အခန်း (၁၃၇)
Vol. 10 Ch. 137
ရွှေဗုဒ္ဓဂိုဏ်းရဲ့ အကာအကွယ်အစီအရင်အတွင်းမှ အမြွှာညီမ၂ယောက် ထွက်ရှိလာခဲ့ပြီး "စီနီယာအကိုက အဂ္ဂိရတ်ပညာရှင်တစ်ယောက်လား...." လို့ မေးလိုက်၏။ ကျစ်ယန်သည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ အမြွှာညီမ၂ယောက်သည် ပျော်ရွှင်၍ သွားသည်။
မိန်ယု နဲ့ မိန်ရု လို့ ခေါ်သော အမြွှာညီမ၂ယောက်သည် ပျော်ရွှင်ရာကနေ ရပ်တန့်သွားပြီး မိန်ယုသည် အဂ္ဂိရတ်ဆေးဆရာ အမိန့်ပြားအား ပြသဖို့ ကျစ်ယန်ကို တောင်းဆိုလိုက်၏။
ကျစ်ယန်သည် သူ့ရဲ့ ရွှေအဆင့်အဂ္ဂိရတ်ဆေးဆရာတံဆိပ်ပြားကို မိန်ယုထံကို ပစ်ပေးလိုက်သည်။ မိန်ယုနဲ့ မိန်ရုသည် တံဆိပ်ပြားကို ကျစ်ယန်ကို ပြန်ပေးလိုက်ပြီး အကာအကွယ်အစီအရင်ကို ယာယီဖွင့်ဟ၍
ကျစ်ယန်ကို ခေါ်ဆောင်လာခဲ့၏။
ရွှေဗုဒ္ဓဂိုဏ်းသည် အလွန်ပင် လှပသော နေရာတစ်ခုပင် ဖြစ်နေလိမ့်မည်လို့ ကျစ်ယန်မထင်ထားပေ။ မိန်ယုနဲ့မိန်ရုသည် တောင်ထိပ်တစ်ခုပေါ်ရှိ ခန်းမတစ်ခုထဲကို ကျစ်ယန်ကို ခေါ်ဆောင်လာခဲ့၏။
ခန်းမထဲရှိ လှပသော မိန်းကလေးတစ်ယောက်သည် ကျစ်ယန်ကို တွေ့လိုက်ရတဲ့အခါ နှုတ်ဆက်တော့မည့်ချိန်တွင် ကျစ်ယန်ရဲ့စိတ်ကို သတိထားမိပြီး ပုံမှန်အတိုင်းငြိမ်သက်နေခဲ့သည်။ထိုမိန်းကလေးကတော့ ရှီနန်ပင် ဖြစ်သည်။
ခန်းမထဲရှိလူများအားလုံးသည် အဂ္ဂိရတ်ဆေးဆရာများဖြစ်သည်ကို ကျစ်ယန်သိရှိလိုက်၏။
ဟောင်ဖန်ဟုသော အဂ္ဂိရတ်ဆေးဆရာတစ်ယောက်သည် ရှီနန်ကို တိတ်တခိုး ကြိုက်နေသူဖြစ်သည်။ ဟောင်မျိုးနွယ်စုရဲ့ အဂ္ဂိရတ်ဆေးပညာမှာ ဘိုးဘေးအစဥ်အဆက် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်၏။
ရှီနန်ရဲ့မျက်လုံးများသည် ကျစ်ယန်ကိုသာ အချိန်ပြည့်ကြည့်နေသည်ကို သတိထားမိသွားသော
ဟောင်ဖန်သည် မကျေမနပ်ဖြစ်နေပြီး အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။
ခဏအကြာမှာပဲ လီနဟုသော မိန်းမလှလေး၁ယောက် ထပ်မံရောက်လာပြီး သူနဲ့အတူ လိုက်လာဖို့ အားလုံးကို ဖိတ်ခေါ်လိုက်သည်။
ရှင်းရန်တောင်ထိပ်ဟု အမည်ရသော တောင်ထိပ်သို့ ရောက်တဲ့အခါ လီနသည် ခုန်ဆင်းလိုက်ပြီး
အဖိုးအို၁ယောက်ကို အရိုအသေပေးကာ "အကြီးအကဲဟူ.....သူတို့အားလုံးရောက်ပါပြီ" လို့ ဆိုလိုက်၏။
