← Chapters

အချစ်နဲ့ စစ်ပွဲ ... ။

Vol. 32 Ch. 374

အချစ်နဲ့ စစ်ပွဲ ... ။

Vol. 32 Ch. 374

နင်ဖုန်း‌ရှေ့တွင် ထိုင်နေသော အမျိုးသမီးသည် အနက်ရောင်ဝတ်စုံဖြင့် ချောမောလှပချေ၏။

၎င်းသည် မရဏ ငရဲနန်းတော်၏ တမန်တော် သန့်ရှင်းသောသမီးတော် ဖြစ်သည်။ သူမက နင်ဖုန်းမေးခွန်းကြောင့် ပန်းသွေးရောင် နှုတ်ခမ်းများ တွန့်ကွေးလျက်၊

“ ကူချန်နင်ကို ဖိတ်ခေါ်နေတယ်လို့ ဘယ်သူပြောလဲ။ ”

-ဟု ပြန်လည် မေးမြန်းလိုက်သည်။

“ ဒီလိုဆိုရင် ဘာလို့ဖိတ်ခေါ်ခဲ့တာလဲ အပြန်အလှန်အနေနဲ့ ... နတ်ဆိုးသန္ဓေသားမိခင် ကိုတောင်ရအောင်ကူညီပေးဖို့ ကတိပေးခဲ့တယ် မဟုတ်လား။ ”

“ ဝမ်ရှင်းကျောက်ကို အသက်ရှင်လျက် ဖမ်းနိုင်ဖို့က ... ဒီနတ်ဆိုးသန္ဓေသား မိခင်ထက် အများကြီး ... ပိုအရေးကြီးတယ်ဆိုတာ မင်း သိထားရမယ် ... ကူချန်နင်အကူအညီ မပါလည်း ဒါကိုလုပ်ရမယ်။ ”

နင်ဖုန်းတစ်ယောက် ပို၍ပို၍ စိတ်ရှုပ်ထွေးနေစဉ် အမျိုးသမီးမှ လှောင်ပြုံးဖြင့် တုန့်ပြန်လာခဲ့သည်။ နင်ဖုန်းက စကား ထပ်မဆိုတော့ချေ။

“ အရင်က တိမ်လွှာကောင်းကင် နန်းတော်ကနေ ... မထွက်လို့ ငါတို့သူ့ကိုဖမ်းဖို့ မျှော်လင့်ချက် မရှိသလောက်ပဲ ...

... ဒီတစ်ကြိမ် အခွင့်အရေးကို လက်မလွတ်သင့်ဘူး ဒါနဲ့မင်းဒဏ်ရာဘယ်လို နေသေးလဲ ပြန်ကောင်းလာပြီလား။ ”

သန့်ရှင်းသော သမီးတော်မှ နင်ဖုန်းကို သတိရသွားကာ ပြန်လှည့်ပေး၏။ နင်ဖုန်းခမျာ မျက်နှာမည်းမှောင်လာပြီး၊

“ ဒါက ငါ့ရဲ့တိုက်ပွဲဝင်စွမ်းအားကို မထိခိုက်စေတော့ပါဘူး ဒါပေမယ့် ဒီစုရီအတွက် ငွေကောင်းကင်ပုလဲကို ဆုံးရှုံးလိုက်ရတာ နှမျောစရာပဲ။ ”

-ဟု အမုန်းတရားများ အပြည့်ဖြင့် ပြန်ဖြေလာသည်။

“ မင်းဒီလောက် ဆုံးရှုံးမှုကြီး ကြုံလာခဲ့ရတာဆိုတော့ အဲဒီစုရီရဲ့နောက်ခံဟာ ထူးထူးခြားခြား ဖြစ်ရမယ် ...

