← Chapters

ဖြစ်ရပ်ကြီးတစ်ခု ... ။

Vol. 32 Ch. 379

ဖြစ်ရပ်ကြီးတစ်ခု ... ။

Vol. 32 Ch. 379

စုရီ၏ မကြောက်မရွံ့တည်ငြိမ်နေသော သဘောထားကိုမြင်ချိန်၌ အဖွားအိုတစ်ယောက် အနည်းငယ် တွေဝေသွား၏။

“ ငါအရမ်း မိုက်မဲလွန်းပါတယ်၊ အဲဒါကို စိတ်မဆိုးပါနဲ့ တာအိုစု။ ”

ကူချန်နင်သည်လည်း ဤသို့သော တောင်းဆိုချက်သည် အနည်းငယ် ရုတ်ခြည်း နိုင်လွန်းမှန်း သဘောပေါက်သွားပြီး၊

“ အစ်ကိုစု၊ အနာဂတ်မှာ မင်းကို ဒီနေ့အတွက် ကျေးဇူးပြန်ဆပ်ပါ့မယ်။ ”

-ဟု ကတိပေးလိုက်သည်။

စုရီက ပြန်မဖြေတော့ချေ။ သီးသန့်ခန်းအတွင်း ဝင်ရောက်ပျောက်ကွယ် သွားပြီဖြစ်သည်။ ကူချန်နင်မှ သက်ပြင်းချကာ၊

“ အဖွား၊ သွားကြရအောင်။ ”

-ဟု စိတ်ဓာတ်ကျစွာ ပြောကြားလိုက်၏။

တစ်ချိန်က သူသည် တော်ဝင်မိသားစု၏ အမွေဆက်ခံသူဖြစ်သည်။ ဤမိုးပြာတိုက်ကြီးရှိ ဧကရာဇ်ကိုးပါးအနက်မှတပါးသည် သူ့အဖိုးဖြစ်၏။

ထို့ကြောင့် မရေမတွက်နိုင်သော ပါရမီရှင်များစွာ၏ ချီးကျူးခြင်း ခံထိုက်သော မျိုးဆက်သစ်ပါရမီရှင်ဖြစ်ခဲ့သည်။

သို့သော် အနှစ်(၃)သောင်းကြာပြီးနောက် ထိုဂုဏ်အသရေသည် လွင့်ပါးသွားခဲ့ပြီဖြစ်သည်။ ယနေ့မူ တစ်ဖက်လူထံမှ အကူအညီပင် ရယူနေရသေးသည်။

“ သခင်လေး၊ ခေတ်တွေပြောင်းသွားပြီး ဒီနေ့ဟာ အတိတ်နဲ့မတူပေမယ့် မင်းနောက်ခံနဲ့ ထားရစ်ခဲ့တဲ့ ကောင်းချီးတွေကြောင့် မကြာခင် မင်းလည်း တောက်ပလာမှာပါ။ ”

အဘွားကြီးသည် ကူချန်နင်၏ နိမ့်ကျနေသောစိတ်ဓာတ်ကို သတိပြုမိလာပြီး နှစ်သိမ့်ရန် အမြန်ကြိုးစားသည်။

“ ဒီဆုံးရှုံးမှုကြောင့် ငါမတုန်လှုပ်ပါဘူး။ ”

အဖွားအို စကားကြောင့် ကူချန်နင်က ခေါင်းယမ်းလျက် ကူကယ်ရာမဲ့စွာ ပြုံးပြပြီး၊

“ စုရီလိုလူမျိုး ဒီမိုးပြာတိုက်ကြီးမှာ ပေါ်လာလိမ့်မယ်လို့ ... မမျှော်လင့်ထားမိဘူး။ ”

-ဟု ညည်းတွားလိုက်သည်။

နိုးထလာချိန်၌ ယုံကြည်မှုအပြည့်နှင့် ကမ္ဘာကြီးအပေါ် နှိမ့်ချခဲ့သည်။ လက်ရှိ မဟာရှ မင်းဆက်တွင် သူနှင့်ယှဉ်ပြိုင်နိုင်သောလူသည် သူ့ကဲ့သို့နိုးထသူများသာ ဖြစ်လိမ့်မည်ဟု ယူဆထား၏။

သို့သော် စုရီတစ်ယောက်တည်းဖြင့်ပင် ထိုမာနမှာ ကျိုးပဲ့သွားပြီဖြစ်သည်။ အဘွားအိုက စိတ်ရှုတ်ထွေးလာပြီး သက်ပြင်းချလျက်၊

“ ရိုးရိုးသားသား ပြောရရင် ... သခင်ငယ်မပြောနဲ့ ငါ့တသက် ဒီလောက်မှန်းဆ မရနိုင်တဲ့ ... လူငယ်တစ်ယောက်ကို မမြင်ဖူးသေးဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။ ခဏမျှထပ်မံစဉ်းစားပြီးနောက် အဘွားအိုကပင်၊

“ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀၀၀၀)မှာ ... ဆိုရင်တောင် သူ့စွမ်းဆောင်မှုက ထိတ်လန့်စရာ ကောင်းလောက်အောင် ... ထက်မြက်သူလို့ ခေါ်ဆိုနိုင်ပါတယ်။ ”

-ဟု အဆုံးသတ်လိုက်တော့၏။

ကူချန်နင်မှ ထိတ်လန့်လျက် အနည်းငယ် တုန်ခါသွားသည်။ အချိန်အတော်ကြာပြီးနောက် စိတ်သက်သာရာရသွားကာ၊

“ ဒီလိုဆိုရင် ... သူ့လိုအရည်အချင်းရှိတဲ့ လူမျိုးကိုရှုံးနိမ့်တာ ငါ့အတွက် အရမ်းကြီးလည်း နိမ့်ကျတယ်လို့ မဆိုလိုနိုင်ပါဘူး ... ။ ”

အဘွားကြီးက ပြုံးပြီး ခေါင်းညိတ်ပြလိုက်သော်လည်း သူမစိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။

စုရီနှင့်ရင်ဆိုင်ရသောအခါ သူမ၏ တာအိုအုတ်မြစ်သည် ရှားရှားပါးပါးမသက်မသာ ခံစားခဲ့ရသည်ကို မပြောလိုတော့ချေ။

“ အဖွား ... ၊ လန်ရှန်ကိုခေါ်ပြီး ဆေးမီးဖိုကိုးပါးမြို့‌တော်ဆီ သွားကြရအောင်။ ”

***

သီးသန့်ခန်းထဲတွင် ဝမ်ရှင်းကျောက်က မျက်တောင်များပုတ်ခတ်လျက် ဦးစွာနိုးထ လာသည်။ ထိုစဉ် သူမရှေ့တွင် ပေါ့ပေါ့ပါးပါး ထိုင်လျက် သားရဲအရေခွံအပိုင်းအစအပေါ် ကြည့်နေသည့် စုရီကို မြင်လိုက်၏။

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အာရုံများပြန်လည်ရရှိလာကာ အနည်းငယ် မျက်နှာပြောင်းသွားပြီး အဝတ်အစားများ သပ်ရပ်အောင်ပြင်ယူလိုက်၏။

“ တာအိုစု အခု ဘာဖြစ်သွားတာလဲ။ ”

သတိလစ်နေဆဲဖြစ်သော အခြားသူများထံ ဝေ့ကြည့်ကာ မေးလိုက်သည်။ စုရီမှ ခေါင်းမော့ ကြည့်ကာ၊

“ ဒါက ဇာတ်လမ်းရှည်ကြီးပဲ ... ရှင်းရှင်းပြောရရင် ဒီလေလံပွဲဟာ မင်းကိုဖမ်းတဲ့ ထောင်ချောက်ပါ။ ”

“ ဟမ့် ... ။ ”

ဝမ်ရှင်းကျောက်တစ်ယောက် ထိတ်လန့်သွား၏။

“ ရွှမ်ကျစ်လို့ အမည်ပေးထားတဲ့ အမျိုးသမီးက မင်းကိုဘာလို့ဖမ်းချင်နေရတာလဲ သိလား။ ”

“ မသိဘူး ... အဲဒီအမျိုးသမီးကို မနေ့ကတစ်ကြိမ်ပဲ တွေ့ဖူးတယ် ... အရင်က သူ့ကို လုံးဝမသိဘူး။ ”

စုရီမှ အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။ ရွှမ်ကျစ်သည် အမှောင်တားမြစ် စွမ်းအင်မှ နိုးထလာသူဖြစ်၏။  

ထိုသို့သော နှစ်ပေါင်း (၃၀၀၀၀)မှ တစ်စုံတစ်ဦးသည် နတ်ဆိုးသန္ဓေသားမိခင်ကို အသုံးပြုကာ ‌ထောင်ချောက်ဆင်ခြင်းသည် အသေးအဖွဲ့ကိစ္စ မဖြစ်နိုင်ချေ။

သို့သော် ချက်ချင်းပင် ခေါင်းယမ်းကာ အလွန်အမင်းတွေးရန် ပျင်းသွားတော့သည်။ ဤလောကတွင် လုပ်စရာ အရာများစွာရှိ၍ အချိန် မဖြုန်းနိုင်ချေ။

ကျင့်ကြံခြင်း၊ အမှားအမှန်၊ အကြောင်းအကျိုးစသည်တို့ကို ဂရုစိုက်နိုင်ရန် အမြဲပျင်းမိသည်။ ဒုက္ခကြုံသော် ဓားဖြင့်သာ ခုတ်ထွင်ဖယ်ရှားမည်ဖြစ်၏။

