မူလသတ္ထုရိုင်း ... ။
Vol. 32 Ch. 381
ကျောက်စိမ်းအိုးပြည်နယ်သည် ဆယ့်သုံးပြည်နယ်အတွင်းမှ တစ်ခုဖြစ်ပြီး ၎င်း၌ ဝိညာဉ်ကျောက်စိမ်း ထုတ်လုပ်ကြခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားခဲ့သည်။
ထိုပြည်နယ်ရှိ နံပါတ်တစ် မျိုးနွယ်သည် ကျိုးမိသားစုဖြစ်သည်။ များပြားလှသော ဝိညာဉ် ကျောက်စိမ်းမိုင်းတွင်းများပိုင်ဆိုင်ကာ ကြွယ်ဝချမ်းသာ၏။
မဟာရှမင်းဆက်၏ ထိပ်တန်းဂိုဏ်းကြီး လေးဂိုဏ်းနှင့် မယှဉ်နိုင်သော်လည်း ပထမတန်း အင်အားအဖြစ် မှတ်ယူနိုင်သည်။
ဝမ်ရှင်းကျောက်နှင့် အဖွဲ့သားများသည် ကျိုးမိသားစုမှ ကျောက်စိမ်းအချို့ကို ဝယ်ယူရန် ခဏရပ်နားခြင်းဖြစ်၏။
မြင့်မြတ်သော ကျောက်စိမ်းများကို လျှို့ဝှက်အဆောင်များ၊ ဝိညာဉ်ကျောက်စိမ်းများ အဖြစ်သန့်စင်နိုင်မည်။ ထို့ကြောင့် စုရီ သည်လည်း စိတ်ဝင်စားလာ၏။
အလွန်အဖိုးတန်ပြီး ရှားပါးသော ဝိညာဉ်ကျောက်စိမ်းအချို့ကို ဝယ်ယူနိုင်ပါက၊ တန်ခိုးကြီးသော လျှို့ဝှက်အဆောင်များ ရေးထွင်းနိုင်ပေမည်။
ဤနည်းဖြင့် သူ့ဝန်းကျင်မှ လူအများကို ခုခံကာကွယ်ရေးအတွက် ဝှက်ဖဲများ ပိုင်ဆိုင်စေ နိုင်မည်ဖြစ်၏။
ကောင်းကင်သည် မှင်ကဲ့သို့ မည်းနက်ပြီး ကြယ်တာရာများကို မှိန်ဖျော့ဖျော့ မြင်ရသည်။ ကျိုးမျိုးနွယ်စုပိုင် တောင်ထိပ်တစ်နေရာတွင် မီးရောင်များလင်းလျက် ညစာစားပွဲကို ကျင်းပနေ၏။
ကျိုးမျိုးနွယ်စု၏ မိသားစုခေါင်းဆောင် ကျိုးရှင်းဟဲနှင့် အရေးပါသော အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို စည်ကားနေစေသည်။
အကြောင်းပြချက်သည် တိမ်လွှာ ကောင်းကင်နန်းတော်မှ ဂုဏ်ထူးဆောင် ဧည့်သည်များ ယနေ့ ရောက်ရှိလာ သောကြောင့် ဖြစ်၏။
“ အစ်ကိုကျန်း ငါမေးလို့ရမလား ... ၊ ကျောက်စိမ်းရောင် ၀တ်စုံဝတ်ထားတဲ့ လူငယ်နဲ့ သူ့အနားက နတ်ဆိုးကျင့်ကြံသူနှစ်ယောက်ရဲ့ မူလဇစ်မြစ်က ဘာလဲ။ ”
ပွဲစသည်နှင့် ကျိုးရှင်းဟဲက ပြုံးပြီး သူ့ဘေးတွင် ထိုင်နေသော ကျန်းယွင်ထောင်ကို မေးမြန်းလိုက်သည်။
ကျိုးရှင်းဟဲသည် ကြယ်စုစည်းခြင်းအဆင့် ပြီးပြည့်စုံမှုသို့ ရောက်ရှိနေပြီး ခရမ်းရောင်ဝတ်ရုံ ၀တ်ဆင်လျက် နီမြန်းသောအသားအရည်ရှိ၏။
