← Chapters

အရှက်မဲ့သူ ... ။

Vol. 32 Ch. 382

အရှက်မဲ့သူ ... ။

Vol. 32 Ch. 382

ထို့နောက်တွင် ဟွာယွင်ရှန်း၊ ယွီယွီ၊ စွင်းဖုန်းနှင့် ချမ်တျန်လုံတို့သည် အလှည့်ကျ ‌ရွေးချယ်လိုက်ကြ၏။ ၎င်းတို့သည်လည်း ဝမ်းရှင်းကျောက် စကားအတိုင်း ကိုယ်တိုင်ရွေးချယ်သည်။

ဟွာယွင်ရှန်းသည် ဗလာဖြစ်ပြီး ယွီယွီသည် အစောပိုင်း ကျိုးရှင်းဟဲမှ ဝမ်ရှင်းကျောက်အပေါ် အကြံပြုထားသော အပိုင်းအစကို ကောက်ယူ လိုက်သဖြင့် အလွန်ရှားပါးသော ခရမ်းရောင် ကျောက်စိမ်းဝိညာဉ်သလင်းကျောက်ကို ရရှိလိုက်သည်။

ထိုတန်ဖိုးသည် ရွှေအစင်း ကျားကျောက်စိမ်းနှင့် ယှဉ်နိုင်၏။ ၎င်းထက်ပင် ပို၍ ကောင်းနိုင်မည်။ သို့သော် မပျော်ရွှင်နိုင်ချေ။

ဤသည်မှာ ဝမ်ရှင်းကျောက်အတွက် ကံကြမ္မာဖြစ်သည်။ ကျန်လူများမှာဗလာဖြစ်၏။ ထို့နောက် ချင်းယာက ရှားပါးရွှေရောင်ပိုးမျှင် တိမ်မီးတောက်ကျောက်စိမ်းကို ရရှိခဲ့သည်။

၎င်းသည် ကျန်ကျောက်စိမ်းများထက် များစွာအဖိုးတန်၏။ ကျိုးရှင်းဟဲသည်ပင် သူမ၏ ကံကောင်းမှုအတွက် အံ့ဩသွားသည်။

“ မိန်းကလေး မင်းအရမ်း ကံကောင်းတယ်။ ”

သူတို့၏အမြင်နှင့် အတွေ့အကြုံအရ သတ္တုရိုင်းများကို ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်သည်။ မည်သည့်အပိုင်းအစ၌ ဗလာဖြစ်ကာ မည်သည်တွင် ရှားပါးရတနာပါရှိနိုင်မည်ကို အကြမ်းဖျင်းခန့်မှန်းနိုင်ကြ၏။

ထို့ကြောင့် ရွှေရောင်ပိုးမျှင် တိမ်မီးတောက် ကျောက်စိမ်းသာ ပါရှိသော် ဖယ်ထားမိပေမည်။ ကျိုးမိသားစုဝင်များ အားလုံး နာကျင်စရာ ကုန်တော့၏။

လူတိုင်း‌ရွေးချယ်ပြီးနောက် စုရီ၊ ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းတို့ကို မေ့လျော့ကာ ကျိုးရှင်းဟဲမှ သိမ်းရန်ပြင်သည်။ သို့သော် ဝမ်ရှင်းကျောက်က သတိတရဖြင့်၊

“ တာအိုစု မင်းအလှည့်ပဲ။ ”

-ဟု ပြောကြားလိုက်၏။

ကျိုးမျိုးနွယ်သည် စုရီအပေါ် မေ့လျော့ထားမှန်း မြင်သဖြင့် မျက်မှောင်ကြုတ် ထားမိ၏။ အဆုံးတွင် ဤအရပ်၌ မည်သူမဆို ဧည့်သည် ဖြစ်နေချေပြီ။

“ အိုး ... မိန်းကလေးချင်းယာရဲ့ ကံကောင်းမှုကြောင့် ငါမင်းကို မေ့သွားတယ် မိတ်ဆွေလေး ... လာတစ်ခုရွေးပါ။ ”

ကျိုးရှင်းဟဲမှ အပြုံးဖြင့် ဖိတ်ကြားလိုက်ရသည်။

“ ဒါဆို ငါယဉ်ကျေးမနေတော့ဘူး။ ”

