ကျောက်စိမ်းအိုး ပြည်နယ်။
Vol. 32 Ch. 380
ခြံဝင်းတစ်ခုထဲရှိ စိမ်းလန်းစိုပြေနေသော မိုးမခပင်အောက်တွင် စုရီသည် သားရဲအရေခွံကို ထုတ်ကြည့်နေသည်။
ဤအရေခွံအပိုင်းအစ၏ တန်ခိုးသည် ကြာမြင့်စွာတည်းက ပျက်ပြယ်နေခဲ့သော်လည်း တာအိုကျက်သရေများ ကျန်ရှိနေသေး၏။
ထိုလေတာအိုကို နားလည်နိုင်သော် ယန်တာအိုနှင့် မိုးကြိုးတာအိုသာ နားလည်ရန် ကျန်ရှိပေတော့မည်။
“ အစ်ကိုစု၊ မင်းဘာအစီအစဉ်ရှိလဲ။ ”
ရုတ်တရက် ဝမ်ရှင်းကျောက် ရောက်ရှိလာသည်။ သူမ၏ အသားအရည်သည် နှင်းကဲ့သို့ ဖြူဖွေးကာ မျက်လုံးမျက်ခုံးများသည် ပန်းချီကားတစ်ချပ်လို လှပနေ၏။
မိုးမခပင်အောက်မှ အလင်းရောင်သည် အမှုန်အမွှားအောက်တွင် နတ်သမီးတစ်ပါးကဲ့သို့ ကျက်သရေရှိချေပြီ။
“ ဆေးမီးဖိုကိုးပါးမြို့တော်ကို သွားကြည့်ဖို့ စဉ်းစားထားတယ်။ ”
စုရီမှ ပြန်ဖြေသည်။ မဟာရှသည် မိုးပြာတိုက်ကြီး၏ အုပ်စိုးသူဖြစ်ပါက ဆေးမီးဖို ကိုးပါးသည် နှလုံးသားဖြစ်၏။
ပုန်းနေသော နဂါးများနှင့် ဝပ်နေသော ကျားများရှိကာ ကြွယ်ဝသော မြို့ကြီးဖြစ်သည်။ ထို့အပြင် နှစ်လအကြာတွင် သစ်ခွခြံဝင်း တာအိုဆွေးနွေးပွဲ စတင်မည်ဖြစ်၏။
“ အစ်ကိုစုလည်း ... သစ်ခွခြံဝင်း တာအိုဆွေး နွေးပွဲကို တတ်ရောက်မို့လား။ ”
ဝမ်ရှင်းကျောက်က စိတ်ဝင်စားသွား၏။ သို့သော် စုရီမှ ခေါင်းခါလျက်၊
“ ငါသိပ်စိတ်မဝင်စားပါဘူး ဒါပေမယ့် ဆန္ဒရှိရင် ... ပါဝင်ဖို့လည်း တွန့်ဆုတ်နေမှာ မဟုတ်ဘူး။ ”
-ဟု ပြန်ဖြေလိုက်သည်။
ဟွာရှင်းဖန်က စကြာဝဠာကျွန်းသည် အမှောင်တားမြစ်စွမ်းအင်နှင့် ပတ်သက်သည့် သဲလွန်စများ ရှိနေနိုင်မည်ဟု တစ်ချိန်က ပြောခဲ့ဖူး၏။
ထို့အတွက်ကြောင့် တာအိုဆွေးနွေးပွဲကို စိတ်မဝင်စားသော်လည်း ကျွန်းပေါ်သွားရောက် လိုသော် ပါဝင်ရမည်ဖြစ်သည်။
“ ဒါဆိုအစ်ကိုစု ... ၊ ငါတို့နဲ့လိုက်ဖို့ ဆန္ဒရှိလား။ ”
ဝမ်ရှင်းကျောက်က မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လာသည်။
“ မင်းငါ့ဆီက ဓားပညာကို သင်ယူဖို့ ဒီအခွင့်အရေးကို အသုံးချချင်နေတာ မဟုတ်လား။ ”
စုရီ၏ မေးခွန်းကြောင့် ဝမ်ရှင်းကျောက် တစ်ယောက် မျက်နှာနီမြန်းကာ အနည်းငယ် ရှက်ရွံ့သွားတော့၏။
“ အစ်ကိုစုက ဓားတာအိုမှာ ငါ့ရဲ့လမ်းပြဖြစ်လိုတဲ့အတွက် ဒီအခွင့်အရေးကို ငါမြတ်နိုးရမယ် မဟုတ်ရင် ... အစ်ကိုစု ငါ့အပေါ် စိတ်ပျက်သွားနိုင်တယ်။ ”
စုရီမှ ပြုံးသည်။ ဤမိန်းကလေးသည် အလွန်လှပပြီး သူမနှင့် စကားပြောဆိုရသည်မှာ သဘာဝအတိုင်း ကြည်နူးဖွယ်ကောင်းချေပြီ။
