← Chapters

ငါပြန်လာပြီ

Vol. 10 Ch. 128

ငါပြန်လာပြီ

Vol. 10 Ch. 128

သူသည် အနည်းငယ်ပြုံးလိုက်ပြီး ချက်ချင်းပြန်အေးစက်သွား၏။ ထို့နောက် "မင်းတို့၂ယောက် သေလို့ရပြီ...." လို့ ပြောလိုက်သည်။ ခရမ်းရောင် လေဟာနယ်အက်ကွဲကြောင်းများစွာသည် နတ်ဆိုးဘုရင်နဲ့ရှုယန်တို့ရဲ့ခန္ဓာကိုယ်ပတ်လည်တွင် လေဟာနယ်အက်ကွဲကြောင်း တစ်ခုချင်းစီထွက်ပေါ်လာ၏။

လေဟာနယ်အက်ကွဲကြောင်းတစ်ခုချင်းစီသည် သူ့တို့ရဲ့ ခန္ဓာကိုယ်ရဲ့ နေရာအနှံအပြားကို ဓားနဲ့ဖြတ်ဟန် တူနေခဲ့သည်။ ကြောက်ရွံဖွယ်ကောင်းသော နာကျင်မှုဒဏ်ကို ခံစားနေရသော နတ်ဆိုးဘုရင်နဲ့ရှုယန်တို့သည် မိနစ်အနည်းငယ်အတွင်း ခန္ဓာကိုယ်ပျက်စီးသွားခဲ့ပြီး မူလစိတ်ဝိညဥ်သာ ကျန်ရှိပါတော့သည်။

ကြောက်စရာစွမ်းအားကို ပိုင်ဆိုင်ထားသူသည် မူလစိတ်ဝိညဥ်နှစ်ခုအား ချိတ်ပိတ်ကာ သိမ်းဆည်းလိုက်၏။ ထိုလူသည် မျက်လုံးပြန်မှိတ်လိုက်ပြီး "ငါရဲ့မူလစွမ်းအင်အထွပ်အထိပ်ကို ပြန်ရောက်ဖို့ အချိန်လိုသေးတယ် ၊ နောက်ပြီး နတ်ဆိုးတွေကိုလဲ ဒီထပ်ပိုအင်အားကြီးလာမှာကို ငါတားဆီးရမယ်" လို့ ဆိုကာ အသက်မဲ့နေသော ခန္ဓာကိုယ်အဖြစ်ကို ပြန်လည်ရောက်ရှိသွား၏။

မြေပေါ်တွင် သေဆုံးသွားခဲ့သော ကျစ်ယန်သည် တဖန်ပြန်လည်နိုးထလာခဲ့ပြီး "ငါရဲ့နောက်ဆုံးမူလစိတ်ဝိညဥ်သာ ငါရဲ့အိပ်စက်နေသောခန္ဓာကိုယ်ကို ပြန်အသက်မသွင်းနိုင်ခဲ့ရင် နတ်ဆိုးတွေကို ငါ့နောက်တစ်ကြိမ် တားနိုင်တော့မှာ မဟုတ်ဘူး " လို့ ဆိုလိုက်သည်။

ကျစ်ယန်သည် ရှေးဟောင်းနတ်ဘုရားရဲ့ မူလစိတ်ဝိညဥ်မှတဆင့် လူသားအဖြစ် မွေးဖွားလာခြင်းပင် ဖြစ်၏။ ရှေးဟောင်းနတ်ဘုရားသည် အသူရာနတ်ဆိုးနတ်ဘုရားများစွာကို သတ်ဖြတ်နိုင်ရန်အတွက် သူ့ရဲ့စွမ်းအားများကို အလွန်အကျွံ အသုံးပြုခဲ့သည်။

ထိုသက်ရောက်မှုဒဏ်ကြောင့် သူသည် စွမ်းအင်အားလုံးဆုံးရှံးလိုက်ရ၏။ရှေးဟောင်းနတ်ဘုရားသည် ထိပ်ဆုံးနတ်ဘုရားအဖြစ်ကို ပြန်လည်ကျင့်ကြံရန်အတွက် တောင်ထိပ်၅ခုထံတွင် သူ့နောက်ဆုံးကျန်ရှိသော စွမ်းအင်အနည်းငယ်ဖြင့် ထာဝရတည်တံခြင်းအစီအရင်၅ခုကို တည်ဆောက်ခဲ့၏။

သို့သော် သူ့သည် ကျင့်ကြံနေစဥ်အတွင်း ထာဝရအိပ်စက်သွားခဲ့ပြီး မူလစိတ်ဝိညဥ်နဲ့အတူ မူလစိတ်ဝိညဥ်ကမ္ဘာသည် ဘဝပေါင်းများစွာ ပြန်လည်မွေးဖွားလာခဲ့သည်။မူလစိတ်ဝိညဥ်ကမ္ဘာသည် ရှေးဟောင်းနတ်ဘုရားကိုယ်တိုင်ဖန်တီးခဲ့သော ကိုယ်ပိုင်စွမ်းအင် တစ်ခုဖြစ်၏။

