၏။ ကျစ်ယန်သည်

သာမာန်လူတွေနေထိုင်တဲ့မြို့တော်ကို ဘာကြောင့် စောင့်ကြည့်နေလဲဟု တွေးတောနေခဲ့သည်။

လေဟာနယ်အက်ကွဲကြောင်းထဲမှ လူ၅ယောက်သည် အတူတူထွက်ရှိလာခဲ့၏။ ထိုအဖွဲ့ထဲမှ ခေါင်းဆောင်ဖြစ်သူ ရှောင်လျန်သည် "ငါတို့သွေးဓားဂိုဏ်းရဲ့ကိစ္စကို မင်းကို အကုန်တင်ပြနေရမှာလား...." လို့ မေးလိုက်သည်။

ကျစ်ယန်သည် ရှောင်လျန်ရဲ့ စိတ်ဝိညဥ်ကို တစ်ချက်တိုက်ခိုက်လိုက်ပြီး "မင်းတို့သွေးဓားဂိုဏ်းမှာ ဖမ်းထားတဲ့ လုချွမ်ဆိုတာရှိတယ်မလား...." လို့ မေးလိုက်၏။ ရှောင်လျန်သည် စိတ်ဝိညဥ်တိုက်ခိုက်ခံလိုက်ရသည်နှင့် ကြောက်လန့်၍ သွားသည်။

ရှောင်လျန်သည် သူတို့ဖမ်းထားသည့်လူများတွင် လုချွမ်ဆိုသော နာမည် ရှိမရှိ မေးမြန်းလိုက်၏။ရှောင်လျန်ဘေးတွင် ရှိသော လူသည် လုချွမ်ကို သူ့ရဲ့တပည့်အဖြစ် ခေါ်ယူထား​ခြင်းသာဖြစ်ပြီး ဖမ်းဆီးထားခြင်း မဟုတ်ကြောင်း ရှင်းပြ​လိုက်သည်။

လုချွမ်သည် ကျင့်ကြံသူ ၁ယောက်ဖြစ်နေလိမ့်မည်လို့ ကျစ်ယန်မထင်ထားပေ။ ကျစ်ယန်သည် မကြာခင်မှာ သွေးဓားဂိုဏ်းကို အလည်လာခဲ့မယ်ပြောရင်း ထိုလူများအကြား ပျောက်ကွယ်သွားခဲ့၏။

ကျစ်ယန်နဲ့ လင်ရှို့ဟွာသည် အချိန်အတော်ကြာ လမ်းလျှောက်ပြီးတဲ့နောက် အမျိုးသမီးကြီးတစ်ယောက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီးကြီးရဲ့ မျက်နှာမှာ အပြုံးများဝေဆာနေခဲ့၏။

ထိုနေရာရှိ သာမာန်ပြည်သူများ အားလုံးသည် အမျိုးသမီးကို နှုတ်ဆက်နေကြပြီး ဂါဝါရပြုနေသူများလဲ ရှိနေခဲ့သည်။

ကျစ်ယန်သည် ထိုအမျိုးသမီးကြီးကို ကြည့်လိုက်ပြီး စိတ်ပျက်စွာ ခေါင်းခါလိုက်သည်။ အမျိုးသမီးကြီးသည် ကျစ်ယန်နဲ့လင်ရှို့ဟွာကို မြင်လိုက်တဲ့အခါ သူမျက်နှာတွင် ကြမ်းတမ်းသော အသွင်အပြင် ထွက်ပေါ်လာခဲ့၏။

ရုတ်တရက် ထိုအမျိုးသမီးကြီးသည် အားလုံးရှေ့တွင် ပျောက်ကွယ်သွားသည်။ မှောင်မိုက်တိတ်ဆိတ်နေသော နေရာတစ်ခုတွင် အမျိုးသမီးကြီးသည် ပြန်ပေါ်လာခဲ့ပြီး " ဒီကျင့်ကြံသူတွေ ဘယ်လိုလုပ်ရောက်လာတာလဲ...."လို့ မောဟိုက်နေရင်း ပြောလိုက်၏။

သွေးဓားဂိုဏ်းအကြီးအကဲရှောင်လျန်သည် အမှောင်ထဲရှိ လေဟာနယ် အက်ကွဲကြောင်းမှ ထွက်ရှိလာခဲ့ပြီး "ခေါင်းသုံးလုံးဝံပုလွေနတ်ဆိုးမ ၊ နောက်ဆုံးတော့ ငါနင့်ကို ရှာတွေ့ပြီ...." လို့ ဆိုလိုက်သည်။

အမျိုးသမီးကြီးသည် သူ့အားရှာတွေ့သွားသော ရှောင်လျန်ကို ဒေါသထွက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး " နင့်အဆင့်လေးနဲ့ သေချင်နေတာပဲ......" လို့ ပြောကာ ခေါင်းသုံးလုံးပါသော နတ်ဆိုးဝံပုလွေကြီး အသွင်ကို ပြောင်းလဲသွား၏။

