← Chapters

ချိတ်ပိတ်ထားသောကျောက်သေတ္တာ

Vol. 10 Ch. 138

ချိတ်ပိတ်ထားသောကျောက်သေတ္တာ

Vol. 10 Ch. 138

မိန်ယုနဲ့မိန်ရုသည် တတိယသခင်မယုပင်းအရိုအသေပေးလိုက်ပြီး ချက်ချင်းထွက်ခွာသွားခဲ့၏။ တတိယသခင်မယုပင်းရဲ့ ရုပ်ရည်သည် တဖြည်းဖြည်း အိုမင်းလာနေပြီ ဖြစ်၏။

ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ သူ့အား ဘာစေခိုင်းစရာရှိလို့လဲဟု မေးလိုက်သည်။တတိယသခင်မယုပင်းသည် သိုလှောင်ကွင်းလက်စွပ် တစ်ကွင်းပေးလိုက်၏။ သိုလောင်ကွင်းလက်စွပ်ထဲတွင် ရှားပါးသော ဆေးအမယ်များစွာကို ကျစ်ယန်တွေ့လိုက်ရသည်။

တတိယသခင်မယုပင်းသည် အဆင့်၆ ဆေးလုံးတစ်မျိုးကို ဖော်စပ်ခိုင်းခြင်းပင် ဖြစ်၏။ ကျစ်ယန်သည် သူ့အတွက် အခန်းတစ်ခန်းပြင်ဆင်ခိုင်းလိုက်သည်။

တတိယသခင်မယုပင်းရဲ့ မျက်နှာသည် ဖြူဖက်ဖြူရော် ဖြစ်နေသဖြင့် ကျစ်ယန်သည် စမ်းသပ်ကြည့်ရန် တောင်းဆိုလိုက်၏။

ကျစ်ယန် တတိယသခင်မယုပင်းရဲ့ ခန္ဓာကိုယ်အတွင်းတွင်ရှိသော

ရှားပါးသော အဆိပ်နှံကောင် တစ်ကောင်ကို တွေ့ထားခြင်းပင် ဖြစ်သည်။ တတိယသခင်မသည် အဆင့်၆ ဆေးလုံးဖော်စပ်ဖို့သာ အာရုံထားဖို့သာ ပြောရင်း ထွက်ခွာသွား၏။

ယုပင်းထွက်သွားသည်နှင့် မိန်ယုနဲ့ မိန်ရု ရောက်ရှိလာပြီး ချီကျိုင်းတောင်ထိပ်ရဲ့ လို့ဝှက်ဂူထဲကို ကျစ်ယန်ကို လိုက်ပို့ဆောင်ပေးခဲ့သည်။ ကျစ်ယန်သည် စိတ်ဝိညဥ်ကမ္ဘာငယ်ထဲကို ဝင်လိုက်၏။

ကြည်လင်သော ရေမျက်နှာပြင်ပေါ်တွင် ကျစ်ယန်သည် တည်ငြိမ်စွာ ရှိနေသည်။ ကျစ်ယန်သည် သူ့ထံတွင် ရှိသော ဆေးအမယ်များစွာကို ထုတ်လိုက်ပြီး ​သူ့ရဲ့လက်ဖဝါးပြင်ပေါ်တွင် ဆေးအမယ်များကို စတင်သန့်စင်လိုက်၏။

အချိန်သည် ၅မိနစ်လောက်မကြာသေးခင်ပဲ အဆင့်၇ ဆေးလုံးများသည် လေထဲတွင် လွင့်မျောနေလေသည်။ ကျစ်ယန်သည် ကျန်ရှိသေးသော ဆေးအမယ်အချို့ကို ဖော်စပ်မည့်ချိန်တွင် လင်ရှို့ဟွာအခက်ခဲ ဖြစ်နေသည်ကို သိလိုက်ရ၏။

ကျစ်ယန်သည် သူ့ရဲ့နဖူးကြားထဲမှ မူလစိတ်ဝိညဥ်အစိတ်အပိုင်းနဲ့ ဖန်တီးထားတဲ့ ကိုယ်ပွားတစ်ခုကို ထုတ်လိုက်သည်။ ကျစ်ယန်ရဲ့ ကိုယ်ပွားသည် လေဟာနယ်အက်ကွဲကြောင်း တစ်ခုကို ဖန်တီးပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