စုရီက ထရပ်ကာ လျှောက်လှမ်းသွား၏။ ဤအပြုအမူသည် ကျိုးမိသားစုကို မသက်မသာ ဖြစ်စေသည်။

ထို့နောက် တိတ်ဆိတ်စွာ ရပ်နေသော ကျိုးရှင်းဟဲကို လျစ်လျူရှုလျက် မူလသတ္ထုရိုင်း အပိုင်းအစများထံ ဝေ့ကြည့်ကာ စုရီကတစ်ခုကို ‌ကောက်ယူလိုက်၏။

သူ့‌ရွေးချယ်မှုကြောင့် ရပ်ကြည့်နေသော ကျိုးရှင်းဟဲတစ်ယောက် ပြုံးရွှင်သွားလေသည်။ ရယ်ချင်စိတ်ကိုပင် ထိန်းနေရ၏။

သူ့အတွေ့အကြုံအရ စုရီလက်ထဲမှ မူလသတ္တုရိုင်းသည် ဗလာဖြစ်သည်။ မျိုးနွယ်စု ပညာရှင်များမှလည်း တညီတညွှတ်တည်း ဆုံးဖြတ်ထားကြ၏။

ကျိုးမိသားစုဟူသည် ဝိညာဉ်ကျောက်စိမ်းများကြောင့် နာမည်ကြီး လှသည်။ ကြွယ်ဝမှုများအရ မူလသတ္ထုရိုင်း အနည်းငယ်ပေးခြင်းဖြင့် ပြဿနာရှိမည် မဟုတ်ချေ။

သို့သော် ဤကဲ့သို့သော နောက်ခံ မရှိသူများအတွက် ဖြုန်းတီးလိုခြင်း မရှိသည်မှာ သဘာဝပေပင်။

“ အစ်ကိုစု မြန်မြန်ချိုးလိုက် ... ဘာပါလဲ ကြည့်ရအောင်။ ”

ချင်းယာက အော်ဟစ်လာသည်။ တစ်ဖက်လူသည် သူမထက် မနိမ့်ကျသော အမြင်မျိုးရှိသည်ကို လေဟာနယ်စာကလေး အရေခွံဖြင့် သက်သေပြပြီးဖြစ်၏။

“ အလျင်မလိုပါနဲ့ဦး။ ”

စုရီက ပြုံးလျက် ချင်းယာစကားကို ငြင်းဆန်ကာ ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းထံသို့ ပြန်လှည့်ကြည့်၏။

“ မင်းတို့ကိုယ်စား ငါပဲရွေးပေးရမလား။ ”

ထိုမေးခွန်းအပေါ် ယွမ်ဟမ်နှင့် ပိုင်ဝမ်ချင်းမှသဘာဝအတိုင်း ကန့်ကွက်ခြင်း မရှိသော်လည်း ကျိုးမိသားစုဝင်များမှာ မျက်နှာများ မည်းမှောင်ကုန်သည်။

ဤလူငယ်သည် အမှန်ပင် အရှက်မဲ့၏။ ၎င်းတို့အပေါ် ဆန္ဒမရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြသထားသော်မှ သူ့အဖော်များအတွက်ပင် ရွေးချယ်ချင်နေသေးသည်။

“ ဒါက အဆင်ပြေတယ် မဟုတ်လား။ ”

စုရီက ကျိုးရှင်းဟဲထံ လှည့်မေးသည်။ ကောင်းမွန်သော ခံစားချက်များ ရရှိနေသဖြင့် ကျိုးရှင်းဟဲမှ ခေါင်းညိတ်၏။

“ ဒါက မူလသတ္ထုရိုင်း အပိုင်းအစ အချို့ပါပဲ ငါတို့ရဲ့မိတ်ဆွေလေးစု ရွေးပါ။ ”

သို့တိုင် ပြုံးရယ်ခြင်းမရှိဘဲ ရပ်ကြည့်နေလိုက်၏။ သူတို့၏ ဂုဏ်သတင်းကို ကျောက်စိမ်းသွေးကြောပေါ်၌ တည်ဆောက် ထားသည်။ ထို့ကြောင့် အပိုင်းအစ သုံးခုဖြင့် ဆုံးရှုံးစရာ များစွာ မရှိနိုင်။

“ ဒီနှစ်ပိုင်း ... ။ ”

“ ဟား ဟား ဟား ... ။ ”

