← Chapters

စတုတ္တဘိုးဘေးချွမ်

Vol. 10 Ch. 139

စတုတ္တဘိုးဘေးချွမ်

Vol. 10 Ch. 139

မွေးနေ့ပွဲကို ရောက်ရှိလာသည့် ကျင့်ကြံသူအားလုံးရဲ့ မျက်လုံးသည် သူ့သေတ္တာဗူးထံကို ရောက်နေသဖြင့် ပိုင်ယင်သည် သူတော်စင်အဆင့်စွမ်းအားဖြင့် အစီအရင်ကို ဖျက်ဆီးဖို့သာ ကြံလိုက်၏။

သို့သော် သေတ္တာဗူးပေါ်ရှိ အစီအရင်သည် အနည်းငယ်မှ ထိခိုက်မှု မရှိသွားသဖြင့် ပိုင်ယင်မျက်နှာပျက်သွားသည်။ ပိုင်ယင်သည် နောက်ထပ်တစ်ကြိမ် ထပ်မံဖျက်ဆီးပစ်ကြည့်လိုက်၏။သေးငယ်သော အစီအရင်လေးသည် အနည်းငယ်မှ ပျက်စီးသွားခြင်း မရှိပေ။

ပိုင်ယင်သည် အခြေအနေကို သိလိုက်ရသဖြင့် လက်လျော့လိုက်ပြီး "ဆရာတူညီမလေး.....မင်းက ငါ့ကိုယ်စား ဒီကျောက်သေတ္တာလေးကို ဖွင့်ပေးနိုင်မလား...." လို့ တောင်းဆိုလိုက်၏။

ပိုင်ယင်ဖြစ်ပျက်နေသည်ကို ဘယ်သူမှ သေချာမရိပ်မိသဖြင့် တတိယသခင်မလုပင်းသည် သူကိုယ်တိုင် ပိုင်ယင်ထံကိုသွားလိုက်သည်။ ပိုင်ယင်သည် ကျောက်သေတ္တာဗူးကို ပေးလိုက်​ပြီး စိတ်ဝင်တစားစောင့်ကြည့်နေ၏။

တတိယသခင်မလုပင်းသည် ကျောက်သေတ္တာဗူးလေးကို အလွယ်တကူဖွင့်လိုက်သည်ကို မြင်တဲ့အခါ ပိုင်ယင်သည် အနည်းငယ် ကြောင်အသွားခဲ့၏။

ကျောက်သေတ္တာဗူးထဲမှ မည်သည့်အရှိန်အဝါမှ မထွက်လာသဖြင့် သာမာန်ဆေးလုံးဟုသာ အားလုံးထင်သွားကြသည်။

ဒုတိယသခင်မမော့ဖျင်းသည် ထိုင်ခုံမှ ထလိုက်ပြီး "လုပင်း.....နင်က ဆရာတူမောင်လေးအတွက် အဆင့်၆ဆေးလုံးလေးတောင် လက်ဆောင်ပေးဖို့ ဆန္ဒမရှိဘူးလား....." လို့ လှောင်ရယ်သဖွယ် ပြောလိုက်၏။

လုပင်းသည် နောက်ထပ်တစ်ကြိမ် လုပ်ကြံခံရ​ပြီထင်ကာ "ဆရာတူအကို....ငါ့ကိုသွားခွင့်ပြုပါအုံး...." လို့ ​ဆိုလိုက်သည်။ ရုတ်တရက် ကျောက်သေတ္တာဗူးသည် လှုပ်ခါ၍ သွားခဲ့ပြီး ခရမ်းနက်ရောင်အလင်းတန်ကြီးသည် ကောင်းကင်ယံသို့ တစ်ရှိန်တိုး ထိုးတက်သွားခဲ့၏။

ကောင်းကင်ယံတွင် နဂါးသဏ္ဍာန်ရှိသော မိုးတိမ်ကြီး ချက်ချင်းထွက်ပေါ်လာခဲ့ပြီး လျှပ်စီးတလပ်လပ်ဖြင့် မိုးခြိမ်းသံများ အဆက်မပြတ်ထွက်ပေါ်လာလေသည်။