... အခွင့်အရေးရရင် မင်းအစား သူ့ကို ငါသတ်ပေးမယ် ဒါပေမယ့် ဝမ်ရှင်းကျောက်ကို ဖမ်းမိတဲ့အထိတော့ စောင့်ပါ။ ”

နင်ဖုန်းမှ ခေါင်းညိတ်ပြီး ‘ကောင်းပြီ’ဟု ခေါင်းညိတ်လိုက်တော့၏။

တစ်ချိန်တည်းမှာပင် အခြားသော စားသောက်ဆိုင်၏ သီးသန့်ခန်းတစ်ခုအတွင်း၌ ကူချန်နင်သည်လည်း ဝိုင်သောက်ကာ၊

“ လန်ရှန် ... ဒီနတ်ဆိုး သန္ဓေသားမိခင်ရဲ့ပိုင်ရှင်ကဘယ်သူလဲဆိုတာ မင်းရှာတွေ့ပြီလား။ ”

-ဟု မေးမြန်းလိုက်သည်။

“ သခင်ငယ် ... ကုန်သည်ကြီး အင်အားစုသုံးခုက ဒီကိစ္စကိုဖြေဖို့ ဆန္ဒမရှိပါဘူး။ ”

လန်ရှန်မှ ပြန်ဖြေသည်။

“ ဒါက ထူးဆန်းတယ် ... ဒီလို ရှေးဟောင်းရတနာတွေနဲ့ နတ်ဆိုးသန္ဓေသား မိခင်ကို ... ဘယ်လူမိုက်က ရောင်းချဖို့ ဆန္ဒရှိနေရတာလဲ။ ”

ကူချန်နင်က မျက်ခုံးကို ကုပ်ခြစ်ကာ တွေးဆနေခဲ့သည်။

“ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ... အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက သူ့ဆီမှာ ဒီလို ရတနာတွေသိမ်းထားလည်း အလကားလို့ မြင်ပြီး ... ဒီလိုလုပ်လိုက်တာနေမယ်။ ”

“ ဟမ့် ... စကားကို အလွယ်မပြောနဲ့ အဘွားဆီ ဆက်သွယ်ပါ၊ မနက်ဖြန် လေလံပွဲကို သူလည်း တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရအောင် ...

... နောက်ဆုံးတော့ ဒီလေလံပွဲရဲ့ ရှေးဟောင်းရတနာတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀၀)က လာတာမို့ ... သူတို့ရဲ့ မူလကို ရှာတွေ့နိုင်လိမ့်မယ်။ ”

“ နားလည်ပါပြီ သခင်ငယ်။ ”

လန်ရှန်က အမိန့်ကိုယူကာ ချက်ချင်း ထွက်ခွာသွားတော့၏။

***

ထာဝရငြိမ်းချမ်းရေး အပေါင်ဆိုင်။

အပေါင်ဆိုင်ပိုင်ရှင်သူဌေးသည် ခါးကုန်ကုန်းနှင့် ဝမ်မျိုးရိုးအဘိုးကြီးဖြစ်သည်။ လူတိုင်းမှ အဖိုးကြီးဝမ်အဖြစ်ခေါ်ကြ၏။

“ အဖိုးကြီးဝမ် ... ။ ”

အဖိုးကြီးဝမ်က ကောင်တာပေါ်တွင် အနီရောင်ငှက်တစ်ကောင်ကို အစာကျွေးနေစဉ် နာမည်ခေါ်သံနှင့်အတူ ဟွာယွင်ရှန်းက ဆိုင်အတွင်း ဝင်ရောက်လာ၏။

“ ပြောပါ ဘာကိစ္စလဲ။ ”

အဖိုးကြီးဝမ်မှ အံ့သြသွားကာ ခပ်တိုးတိုး မေးလိုက်သည်။

“ အလုပ်တစ်ခု ရှိတယ် ... ။ ”

ထိုနောက် ဟွာယွင်ရှန်းမှ ကျန်းယွင်ထောင်နှင့် စုရီ၏ဇာတ်လမ်းကို ပြန်ပြောပြလိုက်၏။ သူ့စကားကြားပြီးနောက် အဖိုးကြီးဝမ်၏မျက်ဝန်းများ မှေးစင်းသွားကာ၊

