ကောလဟာလများ
Vol. 22 Ch. 271
လင်းချန်သည် နောက်ထပ်အစွမ်းပြခြင်းကို ဘက်တော်သားများ မျှော်လင့်နေကြောင်း နားလည်ထားသဖြင့် ငရဲနတ်ဆိုး သွေးကျောက်တစ်ခုကို ဓားဝိညာဥ်၌ တပ်ဆင်ခဲ့သည်။ ငါးခုဆက်တိုက် တပ်ဆင်ပြီးသောအခါ ဓားအော်ရာ ရှစ်ထောင်ကျော်နှင့် အရောင်ကိုးမျိုး အာကာသနတ်ဓားသည် ပို၍ အစွမ်းထက်ပုံပေါ်လာခဲ့၏။ ကြီးကြပ်သူများ မတ်တပ်ထရပ်လိုက်ကြပြီး တအံ့တသြကြည့်နေစဥ် ခြောက်ကွင်းမြောက် ထွက်ပေါ်လာရာ ရိုသေလေးစားစွာဖြင့် နောက်ဆုံး ဓားစက်ကွင်းအပေါ် အာရုံစိုက်နေကာ ခြောက်ခုနှင့် ခုနစ်ခုအကြား ကွာခြားသောကြောင့်ပင်။ ထိုအချိန်တွင် သူက နောက်ဆုံးသွေးကျောက်ကို ပေါ့ပေါ့ပါးပါး ကောက်ယူ၍ တပ်ဆင်ပြလိုက်သောအခါ ကုရွှမ်၊ ကျန်းမုနှင့် ကြီးကြပ်သူများ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
"အစစ်အမှန်အင်မော်တယ်"
သူတို့က အကြည့်ချင်းဖလှယ်၍ အားရကျေနပ်စွာ ပြုံးလိုက်ကြ၏။
"အဖေ"
ငယ်ရွယ်သော လူငယ်လေးတစ်ယောက်သည် သွေးကန်အတွင်းရှိ ကျွန်းတစ်ကျွန်းပေါ်သို့ အပြေးရောက်လာခဲ့သည်။ ခြံဝန်းတစ်ခု အလယ်၌ ကျောင်းတော်သားဝတ်စုံဖြင့် ကျန်းမုရှိနေပြီး သားဖြစ်သူကို မြင်သောအခါ ဖတ်ရှုနေသော စာအုပ်ကို အသာပိတ်လိုက်၏။
"ဘာကြောင့် အလျင်စလို ဖြစ်နေတာလဲ"
"အဖေ ဝါးတောနဲ့ ဖီးနစ်မျှော်စင်က သတင်းတွေအကြောင်း ကြားပြီးပြီလား"
ကျန်းရန်ဆိုသော လူငယ်က ဒေါသထွက်နေဟန်ဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အံကြိတ်မေးလိုက်သည်။
"ယွမ်ရှောင်က သခင်လေးလင်းနဲ့ အရှုံးကို လက်မခံနိုင်လို့ အစ်မ ဖုန်းရောင်လင်ကို သတ်လိုက်တယ်"
သူက ဝမ်းနည်းဒေါသထွက်နေသော လေသံမျိုးဖြင့် ဆက်ပြောသည်။
"မင်းက ဖုန်းရောင်လင်အပေါ် ခံစားချက်ရှိနေတာလား"
ကျန်းမုက စပ်စုလိုက်သည်။
"အခု သေပြီဆိုမှတော့ အရေးမကြီးပါဘူး။ အဖေ တကယ်တော့ သူက နတ်ဆိုးပဲ။ ယွမ်ရှောင်ရဲ့အမေက နတ်ဆိုးစော်ကားတာ ခံလိုက်ရတယ်"
ကျန်းရန်က တစ်ချက်စိုက်ကြည့်၍ အလေးအနက်ပြောလာခဲ့သည်။