လေဟာနယ်အက်ကွဲကြောင်းထဲမှ အဖိုးအိုတစ်ယောက်သည် လျင်မြန်စွာ ထွက်ရှိလာခဲ့ပြီး မိုးကောင်းကင်ကို ထိုးဖောက်နေသော ခရမ်းနက်ရောင်အလင်းတန်းကို ကြည့်ကာ "ပြီးပြည့်စုံတဲ့ အဆင့်၈အထွဋ်အထိပ်ဆေးလုံးပဲ ၊ ဒီအဖိုးကြီးမသေခင်တောင် ဒီလိုဆေးလုံးမျိုး ဖော်စပ်နိုင်ဖို့ဆိုတာ အတော်လေး ဝေးကွာလွန်းသေးတယ်... " လို့ စိတ်ဓာတ်ကျစွာ အော်ဟစ်လိုက်၏။

အဖိုးအိုရဲ့ဘေးတွင် ပိုင်ယင်သည် လျှပ်တစ်ပြက်ပေါ်လာခဲ့ပြီး "အဖိုးကြီးဝမ်....ဒါက တကယ်ပဲ အဆင့်၈ ဆေးလုံးလား...." လို့ မေးလိုက်သည်။ အဖိုးကြီးဝမ်ဖန်သည် ဒေါသတကြီးဖြင့် "ငါ့လိုမှော်အဂ္ဂိရတ်ဆေးခန်းမရဲ့သခင်က ဒီကိစ္စကို ဟာသအဖြစ်ပြောနေတာလို့ မင်းထင်နေတာလား..." လို့ အော်ဟစ်လိုက်၏။

ပိုင်ယင်သည် အဖိုးကြီးဝမ်ဖန်ကို နှုတ်ဆက်ပြီး တတိယသခင်မလုပင်းလက်ထဲရှိ ကျောက်သေတ္တာဗူးကို ပိတ်ခိုင်းလိုက်ပြီး မူလနေရာတွင် ပြန်ထိုင်စေခိုင်းလိုက်သည်။

ကောင်းကင်သည် ပုံမှန်အတိုင်း ချက်ချင်း ပြန်ကြည်လင်သွား၏။

ဒုတိယသခင်မ မော့ဖျင်သည် အလွန်ပင် ဒေါသထွက်နေခဲ့၏။ လုပင်းသည် အဆင့်၈ ဆေးလုံးမျိုးကို သိုဝှက်စွာ ရှိနေလိမ့်မည်လို့ သူမမထင်ထားပေ။ မော့ဖျင်သည် လုပင်းဘေးရှိ ကျစ်ယန်ကို မှတ်မိသွားပြီး တီတိုးစွာအသံဖြင့် "အကြီးအကဲဟူ....အဲ့ကောင်လေးက ရှင်ရွေးချယ်ထားတဲ့လူမလား....." လို့ မေးလိုက်၏။

အကြီးအကဲဟူသည် ကျစ်ယန်ကို ခုမှသတိထားမိသွားကာ "သူကို တတိယသခင်မက ခေါ်ဆောင်သွားလိမ့်မယ်လို့ မထင်ထားဘူး...." လို့ ရေရွတ်လိုက်သည်။ ကျစ်ယန်သည် အဆင့်၈ဆေးလုံးကို တစ်နေရာရာမှ ရလာ၍ လုပင်းကို ပေးလိုက်သည်ဟု မော့ဖျင်သည် တွေးတောနေခဲ့၏။

ရုတ်တရက် မိုးကြိုးလေဟာနယ် အက်ကွဲကြောင်းထဲမှ လူ၆ယောက်သည် ထွက်ရှိလာခဲ့ပြီး ပိုင်ယင် ၊ မော့ဖျင်နဲ့ လုပင်းတို့ကို ဒူး၁ဖက်ထောက်၍ နှုတ်ဆက်လိုက်သည်။ ပိုင်ယင်သည် အားလုံးထခိုင်းလိုက်ပြီး "ဒီတစ်ခေါက် ခရီးစဥ်က မင်းတို့အတွက် အတော်အကြိုးရှိတာပဲ " လို့ ဆိုလိုက်၏။