“ ဒီလိုဆိုရင် ... ဒီလူငယ်က တကယ်မလွယ်ဘူးပဲ ... ဒါနဲ့မင်းက ဘာအတွက် ဒါတွေလာပြောနေရတာလဲ။”

-ဟု ပြန်မေးလိုက်၏။

“ အဖိုးကြီးဝမ် ... အရိုးကောက်သူထက် ပိုအစွမ်းထက်တဲ့ လုပ်ကြံသတ်ဖြတ်သူ ရှိလား။”

ဟွာယွင်ရှန်းမှ တိုက်ရိုက်မေးမြန်းလိုက်သည်။

“ ဟမ့် ... အရိုးကောက်သူက မလုံလောက်ဘူးလား။ ”

“ မဟုတ်ဘူး၊ တစ်ချက်တည်းနဲ့ သေစေချင်တယ်။ ”

ထိုစကားကြောင့် အဖိုးကြီးခမျာ ကောင်တာစားပွဲခုံပေါ် မေးထောက်လျက် လေးနက်လာခဲ့သည်။

“ ကြယ်စုစည်းခြင်းအဆင့် သတ်ဖြတ်ရေးသမားကို ဝိညာဉ်ကျောက်တုံး အနည်းငယ်နဲ့ ငှားရမ်းလို့ မရနိုင်ဘူး။ ”

ဟွာယွင်ရှန်းက အနက်ရောင် ကျောက်စိမ်းဆွဲသီးကို ချက်ချင်းထုတ်ကာ ကောင်တာပေါ်တင်ပြီး၊

“ ဒါအပ်ငွေအဖြစ် လုံလောက်လား။ ”

-ဟု ပြန်မေးလိုက်သည်။

ဤသည်မှာ မဟူရာကျောက်စိမ်း ဆွဲသီးဖြစ်၏။ အရွယ်အစားသည် ကလေးငယ် တစ်ဦး၏ လက်ဖဝါးအရွယ်မျှသာရှိပြီး ‘ဟွာ’ဟူသော အမည်ကို ရေးထိုးထားသည်။

“ ဒါဆိုမင်းဟာ ... ဟွာမိသားစုရဲ့ တိုက်ရိုက် ဆင်းသက်လာသူပေါ့ ကောင်းပြီ လှေသမားက ဒီကိစ္စကို စိတ်ဝင်စားတော့မှာ သေချာတယ်။ ”

အဖိုးကြီးဝမ်က ပြုံးကာပြောသည်။ လှေသမားဟူသည့် အမည်ကြောင့် ဟွာယွင်ရှန်း မျက်လုံးများ တောက်ပလာ၏။

ယင်းသည် ကြောက်စရာကောင်းသော သတ်ဖြတ်ရေးသမားဖြစ်သည်။ ဝိညာတာအို နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ခဲ့ဖူး၏။

“ ခွင့်လွှတ်ပါ၊ သခင်လေးဟွာ မင်းဘာလို့ သူ့ကိုသတ်ချင်ရတာလဲ ဟုတ်ပါတယ် မင်းမှာ ဆန္ဒမရှိရင် ... ဖြေစရာမလိုပါဘူး ဒါပေမယ့် ...

... မင်းရဲ့ အဆင့်အတန်းအရ မဟာကျိုးလိုနိုင်ငံရဲ့ တစ်စုံတစ်ယောက်အပေါ် အာရုံစိုက်ရတာ မထိုက်တန်ဘူးလို့ ငါ ခံစားရလို့ပါ။ ”  

အဖိုးကြီးဝမ်မှ စိတ်ဝင်တစား မေးမြန်းလိုက်သည်။ ဟွာယွင်ရှန်းတစ်ယောက် အကြည့်များ အေးစက်သွားပြီး၊

“ သူ ... ငါကြိုက်တဲ့ မိန်းမကို လုယူချင်နေတယ် ။ ”

-ဟု ပြန်ဖြေလျက် လှည့်ထွက် သွားတော့သည်။

အဘိုးကြီးဝမ်မှ အံ့ဩသွားပြီး ထွက်ခွာသွားသော ဟွာယွင်ရှန်း၏ကျောပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်၏။