"ပါးစပ်ပိတ်ထားစမ်း။ မင်းကို ဘယ်သူ ပြောလိုက်တာလဲ"
ကျန်းမုက စိတ်ထဲမှ ကျေနပ်သွားသော်လည်း ငေါက်ချင်ယောင်ဆောင်လိုက်၏။
"လူတိုင်း ပြောနေကြတာဆိုတော့ မမှားလောက်ပါဘူး။ သူရဲ့ နောက်ခံအကြောင်း သတင်းတွေ ပျံ့နေတယ်။ ကလေးဘဝမှာ တစ်ရွာလုံးကို သတ်ခဲ့တဲ့ နတ်ဆိုးတဲ့"
လူငယ်လေးက စိတ်ပျက်ရွံရှာဟန်ဖြင့် မှတ်ချက်ပေးလိုက်၏။
"အဓိပ္ပါယ်မရှိတာ"
"တကယ်ပါ အဖေရ။ သူ့အမေက ပြည့်တန်ဆာတစ်ယောက် ဖြစ်ပြီး နတ်ဆိုးတွေနဲ့ ဇာတ်လမ်းမကင်းဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ နတ်ဆိုးခွေးတွေ ခနခန အလည်လာပြီး ညအချိန်မှာ ညည်းသံတွေ ကြားရတယ်တဲ့။ တစ်စုံတစ်ယောက်က ဒီလိုမွေးလာတယ်ဆိုမှတော့ လူကောင်း မဖြစ်နိုင်တော့ဘူး"
ကျန်းမုက ခေါင်းယမ်းပြလိုက်သော်လည်း သူသည် အခိုင်အမာ ပြောဆိုနေခဲ့သည်။
"ဘယ်သူ ဒီကောလဟာလ သတင်းတွေ ဖြန့်နေတာလဲ"
"အဖေက ဒီလောက်အထိ ဒေါသထွက်နေတာ ယွမ်ရှောင်ရဲ့ ရွာသားတွေကို သတ်ပေးခဲ့တာများလား"
"မင်းပြောနေတာ အမှန်တွေလား"
"ဘယ်သူဖြစ်ဖြစ် နတ်ဆိုးဓားဝိညာဥ်အကြောင်း ပြောမိရင် သူက လိုက်သတ်တယ်။ လူပေါင်းရာချီ အသတ်ခံရပြီးပြီ။ သတင်းသမားတွေကို သတ်လိုက်ရင်တောင် အမှန်တရားကို ဖုံးကွယ်မထားနိုင်ဘူး။ ယွမ်ရှောင်ရဲ့ သရုပ်မှန်ကို ထုတ်ဖော်တာ ဘာမှားနေလို့လဲ "
ကျန်းရန်၏ မျက်လုံးများက အမှန်တရားအတွက် တောက်လောင်နေပုံရသည်။
"ကျန်းရန် မင်း ပါးစပ်ပိတ်ထား။ သခင်လေးယွမ်ကို ဓားအစောင့်အရှောက်က နောက်ခံပေးထားတယ်။ မင်းရဲ့ ဦးလေးက သူ့သမက်ဆိုတော့ ငါတို့ဟာ ဆွေမျိုးတွေပဲ။ ကောလဟာလတွေကြောင့် သွေးမကွဲစေနဲ့။ တကယ်လို့ တစ်ယောက်ယောက်က သတင်းအမှားတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်တာဆိုရင် မင်း အသုံးချခံလိုက်ရနိုင်တယ်"
ကျန်းမုက လေးနက်စွာ သတိပေးသည်။
"အဖေ ပြောချင်တာ သခင်လေးလင်းက ကောလဟာလဖြန့်တယ်ပေါ့။ ဓားအပျက်အစီးနယ်မြေတစ်ခုလုံး သတင်းဖြန့်နိုင်တာ ဓားအစောင့်အရှောက်ပဲ ရှိတယ်။ ဘာကြောင့် ပါးစပ်ပိတ်ထားရမှာလဲ"
