← Chapters

အလောင်းထိုက်ကျိစက်ဝိုင်း

Vol. 22 Ch. 276

အလောင်းထိုက်ကျိစက်ဝိုင်း

Vol. 22 Ch. 276

ရန်လိုသော အကြည့်များအောက်တွင် လူတိုင်းက နတ်ဆိုးဟု ထင်မြင်နေခြင်း မဟုတ်သော်လည်း အများစုဖြစ်၍ အေးခဲတောင့်တင်းသွားရန် လုံလောက်သည်။ စကားတစ်ခွန်းမှ ပြောရန်မလိုအပ်ဘဲ လူအုပ်သည် နတ်ဆိုးဓားဝိညာဥ်ပိုင်ရှင်ဟု လက်ခံထားကြောင်း သိသာနေသဖြင့် မုတလုံက စိုးရိမ်စကားဆိုသည်။

"သခင်လေးယွမ် စိတ်ထဲ မထားပါနဲ့"

"အဆင်ပြေပါတယ်။ တစ်နည်းပြောရရင် သူတို့က မတရားတာကို ဆန့်ကျင်လိုစိတ်ရှိကြတာ ကောင်းပါတယ်။ ကျုပ်က နတ်ဆိုး ဖြစ်နေတာက လွဲလို့ပေါ့"

ယွမ်ရှောင်က ခေါင်းယမ်း၍ လူအုပ်ကို တစ်ချက်ဝေ့ကြည့်ကာ ပြုံးလိုက်မိသည်။ သူ၏ အမြင်တွင် လူသားတစ်ယောက်က တရားမျှတမှုအတွက် တိုက်ခိုက်လိုလျှင် အထက်ဆုံး ဓားသွားများ ဖြစ်မနေလျှင်ပင် မျှော်လင့်ချက် ရှိနေသေး၏။ ကျန်တစ်ဖက်တွင် သက်တမ်းရင့်သော ဂျင်း ပိုစပ်သည်ဟူသော စကားအတိုင်း တောင်သခင်များနှင့် အကြီးအကဲများစွာသည် သူ့အပေါ် ရန်လိုစိတ်မရှိဘဲ အခြေအနေကို ကောင်းစွာ မြင်နိုင်ကြသည်။

"ကျေးဇူးပြုပြီး ကြွပါ သခင်လေးယွမ်"

မုတလုံသည် သူ့ကို ခမ်းနားစွာပြင်ဆင်ထားပြီး အကောင်းဆုံး နေရာထိုင်ခင်းများရှိသည့် အခန်းတစ်ခုသို့ ခေါ်ဆောင်သွား၍ ကျင့်ကြံရန်လည်း အထူးကောင်းမွန်သည်။ မုရှောင်လုံက ယွမ်ရှောင်၏ ပြိုင်ပွဲဝင်နံပတ်ကို ကိုယ်စားရယူလာပြီး အမှတ်တစ်ဖြစ်သောကြောင့် လင်းချန်မှာ နောက်ဆုံးနံပတ် ဖြစ်မည်ဟု ဆိုလို၏။ တစ်ဖက်လူက အကွက်ချထားခြင်း ဖြစ်နိုင်ပြီး ပြိုင်ပွဲဝင် အမှတ်တစ်ဖြစ်ကြောင်း သိလိုက်ရသောအခါ မကျေမနပ် အသံများ ထွက်ပေါ်လာပြန်သည်။

"သခင်လေးလင်းက အမည်ခံ ဓားအင်မော်တယ်.အရင်ဖြစ်တာပဲ။ ဘာကြောင့် ယွမ်ရှောင်က နံပတ်တစ် ဖြစ်နေတာလဲ"

"ဓားအစောင့်အရှောက်က စိတ်လွတ်သွားပြီလား။ ဒီလောက်အထိ ဘက်လိုက်နေတာပဲ"

"ဓားအပျက်အစီးနယ်မြေတော့ ဒုက္ခရောက်တော့မယ်"