သူမရဲ့ ခန္ဓာကိုယ်သည် မဲနက်နေခဲ့ပြီး ခေါင်းသုံးလုံးကတော့ အဖြူ ၊ အမဲ နဲ့ အနီရောင် တို့ပင် ဖြစ်သည်။ ဒါ့အပြင် သူ့ရဲ့ခန္ဓာကိုယ်အရွယ်အစားသည် အလွန်ပင် ကြီးမားလှသဖြင့် လူ၁ယောက်သည် သူ့ရဲ့ခြေချောင်းလောက်မျှသာ ရှိတော့၏။

ဒါ့အပြင် ခေါင်းသုံးလုံးဝံပုလွေနတ်ဆိုးမရဲ့ စွမ်းအားသည် သူတော်စင်အဆင့်စွမ်းအားမျိုး ရှိနေသည်။ ရှောင်လျန်သည် ကြောက်ကြောက်လန့်လန့်ဖြင့် ​နောက်ဆုတ်ရင်း ခြေချော်ကျသွား၏။ ခေါင်းသုံးလုံးဝံပုလွေနတ်ဆိုးမရဲ့စွမ်းအားသည် ထိပ်လန့်စရာဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။

ခေါင်းသုံးလုံးဝံပုလွေနတ်ဆိုးသည် သူ့ရဲ့အမြှီးဖြင့် ရှောင်လျန်ကို ချုပ်နှောင်လိုက်ပြီး "သေသင့်တဲ့လူသားကျင့်ကြံသူတွေ......." လို့ ဆိုလိုက်သည်။

ခေါင်းသုံးလုံး ဝံပုလွေနတ်ဆိုးသည် များစွာသော ကျင့်ကြံသူတွေရဲ့ လိုက်လံသတ်ဖြတ်မှုကြောင့် တာ့ချန်တိုင်းပြည်ရှိ သာမန်ပြည်သူများသာ နေထိုင်သည့်မြို့တော်တွင် သာမန်လူကဲ့သို့ ဟန်ဆောင်နေထိုင်ခြင်းဖြစ်၏။

သို့သော် ခေါင်းသုံးလုံးနတ်ဆိုးဝံပုလွေမသည် သာမန်ပြည်သူများကို အန္တရာယ်မပေးခဲ့ပေ။ ရှောင်လျန်သည် အော်ဟစ်အကူအညီတောင်းနေခဲ့သော်လည်း ဘယ်သူမှ ရောက်မလာသည့်အတွက် နောက်ဆုံး

မေ့မြောသွားခဲ့၏။

ကျစ်ယန်သည် အမှောင်ထုကနေ တချိန်လုံးကြည့်နေခဲ့ပြီး ငြိမ်သက်နေခဲ့သည်။ အချိန်သည် ၁ညတာပင် ကုန်ဆုံးသွားတဲ့အခါ လင်ရှို့ဟွာသည် သူ့ရဲ့ ဂိုဏ်းကို အတူပြန်ဖို့ ကျစ်ယန်အား တောင်းဆိုလိုက်၏။

ကျစ်ယန်သည် သူ့အမေနဲ့ပက်သက်တဲ့သတင်း ရှာရမည်ဖြစ်၍ ငြင်းလိုက်သည်။ လင်ရှိ့ဟွာသည် ထွက်ခွာခန်းနီးအချိန်တွင် ကျစ်ယန်ပါးလေးအား လျင်မြန်စွာ နမ်းလိုက်ပြီး "ရှို့ဟွာ.....ရှင့်ကို စောင့်နေမယ်" လို့ ပြောကာ ထွက်ခွာသွားခဲ့၏။

ကျစ်ယန်သည်လည်း မူလနေရာမှ ပျောက်ကွယ်သွားခဲ့ပြီး ဂိုဏ်းတစ်ခုရဲ့ ဝင်ပေါက်ဝတွင် ပြန်​ပေါ်လာခဲ့သည်။တာ့ချန်တိုင်းပြည်၏ ဂိုဏ်း၇ဂိုဏ်းထဲရှိ ရွှေဗုဒ္ဓဂိုဏ်းရဲ့ အကာအကွယ်အစီအရင်အပြင်ဘက်တွင် ကျစ်ယန်ထွက်ပေါ်လာ၏။

ရွှေဗုဒ္ဓဂိုဏ်းရဲ့ အကာအကွယ်အစီအရင်သည် သာမန်ဂိုဏ်းတွေထက် သန်မာအားကောင်းတဲ့ ခုခံရေးစွမ်းအင်များ ပါရှိနေခဲ့သည်။ ထို့အပြင် အဆင့်နိမ့်ကျင့်ကြံသူ တစ်ယောက်သည် ထိုအကာအကွယ်အစီအရင်ကိုမြင်ရမည်မဟုတ်ဘဲ တံခါးပေါက်မှ ဝင်ရောက်ခဲ့မည်ဆိုရင် ပုံရိပ်ယောင်လောကထဲကို ကျရောက်သွားမည် ဖြစ်၏။

All Chapters