ကျစ်ယန်သည် ပြင်ပကမ္ဘာကို ပြန်ထွက်လာခဲ့ပြီး

ဂူထဲမှ ထွက်ထွက်ချင်း မိန်ယုနဲ့မိန်ရုသည် သူ့အား

စောင့်ကြိုနေခဲ့သည်။ မိန်ယုသည် ကျစ်ယန်အား နှုတ်ဆက်လိုက်ပြီး တတိယသခင်မသည် စောင့်ဆိုင်းနေကြောင်း ပြောလိုက်၏။

ကျစ်ယန်တို့၃ယောက်သည် တတိယသခင်မထံကို ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် မီးသွေးနက်ရောင်ကျောက်စိမ်းဗူး၂ဗူးကို ပေးလိုက်၏။ ကျစ်ယန်သည် ပထမ၁ဗူးမှာ တတိ

သခင်မအတွက် ဖော်စပ်ပေးထားကြောင်း ပြောလိုက်သည်။

တတိယသခင်မသည် ကျစ်ယန်ကို ကျေးဇူးတင်ရင်း ဆေးလုံးကိင မျိုချလိုက်၏။

ရွှေဗုဒ္ဓဂိုဏ်းရှိ တပည့်သားတစ်ယောက်သည် ချီကျိူင်းတောင်ထိပ်ရဲ့ အပြင်မှ ဝင်ခွင့်ပေးဖို့ တောင်းဆိုလိုက်၏။ တတိယသခင်မသည် တောင်ထိပ်အစီအရင်ကို ဖယ်ရှားကာ ဝင်ခွင့်ပေးလိုက်သည်။

အားချန်ဟု ခေါ်သောတပည့်သည် တတိယသခင်မကို အရိုအသေပေးလိုက်ပြီး ရွှေဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်မွေးနေ့ကိုလာရောက်ဖို့ ဖိတ်ကြားခြင်း ဖြစ်၏။ တတိယသခင်မသည် ခေါင်းငြိမ့်လိုက်ပြီး သူနဲ့အတူ လိုက်ဖို့ ဆန္ဒရှိလားလို့ ကျစ်ယန်ကို မေးလိုက်သည်။

ကျစ်ယန်သည် တတိယသခင်မနဲ့အတူ ရွှေဗုဒ္ဓဂိုဏ်းရဲ့ သန့်စင်ခြင်းဧကရာဇ်တောင်ထိပ်ကို ရောက်ရှိလာခဲ့၏။ သန့်စင်ခြင်းဧကရာစ်တောင်ထိပ်တွင် လာရောက်ဂုဏ်ပြုပေးကြသော

ကျင့်ကြံသူများစွာရှိနေခဲ့သည်။

တတိယသခင်မ ရောက်ရှိလာသော်လည်း

ကျင့်ကြံသူအများစုမှာ ဂရုမစိုက်သည်ကို ကျစ်ယန် သိလိုက်ရ၏။ တတိယသခင်မနားတွင် ကျစ်ယန်ကို တွေ့လိုက်ရသောအခါ အကြီးအကဲဟူသည် အခြေအနေကို နားလည်လိုက်သည်။

ရုတ်တရက် လေထုသည် ငြိမ်သက်သွားခဲ့ပြီး လေဟာနယ်သည် တဖြည်းဖြည်းအက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာခဲ့၏။ လေဟာနယ်အက်ကွဲကြောင်းကြီးထဲမှ လူ၃ယောက် ထွက်ရှိလာခဲ့သည်။

ရွှေဗုဒ္ဓဂိုဏ်းရှိ အကြီးအကဲများနဲ့တပည့်သားများသည်

ထိုင်နေရာမှ ထလိုက်ကြပြီး "ဂိုဏ်းချုပ်ကို ကြိုဆိုပါတယ်......" လို့ အော်ဟစ်ကြလိုက်၏။ ရွှေဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ် ပိုင်ယင်သည် ပြုံးစွာဖြင့် "အားလုံး....အဆင်ပြေသလို နေကြပါ " လို့ ပြောလိုက်သည်။

ပိုင်ယင်သည် ဒုတိယသခင်မမော့ဖျင်နဲ့ တတိယသခင်မ လုပင်းတို့ကို နှုတ်ဆက်လိုက်၏။ ပိုင်ယင်သည် ဂိုဏ်းချုပ်ဖြစ်လာသော်လည်း ဒုတိယသခင်မနဲ့တတိယသခင်မတို့ရဲ့ ကျေးဇူးတရားကို မမေ့တက်ပေ။

