← Chapters

ကောက်ကျစ်သော ကုမျိုးနွယ်

Vol. 22 Ch. 274

ကောက်ကျစ်သော ကုမျိုးနွယ်

Vol. 22 Ch. 274

ဓားအပျက်အစီးနယ်မြေ၏ တစ်နေရာတွင် ကျန်းမုသည် ဓားအစောင့်အရှောက်ရှေ့မှောက်၌ ဒူးထောက်နေရပြီး ဆိုးဆိုးရွားရွား မျက်နှာထားပျက်နေသည်။

"ဓားအစောင့်အရှောက် ကျွန်တော်ရဲ့ သားကို မသွန်သင်ခဲ့မိလို့ ဒီလိုမျိုးဖြစ်သွားရပါတယ်။ သခင်လေးယွမ်ကို လုပ်ကြံတာက ခွင့်လွှတ်မရတဲ့ အပြစ်ပါ"

"ကျန်းရန်က ဘယ်သူနဲ့ အဆက်အသွယ်ရှိနေလဲဆိုတာ မင်း သိလား"

လက်နှစ်ဖက် နောက်ပစ်၍ မတ်တပ်ရပ်နေသော ဓားအစောင့်အရှောက်က အေးစက်စက် မျက်နှာထားဖြင့် မေးလိုက်၏။

"ကျွန်တော် မသိတဲ့အတွက် စိုးရွံ့မိပါတယ်"

ကျန်းမုက သားဖြစ်သူ၏ လုပ်ရပ်ကြောင့် အရှက်ရနေဟန်ဖြင့် ဖြေသည်။

"ဒါဆိုရင် သူ့အတွက် ကံတရားကို သတ်မှတ်ပြီးပြီ"

ဓားအစောင့်အရှောက်၏ တည်ငြိမ်သော အမိန့်ကြောင့် သူက ကမ္ဘာတစ်ခုလုံး ပခုံးပေါ်ထမ်းထားရသကဲ့သို့ လေးလံစွာ သက်ပြင်းချလိုက်သည်။

"သွားတော့။ အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်ပြိုင်ပွဲကို ကြီးကြပ်ရမယ်"

"ဟုတ်ကဲ့"

သူက ခေါင်းညိတ်၍ ထရပ်လိုက်ပြီး ဓားအစောင့်အရှောက်ကို တစ်ချက်စိုက်ကြည့်ကာ စိတ်ဓာတ်ကျနေဟန်ဖြင့် ခေါင်းငိုက်စိုက်ချ ထွက်ခွာသွားခဲ့သည်။

"သူ့မိန်းမ သေသွားတဲ့နောက်မှာ ကျန်းမုက မင်းကို ဘယ်လိုဆက်ဆံခဲ့တာလဲ"

ဓားအစောင့်အရှောက်သည် သမီးဖြစ်သူဘက်လှည့်ကာ မေးခွန်းထုတ်လိုက်သည်။

"သူက သမီးကို အရင်တည်းက စိတ်ဝင်စားနေခဲ့ပေမယ့် ငြင်းဆန်ခဲ့ပါတယ်။ အခုလိုအချိန်မှာတောင် ဒီကိစ္စက မသင့်တော်ပါဘူး။ ဒါပေမယ့် သူက သမီးကို အရမ်းစွဲလန်းနေပုံရတယ်။ သူနဲ့ ပတ်သက်လို့ တစ်ခုခု မှားနေတာလား"

မုတလုံက မျက်မှောင်ကြုတ်၍ ဖြေခဲ့သည်။ ဓားအစောင့်အရှောက်သည် ခေါင်းတညိတ်ညိတ်ဖြင့် စဥ်းစားနေပုံပေါ်သောကြောင့် အကင်းပါးသော သူမက သတိပြုမိခဲ့၏။

"ဒါမျိုးက မထူးဆန်းပါဘူး။ ဓားအပျက်အစီးနယ်မြေမှာ အမည်ခံ ဓားအင်မော်တယ် နှစ်ယောက် ထွက်ပေါ်လာပြီဆိုတော့ အာဏာလိုချင်တဲ့ ဘယ်သူမဆို အချိန်မရွေး လှုပ်ရှားနိုင်တယ်။ ဒါပေမယ့် အောင်နိုင်သူကို ဆုံးဖြတ်ပြီးရင် ဘက်ရွေးမှားတဲ့ လူတိုင်း အကျိုးဆက်ကို ရင်ဆိုင်ရမှာပဲ"

ဓားအစောင့်အရှောက်က နယ်မြေတစ်ခုလုံး ဝေ့ကြည့်၍ ရေရွတ်နေသည်။

"ဘုန်း"