“ ဟမ့် ... ဒေါ်လေးဆရာ၊ မင်း အစ်ကိုစုကို ထပ်ပြီးပူဆာဖို့ လာနေပြန်ပြီ။ ”
ထိုစဉ်ချင်းယာက လေပြင်းကဲ့သို့ ရောက်ရှိလာပြီး၊
“ ဒီအတိုင်းသာ ... ဆက်သွားနေဦးမယ် ဆိုရင် ... မင်းငါ့အပေါ် လျစ်လျူရှုသွားတော့မှာ ကြောက်မိတယ်။ ”
-ဟု မှတ်ချက်ပေးလိုက်တော့၏။
ထိုအချိန်တွင် လင်းယွင်ဟဲသည်လည်း ရောက်ရှိလာပြီး ပြုံးလျက် ဦးညွှတ်ကာ၊
“ တာအိုစု ... မကြာခင် ငါမဟာချီကို ပြန်တော့မယ် ... မင်းအတွက် နှုတ်ဆက်ဖို့ ရောက်လာတယ်။ ”
စုရီက ကြိမ်ကုလားထိုင်ပေါ်မှ ချက်ချင်းထရပ်လိုက်ပြီး၊
“ လမ်းခရီးကို ဂရုစိုက်ပါ။ ”
-ဟု တုန့်ပြန်လိုက်သည်။
စုရီမှ မတ်တပ်ထရပ်လာသဖြင့် လင်းယွင်ဟဲ၏နှလုံးသားသည် အနည်းငယ် တုန်ခါသွားတော့၏။
တစ်ယောက်နှင့် တစ်ယောက် အချိန်များစွာအတူတူ ရှိနေပြီးနောက် စုရီသည် တစ်ယောက်ယောက်အပေါ် လေးစားခြင်း မရှိပါက ဤသို့ထိုင်ရာမှထမည် မဟုတ်ကြောင်း သိရှိထားသည်။
“ ငါတို့အနာဂါတ်မှာ ပြန်ဆုံရင် ... ငါမင်းနဲ့အတူ ကောင်းကောင်း သောက်ရမယ်။ ”
ကျေနပ်စွာဖြင့် လင်းယွင်ဟဲက ပြုံးပြီး ဦးညွှတ်လိုက်သည်။ စုရီမှ ခေါင်းညိတ်တော့၏။ များမကြာခင် လင်းယွင်ဟဲတစ်ယောက် ထွက်ခွာသွားတော့သည်။
ထိုနေ့တွင် စုရီ၊ ယွမ်ဟမ်နှင့် ပိုင်ချင်းဝမ်တို့သည် တိမ်လွှာကောင်းကင် ဘုံကျောင်း၏ ရတနာသင်္ဘောပေါ်တက်ပြီး ခရီးဆက်လာခဲ့ကြသည်။
ထိုနေ့တွင်ပင် လေလံပွဲအတွင်း ဖြစ်ပျက်ခဲ့သော သတင်းများသည် ကောင်းကင် ပြည်နယ်အနှံ့ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့၏။
***
ထိုနေ့တွင် ... ။
ချင်းရီတာအိုဂိုဏ်း။
“ အကြီးအကဲမြောင်ဟုန်၊ စုရီအကြောင်း သတင်းရှိပါတယ်။ ”
သဘာဝလှိုဏ်ဂူတစ်ခု၏ ရှေ့တွင် သင်းထောက်တစ်ယောက်မှ ဦးညွှတ်ကာ အော်ဟစ်လိုက်သည်။
ထို့နောက် မဟာချူနိုင်ငံ၏ နံပါတ်တစ်ဓားသမားဟု လူသိများသော ချင်းရီတာအိုဂိုဏ်း၏ တတိယအကြီးအကဲသည် ဂူအတွင်းမှ လှမ်းထွက်လာ၏။
၎င်းက စုရီသတင်းကို ကြားပြီးနောက် အံအားသင့်သွားကာ သင်းထောက်ထံ လက်ပြ ထွက်ခွာစေလိုက်သည်။
တစ်ဆက်တည်းမှာပင် ဆုံးဖြတ်ချက် တစ်ခုချမှတ်ကာ ချင်းရီတာအိုဂိုဏ်းအတွင်းမှ ထွက်ခွာသွားတော့၏။
***
ထိုနေ့မှာပင် အုံ့မှိုင်းပြီး အေးစက်ကာ ကြောက်စရာကောင်းသော မီးခိုးရောင်နန်းတော် တစ်ခုအတွင်းရှိ သန့်ရှင်းသောသမီးတော်မှ ဒူးထောက်နေခဲ့၏။
“ မင်းပြောနေတာက ... နတ်ဆိုးသန္ဓေသားလောင်းကို အဲဒီစုရီ ယူသွားတာလား။ ”
သူမရှေ့ရှိ ပလ္လင်တစ်ခုပေါ်၌ ဒေါသထွက်နေသော အမျိုးသားတစ်ယောက် ထိုင်နေ၏။