အကြီးအကဲဟူသည် သူ့လက်ထဲရှိ ပျက်စီးနေသော ဆေးလုံးအား လေထဲတွင် ဝဲစေလိုက်ပြီး ထိုဆေးလုံးရဲ့ အမည် ၊ ပါဝင်သော ဆေးအမယ်နဲ့ ဆေးအာနိသင်ဂုဏ်သတ္တိတို့ သိမှာပါ ရွှေဗုဒ္ဓဂိုဏ်းမှ အသိအမှတ်ပြုမည်ဟု ဆိုလိုက်သည်။
ဖြေဆိုချိန်သည် အမွှေးတိုင် တစ်တိုင်စာ အတွင်းသာဖြစ်သည်။
အကြီးအကဲဟူသည် စာလိပ်များနဲ့မှင်စုတ်တံတို့ကို ပေးရန် စေခိုင်းလိုက်၏။
အခြားလူတွေသည် ပျက်စီးနေသော ဆေးလုံးကို ကြည့်ရှုနေချိန်တွင် ကျစ်ယန်သည် စာလိပ်ပေါ်တွင် လျင်မြန်စွာ ရေးသားလိုက်ပြီး ပြန်အပ်လိုက်သည်။
အခြားအဂ္ဂိရတ်ဆရာများသည် ကျစ်ယန်မှာ မဖြေနိုင်၍ ပြန်အပ်လိုက်သည်ဟု ထင်နေကြ၏။
ကျစ်ယန်သည် ဖြေဆိုပြီးတဲ့နောက် ထိုင်ခုံလွတ်တစ်နေရာတွင် ဝင်ထိုင်နေလိုက်သည်။
အမွှေးတိုင်တစ်တိုင်စာ ကုန်သွားပြီးတဲ့နောက် ရင်ဘတ်တွင် အဂ္ဂိရတ်ခန်းမရဲ့ အမိန့်တံဆိပ်ပြား တပ်ဆင်ထားသော လူ၂ယောက်သည် ကျစ်ယန်တို့ ရှိရှာကို ရောက်ရှိလာခဲ့၏။ လင်တျန်းဟု အမည်ရသော အဂ္ဂိရတ်ခန်းမရဲ့ အကြီးအကဲသည် အဂ္ဂိရတ်ဆေးဆရာများကို ကြည့်လိုက်ပြီး "အကြီးအကဲဟူ အခြေအနေ ဘယ်လိုလဲ " လို့ မေးလိုက်သည်။
အကြီးအကဲဟူသည် သူ့လက်ထဲရှိ အဖြေစာလွှာများကို လင်တျန်းထံကို လွဲပြောင်းပေးလိုက်၏။ လျင်တျန်းသည် အဖြေစာလွှာများကို ဖတ်လိုက်ပြီး လူ၃ယောက်သာ
မှန်ကန်သည်ကို တွေ့လိုက်သည်။
ထို၃ယောက်ကတော့ ဟောင်ဖန် ၊ ရှီနန်နဲ့ ကျစ်ယန်တို့ပင် ဖြစ်၏။ လျင်တျန်းသည် တခြားအဂ္ဂိရတ်ဆရာများကို ထုတ်ပယ်လိုက်ပြီး ကျစ်ယန်တို့ ၃ယောက်ကို သူနဲ့အတူ ဆေးလုံးဖော်စပ်ဖို့ ခေါ်ဆောင်သွားခဲ့သည်။
လျင်တျန်းရဲ့ ဘေးတွင် ပါရှိသော သူ့ရဲ့အချစ်ဆုံးတပည့် ကျိဖန် သည် အခြားတောင်ထိပ်တစ်ခုရှိ အခန်းကျယ်တစ်ခုကို ခေါ်ဆောင်သွားခဲ့၏။ ကျိဖန်သည် သူ့ဆရာရောက်လာသည်နှင့် စတင်ဖော်စပ်မည်ဟု ပြောကြားပြီး နေရာကိုယ်စီယူခိုင်းလိုက်သည်။
အခန်းထဲတွင် ရှိနေသော ဆေးအမယ်အများစုသည်
အဆင့်၇နဲ့ အဆင့်၈ ဆေးလုံးဖော်စပ်ရာတွင် ပါဝင်သော ပစ္စည်းများပင် ဖြစ်သည်ကို ကျစ်ယန်သိလိုက်ရ၏။ လျင်တျန်းသည် ပေါင်းစပ်အဆင့်ဆေးလုံးကို ဖန်တီးဖို့ ကြံနေမှန်း ကျစ်ယန် ရိပ်မိလိုက်သည်။