“ နောက်ထပ် အချစ်နဲ့ စစ်ပွဲပဲလား။ ”

***

နံနက်ခင်း အလင်းရောက်သည်နှင့် မြို့လယ်ရှိ ပြည်နယ်(၁၃)ပါးခန်းမ တံခါးဝတွင် လူအများအပြား တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။

ဤလေလံပွဲသည် ကောင်းကင် ပြည်နယ်ကြီး၌ လူအများ၏အာရုံစိုက်မှုကို ရရှိထားပြီး ဖြစ်သည်။

လေလံပွဲသို့ တက်ရောက်ရန် အရည်အချင်းပြည့်မီသူများ အားလုံးသည် ကျော်ကြားသော ပုဂ္ဂိုလ်များပေပင်။

ထိုစဉ် ရထားလုံးနှစ်စင်း ထပ်မံ စိုက်ရောက်လာခဲ့သဖြင့် လူအုပ်ကြီးသည် ချက်ချင်း ဖယ်ခွာပေးလိုက်ကြသည်။

ပထမ ရထားလုံးပေါ်တွင် ဝမ်ရှင်းကျောက်၊ ကျန်းယွင်ထောင်၊ဟွာယွင်ရှန်းနှင့် အခြားသူများ ဆင်းသက်လာသည်။

စုရီ၊ ယွမ်ဟမ်၊ လင်းယွင်ဟဲနှင့် ကျန်သူများသည် ဒုတိယရထားလုံးပေါ်မှ ဆင်းသက်လာ၏။

ဝမ်လင်ကျောက်ကို မြင်သောအခါ အမျိုးသားများစွာသည် အသက်ရှူရပ်လျက် နှလုံးခုန်သံများ မြန်လာသည်။   

“ ဟမ့် ... ဒီကောင်က ဝမ်ရှင်းကျောက်နဲ့ ဘာလို့အတူတူလာရတာလဲ။ ”

လူအုပ်အတွင်းရှိ နင်ဖုန်းက ရုတ်တရက် အမူအရာပြောင်းသွားပြီး စုရီကို တစ်ချက်ကြည့် လိုက်သည်။

“ ဘယ်သူမို့လဲ။ ”

သူ့ဘေးရှိ သန့်ရှင်းသောသမီးတော်မှ သတိထားမိသွားပြီး မေးမြန်း၏။

“ အဲဒါ စုရီပဲ ... ။ ”

ထိုအဖြေကြောင့် သန့်ရှင်းသော သမီးတော်သည် ကျောက်စိမ်းရောင်ဝတ်ရုံဖြင့် လူငယ်ထံ ပြန်ကြည့်လိုက်လေသည်။

“ ဟမ့် ... ချောမောပြီး အေးဆေး တည်ငြိမ်တယ် ... ပေါ့ပေါ့ပါးပါးရှိတယ် ဒီလို အကျင့်စရိုက်မျိုးက သေချာပေါက် မာနကြီးမယ့်ပုံပဲ။ ”

မှတ်ချက်ပေးပြီးနောက် ချစ်စဖွယ် ပြုံးလျက်၊

“ ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ... ဒါပေမယ့် မင်းလှုပ်ရှားဖို့ မစဉ်းစားနဲ့ ... ဒီနေ့ပန်းတိုင်က ဝမ်ရှင်းကျောက်ကို ဖမ်းဖို့ပဲ။ ”

-ဟု သတိထပ်ပေးတော့သည်။

သို့သော် ဤအခိုက်တွင် နင်းဖုန်၏ စိတ်ဝိညာဉ်သည် အနည်းငယ် တောင့်တင်းလာ သဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ စုရီမှ ကြည့်နေသည်ကို တွေ့လိုက်ရ၏။

နှစ်ဦးသား မျက်လုံးချင်းဆုံသောအခါ စုရီသည် သူစိမ်းတစ်ယောက်ကို မြင်နေသကဲ့သို့ အကြည့်များ ပြန်ရုတ်သွားသည်။