ထိုအချိန်တွင် လင်းချန် ဝင်ရောက်လာပြီး ဓားအဆင့်တောင်ထိပ်တစ်ခုလုံး အော်ဟစ်အားပေးသံများ ဆူညံစွာ ထွက်ပေါ်လာကာ လူငယ်တပည့်များ လက်သီးလက်မောင်းတန်း၍ ကြွေးကြော်လိုက်၏။ ယွမ်ရှောင်သည် ရောက်ရောက်ချင်း နေရာယူလိုက်သော်လည်း သူကမူ သာမန်တပည့်များအကြား လိုက်လံနှုတ်ဆက်နေသဖြင့် အားပေးထောက်ခံမှုများ ပိုမိုရရှိလာသည်။ ထို့နောက် ဘန်းခနဲ မြည်သံ တစ်ခုဖြင့် အင်မော်တယ် ဓားအဆင့်သတ်မှတ်ချက်ပြိုင်ပွဲ တရားဝင် စတင်ခဲ့၏။ အဖွင့်ပွဲစဥ် ဖြစ်သော်လည်း ဓားကျင့်ကြံသူသန်းချီ စုဝေးနေကာ အဆင့်အတန်းမြင့်သူများမှာ အနားရှိ မျှော်စင်များအထက်မှ စောင့်ကြည့်နေကြသည်။ သမိုင်းတလျှောက် အကြီးအကျယ်ဆုံး ပြိုင်ပွဲ ဖြစ်လာခဲ့ပြီး မျက်လုံးပေါင်းထောင်ချီအောက်တွင် ကျန်းမုက မတ်တပ်ထရပ်ကာ ​ကြေညာလိုက်သည်။

"သခင်လေးလင်းရဲ့ တောင်းဆိုချက်အရ ပထမအချီမှာ အစွမ်းပြမှာပါ။ ကန့်ကွက်စရာ ရှိပါသလား"

"မရှိပါဘူး"

"ကောင်းပြီ။ ချင်လော့ မင်းက သခင်လေးလင်းရဲ့ ပထမဆုံး ပြိုင်ဘက်ဖြစ်တယ်။ ကိုယ့်ကိုကိုယ်သက်သေပြဖို့ ထွက်လာခဲ့"

ကျန်းမုက ပြိုင်ပွဲဝင်များကို အေးစက်စက် စိုက်ကြည့်၍ ခေါ်ထုတ်လိုက်သောအခါ လင်းချန်၏ ဓားဝိညာဥ်ကို ခိုးယူခဲ့သော ချင်မျိုးနွယ်၏ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်၏။

"သခင်လေးလင်း အန္တရာယ် မရှိနိုင်ဘူးလား။.ချင်လော့က တာအိုနှလုံးသားနယ်ပယ်မှာ ပါရမီရှင်တစ်ယောက်ပဲ"

"သခင်လေးလင်းကို ယုံကြည်ကြ"

လူငယ်တပည့်များက ဤလက်စားချေဇာတ်လမ်းအပေါ် တီးတိုးဆွေးနွေးနေကြပြီး စိတ်ပျက်ရွံရှာသော အကြည့်များအောက်တွင် မျက်လုံးများနီရဲနေသည့် ချင်လော့မှာ တိုက်ပွဲစင်မြင့်အထက် ရောက်ရှိလာခဲ့သည်။ လင်းချန်သည် လေပြေလေညှင်းပမာ စင်မြင့်အထက် တက်ရောက်လာ၍ ပြိုင်ဘက်ကို ခံစားချက်ကင်းမဲ့ တည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။ သူ၏ လက်ထဲတွင် ကိုးရောင်ခြယ် ဓားဝိညာဥ် ထွက်ပေါ်လာကာ ငရဲနတ်ဆိုး ဓားစက်ကွင်းခုနစ်ခုနှင့် ဓားအော်ရာ ရှစ်ထောင်ကျော်သည် ချင်လော့၏ လည်ချောင်းအတွင်း ဓားသွားများစွာ စိုက်ဝင်သွားသကဲ့သို့ ခံရခက်စေသည်။ ဤမျှ ထူးခြားအစွမ်းထက်သော ဓားတစ်လက်ကို မြင်ရသောအခါ ဓားကျင့်ကြံသူများစွာသည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ လူငယ်တပည့်များက လင်းချန်၏ အမည်ကို အသံကုန်အော်ဟစ် အားပေးနေကြပြီး ရေလှိုင်းပမာ တိုက်ပွဲစင်မြင့်ကို လွှမ်းခြုံသွားခဲ့၏။ ထိပ်တန်းတပည့် ချင်လော့မှာ မည်မျှထူးချွန်သော ပါရမီရှင်ဖြစ်ပါစေ သေးငယ်သိမ်ဖျင်းသည်ဟု ခံစားနေရပြီး ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်၍ အသက်ရှင်လိုသော ဆန္ဒကြောင့် အော်ဟစ်ကြုံးဝါးကာ ခုန်ဝင်သွားခဲ့သည်။