ဒါကြောင့် ရွှေဗုဒ္ဓဂိုဏ်းရဲ့ အတိုင်ပင်ခံအကြီးအကဲ၂ဦး အဖြစ်ရာထူးပေးထားခြင်းဖြစ်သည်။ ဒုတိယသခင်မမော့ဖျင်သည် အကြီးအကဲဟူအား ထူနန်ကျောက်သေတ္တာငယ်လေးအား မွေးနေ့လက်ဆောင် အဖြစ် ပေးအပ်ခိုင်းလိုက်၏။

အကြီးအကဲဟူသည် သူ့ရဲ့ဆရာတူအကိုဖြစ်တဲ့ လျင်ထျန်းကို တချက်ကြည့်လိုက်ပြီး ထူနန်ကျောက်သေတ္တာကို ပိုင်ယင်အား လက်နှစ်ဖက်ဖြင့် တရိုတသေ ပေးလိုက်သည်။ ပိုင်ယင်သည် ထူနန်ကျောက်သေတ္တာကို တခါထဲဖွင့်ကြည့်လိုက်၏။

ထူနန်ကျောက်သေတ္တာထဲမှ အဆင့်၇ဆေးလုံးဖြစ်သော ယိုးယွင်းပျက်စီးဆေးလုံးရဲ့ မီးတောက်သဖွယ် တောက်လောင်နေသောအရှိန်အဝါတစ်ခုသည် အားလုံးအပေါ် ယာယီကျရောက်လာခဲ့သည်။

ယိုယွင်းပျက်စီးဆေးလုံးကို မြင်တဲ့အခါ ကျင့်ကြံသူအပေါင်းရဲ့ မျက်လုံးများမှာ တလဲ့လဲ့ ဖြစ်သွားကြ၏။ အကြီးအကဲဟူ ၊ လင်ထျန်းနဲ့ ဒုတိယသခင်မမော့ဖျင်တို့ကတော့ အားလုံးရဲ့ အမူအယာကို ကြည့်ကာ ကျေနပ်နေကြသည်။

အထူးသဖြင့် ဒုတိယသခင်မသည် အားလုံးထက် ပျော်ရွင်နေခဲ့၏။ ယိုယွင်းပျက်စီးဆေးလုံးသည် နတ်သူငယ်အဆင့်ကျင့်ကြံသူ​အတွက် အဆင့်တက်နိုင်စေအောင် ပြုလုပ်ပေးနိုင်သော ဆေးလုံးမျိုးဖြစ်တဲ့အပြင် သူတော်စင်အဆင့်ကျင့်ကြံသူအတွက် အခြေခံတည်မြဲစေနိုင်မယ့် ဆေးလုံးမျိုးဖြစ်သည်။

ပိုင်ယင်သည် အလွန်ပင် သဘောကျသွားပြီး "ကျေးဇူးပါ......ဆရာတူအမ" လို့ ပျော်ရွင်စွာ ပြောလိုက်၏။ တတိယသခင်မလုပင်းသည် စိတ်ပျက်စွာ ခေါင်းတစ်ချက်ခါလိုက်ပြီး သူ့ဖော်စပ်ခိုင်းထားသော ဆေးလုံးကို လက်ဆောင်အဖြစ်ပေးခိုင်းလိုက်သည်။

​ကျစ်ယန်သည် သာမာန်ကျောက်သေတ္တာဗူးကို ကိုင်ကာ ပိုင်ယင်ထံကို တစ်လှမ်းချင်း လျှောက်လှမ်းလိုက်၏။ အားလုံးသည် ကျစ်ယန်လက်ထဲရှိ ကျောက်သေတ္တာဗူးကို ကြည့်ကာ လှောင်ပြောင်နေကြသည်။

ကျစ်ယန်သည် ပိုင်ယင်ကို ပေးလိုက်ပြီး တတိယသခင်မလုပင်းအနားတွင် ပြန်ရပ်လိုက်၏။

ပိုင်ယင်သည် သူ့စိတ်ထဲတွင် ထူးဆန်းသလို ခံစားနေရပြီး ကျောက်သေတ္တာဗူးကို အလွန်ပင် ဖွင့်ကြည့်ချင်နေခဲ့သည်။

ပိုင်ယင်သည် ကျောက်သေတ္တာဗူးကို ဖွင့်လိုက်ဖို့ ကြိုးစားကြည့်ချိန်တွင် အစီအရင်တစ်မျိုးဖြင့် ချိတ်ပိတ်ထားသည်ကို ၁ယောက်ထဲသာ သိလိုက်ရ၏။ ပိုင်ယင်သည် ကျစ်ယန်နဲ့တတိယသခင်မလုပင်းကို ကြည့်လိုက်ပြီး

တစ်ခုခုမူမမှန်တော့သည်ကို ရိပ်မိလိုက်သည်။

All Chapters