← Chapters

ရွှေဗုဒ္ဓဂိုဏ်းရဲ့အရှုပ်တော်ပုံ

Vol. 10 Ch. 140

ရွှေဗုဒ္ဓဂိုဏ်းရဲ့အရှုပ်တော်ပုံ

Vol. 10 Ch. 140

စတုတ္တဘိုးဘေးချွမ်သည် ကြောက်စရာကောင်းမွန်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး တည်ငြိမ်စွာ အနေအထားဖြင့် "ငါကိုတွေ့တာတောင် မင်းတို့က အဲ့အတိုင်းပဲ ရပ်နေတော့မှာလား...."။

ရွှေဗုဒ္ဓဂိုဏ်းရဲ့ကျင့်ကြံသူအားလုံးသည် ဒူးများထောက်လိုက်ကြပြီး စတုတ္တဘိုးဘေးချွမ်ကို အရိုအသေပြုဖို့ ဟန်ပြင်ချိန်တွင် ပိုင်ယင်သည် လက်ဝါးထောင်ကာ "ဆရာတူဦးလေး၄.....မင်းက ရွှေဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူးအတွက်နဲ့ ငါ့ဆရာဖြစ်တဲ့တတိယဘိုဘေးကို လုပ်ကြံတိုက်ခိုက်ခဲ့တဲ့အချိန်ထဲက မင်းက ရွှေဗုဒ္ဓဂိုဏ်းနဲ့ မသက်ဆိုင်တော့ဘူး...." ဟု တည်ငြိမ်စွာ ပြတ်သားစွာ ပြောလိုက်၏။

ပိုင်ယင်သည် စတုတ္တဘိုးဘေးချွမ်ကို တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိနေသဖြင့် စိန်ခေါ်လိုက်ခြင်းနဲ့ အတူတူပင်ဖြစ်သည်။

စတုတ္တဘိုးဘေးချွမ်သည် အော်ဟစ်ကာ ရယ်မောလိုက်ပြီး "ငါတစ်ယောက်ထဲလို့ မင်းကထင်နေတာလား......." လို့ ဆိုလိုက်၏။

စတုတ္တဘိုးဘေးချွမ်ဘေးတွင် လေဟာနယ်အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာခဲ့ပြီး သူတော်စင်အဆင့်ကျင့်ကြံသူ အယောက်၂၀ပင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ပိုင်ယင်သည် စိတ်ပျက်စွာ ခေါင်းခါလိုက်၏။

စတုတ္တဘိုးဘေးချွမ်သည် ခုလောက်ထိ ပြင်ဆင်ထားနိုင်လိမ့်မည်လို့ မထင်ထားခဲ့ပေ။ လုပင်းသည် ထိုင်နေရာမှ ထလာခဲ့ပြီး တည်ငြိမ်အေးစက်စွာအသံဖြင့် "ဦးလေးချွမ်......ရှင် ဒါကို မှတ်မိသေးလား " ဟု ဆိုကာ ငွေရောင် တံဆိပ်တုံး တစ်ခုကို ပြလိုက်၏။

စတုတ္တဘိုးဘေးချွမ်သည် ငွေရောင်တံဆိပ်တုံးကို မြင်သည်နှင့် မျက်နှာပျက်သွားပြီ "မင်းဆီမှာ အဲ့တာဘယ်လိုလုပ်ရောက်နေတာလဲ......" လို့ ဆိုလိုက်သည်။ပိုင်ယင်နဲ့မော့ဖျင်သည်လဲ လုပင်းလက်ထဲရှိ ငွေရောင်တံဆိပ်တုံးကို မြင်တဲ့အခါ သူတို့ အားလုံးကို လုပင်းက လှည့်စားထားမှန်း သိလိုက်ရ၏။

မော့ဖျင်သည် ​လုပင်းနဲ့ နှစ်ပေါင်းများစွာ အတူရှိနေခဲ့ပေမယ် သူ့စိတ်တိုင်းကျ လုပ်ဆောင်နေခဲ့သဖြင့် လုပင်းမှာ သူ့ကို ကြောက်နေရသည်ဟု ထင်မှတ်ထားခဲ့ပေမယ့် သူ့လိမ်ညာခံလိုက်ရပြီဆိုတာ သိရှိလိုက်ရသည်။

နတ်ဘုရင်ပုလန်ဆိုသည်မှာ ရွှေဗုဒ္ဓဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဆက်ဆက်က ရှိခဲ့သော အရာပင်ဖြစ်၏။ ဂိုဏ်းချုပ်ဟောင်း အားလုံးသည်