"ထန်"

သူ၏ ဓားချက်က ခရမ်းရောင် နေတစ်စင်းပမာ လင်းချန်ထံ ကျရောက်သွားသည်။ လင်းချန်သည် ကောင်းကင်နတ်ဓားဧကရာဇ် လူပြန်ဝင်စားခြင်း ဖြစ်သော်လည်း မူလကိုယ်၏ လက်စားချေလိုသော ဆန္ဒကို မထိန်းချုပ်နိုင်သဖြင့် အမှန်တကယ်၌ တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားခြင်းပင်။

"ငါ့လမ်းကြောင်းက လက်စားချေဖို့ပဲ။ အမုန်းတရားတွေကို ဖြေရှင်းဖို့ ဒီလောကကြီးမှာ ဘယ်သူ တားဆီးရဲသလဲ"

လင်းချန်က မောက်မာစွာ ပြုံး၍ အာကာသနတ်ဓားကို လက်တစ်ဖက်တည်းဖြင့် ချင်လော့ထံ ပိုင်းချခဲ့သည်။ ၎င်းက သက်တန့်တစ်စင်းအလား လှပစွာ ကျရောက်လာ၍ လေဟာနယ်အက်ကွဲသွားကာ မီတာသုံးဆယ်အထိ ချင်လော့၏နဖူးအထက်တွင် အက်ကြောင်းထင်သွား၏။ ထို့နောက် ခန္ဓာကိုယ်အား လေဟာနယ်အက်ကြောင်းက နှစ်ပိုင်းဖြတ်သွားကာ အသံပင် မထွက်နိုင်ဘဲ နေရာ၌ အသက်ပျောက်သွားခဲ့ပြီး သူက ဓားဝိညာဥ်ကို သိမ်းဆည်းကာ စင်မြင့်အထက်မှ ဆင်းသက်သွားသည်။ မိုးချုန်းသံပမာ ကျယ်လောင်သော အော်ဟစ်အားပေးသံများ တခဲနက် ထွက်ပေါ်လာကာ သူ့ကို ဘုရင်တစ်ယောက်ပမာ ကိုးကွယ်စပြုလာကြသည်။

"ဒီဓားချက်က အစွမ်းထက်လိုက်တာ"

"သူက အစောပိုင်းအဆင့် ဧကရာဇ် နယ်ပယ်.ဖြစ်နေတာတောင် လေဟာနယ်ကို ဓားနဲ့ ပိုင်းဖြတ်နိုင်တယ်။ ဘယ်လိုသိုင်းကွက်မျိုးလဲ"

"ဓားအစောင့်အရှောက်တောင် ဒီလောက် အစွမ်းမထက်နိုင်ဘူး"

ဓား၏ စွမ်းအားအပြင် လေဟာနယ်ကို အက်ကြောင်း ဖြစ်ပေါ်စေခြင်းက ဓားအပျက်အစီးနယ်မြေအား တုန်လှုပ်သွားစေရန် လုံလောက်သည်။ တောင်သခင်များနှင့် အကြီးအကဲများပင် တုန်လှုပ်သွားကာ လင်းချန်၏ အရည်အချင်းမှာ ပြီးပြည့်စုံနေပုံရသည်။

"ဒီပြိုင်ပွဲ ဆက်လုပ်နေစရာမလိုတော့ဘူး။ သခင်လေးလင်းက ဓားတစ်ချက်တည်းနဲ့ သက်သေပြလိုက်ပြီ။ ယွမ်ရှောင်က သေလူပဲ"