ကျန်းရန်က ဖခင်ဖြစ်သူကို လုံးဝမယုံကြည်ဟန်ဖြင့် ခွန်းတုံ့ပြန်သည်။
"ဖြန်း"
ကျန်းမုက သူ့ကို ဖြတ်ရိုက်လိုက်သဖြင့် မြေကြီးပေါ် လိမ့်ထွက်သွားသောအခါ မျက်နှာတစ်ခုလုံး နီရဲ၍ မျက်ရည်အချို့ စီးကျလာသည်။
"ကျန်းမု ခင်ဗျားက လူယုတ်မာပဲ။ နတ်ဆိုးတစ်ကောင်အတွက် အမှန်တရားကို မမြင်ချင်ယောင်ဆောင်နေတယ်။ အမှန်တရားကို ဘယ်လိုမှ ဖိနှိပ်မရနိုင်ဘူး။ လူအယောက်တစ်ရာကို သတ်လိုက်ရင်တောင် ပါးစပ်ပိတ်နိုင်မှာ မဟုတ်ဘူး။ ဖိနှိပ်လာရင် တွန်းလှန်ရမှာပဲ။ ဓားအပျက်အစီးနယ်မြေက ကျုပ်တို့လို လူငယ်တွေနဲ့သာ သက်ဆိုင်တယ်"
ကျန်းရန်က ဖခင်ကို စိတ်ပျက်လက်ပျက်အမူအရာဖြင့် စိုက်ကြည့်ပြီး ကြွေးကြော်လိုက်၏။ ထို့နောက် သူက ခြံဝန်းတံခါးကို ကန်ဖွင့်၍ ဒေါကြီးမောကြီးထွက်ခွာသွားသောအခါ ကျန်းမု၏မျက်နှာအထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ လူငယ်များက ကိုယ့်ကိုကိုယ် အဟုတ်ကြီးထင်နေသော်လည်း အကြီးအကဲများ၏ လှည့်ကွက်အောက်တွင် ချာချာလည်နေသဖြင့် အမှန်တကယ်၌ နဖူးတွင် ငတုံးဟူ၍ ရေးထားသင့်ပေသည်။ သူ၏ ဘဝတွင် လင်းချန်ကဲ့သို့ အင်မော်တယ်လူဝင်စားတစ်ယောက်ကို မမြင်ဖူးသောကြောင့် လက်အောက်ခံအဖြစ် ခစားခြင်းသည် ဆယ်စုနှစ်များစွာ ခံစားနေရသော စိတ်ဒုက္ခကို ပြေလည်စေသည်။ ထိုအချိန်မှစတင်၍ သူ၏ စိတ်နှလုံးတွင် လျှောက်လှမ်းရန် လမ်းကြောင်းတစ်ခု ပြတ်ပြတ်သားသား ထွက်ပေါ်လာခဲ့၏။
"အင်မော်တယ်.ဖြစ်မလာရင် သေရလိမ့်မယ်။ ဘဝမှာ ငါပိုင်ဆိုင်တာက အသက်ပဲ။ မိသားစုတွေနဲ့ မျိုးနွယ်ဆိုတာက ဝန်ထုပ်ဝန်ပိုးသက်သက်၊ ဒါတွေကြောင့် ပင်ပန်းရတယ်။ ငါတစ်ယောက်တည်း ကျေနပ်ပျော်ရွှင်နေရင် ရပြီ"
တစ်ကိုယ်ကောင်းဆန်လွန်းသော ကျန်းမုသည် ကျေနပ်စွာ ရေရွတ်ပြီး တဏှာအသာပေး စာအုပ်တစ်အုပ်ကို ဆက်လက်ဖတ်ရှုနေခဲ့သည်။ သို့ရာတွင် ၎င်း၏ဇာတ်ကွက်များအရ မရီးဖြစ်သူအပေါ် ရာဂစိတ်များ တဖွားဖွား ဖြစ်ပေါ်လာလေသည်။