“ အခု ဘယ်လိုခံစားရလဲ။ ”

စုရီက လက်ထဲမှ သားရဲအရေခွံကို သိမ်းလိုက်ပြီး စကားလမ်းကြောင်း ပြောင်းကာ မေးလိုက်သည်။

“ အဆင်ပြေပါတယ်။ ”

တစ်ဖက်လူသည် သူမအပေါ် ဂရုစိုက်နေသဖြင့် ဝမ်ရှင်းကျောက်နှလုံးသားထဲ နွေးထွေးသော ခံစားချက်များ ရရှိလာ၏။

“ ဒါဆို ... ထတော့ ကုလားထိုင်ကို သိမ်းရဦးမယ်။ ”

“ ဟမ် ... ။ ”

ဝမ်ရှင်းကျောက်၏ ခံစားချက်များ ပြောက်ကွယ်သွားချေပြီ။ ဤသည်မှာ သူမကို ကြိမ်ကုလားထိုင်မှ ထခိုင်းရန်ဖြစ်နေ၏။

အလွန်အကျွံတွေးမိသော သူမကိုယ်သူမသာ အပြစ်တင်လျက် ကြိမ်ကုလားထိုင်မှ ချက်ချင်း ထရပ်ကာ ခါးကိုဆန့်လိုက်ပြီး၊

“ အစ်ကိုစု၊ မင်းရဲ့ကြိမ်ကုလားထိုင်က တကယ်ထိုင်လို့ ကောင်းတယ်။ ”

-ဟု ပြုံးကာ မှတ်ချက်ပေးလိုက်သည်။

ခါးဆန့်လိုက်သောကြောင့် သူမ၏ မို့မောက်နေသော ယုန်နှစ်ကောင်က ရုတ်ချည်း ရုန်းကြွလာသည်။ သေးသွယ်ပါးလျသည့် ခါး၊ ဖွင့်ထွားသည့် ခန္ဓာကိုယ်အချိုးအဆစ်သည် စုရီကို ပင့်သက်ချမိစေ၏။

ဤကောင်မလေး အမှန်ပင် လှချေပြီ။ လှုပ်ရှားလိုက်တိုင်း ပန်းချီကားတစ်ချပ်ကဲ့သို့ ဆွဲဆောင်မှု ရှိလွန်းသည်။

များမကြာခင် ကျန်လူများ နိုးထလာသည်။ ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးနောက် ကြောက်လန့် ကုန်တော့သည်။

ဤဖြစ်စဉ်အရ သူတို့သည် စုရီထက် အဆပေါင်းများစွာ အားနည်းသည်ကို ဝန်ခံရာ ရောက်ချေပြီ။

လူတိုင်းထွက်ခွာသွားသည့်တိုင် ဟွာယွင်ရှန်းနှင့်အဖွဲ့သည် ထိုင်လျက် ကျန်ရစ် ခဲ့လေသည်။

“ အစ်ကိုဟွာ၊ သန့်ရှင်းသောသားတော် နင်ဖုန်းလိုလူမျိုး ဒီမှာ သေသွားတဲ့ကိစ္စက စုရီ လက်ချက်ဖြစ်နေမှာ ငါကြောက်မိတယ်။ ”

ချမ်တျန်လုံမှ သံသယဖြစ်လာ၏။

“ ငါလက်မခံနိုင်ဘူး ... မဟုတ်ရင် ငါ့အသက်ကို ဒီကောင်ကယ်ခဲ့တယ် ဆိုပြီးတော့ ကျေးဇူးတင်နေရမယ်။ ”

ထိုအချိန်တွင် ယွီယွီက သက်ပြင်းချလိုက်ပြီး၊

“ ဒီနတ်ဆိုးသန္ဓေသားရဲ့ စွမ်းအားက အရမ်းကြောက်စရာ ကောင်းတာတောင် သူ့ကို ထိခိုက်မှုမရှိဘူး ... ဒါကြောင့် သူပဲ သတ်လိုက်တာ ဖြစ်နိုင်တယ်။ ”

-ဟု ဝင်ရောက် မှတ်ချက်ပေး၏။

“ ဟမ့် ... ဒီကောင် ဘယ်လောက်ပဲ ... အစွမ်းထက်နေပါစေ အသက်မရှည်တော့မှာကို ငါကြောက်တယ်၊ ဟား ဟား ဟား ... ။ ”

ရုတ်တရက် ဟွာယွင်ရှန်းတစ်ယောက် ရယ်မောကာဆိုနေသဖြင့် ယွီယွီက စိတ်ရှုပ်ထွေး သွားတော့၏။

ချန်တျန်လုံနှင့် စွင်းဖုန်းသည်သာ ထိုစကား၏ အဓိပ္ပါယ်အပေါ် နားလည်ချေပြီ။ ကျန်းယွင်ထောင်က မျက်မှောင်ကြုတ် လိုက်ပြီးနောက်၊