လူအုပ်အကြားတွင် လှောင်ရယ်သံများ ခပ်အုပ်အုပ် ထွက်ပေါ်လာကာ ယွမ်ရှောင်ရှိနေသော အခန်းထံ မသိမသာ လှည့်ကြည့်နေကြ၏။ ချင်လော့သည် လင်းချန်၏ သူသေကိုယ်သေ ရန်သူတော် ဖြစ်ခဲ့သော်လည်း ဤပြိုင်ပွဲ၌ အဖြည့်ခံတစ်ယောက်ထက် မပိုခဲ့ပေ။

"ကြီးကြပ်သူကျန်း သခင်လေးလင်းရဲ့ ပထမအချီက ပြီးပြီဆိုတော့ သခင်လေးယွမ်ရဲ့ အစွမ်းပြတာကိုလည်း ကြည့်သင်တယ် မထင်ဘူးလား"

ကုရွှယ်က အထင်သေးသော လေသံမျိုးဖြင့် ရုတ်တရက် ပြောလိုက်သည်။

"ကုရွှယ် သခင်ဘေးယွမ်ရဲ့ ပြိုင်ဘက်က မင်းပဲ"

ကျန်းမုက ပြိုင်ပွဲဝင်စာရင်းကို တစ်ချက်ကြည့်၍ ဖြေလိုက်သောအခါ သူမကို ကျေနပ်စွာ ပြုံးစေခဲ့သည်။ ကြေညာချက်ကိုပင် မစောင့်ဘဲ သူမက စင်မြင့်အထက်သို့ ဓားပျံစီးနင်း၍ လှပစွာ တက်ရောက်သွားသဖြင့် မည်သည့်စကားမှ မဆိုသော်လည်း စိန်ခေါ်နေကြောင်း ထင်ရှားသိသာပေသည်။

"ကုရွှယ် အားပေးနေတယ်"

"မိန်းမတွေက ယောက်ျားတွေအောက် မနိမ့်ကျဘူးဆိုတာ ပြလိုက်စမ်း"

"သူမက တကယ်ရဲရင့်တာပဲ"

"နတ်ဆိုးကောင်ကို ဓားအပျက်အစီးနယ်မြေရဲ့ ပါရမီရှင်တွေ အကြောင်းပြလိုက်"

တပည့်တစ်ယောက်က တားမြစ်ထားသော စကားလုံးကို အမှတ်တမဲ့ ထုတ်ပြောလိုက်သဖြင့် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားသော်လည်း နှုတ်ပိတ်ရန် မည်သူမှ ရောက်မလာခဲ့ပေ။ ဤသို့ဖြင့် လူအုပ်မှာ ပိုမို ရဲတင်းလာ​ကာ ယွမ်ရှောင်၏နာမည်ကို အော်ဟစ်ရင်း လှောင်ပြောင်စော်ကားနေကြ၏။ ထိုအချိန်တွင် အဖြူရောင်ဝတ်ပုံရိပ်သည် တိုက်ပွဲစင်မြင့်ထံ ကျက်သရေရှိစွာ ဆင်းသက်လာခဲ့ပြီး အင်မော်တယ်ရုပ်ရည်မျိုးကြောင့် လူအချို့ကို ပါးစပ်ပိတ်သွားစေခဲ့သည်။

"ညီလေးယွမ်"

တိုက်ပွဲစင်မြင့်အနားတွင် ရှိနေသော လင်းချန်က နွေးထွေးစွာ ပြုံးပြလိုက်သည်။

"နတ်ဆိုးဓားဝိညာဥ် ကောလဟာလနဲ့ မင်း ပတ်သက်နေလား"

ယွမ်ရှောင်က တစ်ချက်စိုက်ကြည့်၍ မေးခွန်းထုတ်သည်။

"မပတ်သက်ဘူး"

"ငါတို့က ပြိုင်ဘက်တွေဆိုတော့ ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်တာ ကောင်းလိမ့်မယ်။ အဘိုးကြီးကု လုပ်တာ ဖြစ်ရမယ်။ မင်းက ကိုယ့်နောက်လိုက်ကိုတောင် မထိန်းချုပ်နိုင်ဘူးလား"

ယွမ်ရှောင်က သတိပေးလိုက်သည်။

"မင်းက ငါ့ကို အမိန့်လာပေးနေတာလား"