ဓားအပျက်အစီးနယ်မြေ၏ တောင်ထိပ်တစ်ခုတွင် ကျန်းရန်က မတ်တပ်ရပ်၍ အသံကုန်အော်ဟစ်နေခဲ့သည်။ ဝါးတောမှ အဖြစ်အပျက်ကို ကိုယ်တိုင်မမြင်ခဲ့ရသော်လည်း ဖုန်းရောင်လင်မှာ ယွမ်ရှောင်၏ လက်ချက်ဖြင့် အကြောင်းအရင်းမရှိ အသတ်ခံခဲ့ရသည်ဟု လူတိုင်း ပြောဆိုနေကြ၏။
"ရယ်စရာကောင်းလိုက်တာ။ တချို့လူတွေက အစ်မဖုန်းကို အပြစ်သားလို့တောင် ပြောနေကြသေးတယ်။ အမှန်ကို အမှားလုပ်ချင်နေကြတာလား"
သူက လက်သီးဆုပ်၍ အံကြိတ်ထားပြီး ဖုန်းရောင်လင်၏ လှပသော မျက်နှာလေးကို မြင်ယောင်နေမိ၏။
"မောင်လေးကျန်း"
စစ်ခုံရန်က အနားတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
"အစ်မစစ်ခုံ"
"ရောင်လင်က အသေဆိုးနဲ့ သေခဲ့ရတယ်"
သူမ၏စကားကြောင့် ကျန်းရန်၏ မျက်လုံးများ ဒေါသေကြောင့် ပို၍ နီရဲလာ၏။
"အစ်မက ဝါးတောထဲမှာ ရှိခဲ့တာလား"
"ဟုတ်တယ်။ ယွမ်ရှောင်က ဒီလောက် ယုတ်မာမယ်လို့ မထင်ထားဘူး။ သူက နတ်ဆိုးဓားဝိညာဥ်ပိုင်ရှင်တစ်ယောက်လို့ ကြားထားတယ်။ အဆင့်တစ်ဆယ် ဖီးနစ်တွေကို စုပ်ယူခွင့်ပေးလိုက်တာ တကယ်ဆုံးရှုံးမှုကြီးပဲ။ တကယ်လို့ ဒါတွေကိုသာ ဓားအပျက်အစီးနယ်မြေရဲ့ ပါရမီရှင်တွေကို ပေးလိုက်ရင် ဘယ်လောက်တောင် အကျိုးရှိလိုက်မလဲ။ နှမြောစရာပဲ"
စစ်ခုံရန်က လေးလံစွာ သက်ပြင်းချသည်။
"ဒီသတင်းကို လူကြားထဲမှာ မပြောနဲ့။ ဒီနတ်ဆိုးအတွက် အမှန်တရားကို ဖုံးကွယ်ပေးချင်နေတဲ့ လူတွေ ရှိတယ်။ ဓားအပျက်အစီးနယ်မြေတစ်ခုလုံး အကြောက်တရားကြောင့် ပါးစပ်ပိတ်နေကြပြီ။ ယွမ်ရှောင်က တကယ်အစွမ်းထက်ပါပေတယ်"
ကျန်းရန်က ရယ်မောလိုက်ပြီး ခနဲ့စကားဆိုသည်။
"ငါ လုံးဝမကြောက်ဘူး။ ဓားအစောင့်အရှောက်က ပါးစပ်ပိတ်ခိုင်းထားတယ်ဆိုရင်တောင် ယွမ်ရှောင်မှာ ဂုဏ်သိက္ခာ မရှိတော့ဘူး။ တကယ်လို့ သူသာ မတော်တဆ သေဆုံးသွားရင် အားလုံး ပျော်ရလိမ့်မယ်။ ကံဆိုးတာက မုမျိုးနွယ်လည်း သူ့ကို ကာကွယ်ပေးနေတယ်။ သူက သူတော်စင်နယ်ပယ်ကျင့်ကြံသူဆိုတော့ အနီးကပ် စောင့်ရှောက်ပေးနေကြတယ်"