အမည်ခံ ဓားအင်မော်တယ် နန်းတော်အထက်တွင် ခရမ်းရင့်ရောင် ဓားစွမ်းအင်များ စုဝေးနေကာ လေထုပင် တွန့်လိမ်ပေါက်ကွဲပြီး ဖျက်ဆီးနိုင်စွမ်း မြင့်မားပေသည်။ ထိုအချိန်၌ တံခါးနှစ်ချပ်မှာ ဘန်းခနဲ ပွင့်လာခဲ့ပြီး ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက် ထွက်ပေါ်လာကာ ထက်ရှသော အရှိန်အဝါကြောင့် လေဟာနယ်ပင် အက်ကြောင်းထင်နေ၏။ ဓားအလင်းများက သူ့ကို ပတ်လည်ဝန်းရံနေပြီး ခြေဖဝါးအောက်ရှိ ကျောက်ပြားများပင် တည်ရှိမှုကို မခံနိုင်သည့်အလား ကြေမွကုန်သည်။

"သခင်လေးလင်း အစွမ်းထက်လာတဲ့အတွက် ဂုဏ်ယူပါတယ်"

ကုရွှမ်နှင့် ကြီးကြပ်သူသုံးယောက် ရောက်ရှိလာကာ ထုံးစံအတိုင်း မြှောက်ပင့်နေကြသည်။

"တစ်ရက်အတွင်းမှာ အဆင့်ဘယ်နှခုလောက် ချိုးဖျက်နိုင်ခဲ့တာလဲ"

ကုရွှမ်က မျက်လုံးများကျဥ်းမြောင်း၍ သိလိုစိတ်ဖြင့် စပ်စုသည်။

"မင်းဘာသာ ခန့်မှန်းကြည့်"

လင်းချန်က အကြောလျှော့နေရာမှ ကျေနပ်စွာ ပြောလာခဲ့သည်။

"အင်မော်တယ်တစ်ယောက်ရဲ့ အစွမ်းဆိုတာမျိုးက ကျုပ်တို့လို သေမျိုးတွေအတွက် အလှမ်းဝေးပါတယ်"

"မင်း ငါ့ကို ပေးလိုက်တဲ့ အဆီအနှစ်ဆေးလုံးတွေက တော်တော် အကျိုးရှိတယ်။ နောက်ထပ် နည်းနည်းလောက်ရရင် တာအိုနှလုံးသားနယ်ပယ်အထိတောင် ချိူးဖျက်နိုင်လိမ့်မယ်"

လင်းချန်က တစ်ချက်ပြုံး၍ အရိပ်အမြွက် ပြလိုက်၏။

"နောက်ထပ်လား။ ဒါတွေက သစ်သားအဆင့် ဆေးလုံးတွေ ဖြစ်ပြီး ဓားအပျက်အစီးနယ်မြေမှာ ရှိသမျှ ပေးခဲ့တာပါ"

ကုရွှမ်က ကူကယ်ရာမရှိဟန်ဖြင့် ဖြေလိုက်သည်။

"ယွမ်ရှောင်က တစ်လုံးတလေတောင် မရလိုက်ဘူးလား"

"ကျုပ်တို့ လှုပ်ရှားတာက ဓားအစောင့်အရှောက်ထက် ပိုမြန်ပါတယ်"

ကုရွှမ်က ဂုဏ်ယူနေဟန်ဖြင့် ကြွားဝါလိုက်ပြီး လင်းချန်သည် ယွမ်ရှောင်ကို သူ၏ ကျင့်ကြံရေးလမ်းကြောင်း အတားအဆီးတစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း ကစားစရာအရုပ်ပမာ အထင်သေးနေခဲ့၏။

"သခင်လေးလင်း ထာဝရဓားအကျဥ်းထောင်ရဲ့ ထိပ်တန်းဆေးဆရာ တုကုန်းယွမ်က အဆီအနှစ်ဆေးလုံးတွေ ထပ်မံ ဖော်စပ်ပေးနိုင်ပါတယ်။ အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် အမီ ဆေးလုံးတွေ ဖော်စပ်ပေးဖို့ သတင်းပို့လိုက်ပါမယ်"

ကုရွှမ်က ယွမ်ရှောင်ကို လှောင်ရယ်ရင်း အသိပေးလာခဲ့သည်။

"တုကုန်းယွမ်က မင်းတို့လူလား"

"သူက နည်းနည်းတော့ ထူးခြားတဲ့ စရိုက်ရှိပါတယ်။ ကြီးကြပ်သူတစ်ယောက် မဟုတ်ပေမယ့် ထိပ်တန်းတရားသူကြီးတစ်ယောက်လောက် သန်မာပါတယ်။ ကျုပ်တို့လူ မဟုတ်ပေမယ့် ​မြေးဖြစ်သူက သူ့တပည့်ဖြစ်နေပြီး ဆေးပညာ သင်ယူနေပါတယ်"