သူတို့မရှိတော့တဲ့အချိန်ကာလတွင် ဂိုဏ်းတည်မြဲစေဖို့အတွက် သူ့တို့ရဲ့ အသက်စွမ်းအင်ကို စတေးကာ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို နတ်ဘုရင်ပုလန်ထဲတွင် သိမ်းဆည်းထားခဲ့ကြခြင်းပင် ဖြစ်သည်။

လုပင်းသည် နတ်ဘုရင်ပုလန်အား ​ပိုင်ယင်ကို ပေးလိုက်ပြီး "ဆရာတူအကို.....နင်ဘာသာ ဆုံးဖြတ်ပါ...." လို့ ဆိုလိုက်၏။ ပိုင်ယင်သည် နတ်ဘုရင်ပုလန်​ကို ဆုပ်ကိုင်ထားရင်း "ဆရာတူဦးလေး၄.... ခုချိန်ကစပြီး ရွှေဗုဒ္ဓဂိုဏ်းရဲ့ ဧရိယာထဲ ခြေမချဖို့ ငါအကြံ​ပေးချင်တယ် " လို့ ပြတ်သားစွာ ပြောလိုက်သည်။

စတုတ္တဘိုးဘေးချွမ်သည် နတ်ဘုရင်ပုလန်ရဲ့ စွမ်းအားအတိမ်အနက်ကို သိရှိသူဖြစ်၏။ ကြံရာမရဖြစ်သွား၏။ ပိုင်ယင်ရဲ့အနေအထားသည် နတ်ဘုရင်ပလန်ရဲ့ စွမ်းအားကို သာမန်မျှသာ သုံးနိုင်မည်ကို သိရှိထားသော စတုတ္တဘိုးဘေးချွမ်သည် တိုက်ခိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။

စတုတ္တဘိုးဘေးချွမ်သည် လေဟာနယ်အက်ကွဲကြောင်းကြီးတစ်ခုကို ဖန်တီးလိုက်ပြီး "ငါကိုဆန့်ကျင်သူ အားလုံး သေရမယ် " လို့ ကျယ်လောင်စွာ ကြိမ်းဝါးလိုက်၏။

ပိုင်ယင်သည်လည်း ချက်ချင်းပင် နတ်ဘုရင်ပုလန်ကို အသက်သွင်းလိုက်ပြီး သူနဲ့အတူ တိုက်ခိုက်ဖို့ အားလုံးကို အမိန့်ပေးလိုက်သည်။

ကျစ်ယန်သည် လုပင်းအနားတွင် တစ်ချိန်လုံးရှိနေခဲ့ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့သည်။ စတုတ္တဘိုးဘေးချွမ် ဖန်တီး​လိုက်သော လေဟာနယ်အက်ကွဲကြောင်းထဲမှ ခန္ဓာကိုယ်အနှံ လျှပ်စီးတလပ်လပ်ရှိနေသော ဧရာမနဂါးနက်ကြီး တစ်ကောင်ထွက်ရှိလာခဲ့၏။

လျှပ်စီးနဂါးနက်မှ အကြိမ်ကြိမ်ထုတ်လွှတ်နေသော လျှပ်စီးအရှိန်အဝါကြီးကြောင့် သူတော်စင်အဆင့်ကျင့်ကြံသူတွေပင် ထိပ်လန့်နေခဲ့သည်။စတုတ္တဘိုးဘေးချွမ်နဲ့ သူ့ရဲ့အဖွဲ့ဝင်တွေသည် လျှပ်စီးနဂါးနက်ရဲ့စွမ်းအားသည် နတ်ဘုရင်ပုလန်ကို

အနိုင်တိုက်နိုင်မယ်လို့ ယုံကြည်နေကြ၏။

ကျစ်ယန်သည် လျှပ်စီးနဂါးနက်ကို တွေ့သည်နှင့် သဘောကျ၍ အနည်းငယ်ပြုံးလိုက်သည်။ ပိုင်ယင်အသက်သွင်းလိုက်သော နတ်ဘုရင်ပုလန်တံဆိပ်တုံးအတွင်းမှ လူသားသဏ္ဍာန်ရှိသော ဝိညဥ်ခန္ဓာကိုယ်ကြီး ထွက်ပေါ်လာခဲ့၏။

ဝိညဥ်ခန္ဓာကိုယ်ကြီးသည် စွမ်းအင်အငွေ့အသက်လုံးဝမရှိသော်လည်း ခြေတစ်လှမ်းနတ်ဘုရားအဆင့်​ကို ရောက်ရှိနေမှန်း

သိလိုက်ရသည်။ ထို့အတူ လျှပ်စီးနဂါးနက်ရဲ့ စွမ်းအားသည်လည်း ခြေတစ်လှမ်းနတ်ဘုရားအဆင့်ရဲ့စွမ်းအားကို ရောက်ရှိနေပြီဖြစ်၏။