“ သူတို့က ငါ့တိမ်လွှာကောင်းကင် နန်းတော်ရဲ့ ဘာမှမဆိုင်ဘူး လမ်းမှာတွေ့ခဲ့တဲ့ ခရီးသွားဖော်တွေပဲ။ ”
အခြားသူများရှေ့တွင် စုရီကိုချီးမွမ်းရန် သဘောထားမကြီးနိုင်ချေ။ ကျိုးရှင်းဟဲမှ ပြုံးပြီး ခေါင်းညိတ်ပြကာ၊
“ ငါနားလည်ပြီ။ ”
-ဟု ပြောကြားလိုက်သည်။
ကျန်းယွင်ထောင်၊ ဝမ်ရှင်းကျောက်နှင့် အခြားသူများအတွင်း နတ်ဆိုးကျင့်ကြံသူများ ပါရှိနေသည်မှာ အံ့သြစရာဖြစ်ခဲ့၏။
သို့သော် ကျင့်ဝတ်နှင့် အခွင့်အခါကြောင့် ကျိုးရှင်းဟဲက နောက်ထပ်မေးခွန်းများ ထပ်ပြီး မမေးတော့ချေ။ တိုက်ရိုက် လျစ်လျူရှုထား ခဲ့သည်။ ညစာစားပွဲသည် ဆက်သွားနေ၏။
ဝမ်ရှင်းကျောက်နှင့် ယွီယွီဝန်းကျင်တွင် ကျိုးမိသားစု၏ မြင့်မြတ်သောအထက်တန်းစား များစွာတို့က လကိုဝန်းရံထားသည့် ကြယ်များ ကဲ့သို့ စကားပြောဆိုရန် အစပြုခဲ့ကြသည်။
“ တစ်ယောက်ယောက် လာပြီး ... ဧည့်သည်တွေအတွက် ပြင်ဆင်ထားတဲ့ ငါ့ရဲ့ လက်ဆောင်တွေ ယူလာပေးပါ။ ”
ကျိုးရှင်းဟဲမှ ရုတ်တရက် အမိန့်ပေး လိုက်တော့သည်။ ကျန်းယွင်ထောင်မှ ပြုံးကာ၊
“ အစ်ကိုကျိုးက ယဉ်ကျေးလွန်းပါပြီ၊ ငါတို့က ဒီမှာဧည့်သည်တွေဆိုတော့ မင်းရဲ့ လက်ဆောင်တွေကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ ”
“ ဟား ဟား ဟား ... အစ်ကိုကျန်း၊ ကျေးဇူးပြုပြီး ငြင်းမနေနဲ့ ငါ့ရဲ့ကျိုးမိသားစုဟာ ဝိညာဉ်ရေး မိုင်းတွင်းတွေထဲမှာ မူလသတ္ထုရိုင်း အချို့ကို တွေ့ခဲ့တယ် ... ဒီအတွက် ပြင်ဆင်ထားတာပါ။ ”
“ မူလသတ္ထုရိုင်း။ ”
လူတိုင်း၏ မျက်လုံးများ တောက်ပလာသည်။ ကျန်းယွင်ထောင်သည်ပင် အံ့အားသင့်ပြီး စိတ်လှုပ်ရှားလာ၏။
များမကြာမီ ကျောက်စိမ်းဗန်းများ ကိုင်ဆောင်ထားသော အစေခံများ ရောက်ရှိ လာတော့သည်။ ကျောက်စိမ်းဗန်းများပေါ်တွင် မူလသတ္ထုရိုင်း အပိုင်းအစများပါရှိ၏။
“ သခင် ... ဒီမူလသတ္ထုရိုင်းက ဘယ်လောက် အဖိုးတန်လဲ။ ”
ယွမ်ဟမ့်မှ မေးမြန်းသည်။ မူလသတ္ထုရိုင်းဟူသော ဤဝေါဟာရကို သူ ပထမဆုံး ကြားဖူးခြင်းဖြစ်၏။
မူလသတ္ထုရိုင်းများသည် မူလဝိညာဉ်သွေးကြောမှ ဖြစ်တည်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် တံဆိပ်ခတ်ထားသော ရတနာသေတ္တာတစ်လုံးနှင့်တူ၏။