မိန်းကလေးငယ်၂ယောက်သည် လုပင်းနားကို လျင်မြန်စွာ သွားလိုက်ပြီး "အမေ.......ဒီအတောအတွင်းအဆင်ပြေရဲ့လား....." လို့ မေးလိုက်သည်။ ကျစ်ယန်သည် သူ့ဘေးနား ရောက်ရှိလာသော ယွမ်ထျယ်နဲ့ကျူးချွင်ကို မြင်တဲ့အခါ အခြေအနေကို သဘောပေါက်သွား၏။

ယွမ်ထျယ်သည် ကျစ်ယန်အား ပြုံးပြလိုက်ပြီး "ဂျူနီယာမောင်လေး......နင်က ရွှေဗုဒ္ဓဂိုဏ်းကို အရင်ကြိုရောက်နေမယ်လို့ ငါမထင်ထားဘူး " လို့ ဆိုလိုက်သည်။ ဂိုဏ်းပေါင်းများစွာရှိ ကျင့်ကြံသူပေါင်းစုံသည် ကျစ်ယန်ကို မကျေမနပ်ဖြစ်နေကြ၏။

ကျစ်ယန်သည် မူမမှန်သည်ကို ခံစားလိုက်ရသဖြင့် စိတ်ဝိညဥ် အာရုံဖြင့် ချက်ချင်းထောက်လှမ်းလိုက်သည်။တဖြည်းဖြည်း လူစုံလာတဲ့အခါ ပိုင်ယင်သည် ထိုင်နေရာမှ ထလိုက်ပြီး သူသည် ဘိုးဘေးများနည်းတူ နှစ်၁ရာတိုင်အောင် အခန်းပိတ်ကျင့်ကြံတော့မည်ဖြစ်၍ ရွှေဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို လွဲပြောင်း ပေးတော့မည်ဖြစ်ကြောင်း ကြေညာလိုက်၏။

ရုတ်တရက် လေဟာနယ်အက်ကွဲကြောင်းထဲမှ လူ၁ယောက်ထွက်လာခဲ့သည်။ ထိုလူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးသည် စုတ်ပြတ်သတ်နေခဲ့ပြီး

သူတောင်းစားနဲ့ပင် တူနေခဲ့၏။ သို့သော် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်မှာ ခန့်မှန်း၍ ခက်နေသဖြင့် ပိုင်ယင်သည် ရိုသေစွာဖြင့် "အကြီးအကဲက ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား..." လို့ မေးလိုက်သည်။

ညစ်ပတ်နေသောလူသည် အော်ဟစ်ရယ်မောလိုက်ပြီး "ငါက.....ရွှေဗုဒ္ဓဂိုဏ်းရဲ့ စတုတ္တဘိုးဘေးဖြစ်တဲ့အပြင် ရွှေဗုဒ္ဓဂိုဏ်းရဲ့အကျဥ်းသားဆိုလဲ မမှားဘူး " လို့ ဆိုလိုက်၏။

ပိုင်ယင်နဲ့အတူ ရွှေဗုဒ္ဒဂိုဏ်းရှိ အကြီးအကဲအများစုသည် ကြောက်လန့်တကြားဖြစ်သွားကြပြီး "စတုတ္တဘိုးဘေးက အသက်ရှင်နေသေးတာလား...." လို့ တီတိုးစွာ ရေရွတ်လိုက်ကြသည်။

စတုတ္တဘိုးဘေးချွမ်သည် ပိုင်ယင် ၊မော့ဖျင်နဲ့လုပင်အား ကြည့်လိုက်ပြီး "...ငါအခု ပြန်လွတ်လာပြီဆိုမှတော့ ငါရဲ့သမီး မော့ဖျင်းက ရွှေဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ " လို့ အော်ဟစ်လိုက်၏။ ထိုအော်ဟစ်သံတွင် ခြိမ်းခြောက်သံ နဲ့ ဖိနှိပ်သံတွေ ပါဝင်နေခဲ့သည်။

ပိုင်ယင်သည် မော့ဖျင်ကို ဂိုဏ်းချုပ်နေရာကို ပေးအပ်ဖို့ အစီအစဥ်မရှိပေ။ ဒါ့အပြင် မော့ဖျင်သည် စတုတ္တဘိုးဘေးရဲ့ သမီးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ပေ။

All Chapters