“ ယွင်ရှန်း ... မင်းလုပ်လို့မရဘူး၊ ဒီစုရီက သာမန်လူမဟုတ်ဘူး နင်ဖုန်းကိုသတ်သွားတာ သူ ဖြစ်ဖို့များတယ်။ ”

-ဟု သတိပေးလိုက်တော့၏။

“ ဦးလေးကျန်း စိတ်မပူနဲ့ ... နင်ဖုန်းကို ဒီကောင်သတ်လိုက်တဲ့သတင်း ဒီကနေထွက်ရင် ငါတို့သတင်းဖြန့်ရအောင် ... ပြီးတော့သူ့မှာ သန္ဓေသားလောင်းလည်း ရှိနေနိုင်တယ် မဟုတ်လား။ ”

စွင်းဖုန်းက အကြံပြုသည်။ ချမ်တျန်လုံနှင့် ဟွာယွင်ရှန်းတို့မှ အချင်းချင်း ပြန်ကြည့်လျက် ပြုံးရယ်လိုက်ပြီး၊

“ သွားကြရအောင်။ ”

-ဟု ပြောကြားလိုက်တော့၏။

***

“ ကျန်ယွင်ရှန်းကို ဓားနှစ်လက်နဲ့ အနိုင်ယူပြီး နင်ဖုန်းကို သတ်လိုက်တာလား ဒီလို လူငယ်တစ်ယောက်ဟာ ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်နိုင်ဘူး။ ”

အပေါင်ဆိုင်အတွင်းမှ အဘိုးကြီးဝမ်က သက်ပြင်းချကာ ကောင်တာရှေ့၌ထိုင်နေသော မီးခိုးရောင်၀တ်စုံနှင့်လူငယ်ထံ ကြည့်လိုက် လေသည်။

ထိုလူငယ်သည် သူ့စကားကို စိတ်မဝင်စားဟန်ဖြင့် ဝိုင်ခွက်အပေါ် အရသာခံ သောက်နေသောကြောင့် မျက်ခုံးပင့်လျက်၊

“ လှေသမား၊ မင်းဒီကိစ္စဘယ်လိုထင်လဲ။ ”

-ဟု တိုက်ရိုက်မေးမြန်းလိုက်တော့၏။

မီးခိုးရောင်၀တ်စုံ ဝတ်ဆင်ထားသည့် လူငယ်က ဖရဲစေ့ကို ကိုက်လိုက်ပြီး၊

“ အဖိုးကြီးဝမ် လူသတ်သမားတွေဟာ သေဖို့အသင့်ဖြစ်နေတဲ့ သူရဲကောင်းတွေ မဟုတ် သလို ... ဒေါသနဲ့စစ်မြေပြင်ကို ပြေးလာတဲ့ မဆင်မခြင်သူတွေလည်း မဟုတ်ဘူး။ ”

-ဟု တုန်ပြန်လာသည်။

“ ဒါဆို လူသတ်သမားဆိုတာ ဘယ်လိုလူမျိုးလဲ။ ”

မီးခိုးရောင်ဝတ်လုံနှင့် လူငယ်က ပြန်မဖြေတော့ဘဲထိုင်ခုံမှထရပ်ပြီး ဝိုင်ပုလင်းထံ ညွှန်ပြကာ၊

“ ကျန်တဲ့ ဝိုင်ပုလင်းတစ်ဝက်ကို သိမ်းထားပေးဦး ငါပြန်လာရင် ပျော်ပျော်ပါးပါး သောက်ပြီး ဒီအကြောင်း ဆက်ပြောမယ်။ ”

-ဟု မှာကြားလိုက်၏။

ထို့နောက် သူ့လက်နှစ်ဖက်ကို ခေါင်းအနောက်တွင် ယှက်သိုင်းလိုက်ကာ ဆိုင်ထဲမှ ထွက်ခွာသွားတော့သည်။

“ မင်းရဲ့ အကန့်အသတ်ကို သိပါ၊ ဘာကိုမှ အတင်းအကြပ် မလုပ်နဲ့။ ”

အဖိုးကြီးဝမ်က သတိပေးရုံမှတပါး မကူညီနိုင်ချေ။

“ စိတ်မပူပါနဲ့ ဆယ်ရက်အတွင်း ... မင်းနဲ့တွေ့ဖို့ ငါပြန်လာပြီး ဝိုင်ပုလင်းဖိုး ရှင်းပေးမယ်။ ”

လမ်းမပေါ်တွင် လူစည်ကား နေသောကြောင့် ရိုးရှင်းသည့်သူ့အသွင်သည် ရောနှောပျောက်ကွယ်သွား၏။

  ***

All Chapters