ထို့ကြောင့် ထိုရတနာသေတ္တာများတွင် ထူးခြားသော ဝိညာဉ်ကျောက်စိမ်းများ ပါရှိပြီး အချို့မှာ ဗလာဖြစ်နေတတ်သည်။
ကျောက်စိမ်းအိုးပြည်နယ်တွင် ရှားပါးခြင်းမရှိသောကြောင့် အပိုင်းအစများကို နေရာတိုင်း၌ ကံကြမ္မာလောင်းကစားအဖြစ် မှတ်ယူတတ်ကြသည်။ စုရီက ပေါ့ပေါ့ပါးပါး လှမ်းကြည့်ကာ ပြောကြားလိုက်၏။
“ ဒါဆို ... ဒီမူလသတ္ထုရိုင်းက မျက်မမြင်အဘိုးအိုရဲ့ ခေါင်းတလားတွေနဲ့ ဆင်တူတာပေါ့။ ”
ယွမ်ဟမ်စကားကြောင့် စုရီမှ ပြုံးသည်။ ၎င်းတို့သည် မူလသတ္ထုရိုင်းများပင် ဖြစ်သည်။ ခေါင်းတလားမျိုးရိုး၏ ကျောက်ခေါင်းတလား များမှာ မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
အရိုင်းမြေကိုးပါးတွင် မူလသတ္ထုရိုင်း အချို့ကြောင့် ရူးသွပ်ကုန်သော ဧကရာဇ်များပင် ရှိခဲ့ဖူးသည်။ ထိုအချိန်တွင် ကျိုးရှင်းဟဲက မတ်တပ်ထရပ်ကာ၊
“ မူလသတ္ထုရိုင်းက ရှားပါးရတနာ ဖြစ်ပေမယ့် မူလသတ္ထုရိုင်း အပိုင်းအစတိုင်းမှာ ရတနာတွေ မပါရှိပါဘူး ...
... သူတို့ကို သန့်စင်မှု ပြုလုပ်မှာသာ ... အထဲကရတနာကို မြင်နိုင်ပါလိမ့်မယ် ... ဒီမှာ မူလသတ္ထုရိုင်း အပိုင်းအစ (၁၈)ခုကျော် ပါရှိတယ် လူတိုင်း တစ်ယောက်ကို တစ်ခုစီယူပြီး ကံစမ်းကြည့်ကြပါ။ ”
ထို့နောက် ၎င်းမှပင် ကျန်းယွင်ထောင်နှင့် အခြားသူများထံ တစ်ချက် ဝေ့ကြည့်လိုက်ကာ၊
“ ဒါ ... ပျော်စရာကစားနည်းတစ်ခုပဲ၊ လူတိုင်း ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ် ... ငါ ဝင်မစွက်ဖက်ပါဘူး။ ”
-ဟု ကြေငြာလိုက်တော့သည်။
“ ဒါဆို ဒီအဖိုးကြီးက ယဉ်ကျေး မနေတော့ဘူး။ ”
ကျန်းယွင်ထောင်မှ ပြုံးလျက် ဦးစွာလျှောက်လှမ်းသွားသည်။ မူလသတ္ထုရိုင်း တစ်ခုစီသည် ပုံသဏ္ဍာန် အမျိုးမျိုးရှိကာ ရောင်စုံအလင်းများ ဖြာလျက် နတ်အာရုံများ ဝင်ရောက်ခြင်းကို ထိုအလင်းများမှ တားဆီးထား၏။
ကျန်းယွင်ထောင်က ခဏမျှ စစ်ဆေးခဲ့သော်လည်း နားမလည်သဖြင့် ရွေးရန် ခက်ခဲသွားသည်။ ထိုမြင်ကွင်းကြောင့် ကျိုးယွင်ထောင်မှ ပြုံးပြီး ချဉ်းကပ်လာကာ၊
“ အစ်ကိုကျန်း ... မူလသတ္တုရိုင်းကို စစ်ကြည့်တဲ့အခါ ပထမ တောင်ပမှု ... ဒုတိယ ဝိညာဉ်ရေးအလင်းနဲ့ တတိယကတော့ ...