၎င်းသည် သွေးနီရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး မကောင်းဆိုးဝါး မြူမှုန်များက သူ့ဝန်းကျင်တသိုက် ဝေ့ဝဲနေသည်။
မျက်နှာကို ထူးဆန်းသောပုံစံများ ရေးထွင်းထားသည့် ကြေးဝါရောင်မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားကာ အေးစက်စက်မီးခိုးညိုရောင် မျက်ဝန်းတစ်စုံကိုသာ မြင်နိုင်၏။
ရွှမ်ကျစ်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေလျက်ဖြင့် မျက်နှာတစ်ပြင်လုံး ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။
“ သခင်၊ စုရီရဲ့ခွန်အားက နတ်ဆိုးသန္ဓေသားလောင်းရဲ့ ဖိနှိပ်မှုအပေါ် တွန်းလှန်နိုင်ပါတယ် ...
... ငါက သူ့ပြိုင်ဘက်ဖြစ်ဖို့တောင် မထိုက်တန်ပါဘူး မင်းအပြစ်ပေးချင်ရင် ငါ အပြစ်ခံယူဖို့ ဆန္ဒရှိပါတယ်။ ”
ကြေးဝါမျက်နှာဖုံးတပ်ထားသော အမျိုးသားက တိတ်ဆိတ်သွား၏။ ခဏအကြာ၌ ၎င်းသည် တစ်စုံတစ်ရာကို သတိရလာကာ၊
“ ဒါဆို သူက မင်းကိုဘာလို့ မသတ်ရတာလဲ။ ”
-ဟု မေးမြန်းသည်။
သန့်ရှင်းသော သမီးတော်၏ လှပသော မျက်ဝန်းများ၌ အံ့ဩခြင်း အရိပ်အယောင်များ ပြသလာပြီး၊
“ သူက ... မြွေတစ္ဆေမျိုးရိုးနဲ့ အကြွေးတင်နေတယ်လို့ ပြောပါတယ် ... ။ ”
ကြေးဝါမျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် အံ့အားသင့်လာကာ၊
“ ဒါက ဘာကိုဆိုလိုတာလဲ ... အတွင်းပိုင်းသန့်စင်ခြင်း အဆင့်မှာသာရှိတဲ့ အဲဒီကောင်လေးက မင်းမျိုးရိုးနဲ့ အဆက်အသွယ်ရှိလို့လား။ ”
“ မသိပါဘူး။ ”
သန့်ရှင်းသော သမီးတော်မှ ပြန်ဖြေသည်။ ကြေးဝါမျက်နှာဖုံးစွပ်ထားသော အမျိုးသားခမျာ လုံးလုံးငြိမ်သက်သွားပြီး အဆုံးတွင် သက်ပြင်းချလိုက်၏။
ထို့နောက် လက်ဝှေ့ယမ်းပြလျက်၊
“ ထ ... မင်းကို တစ်သက်လုံး ကာကွယ်ပေးမယ်လို့ မင်းအဖေဆီမှာ ငါကတိ ပေးခဲ့တယ် ... မင်းအဆင်ပြေနေသရွေ့တော့ လုံလောက်ပြီ။ ”
-ဟု အမိန့်ပေးလိုက်သည်။
“ သခင်၊ နတ်ဆိုးသန္ဓေသားလောင်း ပြန်ရဖို့အတွက် အစွမ်းကုန် ကြိုးစားပါ့မယ်။ ”
“ မင်း ... ဒီကိစ္စမှာ ဝင်စွက်ဖက်နေစရာ မလိုတော့ပါဘူး ... သွေးဇီးကွက် ဒါကိုလုပ်ပါစေ သူက သန့်ရှင်းသောသားတော်ရဲ့ ကာကွယ်သူမို့ လက်စားချေရလိမ့်မယ်။ ”
“ မင်းရဲ့ခွင့်ပြုမှုအတွက် ကျေးဇူးတင်ပါတယ် သခင် ... ။ ”
သူ့စကားဆုံးသည်နှင့် အခန်းအတွင်း မှောင်ရိပ်ထဲမှ တွန့်လိန်လျက် ပုံရိပ်တစ်ရိပ် တိုးထွက်လာသည်။
၎င်းက ကျေးဇူးတင်စကားဆိုကာ မျက်နှာဖုံးနှင့် အမျိုးသားထံ ဦးညွှတ်တော့၏။ ပိန်ပိန်ပါးပါးဖြင့် အနက်ရောင်တာအိုဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ပေပင်။