ပေါင်းစပ်အဆင့်ဆေးလုံးဆိုသည်မှာ မတူညီသော အဆင့်၆ ဆေးလုံးများကို ဖော်စပ်ပြီး ဆေးလုံးဖြစ်ပေါ်ချိန်တွင် ဖော်စပ်ထားသော ဆေးအာနိသင်များအားလုံးကို ပြန်စုပ်ယူပြီး သာမာန်ဆေးလုံးအတွင်းကို လွဲပြောင်းပေးမည့် နည်းလမ်း ဖြစ်၏။
ရုတ်တရက် အခန်းအတွင်းကို အသက်ကြီးပုံရသော မော့ဖျင်ဟုခေါ်သော မိန်းမတစ်ယောက်နဲ့အကြီးအကဲဟူတို့ အတူ ရောက်ရှိလာခဲ့သည်။ မော့ဖျင်သည် အခန်းအတွင်းရှိလူများကို ကြည့်လိုက်ပြီး ကျစ်ယန်နဲ့ရှီနန်ကို လက်ညိုးထိုးကာ "အကြီးအကဲဟူ...ဒီ၂ယောက်က ဘယ်သူတွေလဲ " လို့ မေးလိုက်၏။
အကြီးအကဲဟူသည် သူ့စမ်းသပ်ချက်အောင်မြင်ထားသော ရွှေအဆင့်အဂ္ဂိရတ်ဆရာများသာ ဖြစ်ကြောင်း ပြောလိုက်သည်။မော့ဖျင်သည် နာမည်မရှိသော အဂ္ဂိရတ်ဆရာများ ဖန်တီးသော ဆေးလုံးများမလိုချင်ဘူးလို့ ဆိုလိုက်၏။
အကြီးအကဲဟူသည် စိတ်ပျက်သွားသော်လည်း မော့ဖျင်စကားကို မလွန်ဆန်ရဲပေ။ အကြီးအကဲဟူသည် ကျစ်ယန်နဲ့ ရှီနန်ကို ရွှေဗုဒ္ဓဂိုဏ်းရဲ့ တံဆိပ်ပြားတစ်ခုစီကို တောင်းပန်သည့်အနေဖြင့် ပေးလိုက်ပြီး ရွှေဗုဒ္ဓဂိုဏ်းတွင် ယာယီနေခွင့်ပေးလိုက်၏။
ကျစ်ယန်နဲ့ ရှီနန်သည် တောင်ထိပ်တစ်ခုမှ အတူထွက်ခွာလာခဲ့သည်။ရှီနန်သည် သူ့တွင် ကိစ္စတချို့ ရှိသေးသဖြင့် ကျစ်ယန်ကို နှုတ်ဆက်ကာ ရွှေဗုဒ္ဓဂိုဏ်းမှ ထွက်ခွာသွားခဲ့၏။
ကျစ်ယန်သည် သူနေခွင့်ရသော တောင်ထိပ်တစ်ခုကို သွားမည့်ချိန်တွင် မိန်ယုနဲ့မိန်ရုသည် ကျစ်ယန်ရှေ့ကို ရောက်ရှိလာခဲ့ပြီး တတိယသခင်မကြီးက ခေါ်ခိုင်း
ကြောင်း ပြောလိုက်သည်။
ကျစ်ယန်သည် တတိယသခင်မနဲ့ မော့ဖျင်တို့သည် ရွှေဗုဒ္ဓဂိုဏ်းနဲ့ ဘယ်လိုပက်သက်နေလဲ မေးလိုက်၏။ ရွှေဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းထံတွင် သမီး၃ယောက်ပင် ရှိသည်။
မော့ဖျင်သည် ဒုတိယသခင်မပင် ဖြစ်ပြီး ပထမသခင်မကတော့ သေဆုံးသွားခဲ့ပြီဖြစ်၏။ လက်ရှိရွှေဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့အကြီးအကဲကြီးများကပင် မော့ဖျင်နဲ့တတိယသခင်မတို့ရဲ့ စကားကို မလွန်ဆန်ရဲပေ။
မိန်ယုနဲ့မိန်းရုသည် ချီကျိုင်းတောင်ထိပ်ရဲ့ အဆောင်တစ်ခုရှိသို့ ကျစ်ယန်ကို ခေါ်ဆောင်လာခဲ့၏။ ကျစ်ယန်တို့ ရောက်လာသည်နှင့် တတိယသခင်မ ဟု၍ အမည်တွင်သော ယုပင်းသည် ထွက်ရှိလာခဲ့သည်။