နောက်ဆုံးမူလစိတ်ဝိညဥ်အဖြစ်မွေးဖွားလာသော ကျစ်ယန်သည် လက်ရှိတွင် ရှေးဟောင်းနတ်ဘုရားရဲ့ မူလခန္ဓာကိုယ်နဲ့မူလစိတ်ဝိညဥ်အဖြစ်ကို ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ကျစ်ယန်သည် အသက်မဲ့သောရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အား ကြည့်လိုက်ပြီး "ငါပြန်လာပြီ....." လို့ ဆိုကာ ပျောက်ကွယ်သွားခဲ့၏။

ကျစ်ယန်ထွက်ခွာသွားတဲ့အခါ အသက်မဲ့သော ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကြီးသည် လေနဲ့အတူမြူမှုန်အဖြစ်ပြောင်းလဲကာ လွင့်ပျံသွားလေသည်။ ကျစ်ယန်သည် တောင်ထိပ်၅ခုအနက် အမြင့်ဆုံး တောင်ထိပ်တစ်ခုပေါ်တွင် ပြန်ပေါ်လာခဲ့သည်။

ကျစ်ယန်ရဲ့ဘေးတွင် ကြောက်ရွံဖွယ်ကောင်းသော နဂါးကြီးတစ်ကောင်ထွက်ပေါ်လာခဲ၏။ကျစ်ယန်သည်

နဂါးအားကြည့်လိုက်ပြီး "ငါ့အတွက်နဲ့ မင်းကသေဖို့ဆန္ဒရှိတယ် ၊ အဲ့အတွက် မင်းနဲ့ထိုက်တန်တဲ့နေရာတစ်ခုထိ ငါခေါ်ဆောင်သွားမယ် " လို့ ဆိုလိုက်သည်။

နတ်ဆိုးဘုရင်သည် ကျစ်ယန်အား ကျင့်ကြံမှုဖျက်ဆီးလိုက်ရာတွင် လုံရှန်သည် သူ့ရဲ့အသက်ကို စတေးကာ ကျစ်ယန်ရဲ့ ခန္ဓာကိုယ်အား ကာကွယ်ပေးခဲ့ခြင်းရှိခဲ့၏။သို့သော် နတ်ဆိုးဘုရင်သည် အလွန်သန်မာသောကြောင့် သူ့ကာကွယ်ပေးမူသည် အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။

ကျစ်ယန်သည် လုံရှန်အာ စိတ်ဝိညဥ်ကမ္ဘာငယ်ထဲကို ပြန်ဝင်စေခိုင်းလိုက်၏။ ထို့နောက် ကျစ်ယန်သည် "ဒီနေရာကနေ ငါလည်းထွက်ခွာသင့်ပြီ " ဟု ဆိုကာ ပျောက်ကွယ်သွားခဲ့သည်။ ပြန်လည် ပျောက်ကွယ်ခန်းနီးသော လေဟာနယ်အက်ကွဲကြောင်းကြီးအတွင်းမှ ကျစ်ယန်သည် ပြန်လည်ထွက်ပေါ်လာခဲ့၏။

ကျစ်ယန်ထွက်ခွာလာပြီးနောက် လေဟာနယ်အက်ကွဲကြောင်းကြီးသည် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ကျစ်ယန်သည်

ဝူဟောင်လန်တိုင်းပြည်ရဲ့ လူသူကင်းမဲ့နေသော နေရာတစ်ခုတွင် ပြန်ပေါ်လာခဲ့၏။

ကျစ်ယန်သည် သာမန်လူအတိုင်းသာ လမ်းလျှောက်နေခဲ့သည်။ လျှပ်စီးဓားမြှောင် ၅ချောင်းသည် ကျစ်ယန်ရှိကို တရှိန်ထိုးဝင်လာခဲ့၏။ ကျစ်ယန်သည် အနည်းငယ်မှ လှုပ်ရှားမှုမရှိဘဲ တည်ငြိမ်နေသည်။

လျှပ်စီးဓားမြှောင်၅ချောင်းသည် ကျစ်ယန်အနားကို မရောက်ခင်မှာပဲ ချောင်းမြောင်းတိုက်ခိုက်သူသည် ပြန်ရုတ်သိမ်းလိုက်၏။ ကျစ်ယန်ရဲ့ရှေ့ကို လူအုပ်စုတစ်ဖွဲ့ရောက်ရှိလာခဲ့သည်။ ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ "သူတို့အားလုံးသေသွားပြီ...ကိစ္စမရှိရင် ငါ့လမ်းကို မနှောက်ယှက်နဲ့ " လို့ ဆိုကာ သူ့လမ်းအတိုင်းဆက်လျှောက်သွား၏။

ကျစ်ယန်ရဲ့အသံတွင် ကြောက်လန့်ဖွယ်အရှိန်အဝါများ ပါဝင်နေသဖြင့် ဘယ်သူမှ ရှေ့ဆက်မတိုးရဲပေ။