စုရီက နောက်ထပ် အပိုင်းနှစ်ပိုင်းကို ရွေးချယ်လိုက်၏။ ဤတစ်ကြိမ်တွင် ကျိုးရှင်းဟဲ တစ်ယောက် မထိန်းနိုင်တော့ဘဲ ရယ်သည်။

ဤသည်မှာ ယခင်ကဲ့သို့ပင် ဗလာဟု ထင်ကြေးပေးထားသော အပိုင်းအစနှစ်ခုပင် ဖြစ်နေခဲ့ပြန်၏။ အခွင့်အရေးပေးခဲ့သော်မှ လူမိုက်သည် လူမိုက်သာ ဖြစ်နေသေးသည်။

“ မိတ်ဆွေလေး ... မင်းရဲ့ ဝိညာဉ်မူလသတ္ထုအပိုင်းအစတွေမှာ ဘာတွေ ကံကောင်းနိုင်မလဲ ကြည့်ရအောင်။ ”

ကျိုးရှင်းဟဲက လွန်စွာဖော်ရွေသော အပြုံးများဖြင့် ပြောလိုက်သည်။ မျိုးနွယ်စု၏ အကြီးအကဲများသည်လည်း စိတ်သက်သာရာ ရဟန်ဖြင့် ခေါင်းညိတ်လိုက်ကြ၏။

၎င်းတို့၏ အပြုအမူကြောင့် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း မည်သူမဆိုပြောနိုင်ချေပြီ။ သို့သော် စုရီမှ ဂရုမစိုက်ဘဲ သတ္ထုရိုင်းတစ်ခုကို ချိုးချလိုက်သည်။

“ ခရစ် ... ။ ”

နီမြန်းသော အလင်းရောင်များက သက်တံကဲ့သို့ ကောင်းကင်ပေါ် တစ်ဟုန်ထိုး လွင့်ပျံလာသည်။ ယင်းသည် ယွမ်ဟမ်အတွက် သူ ရွေးချယ်ထားသော ရတနာဖြစ်၏။

“ ဒါ ... ။ ”

လူတိုင်းတိတ်ဆိတ်ကုန်ကာ မီးကဲ့သို့ တောက်ပနေသော အရာကို ကြည့်လိုက်သည်။ အထူးသဖြင့် ကျိုးရှင်းဟဲ၏ မျက်လုံးများ မှေးစင်းလျက် မျက်နှာပြောင်းသွား၏။

ဤသည်မှာ တိမ်မီးလျှံလေဟာနယ် ကျောက်စိမ်းဖြစ်၏။ တန်ဖိုးမဖြတ်နိုင်သော အကောင်းဆုံး ဝိညာဉ်ရေးပစ္စည်းပေပင်။ ၎င်းတန်ဖိုးသည် ရွှေအစင်း ကျားကျောက်စိမ်းထက် နှစ်ဆဖြစ်၏။

“ မိတ်ဆွေလေး မင်းမျက်လုံးကောင်းတယ်။ ”

ပါးစပ်မှ ချီးကျူးနေသော်လည်း နှလုံးသားသည် သွေးစိမ်းရှင်ရှင်ထွက်နေသည်။ မထင်မှတ်သော ဆယ်ကျော်သက်တစ်ဦးသည် ရတနာတစ်ခုကို အလကားနီးပါး ရရှိသွားသည့် အတွက် မပျော်ရွှင်နိုင်သည်မှာ သဘာဝပေပင်။

ဆဠမတန်း ဝိညာဉ်ကျောက်စိမ်း (၂၀၀)ခန့် တန်ကြေးရှိ၏။

“ ခရစ် ... ။ ”

စုရီက ၎င်းအမူအရာကို လျစ်လျူရှုပြီး ပိုင်ဝမ်ချင်းအတွက် ရွေးချယ်ပေးထားသော သတ္ထုရိုင်းအပိုင်းအစကို ထပ်မံချိုးလိုက်သည်။

ဤတစ်ကြိမ်တွင်လည်း အပြာရောင် အလင်းများ ဖြာထွက်လာပြန်၏။ အပြာရောင် ဝိညာဉ်ပင်လယ်အနှစ်သာရ ကျောက်စိမ်း ဖြစ်သည်။ အလွန်အဖိုးတန်သည့် ဝိညာဉ် ကျောက်စိမ်းတစ်မျိုးပေပင်။

“ ဒါ … ။ ”