ကုရွှမ်က ရှင်းပြလိုက်သည်။

"အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ပြိုင်ပွဲ စတင်တော့မယ်။ မင်းတို့ သုံးယောက် သခင်လေးကို အဖော်ပြုပေးလိုက်ကြ"

ထို့နောက် သူက ကြီးကြပ်သူ သုံးယောက်ဘက်လှည့်ကာ အမိန့်ပေးလိုက်စဥ် လင်းချန်သည် ပိုင်ဝူချွဲအနား ချဥ်းကပ်သွားခဲ့၏။

"ဓားကျွန် မင်းရဲ့ မျက်လုံးတွေကို ဖွင့်ပြီး ကံကြမ္မာဆိုတာကို ကြည့်ထား"

လင်းချန်က တစ်ဖက်လူ၏ မျက်နှာကို ပြင်းထန်စွာ ဖြတ်ရိုက်ကာ သတိပေးလိုက်သည်။

တရားသူကြီးဓားတောင်သည် ဓားသဏ္ဍာန်တောင်ထိပ်များအနက် တစ်ခုဖြစ်ပြီး ဓားအပျက်အစီးနယ်မြေ၏ အရှေ့ပိုင်းတွင် တည်ရှိကာ ကြီးကျယ်ခမ်းနား၍ အမွေအနှစ်များ ထိန်းသိမ်းထားသဖြင့် ချီစွမ်းအင် ​အလွန်ကြွယ်ဝသည်။ ဤနေရာတွင် ဓားတရားသူကြီးများ နေထိုင်ပြီး ထိပ်တန်းတပည့်များသာ ပညာသင်ကြားရန် ဝင်ရောက်ခွင့် ရှိပြီး အနိမ့်ဆုံး အဆင့်အတန်းမှာ ပိုင်ဝူချွဲကဲ့သို့ တောင်သခင်တစ်ယောက်၏ မျိုးဆက်များ ဖြစ်၏။ ထာဝဓားအကျဥ်းထောင်၏ ထိပ်တန်းဆေးရာ တုကုန်းယွမ်သည်လည်း ဤတောင်ထိပ်တွင် နေထိုင်ပြီး ထိပ်တန်းတပည့်ငါးယောက်ကို ဆယ်စုနှစ်ကြာအောင် ဆေးပညာ သင်ကြားပေးနေခဲ့သည်။ ဓားအပျက်အစီးနယ်မြေတွင် ကြီးကြပ်သူများနှင့် သူတစ်ယောက်တည်းသာ တပည့်များ စိတ်ကြိုက်ရွေးချယ်နိုင်ပြီး သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်ကာ ရိုးရိုးရှင်းရှင်း ဝတ်စားထား၍ တည်ငြိမ်အေးချမ်းသော အသွင် ပိုင်ဆိုင်၏။

"ဒီနေ့ ရပ်လိုက်ကြ။ အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက် ပြိုင်ပွဲ တက်ရောက်ရမယ်"

"ဟုတ်ကဲ့ ဆရာ"

တုကုန်းယွမ်က ပြောလိုက်သောအခါ ထိပ်တန်းတပည့်ငါးယောက်သည် ယုံကြည်မှုရှိစွာ ခေါင်းညိတ်လိုက်ကြ၏။

"သခင်လေးယွမ်က နတ်ဆိုးဓားဝိညာဥ် ပိုင်ဆိုင်ထားတယ်လို့ ကောလဟာလ ထွက်နေတယ်။ ဂရုစိုက်ကြ။ တချို့ကိစ္စတွေမှာ ဘေးထွက်နေကြရမယ်။ မဟုတ်ရင် ကံဆိုးမှု ရောက်လာနိုင်တယ်"

သူက ရုတ်တရက် သတိပေးလာသောအခါ အပြာရောင်ဝတ်ရုံနှင့် မိန်းမလှတစ်ယောက်က ပြန်လည် မေးခွန်းထုတ်လာခဲ့၏။

"ဆရာက ဘာကို ဆိုလိုချင်တာပါလဲ"

"ရှေးခေတ်ဟောင်းမှာ ကတည်းက နတ်ဆိုးဓားဝိညာဥ်ရဲ့ အကန့်အသတ်က သခင်လေးယွမ် ပိုင်ဆိုင်ထားတဲ့ ဓားဝိညာဥ်လောက် အစွမ်းမထက်နိုင်ဘူး။ တချို့က သူ့ကို နာမည်ဖျက်ဖို့ တမင် သတင်းလွှင့်နေတာပဲ။ ငါ့တပည့်တွေက ဒီပြဿနာထဲ ဝင်မပါရဘူး"