... မင်းမျက်လုံးကို ဖမ်းစားနိုင်သမျှပဲ ... ၊ ဥပမာ ... မင်းအခုကြည့်နေတဲ့ မူလသတ္တုရိုင်းက သာမန်မဟုတ်ဘူး။ ”
“ အိုး ... ဒီလိုလား ငါလည်း မျက်စိထဲ လှလွန်းတယ်လို့ ထင်နေခဲ့တာ ... ဒါဆိုဒီတစ်ခုနဲ့ သွားရအောင်။ ”
ကျန်းယွင်ထောင်က မူလသတ္ထုရိုင်း အပိုင်းအစကို ကောက်ယူပြီး ချိုးဖဲ့လိုက်သည်။ တောက်ပသော အလင်းများနှင့်အတူ အနှစ်တစ်ခု သူ့လက်ထဲ ကျန်ရစ်ခဲ့၏။
၎င်းသည် လက်မ လက်သည်းခွံ အရွယ်ခန့်သာရှိသော်လည်း ရွှေသတ္ထုကဲ့သို့ ကြည်လင်တောက်ပနေသည်။ ရောင်ဝါသည် ထက်မြက်ပြီး သိပ်သည်း၏။ အတွင်းမှ ကျားဟောက်သံများ ကြားနေရသည်။
“ အံ့ဩစရာပဲ ... အစ်ကိုကျန်း၊ ဒါ ရွှေအစင်း ကျားကျောက်စိမ်းလို့ခေါ်တယ် မင်းတော်တော် ကံကောင်းတယ် ... ။ ”
ကျိုးရှင်းဟဲမှ ဂုဏ်ပြုအော်ဟစ်လိုက်သည်။ ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာတော့၏။ ကျိုးမိသားစုမှ အထက်တန်းစားများစွာက ကျန်းယွင်ထောင်ကို ဂုဏ်ပြုကြသည်။
ဟွာယွင်ရှန်းသည် ထိုအချင်းအရာကို မြင်သောအခါ စိတ်အားထက်သန်မှုများ ဖြစ်ပေါ် လာတော့၏။
လက်မ လက်သည်းအရွယ် ရွှေအစင်း ကျားကျောက်စိမ်းသည် ဆဠမတန်း ဝိညာဉ် ကျောက်တုံးတစ်ရာခန့် တန်ဖိုးရှိသည်။
၎င်းသည် ဝိညာဉ်တာအိုအဆင့် လက်နက်များအတွက် သန့်စင်ရေးဆိုင်ရာ ထိပ်တန်းပစ္စည်းဖြစ်၏။
ကျိုးယွင်ထောင်မှ ခေတ္တမျှ အံ့အားသင့်သွားသော်လည်း များကြာမီမှာပင် ရွှင်မြူးသွားကာ၊
“ အစ်ကိုကျိုး၊ မင်းရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ”
-ဟု ပြန်လည် ပြောကြားလိုက်သည်။
“ အစ်ကိုကျန်း၊ သိပ်ယဉ်ကျေးမနေပါနဲ့။ ”
ကျိုးရှင်းဟဲမှ ပြုံးသည်။
“ ရှင်းကျောက် ... မင်းလည်း ကြိုးစားသင့်တယ်။ ”
ကျန်းယွင်ထောင်က ပြုံးပြီး ဝမ်ရှင်းကျောက်ကို ဖိတ်ခေါ်လိုက်လေသည်။ ဝမ်ရှင်းကျောက်မှ ချက်ချင်း သဘောတူ၏။
“ မိန်းကလေးဝမ်၊ လူအိုကြီးရဲ့ အမြင်အရ ဒီမူလသတ္ထုရိုင်းက မင်းရဲ့ကံကြမ္မာနဲ့ ဆက်စပ် နေပုံရတယ်။ ”
ကျိုးရှင်းဟဲက စကားပြောနေစဉ် သတ္တုရိုင်းတစ်စကို ကောက်ကိုင်ပြလိုက်သည်။ ဝမ်ရှင်းကျောက်မှ ခေါင်းခါလိုက်ပြီး၊
“ စီနီယာကျိုး ... ၊ မင်းရွေးပေးတဲ့ သတ္တုရိုင်းက ငါရွေးတာမှ မဟုတ်တာ ... ဒါဆို ဒီကစားပွဲက ဘယ်လိုလုပ် ပြီးပြည့်စုံမှာလဲ။ ”
-ဟု ဆိုကာ အခြားသော သတ္ထုရိုင်းအပိုင်းအစကို ကောက်ကိုင် လိုက်လေသည်။
၎င်းကို ချိုးဖဲ့ကြည့်လိုက်ရာ အပြာရောင်တိမ်တိုက် ကျောက်စိမ်းတုံးကိုသာ ရရှိခဲ့သည်။ ယင်းသည် တန်ဖိုးရှိလှသော်လည်း ရွှေအစင်းကျားကျောက်စိမ်းထက် နိမ့်ကျ၏။
“ မိန်းကလေးဝမ် ကံကောင်းပါတယ်။ ”
သို့တိုင် ကျိုးရှင်းဟဲနှင့် သူ့အဖွဲ့မှာ ပြုံးပြီးချီးကျူးနေသေးသည်။ ဝမ်ရှင်းကျောက်က ခေါင်းညိတ်ပြီး ထိုင်ခုံသို့ ပြန်လာတော့၏။
***