ကျိုးရှင်းဟဲ မျက်နှာအေးခဲသွား၏။ အထူးသဖြင့် မျိုးနွယ်စု အကြီအကဲများအားလုံး ခံစားချက်များ ယိမ်းထိုးကုန်သည်။ ဟန်ပင် မဆောင်နိုင်တော့ချေ။

ဤသည်မှာ ရှားပါးသော ဝိညာဉ်ကျောက်စိမ်း အမျိုးအစား နှစ်မျိုးကို ဆက်တိုက် ရရှိခြင်းမည်သည်။ မည်သူမျှ မမျှော်လင့်ထားသော ရလာဒ်ဖြစ်၏။

ယင်းကို သိရှိခဲ့ပါက ထိုမူလ သတ္ထုရိုင်းအပိုင်းအနှစ်ခုကို ရွေးခွင့်ပေးမိမည် မဟုတ်ချေ။ တိမ်လွှာကောင်းကင် နန်းတော်မှ တပည့်ရရှိခြင်းဆိုသော် အနည်းငယ် သက်သာရာ ရမိပေမည်။ ယခုမူ။

တစ်ဖက်တွင် ဝမ်ရှင်းကျောက်နှင့် ချင်းယာက အံ့သြမဆုံးနိုင်ဖြစ်လာသည်။ ရှားပါး ကျောက်စိမ်းတစ်တုံးကို ရရှိခြင်းသည် ကံကောင်းခြင်းဖြစ်ပြီး နှစ်တုံးဆက်တိုက် ‌ရွေးခြယ်နိုင်သည်မှာ သံသယဝင်စရာပေပင်။

“ မိတ်ဆွေလေး ... နောက်တစ်လုံး ... ။ ”

ကျိုးရှင်းဟဲက အသက်ပြင်းပြင်းရှူလျက် သူ့နှလုံးသားအတွင်းရှိနာကျင်မှုကို မျိုသိပ်ကာ ပြုံးပြီးပြောကြားလိုက်၏။

စုရီ ကိုယ်တိုင်ရွေးချယ်ခဲ့သော မူလသတ္ထုရိုင်းသည် သာမာန်အရောင်ရှိပြီး မှိုင်းသောအဆင်းသဏ္ဍာန်ပေပင်။ ထို့ကြောင့် ဗလာဖြစ်နိုင်၏။ ဤနည်းဖြင့် အနည်းငယ် သက်သာရာရနိုင်မည်။

“ ဒါကို ဒီလိုလုပ်ရအောင် မိတ်ဆွေလေး၊ မင်းအခုချိုးမဲ့ ရတနာက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စျေးဆယ်ဆ ငါပေးဝယ်မယ်။”

တစ်ဖက်လူမှ ချိုးရန် တုန့်ဆိုင်းနေသမျှ ဆုံးဖြတ်ချက် ပို၍သေချာသွား၏။ ကျန်မိသားစု အကြီးအကဲများသည်လည်း သဘောတူသဖြင့် ခေါင်းညိတ်လိုက်သည်။

အဘယ့်ကြောင့်ဆိုသော် လူမြင်ကွင်း၌ စုရီကျရှုံးမည်ကို မြင်တွေ့လို၏။ ညှိနှိုင်းချက်က စုရီကို မျက်ခုံးပင့်စေသည်။

“ မင်းတို့ ဈေးဆယ်ဆပေးမှာလား ... ။ ”

“ သေချာတာပေါ့ ... ။ ”

ကျိုးရှင်းဟဲက အထင်အမြင်သေးစွာဖြင့် ခေါင်ညိတ်၏။ ထိုအမူအရာက လူတိုင်းအမြင်၌ တစ်ခုခုမှားနေပြီဟု ယောင်ဝါးဝါး ခံစားရစေသည်။

ထို့နောက် စုရီက စကားမဆိုတော့ဘဲ နောက်ဆုံးအပိုင်းအစကို ချက်ချင်းချိုးဖဲ့သဖြင့် လူတိုင်းတိတ်ဆိတ်စွာ စောင့်ကြည့်ကုန်၏။

“ ခရစ် ... ။ ”

များမကြာခင် သတ္ထုရိုင်းအပိုင်းအစ ကျိုးပဲ့သံနှင့်အတူ အလင်းများခန်းမအတွင်း ပြည့်လျှံသွားသည်။

“ ဒါ ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

***

All Chapters