​ရွှေဗုဒ္ဓဂိုဏ်းရဲ့ ကောင်းကင်ယံအထက်တွင် မြူခိုး​မှုန်များ အုပ်စိုးနေခဲ့ပြီး လျှပ်စီးတလပ်လပ်နဂါးနက်နဲ့ ဝိညဥ်ခန္ဓာလူသားတို့အား ရှင်းလင်းစွာ မြင်နေကြသည်။

ဝိညဥ်ခန္ဓာလူသားသည် သူ့လက်နှစ်ဖက်ကို မတူညီသော အရပ်နှစ်ဖက်ကို ဆန့်ထုတ်လိုက်တဲ့အခါ ကြည်လင်သော ရေဘောလုံးများစွာသည် သူ့ရဲ့နံဘေးရှိ နေရာအနှံတွင် ထွက်ပေါ်လာခဲ့၏။

ဝိညဥ်ခန္ဓာလူသားသည် သူ့ရဲ့လက်ညိုးဖြင့် လျှပ်စီးနဂါးနက်ထံကို ညွှန်လိုက်သည်နှင့် ရေဘောလုံးများစွာသည် စက္ကန့်ပိုင်းအတွင်း ပေါင်းစပ်၍ သွားကာ ကြီးမာသောဧရာမရေလုံးအဖြစ်နဲ့ လျှပ်စီးနဂါးနက်ထံကို ကျရောက်သွားသည်။

လျှပ်စီးနဂါးနက်သည် သူ့ရဲ့ထိပ်တည့်တည့်မှ

လျှပ်စီးအလင်းတန်းကြီးတစ်ခုသည် ချက်ချင်းထွက်ပေါ်လာခဲ့ပြီး ရေဘောလုံးကြီးအား ထိုးခွင်း ဖျက်ဆီး ပစ်လိုက်၏။

စတုတ္တဘိုးဘေးချွမ်သည် ရက်စက်သောအကြည့်ဖြင့် ကြည့်ကာ "ရွှေဗုဒ္ဓဂိုဏ်းနဲ့ မဆိုင်တဲ့လူတွေ ထွက်သွားကြ...... " လို့ အော်ဟစ်ပြောလိုက်သည်။ တာ့ချန်တိုင်းပြည်ရှိ ကျင့်ကြံသူများသည် အ​ခြေအနေမကောင်းတော့သဖြင့် အရပ်ပေါင်းစုံကို ထွက်ခွာသွားကြ၏။

လုပင်းသည် သူ့နားရပ်နေသော ကျစ်ယန်အား ကြည့်လိုက်ပြီး "မင်းက မသွားဘဲ ဒီမှာနေနေတာ ၊ ငါတို့နဲ့ ​အတူသေဖို့ ဆန္ဒရှိနေတာလား...." လို့ မေးလိုက်သည်။ ကျစ်ယန်သည် လုပင်းမှာ အလွန်တည်ငြိမ်နေသဖြင့် စတုတ္တဘိုးဘေးချွမ်ကို ရှင်းထုတ်နိုင်မယ့်​နည်းလမ်း ရှိမည်ဟု ခန့်မှန်းထားပြီးပြီ ဖြစ်၏။

ကျစ်ယန်သည် ဝိညဥ်ခန္ဓာလူသားနဲ့လျှပ်စီးနဂါးနက်တို့ တိုက်ပွဲကို ကြည့်နေရင်း "တတိယသခင်မတစ်ယောက်လုံးရှိနေတာ.....ကျွန်တော်ကို ဘယ်သူထိရဲမှာလဲ...." လို့ ဆိုလိုက်သည်။

လုပင်းသည် အနည်းငယ်ပြုံးလိုက်ပြီး "ယွမ်အာ၊ချူးအာ....ဟွမ်အဆောင်မှာ အမေကိုအရင်စောင့်နေ " လို့ ပြောလိုက်၏။ ယွမ်ထျယ်နဲ့ချူးယွင်သည် လုပင်းအား အရိုအသေပြုကာ ချက်ချင်း ထွက်ခွာသွားသည်။

ပိုင်ယင်သည် ကောင်းကင်ယံကို တက်လိုက်ပြီး "ရွှေဗုဒ္ဓဂိုဏ်းတပည့်အားလုံးငါအမိန့်ကို နာခံပြီး ရန်သူကို ချေမှုန်းဖို့အတွက် ဗုဒ္ဓနတ်ဘုရားအစီအရင်ကို တည်ဆောက်ကြ....." ဟု အမိန့်ပေးလိုက်၏။

All Chapters