နောက်နှစ်ရက် အကြာတွင် ကျယ်ပြောလှသော ကောင်းကင်အောက်၌ ရတနာသင်္ဘောကြီးတစ်စင်း တိမ်များကို ဖြိုခွင်းကာ ခရီးနှင်နေသည်။
သင်္ဘောပေါ်ရှိ အခန်းတစ်ခုတွင် စုရီက တရားထိုင်နေရာမှ နိုးလာသည်။ ကျင့်ကြံမှုတွင် အပြောင်းအလဲများ ခံစားလိုက်ရသဖြင့် ခေါင်းညိတ်လိုက်၏။
အတွင်းပိုင်းသန့်စင်ခြင်း အလယ်အလတ်အဆင့်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့သော အတားအဆီးသည် နှောင်းပိုင်း အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။
ဒါန်တမ်အတွင်းရှိ တာအိုမျိုးစေ့သည် နေမင်းကြီးတစ်စင်းကဲ့သို့ ထွန်းလင်းလာကာ ရုပ်ခွန်အားနှင့် စိတ်စွမ်းအင်သည် အနည်းဆုံး (၃၀%)ခန့် တိုးလာ၏။
ဤကဲ့သို့သော အောင်မြင်မှုသည် ခွက်အတွင်း ပြည့်လျှံနေသည့် သဘောသဘာဝ မျိုးနှင့်တူသည်။
အစွမ်းကုန် ကျင့်ကြံပြီးသည့်နောက် ဖြစ်ပေါ်လာသော အသွင်ကူးပြောင်းမှုဖြစ်သည်။ ဒြပ်စင်ငါးပါး တာအိုသည်လည်း ပြီးပြည့်စုံခြင်းမှ ခြေတစ်လှမ်းမျှသာ ဝေးတော့၏။
ယင်တာအိုသည် ကနဦးကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ လေတာအို သည်လည်း နောက်ကျခြင်း မရှိခဲ့ချေ။
၎င်းတို့ကို ဓားရည်ရွယ်ချက်နှင့် ပေါင်းစပ်ကာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်မှ ပြိုင်ဘက်အပေါ် ရင်ဆိုင်နိုင်ပြီဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအင်နှင့် စိတ်ဝိညာဉ် တိုက်ခိုက်ရေးနည်းစနစ်ကို အသုံးပြုပါက သတ်ရန်ပင် ခက်ခဲမည်မဟုတ်ချေ။
ကျင့်ကြံမှုအရဆို ထိုအဆင့် ကျွမ်းကျင်သူများနှင့် သူ့ကြားတွင် ကွာဟချက် များပြားသေးသည်။ တာအိုမျိုးစေ့ကြောင့် သာလျှင် ၎င်းအဆင့် ကျွမ်းကျင်သူနှင့် ယှဉ်နိုင်သောစွမ်းအားမျိုး ပိုင်ဆိုင်ခြင်းဖြစ်၏။
“ ဒီအချိန်မှာ ... ဝိညာဉ် အသွင်ကူးပြောင်းရေးအဆင့်က ပြိုင်ဘက်မျိုး မရှိတာ နှမျောစရာပဲ ... မဟုတ်ရင် ငါ့ခွန်အားကို စမ်းသပ်နိုင်တယ် ... ။ ”
အတွေးများဖြင့် ညည်းညူလိုက်သည်။ ဤကမ္ဘာကြီးသည် ငြီးငွေ့ဖွယ်ကောင်းတော့၏။ သက်တူရွယ်တူအတွင်း သူ့အတွက်ပြိုင်ဘက် မရှိတော့ချေ။ အတွေးဖြင့် ခေါင်းယမ်းကာ အခန်းထဲမှ ထထွက်လာခဲ့သည်။
အခန်းအပြင်ဘက်တွင် ယွမ်ဟမ်သည် အတော်ကြာအောင် စောင်းဆိုင်းနေရဟန်ဖြင့် မော့ကြည့်လာသည်။
“ သခင် ... နောက်နာရီဝက်နေရင် ငါတို့ ကျောက်စိမ်းအိုးပြည်နယ် ရောက်ပါတော့မယ် မိန်းကလေးဝမ်က သူနဲ့အတူ ကျိုးမိသားစုဆီ တက်ရောက်ဖို့ ဖိတ်ကြားခိုင်းလိုက်ပါတယ်။ ”
***