ကျစ်ယန်သည် ခမောက်ဖြူမိန်းကလေးငယ်သာ မရှိရင် သူ့လမ်းကို ပိတ်ဆို့သူအားလုံးကို လွှတ်ပေးမည်မဟုတ်ချေ။

ခမောက်ဖြူမိန်းကလေးငယ်သည် မျက်ရည်များ ကျလာခဲ့ပြီး ဝမ်းနည်းစွာအသံဖြင့် "ဒါဆို အဖေကို ကယ်ဖို့ အခွင့်အရေးမရှိတော့ဘူးလား" လို့ ဆိုလိုက်သည်။

ကျစ်ယန်ရဲ့ ခြေလှမ်းများသည် ရပ်တန့်သွား၏။ ကျစ်ယန်သည် နတ်ဘုရားအကြွင်းအကျန်နယ်မြေကို ဝင်ရောက်နိုင်ဖို့ ခမောက်ဖြူမိန်းကလေးငယ်နဲ့ ဂတိတစ်ခုတည်ထားခဲ့သဖြင့် သူမအဖေကို ကယ်ဖို့ ဆုံးဖြတ်လိုက်၏။ ကျစ်ယန်သည် တည်ငြိမ်စွာနဲ့ပဲ သူမအဖေနဲ့ ပက်သက်ပြီးတိတိကျကျ ရှင်းပြခိုင်းလိုက်သည်။

ခမောက်ဖြူမိန်းကလေးရဲ့အဖေသည် သူတော်စင်အဆင့်ကို တက်လှမ်းချိန်တွင် ကျရှုံးသွားပြီး ကျင့်ကြံမှုကိုပါ ထိခိုက်သွား၏။ ဝူဟောင်လန်တိုင်းပြည်ရဲ့ ရွှေအဆင့်အဂ္ဂိရတ်ဆရာသည် ဆေးအမယ်တချို့အား ပေးနိုင်လျှင် ကုသပေးမည်ဟု ဆိုထားခြင်းဖြစ်သည်။

ထိုဆေးအမယ်တွေသည် အလွန်ရှားပါးသဖြင့် သူတော်စင်အဆင့်ဘိုးဘေးနဲ့အတူ သူတို့အားလုံးသည် နတ်ဘုရားစစ်ပွဲအကြွင်းအကျန်နယ်မြေကို ဝင်ရောက်ရင်း ဆေးအမယ်များကို ရှာဖွေခြင်းဖြစ်၏။

ဒါ့အပြင် ရွှေအဆင့်အဂ္ဂိရတ်ဆရာသည် သူဆေးဖော်စပ်ချိန်တွင် ကာကွယ်ပေးနိုင်ရန် ကျင့်ကြံသူတွေကို ဖိတ်ခေါ်ထားခိုင်းခြင်းဖြစ်သည်။

ကျစ်ယန်သည် လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး "ငါ့ကို မင်းအဖေစီခေါ်သွား...." လို့ ဆိုလိုက်၏။

ခမောက်ဖြူမိန်းကလေးငယ်ရဲ့ မျက်လုံးများသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ ကျစ်ယန်သည်

သူ့အဖေအား ကယ်နိုင်မည်ဟု သူမသည် အလိုလို ယုံကြည်နေ၏။ နေသည် တဖန်ပြန်ဝင်ခန်းနီးချိန်ဖြစ်၍ ခမောက်ဖြူမိန်းကလေးငယ်သည် သူ့မျက်ရည်စများကို အမြန်သုတ်လိုက်သည်။

ထို့နောက် သူမသည် လေဟာနယ်အက်ကွဲကြောင်းတစ်ခု၍ ဖန်တီးလိုက်၏။ မှောင်လွန်းသော ကောင်းကင်ယံတစ်နေရာရဲ့ လေဟာနယ်အက်ကွဲကြောင်းထဲမှ ကျစ်ယန်တို့သည်

ပြန်ထွက်ပေါ်လာခဲ့သည်။

ကျစ်ယန်သည် ပိတ်ပင်တားဆီးသော အကာအကွယ်အစီအရင်ကြီးရှေ့ကို ရောက်လာမှန်းသိလိုက်ရ၏။

ခမောက်ဖြူမိန်းကလေးသည် ကျစ်ယန်အား ခဏစောင့်ဖို့ ပြောလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်၏။

ထို့နောက် အစီအရင်စက်ဝိုင်းပေါ်သို့ ကျောက်စိမ်းပြားကို ထိလိုက်တဲ့အခါ အက်ကွဲကြောင်းဝင်ပေါက်တစ်ခု ဖြစ်ပေါ်လာသည်။ ခမောက်ဖြူမိန်းကလေးသည် ကျစ်ယန်အား အရင်ဝင်ဖို့ ဦးစားပေးလိုက်ပြီး နောက်မှ လိုက်ဝင်သွားခဲ့၏။

All Chapters