တုကုန်းယွမ်က အမြော်အမြင်ရှိစွာ သတိပေးလိုက်ပြီး မည်သည့်နောက်ခံ ပိုင်ဆိုင်ထားသူ ဖြစ်ပါစေ၊ တပည့်များကို ကာကွယ်ရန် တာဝန်ရှိသည်ဟု ခံယူထားခဲ့၏။ ဓားအပျက်အစီးနယ်မြေတွင် ဆရာတပည့် ဆက်ဆံရေးသည် မိသားစုဝင်များအလား နက်ရှိုင်းပေသည်။

"ဆရာ့ကို ကျွန်မ အမြဲတမ်းလေးစားခဲ့ပေမယ့် ဒီနေ့တော့ သဘောမတူနိုင်ပါဘူး"

တုကုန်းယွမ်၏ စကားကြောင့် တပည့်လေးယောက်မှာ စိတ်ရှုပ်သွားသော်လည်း ခေါင်းငုံ့၍ တိတ်ဆိတ်နေကြစဥ် အပြာရောင်မိန်းကလေးသည် ခေါင်းမော့၍ စိုက်ကြည့်လာခဲ့သည်။

"တစ်ယောက်ယောက်က ဆရာ့ကို ဖိအားပေးပြီး ယွမ်ရှောင်ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ခိုင်းထားတာလား"

ကုရွှယ်အမည်ရ မိန်းကလေးက ရိုင်းပြစွာ စကားဆိုနေသည်။

"ထားလိုက်ပါတော့"

တုကုန်းယွမ်သည် ခေါင်းယမ်းလိုက်ပြီး လူငယ်များမှာ ကိုယ့်ကိုကိုယ်အထင်ကြီးလွန်း၍ အသုံးချခံဖြစ်တတ်ကြောင်း ရှင်းပြမနေတော့ပေ။ လက်တစ်ချက်ယမ်း၍ ထွက်ခွာခွင့်ပေးလိုက်ပြီး အနောက်သို့ ချက်ချင်း လှည့်ထွက်သွားခဲ့သည်။

"ခွေးအိုကြီး တုကုန်းယွမ် ဒီလိုစကားမျိုးပြောဖို့ ယွမ်ရှောင်ဆီက ဘယ်လောက်တောင် ရထားလဲ မသိဘူး"

ထို့နောက် ကုရွှယ်က အေးစက်စက် ရယ်မော၍ ဆရာဖြစ်သူကို ကောင်းကောင်းကြီး ကျေးဇူးဆပ်နေခဲ့သည်။

"ကြည့်ရတာ ဒီနေရာမှာ အမှန်တရားက ပိတ်ပင်ခံထားရပုံပေါ်တယ်"

"သာမန်တပည့်တွေက တော်တော်လေး ဒုက္ခခံစားနေရတယ်"

ကျန်တပည့်လေးယောက်သည်လည်း သူမနှင့် သဘောထားကိုက်ညီကာ လှည့်စားခံနေရကြောင်း နားမလည်ဘဲ ဓားအပျက်အစီးနယ်မြေ၏ အနာဂတ်အတွက် စိုးရိမ်နေကြသည်။ ကုရွှယ်က ထိုလေးယောက်ကို ဦးနှောက်ဆေးနိုင်လိုက်သောကြောင့် ကျေနပ်နေပြီး ဆက်လက် စကားဆိုသည်။

"ရိုးရိုးသားသားပြောရရင် ဒီကောင်က အစစ်အမှန်အင်မော်တယ်ထက်တောင် အကျင့်စရိုက် ဆိုးရွားသေးတယ်။ ငါ့စကားကို လက်မခံရင် ယွမ်ရှောင်ဘက်ကလို့ သတ်မှတ်လိုက်မယ်"

"ဒီပြိုင်ပွဲက အင်မော်တယ်လူဝင်စား အတုကို ထုတ်ဖော်ပေးနိုင်တယ်"

ထိပ်တန်းတပည့်ငါးယောက်က ဓားပျံကိုယ်စီဖြင့် ကောင်းကင်သို့ ပျံတက်လာသောအခါ ဓားပျံပေါင်းသိန်းချီသည် ဓားအပျက်အစီးနယ်မြေ၏ နေရာတိုင်းမှ ထွက်ပေါ်လာကာ တည်နေရာတစ်ခုတည်းသို့ ဦးတည်သွားကြလေသည်။

All Chapters