လင်းချန်က တည်ငြိမ်လွန်းသော လေသံဖြင့် ခွန်းတုံ့ပြန်သည်။ အကယ်၍ ဓားအစောင့်အရှောက်သာ ဤအကောက်ကြံမှုမျိုး ဖန်တီးခဲ့လျှင် အပြစ်မရှိသူများစွာ ထိခိုက်မည်ဖြစ်၍ ယွမ်ရှောင်က တားမြစ်ရန် သေချာသော်လည်း သူက မသိချင်ယောင်ဆောင်နေသဖြင့် ကောင်းကင်နတ်ဓားဧကရာဇ်မှာ တစ်ကိုယ်ကောင်းဆန်သည့် အငုံ့စိတ်နှင့် လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။

"မင်း သစ္စာဖောက်ခံရတာ မထူးဆန်းတော့ပါဘူး"

"မင်းက ဘယ်သူလဲ"

ယွမ်ရှောင်က ရုတ်တရက် ရယ်မော၍ ပြောလိုက်သောအခါ လင်းချန်မှာ သိသိသာသာ တုန်လှုပ်သွား၍ သတ်ဖြတ်လိုစိတ် မြင့်တက်လာခဲ့သည်။ သို့ရာတွင် သူက လျစ်လျူရှုထားပြီး တိုက်ပွဲအပေါ်အာရုံစိုက်ရန် လှည့်ထွက်သွားကာ လူမြင်ကွင်း၌ အမည်ခံဓားအင်မော်တယ် နှစ်ယောက် ပထမဆုံးအကြိမ် ကတောက်ကဆဖြစ်ခဲ့ကြသည်။

"နတ်ဆိုးကောင်ကို သတ်ကြ"

"ဓားနယ်မြေကို သန့်စင်ရမယ်"

လူငယ်တပည့်များက ပို၍ ရဲတင်းလာကာ အော်ဟစ်ခြိမ်းခြောက်နေကြပြီး မရေမတွက်နိုင်သော မျက်လုံးများ သူ့ကို စောင့်ကြည့်နေကြ၏။

"ငါက ကုရွှယ်ပါ သခင်လေးယွမ်"

ကုရွှယ်က မိတ်ဆက်လိုက်သော်လည်း တုံ့ပြန်လာသည်မှာ လျင်မြန်သော ဓားတစ်ချက်သာ ဖြစ်၍ အတိအကျ သုံးဆယ့်တစ်မီတာ ရှည်လျားသော လေဟာနယ် အက်ကြောင်းတစ်ခု ဘုန်းခနဲ ဖြစ်တည်လာသည်။ လင်းချန်၏ ဓားချက်ထက် တစ်မီတာ ပို၍ ရှည်လျားသော အက်ကြောင်းက ကုရွှယ်၏.ရုပ်ခန္ဓာကို နုတ်နုတ်စင်းပစ်ကာ အရိုးနှင့် အသားများ တစ်ပုံစီ ပြုတ်ကျလာသည်။ သွေးများ ရေပန်းပမာ စီးထွက်လာသော်လည်း အရိုးပုံနှင့် အသားပုံကို ဝန်းရံ၍ ထိုက်စက်ဝိုင်းတစ်ခု ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။

"ဟား ဟား"

ယွမ်ရှောင်က လင်းချန်ကို တစ်ချက်စိုက်ကြည့်၍ တဟားဟား ရယ်မောကာ သူ၏ စင်မြင့်ထံ ချက်ချင်း ပျံတက်သွားခဲ့သည်။

"ဟင်"

လင်းချန်မှာ ရင်ထိတ်သွားကာ လက်သီးဆုပ်ထားမိသဖြင့် အကြောများထောင်လာကာ စင်မြင့်အထက်ရှိ အလောင်းဖြင့် ဖန်တီးထားသော ထိုက်ကျိစက်ဝိုင်းကို ကြောင်ကြည့်နေမိသည်။ ကျန်တစ်ဖက်တွင် အရိုးခြောက်စောင့်ရှောက်သူနှင့် ကုရွှမ်သည်လည်း လေဟာနယ်အက်ကြောင်းနှင့် ထိုက်ကျစက်ဝိုင်းကြောင့် ထရပ်လိုက်မိပြိး နတ်ဆိုးကို သုတ်သင်ရန် ဆူညံပွက်လောရိုက်နေသူများလည်း အသံတိတ်သွားခဲ့လေသည်။

All Chapters