စစ်ခုံရန်က မချိတင်ကဲလေသံဖြင့် ရေရွတ်လိုက်၏။
"အပျက်အစီးတောင်ကြားထဲအထိ ရောက်နေတာလား"
ကျန်းရန်က တုန်ခါသွားကာ ဝမ်းကွဲဖြစ်သူ မုရှောင်လုံနှင့် ဆော့ကစားရန် ထိုနေရာသို့ မကြာခဏ ရောက်ဖူးသည်။
"အစ်မ စစ်ခုံ ကျုပ် သွားစရာရှိလို့ ခွင့်ပြုပါဦး"
သူက အသက်ပြင်းပြင်းရှူ၍ ထွက်ခွာသွားခဲ့သည်။
အပျက်အစီးတောင်ကြားတွင် ယွမ်ရှောင်သည် သူ၏အခန်းအတွင်း၌ ကျင့်ကြံနေစဥ် မုရှောင်လုံသည် ရွှေရောင်အိတ်တစ်လုံးနှင့်အတူ ရောက်ရှိလာခဲ့သည်။
"အဘိုးက ရှင့်အတွက် တစ်ခုခု ပေးခိုင်းလိုက်တယ်"
"ဘာများလဲ"
ယွမ်ရှောင်က မျက်လုံးများဖွင့်၍ ပန်းပုရုပ်အလား လှပချစ်စရာကောင်းသော ဆယ့်လေးနှစ်အရွယ် မိန်းမငယ်ကို စိုက်ကြည့်လိုက်၏။
"အင်မော်တယ်ကျောက်စိမ်း တစ်သောင်း။ ဒီလောက်ငွေတွေအများကြီး တစ်ခါမှ မမြင်ဖူးဘူး"
မုရှောင်လုံက နှုတ်ခမ်းဆူ၍ အားကျနေဟန်ဖြင့် ဖြေသည်။ ၎င်းက သူတော်စင်ကျောက်ထက် ပို၍ သန့်စင်ပြီး ငရဲကိုးထပ်၌သာ တည်ရှိသော ထိပ်တန်းအဆင့် တွင်းထွက်ရတနာ တစ်မျိုး ဖြစ်သည်။ ဓားအစောင့်အရှောက်၏ လက်ဆောင်မှာ ဓားစက်ကွင်းများ မရလိုက်ခြင်းအတွက် အားနာမှု.ဖြစ်နိုင်၏။
"ကောင်းပြီ။ ဒါဆိုရင် ထားခဲ့လိုက်ပါ။ ငါ ဆက်ကျင့်ကြံဦးမယ်။ သွားကစားချေ"
သူက မုရှောင်လုံကို ကလေးတစ်ယောက်ပမာ သဘောထား၏။
"ဒီမှာနေလို့မရဘူးလား"
"ဘာကြောင့်လဲ"
"ရှင်က အရမ်းကြည့်ကောင်းတယ်။ ညီမလေးက ပရိသတ်တစ်ယောက်ဆိုတော့ ထိုင်ကြည့်နေရင် အိပ်မက်လှလှ မက်လောက်တယ်"
သူမက ချစ်စဖွယ် မျက်နှာလေးဖြင့် ပူဆာနေသောကြောင့် ယွမ်ရှောင်ကို ဆွံ့အသွားစေသည်။ သို့ရာတွင် သားရဲလေးကို အင်မော်တယ်ကျောက်စိမ်းများ ကျွေးနေသည့် မြင့်ကွင်းကို အခြားသူများ မြင်ခွင့်မပေးနိုင်ချေ။
"မရဘူး။ မြန်မြန်သာ ကြွပေတော့"
"ရုပ်ချောသလောက် မာနကြီးတယ်။ တစ်မျိုးကြီးပဲ"
မုရှောင်လုံက မကျေမနပ်ရေရွတ်ရင်း ထွက်ခွာသွားချိန်တွင် အပြင်ဘက်မှ မုတလုံ၏ ခေါ်သံ ထွက်ပေါ်လာခဲ့လေသည်။
"ရှောင်လုံ မင်းရဲ့ ဝမ်းကွဲ အလည်ရောက်လာတယ်"