၎င်းပုံရိပ် လေလံခန်းမအတွင်း ပျောက်ကွယ်သွားမှသာလျှင် သက်သာရာရသွား ခဲ့သည်။ သို့သော် စုရီအကြည့်ကို ရှောင်တိမ်းရန် ကြိုးစားမိသည့်အပေါ် ရှက်ရွံ့သွား၏။

“ သူ ... မင်းကိုတွေ့သွားပြီထင်တယ်။ ”

သန့်ရှင်းသော သမီးတော်က သက်ပြင်းချလျက်၊

“ ကောင်းပြီ၊ ဒီလေလံပွဲပြီးရင် အခွင့်အရေးရှာပြီး ... သူ့ကို ငါဖယ်ရှားပေးမယ်။ ”

-ဟု ကတိပေးလာတော့သည်။

သူမစကားသည် ကြောင်နှင့်ခွေးများ၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနေခဲ့သကဲ့သို့ ပေါ့ပေါ့ပါးပါး နိုင်နေ၏။

“ အဖွား မင်းမြင်လား ... အဲဒီ ဝမ်ရှင်းကျောက်ဘေးမှာ ကျောက်စိမ်းရောင် ဝတ်ရုံနဲ့ လူငယ်က စုရီပဲ ...

... မဟာချူရဲ့ တျန်လန်မြစ်မှာ ငါသူနဲ့ရင်ဆိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အရေးနိမ့်သွားတယ် ... ။ ”

အဝေးက လက်ဖက်ရည်ဆိုင် အတွင်းမှနေပြီး ကူချန်နင်တစ်ယောက် ကူကယ်ရာမဲ့ ပြောကြားလိုက်သည်။

ကလေးမျက်နှာနှင့် ဆံပင်ဖြူဖြူ အဘွားကြီးက ဝါးစိမ်းတုတ်တစ်ချောင်းကို ကိုင်ဆောင်ထားပြီး ပြုံးကာ၊

“ သခင်လေး၊ အသက်နဲ့ သေခြင်းကိစ္စ တကယ်ဖြစ်လာရင် စုရီက ကစားပွဲတွေ လှည့်ဖို့ အခွင့်အရေးရှိမယ် မထင်ပါဘူး။ ”

-ဟု တုန့်ပြန်လိုက်သည်။

“ ဒါတော့မှန်တယ် သခင်ငယ်ရဲ့ ခန္ဓာကိုယ်မှာ တံဆိပ်တစ်ခုပဲ ဖွင့်ရသေးတယ် သုံးခုလုံးသာဖွင့်ပြီးရင် ကမ္ဘာပေါ်မှာ ပြိုင်ဘက် မရှိတော့မှာ ငါကြောက်မိတယ်။ ”

သူတို့စကားဝိုင်းကို နားထောင်နေသော လန်ရှန်က မျက်နှာလိုမျက်နှာရ အပြုံးမျိုးဖြင့် ဝင်ရောက် ချီးမွမ်းလာလေသည်။

“ မင်း စကားအရမ်းများတယ် ... နောင်မှာ ငါ့ကိုယ်ပေါ်က တံဆိပ်အကြောင်း ထပ်ပြောရင် မင်းလျှာကို ဆွဲထုတ်ပစ်မယ်။ ”

သို့သော် ကူချန်နင်မှ မျက်နှာသာ မပေးတော့ဘဲ အေးစက်စွာကြိမ်းဝါးလျက် အဘွားအိုထံ လှည့်ကြည့်ကာ၊

“ စုရီနဲ့ ငါ့ကြားမှာ ရန်ငြိုးမရှိဘူး ... ဒါဆိုဘာလို့များ အသက်နဲ့​သေခြင်းအကြောင်း ပြောနေရတာလဲ ... သွားကြရအောင်။ ”

-ဟုဆိုပြီး ပြည်နယ်(၁၃)ပါးခန်းမဆီသို့ တည့်တည့် လျှောက်လှမ်းသွားတော့သည်။

***

All Chapters